(Nature) ဂျပိုးကို ဘယ်လိုနှိမ်နှင်းရမလဲပြောကြပါဦး 20Jul2011

natureJuly 20, 20111min55327

ဂျပိုးကို ဘယ်လို နှိမ်နှင်းရမလဲ။ ဂျပိုးတွေဟာ ရှိလာပြီဆိုရင် အင်မတန် ရှင်းရခက်ပါတယ်။ အစာမစာရပေမဲ့လည်း တော်တော် ကြာကြာအသက်ရှင်နေနိုင်ပါတယ်။ ညသန်းကောင်ဆိုရင် အစာရှာထွက်တတ်ပါတယ်(၂နာရီခန့်)။

စာအုပ်ထဲမှာ ဖတ်ကြည့်တော့ ကြောင်ပန်းရွက်  ၊ ဒူးရင်းသီးအခွံ ၊ ပရုပ်လုံးတွေက ဂျပိုး ပြေးတယ်လို့ဆိုပါတယ်။

Hair Dryer တွေနဲ့လည်းမှုတ်ကြည့်ဖူးပါတယ်။

မြန်မာပြည်မှာတော့ ဂျပိုးရှိရင် နေပူလှမ်း ဖျာကိုတုတ်နဲ့ ရိုက်တတ်ကြပါတယ်။

ဂျပိုးနှိမ်နှင်းရေး အတွေ့အကြုံ လေးများရှိရင်တင်ပေးကြပါဦး။

 

ဒီလိုအကူအညီတောင်းပြီး ငယ်ငယ်တုန်းက ကြားဖူးခဲ့တဲ့ ဂျပိုးသေဆေး ဟာသလေးတခုပြန်သတိရတယ်။

တခါတုန်းက ရွာတရွာမှာ လူတယောက်ဟာ သူ့အိမ်မှာ ဂျပိုးသောင်းကျန်းလို့ မြို့တက်ပြီး ဂျပိုးသတ်ဆေး ဝယ်သတဲ့။ ဂျပိုးသတ်ဆေး ရောင်းတဲ့သူက သူ့ဆေးကို ရဲရဲကြီးအာမခံပြီး ရောင်းသတဲ့။ သူ့ဆေးနဲ့ သတ်လို့ မသေတဲ့ ဂျပိုးတကောင်ကို ပြနိုင်ရင် ငွေ ၁၀၀၀ဝကျပ် ပြန်လျှော်မယ်တဲ့။ အထုတ်ကလေးက နဲနဲ တော့ ကြီးတယ်။

ဒါနဲ့သူလဲ ဝယ်ပြီး ပြန်လာခဲ့တယ်။ အိမ်ရောက်တော့ ဂျပိုးသတ်ဖို့ ဆေးထုတ်ကိုဖွင့်လိုက်တဲ့အခါ သစ်သားတုံးလေး ၂တုံးကိုပဲတွေ့ရတယ်။ ဒါနဲ့သူလည်း ဘယ်လိုသတ်ရမလဲမသိလို့ ဆေးညွှန်းကိုဖတ်ကြည့်သောအခါ-

…ဂျပိုးကို ဖမ်း၍ သစ်သားတုံး တတုံးပေါ်တင်ပြီး နောက်သစ်သားတုံး တတုံးနှင့် ထုပါတဲ့။…မသေလျှင် ဆုငွေ ၁၀၀၀ဝကျပ် လာထုတ်ပါတဲ့…။

27 comments

  • kai

    July 20, 2011 at 3:04 am

    ယူအက်စ်မှာ.. ဂျပိုးနှိမ်နင်းဖို့.. ပရိုကို အခကြေးငွေပေးခေါ်လို့ရတယ်..။
    ခွေးနဲ့ ဂျပိုးရှိတဲ့နေရာ အနံ ့ခံခိုင်းပြီး.. အဲဒီနေရာတွေကို… အနှုတ်ဒီဂရီ တော်တော်များတဲ့.. ပိုးသတ်ဆေးပါတဲ့… အအေးငွေ့နဲ့မှုတ်လိုက်တယ်..။
    အောက်ကတော့.. အိမ်သုံးပစ္စည်းတွေနဲ့ သတ်နည်းကာကွယ်နည်းတွေ.. ဂိုဂယ်ကရတာ…။ 🙂

    Home remedies can safely kill bed bugs

    Use of canola oil or rapeseed oil and pyrethrins. These herbs get attached to the bug’s nervous system. They are also effective in killing the bug’s eggs.
    Black walnuts are also very effective in eroding bed bugs from your house.
    Spread some mint leaves at those places which are more prone to bed bugs. The pleasant smell of mint is unpleasant for bed bugs thus it repels bed bugs.
    Spreading Lavender is also one of the home remedies to get rid of Bed Bugs. The smell of Lavender oil is a big turn off to bed bugs. You can also use lavender sachets to place in your closets and wardrobes. Its pleasant smell is very effective in preventing bed bugs. To make Lavender sachet is no rocket science. First of all dry the Lavender flowers. After that put the dried flowers between two pieces of fabric. Then sew these pieces around the corner.
    For best results rub lavender oil on your bed frame and you can also add some drops in water to mop the floor of your house.
    Some special covers are available in the market which is made up of special fabric. These covers can easily trap bed bugs which are present inside your mattress.
    One of the best known herbs to drive away bed bugs is Cayenne pepper.
    Treat your mattresses with steam as high temperature is very harmful for Bed bugs.
    Always wash the bed sheet and clothing in hot water. This not only prevents bed bugs but also kills the invaded one.
    Frequently move out your mattresses and keep them under the sun since temperature over 113 degrees Celsius are said to kill bed bugs. This is also a home remedy to destroy lingering bed bugs.
    Dust around some “diatomaceous earth”, especially in your bedroom. Diatomaceous earth is composed of algae fossils which causes jagged edges in diatomaceous earth. Jagged edges cut the surface of bed bugs causing them to bleed to death when they crawl across it.
    Always remember that the cover or sheet of the bed should never touch the ground otherwise bugs can easily crawl up to you and suck your blood while you sleep.
    Placing toys, footwear, clothing, rugs, stuffed animals, bags and other non-launderable things in the drier for some period of time prevents not only bed bugs but also many other home pests. This removes bed bugs but after that do not forget to clean the laundry room as bed bugs can make their unwelcome comeback to other parts of the house from laundry room.
    Spraying alcohol is not a definite fix but can kill some bed bugs on contact.
    You can also make your own herbal spray. Whisk 10 drops each of lavender, eucalyptus and rosemary essential oil in one cup of water. Fill a clean spray bottle with this mixture. Spray the infested area of your place. Do not forget to wear gloves as contact with essentials can cause health problems.
    Spread some boric acid powder to the infested area. Never apply boric acid directly to mattresses.

    Some safety tips

    Keep the spray out of the reach of children.
    Never spray on mattresses, sofas or other sensitive areas of human contact. Though organic, these sprays can be harmful.

    It is far better to take care of few dos and don’ts. Try to prevent yourself falling into the prey to the extreme condition where you tend to use toxic chemical pesticides which are harmful not only to bed bugs but human being too get adversely affected by it. These home remedies are safer and cheaper. Stop reeling from bed bug agony, make use of home remedies to get rid of Bed Bugs.
    http://www.whatdobedbugslooklike.net/home-remedies-to-get-rid-of-bed-bugs.html

  • ogre

    July 20, 2011 at 8:11 am

    လွယ်ပါတယ်ဗျာ
    insectkiller တွေမှာ ဂျပိုးသေတဲ့ ဟာဝယ်ပီး
    လိုက်သာဖျန်ထားလိုက် ခဏစောင့်ကြည့်
    အပြင်ထွက်ပြေးတဲ့ကောင်ကိုသတ်ပြစ်
    သူဟာသူလဲသေပါတယ်။။။

  • etone

    July 20, 2011 at 9:05 am

    ကြမ်းပိုးဆိုတဲ့ အကောင်က လူအိပ်မှ တိတ်တဆိတ် အုံလိုက်ကျင်းလိုက်ထွက်လာပြီး တွယ်ကြတာ …စိတ်ပျက်စရာကောင်းတယ် … ။ ကြမ်းပိုးသေတဲ့ စပရေးဘူးတွေရှိတယ်လေ … နေ့တိုင်း ဖြန်းထားလျှင် တဖြည်းဖြည်းတော့ သက်သာလာပါလိမ့်မယ်… ။ ကြမ်းပိုးတွေက ကိုယ့်အိမ်မှာ မရှိလည်း သူများ အိမ်က လာလည်တတ်လို့ နေ့တိုင်း စပရေးဖြန်းကြည့် … နှစ်ပတ်လောက်ဆို အိုကေသွားပြီ ။

  • pan pan

    July 20, 2011 at 9:22 am

    ကြမ်းပိုးတွေ အစာမစားပဲ ၆လလောက်အသက်ရှင်နိုင်သတဲ့
    ကိုယ်တွေ့ရယ်
    တလောက ခရီးဆောင်အိတ်ကို အသုံးလိုလို့ ထုတ်လိုက်တာ အိတ်ထောင့်မှာ ကြမ်းပိုးတစ်ကောင်တွေ့တယ်
    သွေးမစုတ်ရလို့ ပိန်နေပေမယ့် အသက်ရှိသေးတယ်
    အဲဒီအိတ်ကို မသုံးတာတောင်ကြာပြီ
    ဆာလာအိတ်ထဲထည့်သိမ်းထားတာ
    ကြမ်းပိုးကပ်ရင် ကြမ်းပိုးသတ်တဲ့ စပရေးဖြန်း၊ ပြီးရင် ဆေးဖြန်းထားတဲ့ ဖျာတို့ မွေ့ယာတို့ကို နာရီနည်းနည်းကြာ လိပ်ထားပေတော့
    အိမ်မှာတော့ အဲလိုလုပ်တာပဲ
    တစ်ကောင်တစ်လေမသေပဲကျန်နေရင်တော့ ထပ်ပွားပြီသာမှတ်ပေတော့

  • ကြောင်ကြီး

    July 20, 2011 at 9:35 am

    မရက်စက်ကြပါနဲ့ကွယ်တို့။ သူ့အသက်လည်း မသတ်ရ၊ မိမိလည်းချမ်းသာစေတဲ့နည်းကတော့…….
    …………..
    ကြမ်းပိုးရောင်းရန်ရှိသည်။ တကောင် ၁၀ဝလို့ရေးပြီး အိမ်တွင်းနေရာအနှံ့ ကပ်ထားလိုက်….

    • pan pan

      July 20, 2011 at 1:36 pm

      ဟုတ်ကဲ့
      အိမ်ကဂျပိုးတွေ ဦးကြောင်ကြီးကို ရောင်းမယ်လေ
      ၁၀ဝမယူဘူး
      ၁ဝပဲပေးပါ
      အိမ်ထိလာပို့ဆိုလည်း ပို့ပါ့မယ်လို့
      ဦးကြောင်ကြီးအကြံပေးတာ သဘောကျလို့ ဂျပိုး export လုပ်မလားလို့

    • nature

      July 22, 2011 at 6:59 pm

      ကိုကြောင်ကြီးရေ တကောင် ၁၀ဝ နဲ့ မရောင်းပါဘူး။ အလကားပေးပါမယ်။ လာယူတဲ့သူတွေကို ထမင်းကြွေးပါမယ်။

    • swam

      October 4, 2011 at 12:34 pm

      လွယ်လွယ်လေးပါ လောင်ချာ နှစ်လက် ။ Ak-47 ,Magnum,Kodachi,နှင့် လောက်လေးဂွ
      နှစ်လက်လောက်ဆောင်ထားပါက ဂျပိုးများ မိသားစုအလိုက်ထွက်ပြေးကြကုန်မှာအမှန်ပါ ။
      😛

      • swam

        October 4, 2011 at 12:36 pm

        Jumbo
        ကိုသာ
        သုံးစွဲပါ
        ဂျပိုးအန ္တရာယ်
        ကင်းဝေးမှာ။

  • naywoonni

    July 20, 2011 at 9:42 am

    ပင်စိမ်းပင်ရဲ့ အနံ့ ကိုရရင် ကြမ်းပိုး မနေနိုင်ပါဘူးတဲ့ ….။ အဲဒိတော့ အိပ်ယာအောက်မှာ ပင်းစိမ်းရိုးတွေ ထားမယ်ဆိုရင် ကြမ်းပိုးပြေး ပါသတဲ့ …။ သေအောင် သတ်တာမဟုတ်ဘူးနော်…။ ကိုကိုကြောင်…….

  • nature

    July 20, 2011 at 10:39 am

    အားလုံး အကြံပေးကြတာ ကျေဇူးတင်ပါတယ်။
    Insect killer တွေလဲ ည ၂နာရီလောက် ဂျပိုးထွက်ချိန်ေစောင့်ဖြန်းဘူးတယ်။ အကုန်မသေဘူး ကျန်သေးတယ်။ အဝတ်ဘီဒိုတွေထဲမှာလည်း ရှိတယ်။
    သူကြီးရေ ဂျပိုးနှိမ်နှင်းရေး အဖွဲ့တွေက ဈေးတော်တော်ကြီးလား။ မျိုးပြုတ်ရမယ် အာမခံလား။ အကုန်မသေလို့ နောက်တကြိမ်ပြန်ခေါ် ရရင်ဘယ်လို လုပ်မလဲ။

  • မောင်ဘလိူင်

    July 20, 2011 at 12:17 pm

    ကျွန်တော့် အတွေ ့အကြုံကတော့ ခြင်ထောင်စိမ်ဆေးပြား Supa tab ကို သုံးတာပဲ။
    ဂျပိုး သတ်ဆေးမျိုးစုံသုံးတာ အဆင်မပြေလို့ အဲဒီနည်းကိုသုံးကြည့်တာ ကနေ ့အထိ
    တစ်ကောင်မှ မတွေ ့တော့ဘူး။အဲဒီဆေးပြားလေး ကို ဇလုံထဲထည့်။ ခြင်ထောင်ကို
    စိမ်။(ခြင်ထောင်မှာလည်း ငတိတွေ ရှိသဗျ) ပြီးတော့ နောက်တစ်လုံးကို ရေသန့်
    ဘူးတစ်ဘူးစာနဲ့ဖျော်။စပရေးဘူးထဲ ထည့်ပြီး ကုတင် ကြမ်းကြား ဖျာ အကုန်လိုက်
    ဖျန်းပေးထားလိုက်။ခြင်ထောင်ကိုလည်း အရိပ်ထဲမှာ ပဲ လှမ်းထားပေါ့။ မနက်လောက်
    က လုပ်ထားလိုက်ရင် ညအိပ်တဲ့အခါ အကုန်ပြန်ခင်းလို့ရပြီပေါ့။ တခြားကနေ လာ
    လည်တဲ့ ငတိတွေလည်း ဆေးဖျန်းဧရိယာထဲရောက်တာနဲ့ ဂိ ကုန်တာပဲဗျို့။
    ဘလှိုင် တို့က အပိုမကြွားဘူး လက်တွေ ့လက်တွေ ့ 🙂

  • နွယ်ပင်

    July 20, 2011 at 2:17 pm

    ဂျပိုးကို Happy ကထုတ်တဲ့ ဂျပိုးဆေးနဲ့ ရှင်းရင် တကယ် ပျောက်တယ် ဆေးဘူးက တစ်ဘူး (1500) တည်းဆိုတော့ ဈေးလဲ မကြီးဘူး နောက်ဆေးနံ့လည်းမနံ့ဘူး စမ်းကြည့်ပါလား သူငယ်ချင်းတစ်ယောက်ဆို အဲ့သည့် Happyဂျပိုးသတ်ဆေးဘူးကို စကာင်္ပူကတောင် လှမ်းမှာရတဲ့ အထိကောင်းပါတယ်တဲ့
    ကြော်ငြာမဟုတ်ပါ 🙂

  • hmee

    July 20, 2011 at 2:52 pm

    တခါက ရန်ကုန်အိမ်မှာ ဂျပိုးစွဲရော။ အစက မသိဘူး အတော်ကြာမှသိတာ။ ဘယ်လို သတ်သတ် မကုန်နိုင်ဘူး။ ချထိုးအခင်းကြားထဲ ဝင်ပြေးတာလေ။ နောက်ဆုံး အင်းဆက်ကေလာနဲ့ ဆော်မှ မျိုးပြုတ်သွားတယ်။ ရှိတဲ့နေရာပဲ ကွက်ဖြန်းလို့ မရဘူး။ တခါတည်း ၄ဗူးလောက် ဝယ်ပြီး ကြမ်းတချောင်းတောင် မချန်ပဲ တအိမ်လုံး နေရာအနှံ ပေါပေါလောလောကို ဖြန်းပြစ်တာ တခါတည်း ဥတောင်မကျန်ဘူး အပြုတ်ပဲ။ nature ရေ ဗီဒိုထဲက အဝတ်တွေ အကုန်လုံးထုတ် ရေနွေးဖျောပြစ်ပြီးလျှော် ပြီးတာနဲ့ (တရက်တည်း အပြီးလုပ်ရမှာနော်) တအိမ်လုံး ချောင်လျှို ချောင်ကြားမကျန်အောင် နေရာလွတ်မကျန်အောင်ဖြန်းပြစ် အဲဒါဆို မျိုးပြုတ်ရော။ လူကတော့ တနေရာသွားနေပေါ့ အနံပျောက်မှ ပြန်ဝင်။ ဒါမှမဟုတ်ရင် အနံမပါတာ ဝယ်ဖြန်းပေါ့။ အဲလိုသာလုပ် နောက်ဆို ဂျပိုး မြင်ချင်ရင် ပြတိုက်တောင် သွားကြည့်ရမှာ။ 🙂

  • cobra

    July 20, 2011 at 4:45 pm

    ဂျပိုးရှိရင်အိပ်ကိုမအိပ်တက်တာပါ
    ကိုက်တာထက်စာရင်နံတာကပိုဆိုးတယ်။
    လက်နဲ့ဖိသတ်လိုက်ရင်လည်းအနံကလက်မှာလာဆွဲနေသေးတယ်
    တော်တော်ဆိုးတဲ့ဂျပိုးရယ်…။

  • windtalker

    July 20, 2011 at 7:00 pm

    ဒူးရင်းသီး အခွံ ကို ဂျပိုး ရှိတဲ့ နေရာတွေ မှာ ထားထားကြည့်ပါ ခင်ဗျာ
    တစ်ရက် နှစ်ရက် အတွင်း သူ ့အလိုလို ပျောက်သွားတာ ကို တွေ ့နိုင်ပါတယ်

  • Yan Shin

    July 21, 2011 at 2:56 pm

    မရက်စက်ကြပါနဲ့ကွယ်တို့။ သူ့အသက်လည်း မသတ်ရ၊ မိမိလည်းချမ်းသာစေတဲ့နည်းကတော့…….
    …………..
    ကြောင်ကြီးတစ်ကောင် ရောင်းရန်ရှိသည်။ တကောင် ၁၀ဝလို့ရေးပြီး ရွာအတွင်းနေရာအနှံ့ ကပ်ထားလိုက်….

    (ကိုကြောင်ကြီး စတာနှော်…… ကိုကြောင်ကြီးရှိနေမှ အီတုန်းတို့လို ကြွက်ကလေးတွေ ခေါင်းမထောင်ရဲမှာ…ဟီဟိ)

  • myatminaung

    July 21, 2011 at 9:43 pm

    myanmar နည်းကတော့ polo ဂျပိုးဆေးနဲ့ ရှင်းရင် ပျောက်တယ်
    1 ဘူးကို 100 kyats

  • ဆူး

    July 21, 2011 at 10:52 pm

    ဂျပိုး ပြသနာတော့ တခါမှ မကြုံဘူးဘူး..
    ဂျပိုးကို ရပွိုင့်နဲ့ လာရောင်းသွားတယ်။

  • nigimi77

    July 22, 2011 at 1:41 pm

    အကောင်သေးလေးတွေဟာ ၅ ကြိမ် အခွံလဲပြီးရင် အရွယ်ရောက်သွားတယ်။ အရွယ်ရောက်ပြီးသား အကောင်ဟာ

    တခါ ဥ ရင် ဥ အရေအတွက် 100~250 လောက် ဥ တယ်။ ဥ တွေဟာ တစ်ပါတ် ကနေ နှစ်ပါတ် အတွင်းမှာ အကောင်ပေါက်

    လာပြီး တစ်ပါတ် လောက်ကနေ စပြီး သွေးစုပ်လာနိုင်တယ်။ ၄ ပါတ် ဆိုရင်တော့ အရွယ်ရောက်တဲ့ အကောင်ကြီး ဖြစ်လာတယ်။

    ဆိုးဝါးတဲ့ အနံ ့ ကို ထုတ်လွှတ်နိုင်ပြီး ညဖက်မှာ လှုပ်ရှားသွားလာပြီး လူတွေရဲ ့သွေးကို စုပ်ယူကြတယ်။

    ဂျပိုးကိုက်ရင် ယားယံတဲ့အတွက် လူ နဲ ့ သေးငယ်တဲ့ တိရိစ္ဆာန် တွေ အတွက် အလွန် စက်ဆုပ်ဖွယ် အင်းဆက်တွေ ဖြစ်တယ်။

    သို ့သော်လည်း ရောဂါပိုး ဖြန် ့ဝေ ကူးစက်ခြင်းတော့ မရှိဘူး။

  • nigimi77

    July 22, 2011 at 7:16 pm

    ကို Nature ရေ ။ ခင်ဗျားက ဂျပိုး အကြောင်းကို စလိုက်တော့ ကျုပ် စာရေးချင်လာတယ်။

    အဲဒီ အကောင်တွေဟာ ခြင်လောက် အန္တရာယ် မကြီးပေမဲ့ သိပ် အမြင်ကပ်ဖို ့ကောင်းတဲ့ အင်းဆက် မျိုးနွယ်ပဲဗျ။

    ဂျပိုး အကြောင်းကို ဒီထက်ပိုပြီး ပြည့်ပြည့်စုံစုံလေး ရေးချင်တယ်။ ကျုပ်တို ့နဲ ့ အမြဲအတူရှိနေတဲ့ အကောင်ရဲ ့

    အကြောင်းကို သေချာသိထားမှ ဖြစ်မယ်။ အကြောင်းအရာတော်တော်များများကိုတော့ ဝီကီကနေ ရှာရမှာပေါ့။

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 22, 2011 at 7:23 pm

    ဂျဘိုးတွေမှာက နာရီးမရှိဘူး
    နာရီမရှိတဲ့အတွက် ညတွေမနက်တွေမရှိဘူး
    သေခြာတာကတော့ ဆာနေတဲ့အကောင်ကတော့ အခွင့်ရေးရရင်
    ငြိမ်နေတဲ့လူရဲ့ မိရာကို သွေးစုပ်မှာဘဲ
    ( ရုပ်ရှင်ရုံတွေမှာ နေ့ပွဲပြလည်း နေ့ဘက်မှာကိုက်တာဘဲ ညဘက်ဆိုလည်း ထိုနည်းလည်းကောင်း )
    ဒါပေမယ့် အလင်းရောင်ကိုတော့ ရှောင်တဲ့သဘောရှိမယ်ထင်တယ် ( အထင် )
    လူဆိုတာက အိပ်နေပြီဆိုရင် သေတာနဲ့သိပ်မကွာဘူးလေ
    အထူးသဖြင့် အိပ်နေတော့ ငြိမ်နေမယ်
    ငြိမ်နေတော့ တစ်ကိုယ်လုံးရဲ့ သူတို့ အဆင်ပြေတဲ့နေရာကိုဆော်မယ်
    သူ့အသက်သတ်ခြင်းကို ကျုပ်က သိပ်အလိုမရှိဘူး
    နည်းတော့မပေးတော့ပါဘူး
    ကျုပ်ငယ်ငယ်တုန်းက လယ်တောမှာ ကြက်မတစ်ကောင် အုဝပ်နေတယ်
    ကြက်သားသားလေးတွေပေါက်လာတော့ ကြက်ဥတင်းတစ်ခုလုံးကြက်သန်းတွေချည်းဘဲ
    သေးသေးလေးတွေ အကောင်ရေ သိန်းနဲ့ချီရှိမလားဘဲ
    သူများအသက်သတ်တာတော့ဝါသနာမထုံပါဘူး
    ကြက်တင်းကို မီးရှို့လိုက်တယ် ကံမကောင်းတဲ့ကောင်တော့ မီးလောင်ပြီး သေမှာပေါ့
    ကျုပ်နဲ့ဆိုင်ပါဘူး
    ကြမ်းပိုးဆိုတာက နေရာထိုင်ခင်းညစ်ပတ်လို့ဖြစ်မှာပေါ့ဗျ
    ဟိုဘဝက သူများကို ဘယ်လိုနှိပ်စက်ထားသလဲမှ မသိတာ
    ကျုပ်ကတော့ တစ်ခါမှာ ကြမ်းပိုးကြောင့် ဒုက္ခမရောက်ဖူးဘူး

  • nigimi77

    July 22, 2011 at 9:00 pm

    ကြမ်းပိုးဆိုတာက နေရာထိုင်ခင်းညစ်ပတ်လို့ဖြစ်မှာပေါ့ဗျ

    ====================================

    ရာခိုင်နှုံး အပြည့်အဝတော့ မဟုတ်လောက်ဘူး။

    အဲဒီ အကောင်တွေက လူတွေ မိတ်လိုက်သလိုပဲ သူ ့ဆင်ခြေနဲ ့သူတော့ ရှိမှာပေါ့။

    ကျုပ် ဟိုဟိုဒီဒီ မှီငြမ်းပြီး ရေးလိုက်ဦးမယ်။ အဲဒီမှာ ဆက်ပြောရအောင်။

  • nature

    July 23, 2011 at 7:17 pm

    ရေးပါဦး nigimi77 ရေ။ အားပေးပါတယ်။ ဟိုဘဝက ဘယ်သူ့ကို ဘယ်လိုနှိပ်စက်ခဲ့လဲတော့ အတိတ်ဘဝကို ပြန်မမြင်နိုင်လို့ မသိဘူး။ ဒီဘဝမှာတင် ငယ်ငယ်ကတော့ တော်တော် ရက်စက်ခဲ့ဘူး ပါတယ်။ အကုသိုလ်ပါွးမှာစိုးလို့ မပြောတော့ပါဘူး။

    ကိုရင်အောင်ပု ဒီမှာရေးထားတာလေးတွေကို လေ့လာကြည့်လိုက်တော့၊ ဂျပိုုးတွေဟာ အချိန်ကို မသိဘူး။ အမှောင်ကြိုက်တယ်လို့ ကောက်ချက်ချမိတယ်။ ဒါကြောင့်ညစောင့်စရာမလိုပဲ နေ့ခင်းဘက် ပြတင်းပေါက်တွေကို ကန့်လန့်ကာ ကာပြီး မှောင်လာလို့ ဂျပိုးထွက်လာရင် spray နဲ့ရှင်းဖို့ စိတ်ကူးရလာတယ်။ အိပ်ရေးမပျက်တော့ဘူး။

  • aungnng87

    October 4, 2011 at 1:47 pm

    ကိုယ်ကတော့ ကိုယ်နေတဲ့တအိမ်လုံးကို ဆေးအသစ်ပြန်သုတ်လိုက်တယ်။ အဲဒီစပရေးဘူးတွေလဲ ဖျန်းတာဘဲ။ ဗမာပြည်က ဂျပိုုးသတ်ဆေးလဲ သုံးတယ်။ အဲဒါကကောင်းတယ်။ ဂျပိုးတွေတော်တော်ငြိမ်သွားတယ်။ကိုယ်အိပ်တဲ့အခန်းထဲမှာ ပစ္စည်းတွေလျှော့ပလိုက်တယ်။တတ်နိုင်သမျှရှင်းသွားအောင်လို့။ ပြီးရင် အိပ်ခန်းကို ကြမ်းခဏခဏတိုက်ပေးတယ်။ ဖုံမရှိအောင်လို့။ ဂျပိုးတွေကလည်းဖုံကနေတဆင့်ဖြစ်လာတယ်လို့ထင်လို့လေ။ ဟုတ်မဟုတ်တော့မသိဘူး။ အော်… ပြီးတော့မွေ့ယာတွေလည်း လွှင့်ပြစ်လိုက်တယ်။ အသစ်သုံးတာပေါ့။ အဲဒါနဲ့ဂျပိုးမရှိတော့ဘူး။ ကြမ်းကတော့တိုက်ပေးရမယ်။ အုတ်နံရံမှာအပေါက်သေးသေးလေးတွေရှိရင်သူတို့ကခိုနေနိုင်သေးတယ်။
    အဲဒါလေးတွေလည်းကော်ထုတ်ပေးရမယ်။

Leave a Reply