တမုတ်ရှင်ပင် …………..စေတီတော်

ကျောက်ဆည်မြိုကို မန်းလေးဘက်ကနေသွားရင် မြို့ထဲမဝင်ခင်
လမ်းအနောက်ဘက်ခြမ်းမှာအနောက်ဘက်ကိုဆင်းသွားတဲ့လမ်းလေးတွေု့နိင်ပါတယ်။
တမုတ်ရှင်ပင်ရွှေကူကြီးသို့ 6မိုင်ဆိုတဲ့ဆိုင်းဘုတ်လေးတွေ့ရပါမယ်။

အရင်ကအုဌ်ပုံကြီးအပေါ်မှာစေတီတစ်ဆူရှိနေရကနေ
2009မှာတော့ အခုမြင်ရတဲ့စေတီကို တွေ့ခဲ့ကြရပါတယ်။

အရှေ့ဘက်က နေစေတီတော်ကြီးထဲသို့အဝင်ဝ
အောက်ခြေက ပြိုပျက်နေတော့ အင်္ဂတေလျှောက်လမ်းတွေနဲ့အစားထိုးထားပါတယ်။
တောင်ဘက်ခြမ်းက စင်္ကြန်
အထက်ပစ္စယံ ငြမ်းတွေဆင်ထားပါတယ် ပြင်ဆင်ဘို့။
အပေါ်စီးကမြင်ရတဲ့အောက်မြင်ကွင်း
အထက်အဆင့်ကိုတက်လို့ရတဲ့နေရာလေးပါ။
မြောက်ဘက်က ပြင်ထားတဲ့အဝင်လမ်း

12 comments

  • unclegyi1974

    July 19, 2011 at 11:15 pm

    ဒါကြောင့်ပြောတာပေါ့ မြန်မာအစ ကျောက်ဆည်ကပါလို့

  • MaMa

    July 20, 2011 at 7:24 am

    အုတ်စီထားတဲ့ နံရံပေါ်မှာ အင်္ဂတေထပ်ပြီး အပေါ်က ပန်းဆွဲထားတာလည်း ရှေးခေတ်လက်ရာပဲ ထင်တယ်။ များသောအားဖြင့် တွေ့ဖူးတာက ရှေးဟောင်းလက်ရာတွေမှာ အုတ်စီတာပဲ ရှိသလားလို့?

    • pan pan

      July 20, 2011 at 10:27 am

      ဟုတ်မယ်နော်
      ပုဂံက စေတီပုထိုးတွေလည်း အုတ်စီထားတာပဲ
      အင်္ဂတေကလည်း ခိုင်ခံ့ပြီး သပ်ရပ်လိုက်တာ
      အုတ်စီထားတာလည်း ညီနေတာပဲ
      ပုဂံက စေတီတွေမှာဆိုရင် ဆောက်လုပ်ထားတဲ့ ဗိသုကာပညာရှင်တွေ အရမ်းတော်ကြတယ်
      ရည်ရွယ်ချက်ရှိရှိတည်ဆောက်ထားတာတွေ့ရတယ်

  • etone

    July 20, 2011 at 9:31 am

    ပုထိုးတော်ကြီးပေါ်မှာ အမိုးတွေ ထပ်ကာလိုက်တာ ဆန်းနေသလားလို့နော် … ။ အဲ့ဒါတွေမရှိလျှင် ပုထိုးတော်ကြီးပေါ်က ကနုတ်ပန်း အနုစိတ်လက်ရာတွေ ပိုမြင်သာလိမ့်မယ်ထင်တယ် ။

  • ကြောင်ကြီး

    July 20, 2011 at 9:46 am

    အခုလို ရှေးဟောင်းလက်ရာကို မြင်ရလို့ ဦးပေါက်ကို ကျေးဇူးတင်သဗျို့။ ဒါထက် ဦးပေါက်တူမအငယ်လေးရော မတွေ့မိပါလား။ ဟိုတယောက်လိုပဲ ငါးနှစ်လောက် ကြိတ်ပုန်းခုတ်ပြီး ကြောင်အသဲခွဲသွားမှာစိုးလို့ မေးတာပါ။ စိတ်မဆိုးကြေး 😐

  • weiwei

    July 20, 2011 at 10:15 am

    ကိုပေါက် …
    ကျောက်ဆည်မှာ မြွေရှိတဲ့ဘုရား ရှိတယ်မဟုတ်လား ….

  • hmee

    July 20, 2011 at 3:08 pm

    ကျောက်ဆည်မြို့ ဝင်လိုက်တာနဲ့ အရှေ့ဘက်( ကျွန်မအထင်) တသီးတခြား တည်ရှိနေတဲ့ တောင်ကို သတိမထားလို့မရအောင် ထီးထီးကြီး ဘုရားဖြူဖြူတွေပါတွေ့တယ်။ မန္တလေးကို အလည်လာတိုင်း ကားနဲ့ပဲလာဖြစ်လို့ ကျောက်ဆည်မြို့ဖြတ်တိုင်း သတိထားမိတယ်။ လေးပေါက်ရေ အခွင့်များ ကြုံပါရင် တင်ပေးပါဦးနော်။ မဝေရေ မြွေဘုရားက ပုလိပ်မှာ မဟုတ်ဘူးလား။

    • weiwei

      July 20, 2011 at 3:35 pm

      ဟုတ်တယ်မှီရေ …. မန္တလေးနားရောက်ခါနီးမှာ မြွေဘုရားကိုဝင်ခဲ့တာကိုပဲ မှတ်မိပြီး မြို့နံမည်မေ့နေလို့ မေးကြည့်တာ … မြွေကြီးကိုကိုင်ပြီး ဓါတ်ပုံရိုက်ခဲ့ဖူးတယ် …

  • MOEPWINTPHYU

    July 20, 2011 at 5:20 pm

    ရှေးခေတ်လက်ရာတစ်ခုကို ကြည်ခွင်ရလို ကျေးဇူးပါ

  • မနေ့က မိုးမိမှာစိုးလို့မဝင်ခဲ့ရဘူးဗျာ။
    ပုလိပ်က မြွေဘုရားအပြင် ရှေးဘုရားတွေပါ ရှိပါတယ်။
    နောက် ကျောက်ဆည်က ရွှေသိမ်တော် (မမှီပြောတဲ့ဘုရား)
    နောက်ထပ်ဆပ်သွားဆိုတဲ့ ဘုရား ရှိပါသေးသတဲ့။
    လောလောဆယ်တော့ အခုတွေ့တဲ့ဘုရားက ပန်းတမော့လက်ရာတွေထပ်တင်ပေးလိုက်ပါအုံးမယ်။
    ကြောင်ကြီးရေ တူမလေးက အခုချိန်ထိ မှတ်ပုံတင်ထားသူမရှိသေးပါဘူး တဲ့ကွယ်။

  • 007James

    July 20, 2011 at 6:30 pm

    ရှေးဟောင်းပုံတွေဆို အမြဲသိမ်းတယ်။ ရရင်ထပ်တင်ပေးပါ။ကျေးဇူး။

  • ဆူး

    July 22, 2011 at 1:08 am

    တော်တော် ရှေးကျတာပဲ.. ဒါနဲ့ စကားမစပ် အောက်ဘက်နားက ဘုရားတဆူကို သင်္ကန်း ရုံပေးထားတာ ဘယ်လိုကြိးလဲ မသိဘူး.. ကိုးရိုကားယားနဲ့ ကြည့်မကောင်းဘူး။
    သင်္ကန်းက တရုတ်ဘုန်းကြီး အပေါ်ရုံ သင်္ကန်း နဲ့ တူတယ်။ ဝူခုန်း ဆရာ ရုံတဲ့ သင်္ကန်းမျိုး.. အုတ်ကွက်တွေ နဲ့.. ဘယ်လိုကြီးမှန်း မသိဘူး။

Leave a Reply