ထူးပေဆန်းပေသည်………………………..


ထူးဆန်းတယ်လို့ပြောနိုင်တာကတော့ ကျနော့်တစ်သက်တွေ့ဘူးသမျှဆင်းတုတော်တွေထဲမှာ
ဒီလိုပုံသဏ္ဍန်နဲ့ဆင်းတုမျုးိတစ်ခါမှမတွေ့ဘူးလို့ပါဘဲ။

ဒါလေးတော့ အပေါ်စီးကနေရိုက်ထားတဲ့ပုံပါ။
ပထမအပေါ်ဆုံးက ဆင်းတုတော်တစ်ဆူရှိပါတယ်။

အပေါ်ကဆင်းတုတော်ရဲ့လက်တော်အောက်မှာတော့ နောက်တစ်ဆူ။

ဒုတိယဆင်းတုတော်ရဲ့ဝမ်းဗိုက်ထဲမှာနောက်ဆင်းတုတော်တစ်ဆူ။

ပုံလေးတွေက ဆင်တူတယ်ဆိုပေမယ့် နည်းနည်းခြင်းစီတော့ကွာသွားပါတယ်။
တူသလိုလိုပေမယ့် အသေးစိတ်ရိုက်ပြထားပါတယ်။
ကျောက်ဆည်မြို့ အနောက်မြောက်ဘက် 6မိုင်အကွာမှာရှိသော တမုတ်ရှင်ပင်ရွှေဂူကြီးဘုရားမှာသီတင်းသုံးနေတဲ့ဆင်းတုတော်ပါ။
သုံးဆင့်ဘုရားလို့အမည်တွင်ပါတယ်။
အားရပါးရဖူးရအောင်အများကြီးတင်ပေးထားပါတယ်။
ဒိဘုရားတည်နေရာနဲ့ ဘုရားအကြောင်းသိသလောက်တင်ပေးပါအုံးမယ်။

26 comments

  • စေတီတော်တွေရယ် စေတီမှာထွင်းထားတဲ့ ပန်းတမော့လက်ရာတွေက နောက်ပို့စ်တစ်ခုမှာလာပါမယ်၊

  • တညင်သား

    July 19, 2011 at 11:23 pm

    နောက်မှာ စာရေးထားတဲ့ပုံအရ ပုဂံ ခောတ်ကဆိုတော့ တော်တော် ရှေးကြနေပြီပဲ…..

  • ဆူး

    July 20, 2011 at 12:03 am

    ရှေးခတ်က ပညာရှင်တွေ ရဲ့ လက်ရာပြောင်မြောက်ပါပေတယ်။

  • nature

    July 20, 2011 at 12:16 am

    ထူးထူးဆန်းဆန်း ၊ တခါမှ မတွေ့ဖူဘူး။ ဘယ်လိုအဓိပါယ်လဲ မသိဘူး။

  • shwe ni

    July 20, 2011 at 1:37 am

    ကိုပေါက် အဲဘုရား ဘယ်နေရာမှာရှိတာလဲ မပါဘူး နော။ ရှေးဟောင်းအုတ်တွေ ကအကြီးကြီးတွေပဲနော် ။ တခါမှမမြင်ဖူးဘူး ။
    ထိုင်းမှာ ပရိနိဗာန်စံပြီးတဲ့ ဘုရားခြေတော်ရာ (၄)ထပ် ဆိုပြီးရှီတာ . ။ မြန်မာကဆရာတော်တပါးကိုလျှောက်ကြည့်တော့ စက်တော်ရာတွေမပါဘူးလို့ပြောတယ် ။ ကြုံရင်တော့တင်ပေးဦးမယ်.

  • MaMa

    July 20, 2011 at 6:47 am

    အတော်လည်း ထူးဆန်းတယ်။ လက်ရာလည်း တော်တော်မြောက်တယ်။ ရင်ဘတ်ထဲက ဘုရားတစ်ဆူဆိုရင် ဘယ်လိုထုထားသလဲ မသိဘူး အံ့ဩစရာပါပဲ။

  • ogre

    July 20, 2011 at 7:52 am

    တော်တော်ထူးဆန်းတာပဲဗျ..
    ဘာကြောင့်ဒီလို ထုလုပ်ကိုးကွယ်ရသလဲဆိုတာသိရရင်ကောင်းမယ်
    ရခိုင်မှာနေတုန်းက သိမ်ကုန်းတွေတူးဖော်ရပေမယ့်
    ဒီလိုထူးဆန်တာမဖူးခဲ့ရဘူးပါ။။။

  • kyawmonkhant

    July 20, 2011 at 8:10 am

    တခါမှ မတွေ့ဘူးပါ။ ကျေးဇူးအများကြီးတင်ပါတယ်။

  • ကြောင်ကြီး

    July 20, 2011 at 9:31 am

    ပေါ်တော်မူ ဘုရားလို့ ခေါ်နိုင်မယ်ထင်တယ်….

  • chitpyae

    July 20, 2011 at 9:35 am

    ဘုရားဆင်းတုတော် တွေ ထုထားတာ တော်တော် ထူးဆန်းတယ်နော် … တခါမှ မဖူးခဲ့ဖူးဘူး ဒီလို ဘုရားဆင်းတုတော်မျိုး။ ဦးပေါက် ကျေးဇူးတင်ပါတယ် ရှင့် ….. 🙂

  • zawmyothu

    July 20, 2011 at 9:35 am

    ရှေးတုန်းကလက်ရာတွေက တော်တော် ပြောင်မြောက်တယ်ဗျာ
    အားရပါးရ ဖူးခွင်.ရလို. ကျေးဇူးပါ။

  • pan pan

    July 20, 2011 at 9:46 am

    ဒုတိယဆင်းတုတော်ရဲ့ အတွင်းက တတိယဆင်းတုတော်ကို ထုလုပ်ထားတာ အံ့ဩစရာကောင်းတယ်
    လက်ရာလည်း ပြောင်မြောက်ပါပေတယ်

  • etone

    July 20, 2011 at 10:06 am

    ဆင်းတုတော် အကြီးရဲ့ အောက်မှာ နောက်ဆင်းတုတော် တစ်ခု ထပ်ထုတာ စိတ်ထဲ သိပ်ဘဝင်မကျဘူး … ။
    မစီမဆိုင် ယတြာ အစီမံနဲ့ လုပ်ထားသလားလို့ တွေးမိတယ် … ။ အမြဲတမ်း အနိုင်ရလိုတဲ့ သဘောများလား … ။ ဒုတိယ ဆင်းတုရဲ့ ရင်ဘတ်ထဲမှာ တတိယဆင်းတုမျက်နှာထုထားတာကတော့ … အမြတ်တနိုး ၊ အလေးထား ၊ တန်ဖိုးထားတယ်ဆိုတဲ့ သဘောလေများလား ။ လေးပေါက်ရေ .. ဘုရားအကြောင်းသိလျှင် တင်ပေးပါဦးနော် ။

  • waigyee

    July 20, 2011 at 10:12 am

    ကျောက်ဆည်ကိုတော့ ခဏခဏရောက်တယ်။ ဒါပေမယ့် အဲဒီဘုရားကို မရောက်ဖူးသေးဘူး။
    ဘယ်ဘက်ကိုသွားရတာလဲ။ ဟန်မြင့်မိုရ် ဘက်မှာလား။ စဉ့်ကိုင်ဘက်လား။

  • weiwei

    July 20, 2011 at 10:41 am

    စိတ်ထဲရှိတဲ့အတိုင်းရေးရရင်တော့ … ထူးဆန်းတာမှန်ပေမယ့် ကြည်ညိုစိတ် မဖြစ်မိဘူး ..
    ယတြာချေထားတာပဲ ဖြစ်ပါလိမ့်မယ် …

  • moethidasoe

    July 20, 2011 at 12:57 pm

    ဒကိ္ခဏသာခါကိုတော့ အ ဂါရဝ ဖြစ်တယ် ပြိုင်ဖက်ကင်းတဲ့ ဘုရားရဲ့ ရုပ်တော်ကို ပြက်ရယ်ပြုရာ ကျတယ် လို့ ဆိုကြတယ် မဟုတ်လား .. အခု ပုံတော်က နဂို ဆက်ခါဆက်ခါ ငုံပြီး တည်ထားတာကို ဖောက်ပြတာလား .. ဒါမှမဟုတ် ဖောက်လျက် တည်ခဲ့ကြတာလား ..
    ဖောက်လျက် တည်ကြတယ် ဆိုရင် .. .. .. .. .. ..
    တည်ပြီးသားကို ဖောက်ပြတယ် ဆိုရင်လဲ .. .. .. ..
    ဘယ်လိုကြည့်ကြည့် အဆင်မပြေပါ .. အထူးအဆန်း လိုက်သူများအတွက်တော့ .. .. ..

  • MOEPWINTPHYU

    July 20, 2011 at 12:59 pm

    သိပ်ထူဆန်းနေတယ် ဘယ်လိုစိတ်ကူးနဲ တည်ထားတဲဘုရားလဲ သိချင်သား

  • ရွာစားကျော် စိန်အောင်ဒင်

    July 20, 2011 at 1:21 pm

    ထူးဆန်းသလို လက်ရာလည်းပြောင်မြောက်ပါရဲ့
    ဒါပေသည့် ဘယ်လိုကြီးမှန်းမသိဘူး…

  • researcher

    July 20, 2011 at 2:38 pm

    သုံးထပ်ဆင်းတုတော် လို့ရေးထားတာတွေ့ရပါတယ်။ စေတီကိုစေတီငုံတည်တာမျိုး၊ ဆင်းတုတော် ကို စေတီဌာပနာအဖြစ် ငုံတည်တာမျိုးပဲ တွေ့ဖူး၊ ကြားဖူးပါတယ်။ ဒီဆင်းတုတော်တွေကတော့ ဆင်းတုတော်ကို ဆင်းတုတော် နဲ့ ငုံတည်တယ် လို့ပြောရမလား၊ ဆင့်ပြီးတည်ထားတယ်ပြောရမလားပဲ။ ပထမ (အတွင်းဆုံး) ဆင်းတုတော်ကို ဒုတိယ ဆင်းတုတော်က ငုံထားတယ်။ ဒါပေမယ့် အချိုးအစားအရ ဦးခေါင်းတော်ပဲ ငုံထားတာဖြစ်နိုင်ပြီး အတွင်းမှာ ကိုယ်လုံးတော် သီးသန့်မရှိလောက်ဘူး ထင်ပါတယ်။ နောက်ပြီး ဒုတိယ ဆင်းတုတော်ရဲ့ ရင်ဘတ်ကို ဖေါက်ထားတာ ရယ်၊ တတိယ (အပေါ်ဆုံး) ဆင်းတုတော်က ဒုတိယ ဆင်းတုတော်ပေါ်မှာ ဆင့်ပြီး သတင်းသုံးနေတာရယ်က ကြည့်ရသူအမြင်မှာ မသပ္ပါယ်မှုကို ဖြစ်စေပါတယ်။ ဗုဒ္ဓဘာသာ ရဲ့ သရုပ်သကန်နဲ့ လွဲနေသလိုပါပဲ။ တည်တဲ့အချိန်တုံးက တည်တဲ့သူတွေရဲ့ စိတ်ကူး စိတ်သန်း က ဘယ်သို့ရှိလေတယ်မသိ…။

  • နွယ်ပင်

    July 20, 2011 at 3:09 pm

    ဘုရား ဆင်းတုတော် ထုထားတာ ထူးဆန်းနေတယ် တစ်ခါမှ အဲလိုမျိုးမတွေ့ဖူးဘူး
    နွယ်ပင်လဲ ယတြာချေထားတယ်လို့ထင်တာပဲ …

  • researcher

    July 20, 2011 at 4:03 pm

    ကျွန်တော်က ကိုပေါက်ရဲ့ post တွေကို ဖတ်ဖူးတော့ ကိုပေါက်က တကယ်ပဲ စာပေရေးသားခြင်းကို ဝါသနာပါတဲ့သူ သုံးသပ်မိပါတယ်။ လက်လှမ်းမီရာ စာအုပ် စာစောင်တွေမှာလဲ ဖေါ်ပြခံရဘူးတယ်လို့ MG က စာတွေဖတ်ရင်း သိထားပါတယ်။ စာရေးခြင်းကို ဝါသနာပါရုံသက်သက်လား၊ စာရေးဆရာ အဆင့်ရောက်နေသူလား ဆိုတာတော့ ကျွန်တော်လဲ မသိပါဘူး။ ဘာပဲ ဖြစ်ဖြစ်ပါလေ..။ အခုစာရေးရခြင်း အကြောင်းက ကိုပေါက်ကို ကျွန်တော် တခုလောက်အကြံပြု တိုက်တွန်းချင်လို့ပါ။

    ကိုပေါက် အခုတင်ထားတဲ့ ဘုရားပုံတော်တွေနဲ့ ဘုရားအကြောင်းကို စာအုပ်တွေထဲမှာ မဖတ်ဖူးပါဘူး။ (ကျွန်တော်ပဲ မဖတ်မိတာလားမသိပါ။) ဒါကြောင့် ဒီပုံတွေနဲ့ ဘုရားသမိုင်း ၊ ဒါမှမဟုတ် ပေါ်တော်မူဆိုရင်လဲ ပေါ်တော်မူ သမိုင်းကြောင်းတွေကို ပြည့်ပြည့်စုံစုံလေးရေးပြီး ဘာသာရေး နဲ့ ဂမ္ဘီရ အကြောင်းတွေ အလေးထားဖေါ်ပြတဲ့ နက္ခတ္တရောင်ခြည် မဂ္ဂဇင်း တို့ သူရဇ္ဇ မဂ္ဂဇင်း တို့ကို ပို့ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ လူအများလဲ ဖတ်ရှုခွင့်ရမယ်။ ကိုယ်ရဲ့ ကြိုးပမ်းအားထုတ်မှုအတွက် ထိုက်သင့်တဲ့ စာမူခလဲရမယ်။ မဂ္ဂဇင်း စာအုပ်မှာ ပုံနှိပ်ဖေါ်ပြခံရခြင်း ဆိုတဲ့ ဝမ်းသာ ကြည်နှုးမှုလဲ ရမယ်။ အောင်မြင်မှုလို့ သတ်မှတ်မယ်ဆိုလဲ သတ်မှတ်လို့ရတယ်။ web ပေါ်မှာ ရေးပြီး လူသိသလို စာအုပ်ကိုသာ အဓိကထားဖတ်တဲ့သူတွေအတွက် မဂ္ဂဇင်း စာအုပ်ပေါ်မှာလဲ ဖေါ်ပြသင့်တယ်လို့ ထင်လို့ အခုလို အကြံပြုတာပါ။

  • researcher ရေ
    အခုလိုအကြံပေးတာ ကျေးဇူးပါခင်ဗျာ။
    ကျနော်က စာရေးတာဝါသနာရှင်သက်သက်လို့ဆိုနို်င်ပါတယ်။
    နောက်ကိုယ်သိတဲ့အတွေးလေးတွေကို ပါးပါးလေးပေးလို့ ဆက်တွေးစေချင်လို့လဲ စာတွေရေးနေတာပါ။
    နောက်ကျနော်က နေရာဒေသတစ်ခုကိုရောက်ရင် သုတေသန ဆန်ဆန်ထက်စာရင်
    အဲဒီနေရာကိုရောက်တဲ့အချိန်မှာဖြစ်ပေါ်လာတဲ့ခံစားမူ့ကို ပိုအလေးပေးလေ့ရှိပါတယ်။
    နောက်ကျနော်မှာ အချက်အလက်တစ်ခုကို သေချာအောင်ရှာဘို့အချိန်လဲမရှိပါခင်ဗျာ။
    အဲတော့ ကျနော်က မြင်တာလေးကို လမ်းစပြလိုက်။
    နောက်သုတေသနသမားတွေက ဆက်လုပ်လိုက်ဆိုရင် ပိုပြီးစံနစ်ကျသွားမယ်လို့ယူဆပါတယ်။
    ဒါကြောင့်……………………….

  • မိတ်ဆွေများခင်ဗျား
    ကျနော်ကို ဒီဘုရား ရှိကြောင်း သတင်းကိုရချိန်က 2011 ဖေဖော်ဝါရီလမှာပါ။
    မနေ့က ကျနော်ကိုယ်တိုင်ရောက်တဲ့အခါ
    ထူးဆန်းတယ်လို့ထင်မိပါတယ်။
    ဒီသုံးဆင့်ဘုရားကို တည်ထားရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ တည်ထားသူများမှဘဲသိပါလိ်မ့်မယ်။
    သုံးဆင့်ဘုရားဆိုတဲ့အတိုင်းဘုရားကိုချက်ခြင်းကြီးအလွယ်တကူမဖူးရပါဘူး။
    ဂူပေါက်လေးကတစ်ဆင့် ကွေ့ချိုးပြီးဝင်လိုက်မှ ဒီဆင်းတုတွေကို တွေ့တာပါ။
    ယကြာချေသလား ဘယ်လိုအစီအမံမျိုးလဲဆိုတာကိုတော့ မတွေးမိတာအမှန်ပါ။
    ဒီဘုရားကို ဘယ်လိုစိတ်ကူးနဲ့များ ဘယ်လိုထုလုပ်ထားပါသလဲဆိုတဲ့အတွေးက ပိုစိုးမိုးသလို
    အလွယ်တကူ ထုလုပ်လို့ မဖြစ်နိုင်ဘူးလို့တော့ မှန်းဆမိပါတယ်။.
    ဒီဘုရားထက် ဂူဘုရားပေါ်မှာရှိတဲ့ ပန်းတမော့လက်ရာများက မြင်ရတဲ့ကျနော်ကို ပိုလို့ အံ့ဩစေပါတယ်။
    ထူးတော့ ထူးဆန်းပါတယ်။
    ဒီလို ဆင်းတုမျိုး စိတ်ကူးထဲမှာတောင် မရှိခဲ့ဘူးလို့ပါ။
    ရှေးမြန်မာများရဲ့ ပိသုကာ အစွမ်းကို အရမ်းကိုလေးစားမိတာကတော့ အသေအချာပါခင်ဗျာ၊။
    ကြည်ညိုတယ် မကြည်ညိုဘူးဆိုတာထက် နှစ်ပေါင်း 800ခန့်က လူတွေ ဒီလောက်တောင်အတွေးဆန်းပြီး
    တော်လိုက်တာလိုသာ စိတ်ထဲမှာ ခံစားရပါတယ်။

  • 007James

    July 20, 2011 at 6:43 pm

    ထူးဆန်းတာတွေ့ရလို့ကျေးဇူး။မော်လမြိုင်မှာ လက်တော်ခြောက်ချောင်းဘုရားဖူးဘူးတယ်။နောက်တခါရောက်ရင် ဓါတ်ပုံရိုက်တင်ပေးမယ်။

  • ရွှေဘိုသား

    July 21, 2011 at 10:06 am

    ကိုပေါက် ကောင်းမှုအကြောင်းပြုပြီး
    ဒီရွာထဲကနေပဲ ဖူးမျှော်လိုက်ပါပြီ ခဗျာ

  • nature

    July 21, 2011 at 10:10 am

    ကျနော်တခုစဉ်းစားမိတယ်။ အလယ်တဆူကနေ စဉ်းစားရင် ရင်ထဲကအဆူက ဘုရားကိုရင်ထဲနှလုံးသားထဲမှာ အမြဲထည့်ထားရမယ်။ အပေါ်ဆူရဲ့ သဘောက ဦးခေါင်းထဲ မှာလည်းအမြဲ တွေးတောရမယ်လို့ ဆိုရင် တော့ ဗုဒဘာသာအယူနဲ့ အဆင်ပြေပါတယ်။

Leave a Reply