တစ်ပါတ်စာ..အမောပြေဟာသ

တစ်ပါတ်စာ..အမောပြေဟာသ။။။။

မေးလ်ထဲကစုထားသမျှ လေးပါ

(၁) အမျိုးရင်း
(၂) ခံနေလို့ဖြစ်မလား
(၃) အထင်နဲ့အမြင်
(၄) နှစ်စီးပေး
(၅) ဒါမျိုးသောက်ချင်ရင် ဒီလိုလုပ်
(၆) သူ့လက်ရာ
(၇) လက်ဝင်လို့
(၈) ငြင်းပါ
(၉) ပိန်နည်း
(၁၀) အလှည်ကျ

****************************************************************************

(၁)အမျိုးရင်း

လင်းမယားနှစ်ယောက် ရန်ဖြစ်နေကြသည်
မိန်းမဖြစ်သူမှ…..
မိန်းမ ။။။  ကျမကိုယ်ကမှားတာ ရှင်ကိုယူမယ့်အတူတူလေ ..သရဲ တစ်ကောင်ကို
ကောက်ယူလိုက်ရမှာ..သိလား။။။
ယောက်ျား။။ ဟာ ..အမျိုးအချင်းချင်းတော့ ယူလို့မရပါဘူးကွာ။။။

***********************************************************************
(၂)ခံနေလို့ဖြစ်မလား

ရုပ်ရှင်ရုံအဝင်ဝမှာအမျိုးသမီးကြီးတစ်ဦးက
လက်မှတ်စစ်ကိုရိုက်လိုုက်လို့
ဘာဖြစ်လို့ရိုက်ရတာလဲ
မိုက်ရိုင်းလို့ပါ..ကျွန်မဝယ်လာတဲ့
လက်မှတ်ကိုယူပြီးဆွဲဆုတ်ပစ်တယ်လေ..။ ။

*************************************************************************

(၃)အထင်နဲ့အမြင်

ဒေါက်တာကျွန်တော့်ဒဏ်ရာကိုမချုပ်သေးဘဲနဲ့ ဘာဖြစ်လို့အချွန်နဲ့
ထိုးကလိနေရတာလဲ..
နည်းနည်းတော့သည်းခံရမှာပေါ့..အထဲရောက်နေတဲ့ကျည်ဆံ
ထိပ်ဖူးကိုထုတ်ပစ်မှဖြစ်မှာမို့ပါ
ဟင်းစောစောကပြောရောပေါ့ဒေါက်တာရယ်ကျည်ဆံကကျွန်တော့်
အိတ်ကပ်ထဲမှာဗျ..

**************************************************************************
(၄)နှစ်စီးပေး

ကုန်သည်တစ်ဦးဟာ သူ့လုပ်ငန်းကောင်းစွာ လည်ပတ်နိုင်ဖို့
နိုင်ငံအကြီးအကဲတစ်ဦးကို ကားတစ်စီးလက်ဆောင်ပေးပြီး လာဘ်ထိုးသတဲ့။ ဒါပေမယ့်
အကြီးအကဲက မျက်နှာမာမာနဲ့ “ဒီမှာ… ဒီလိုအပြုအမှုဟာ ငါ့ရဲ့ဂုဏ်သိက္ခာကို
ထိခိုက်တယ်ဗျ၊ ဒီလိုလာဘ်ထိုးတာကို ငါလုံးဝ လက်မခံနိုင်ဘူး”လို့ဆိုတယ်။

ကုန်သည်က ပျာပျာသလဲ “ဒါကို ကျွန်တော်နားလည်ပါတယ်။ ဒါဆို ဒီလိုလုပ်ပါလား
ခင်ဗျား။ ဒီကားကို(၁ဝ)ဒေါ်လာနဲ့ ကျွန်တော်ရောင်းပေးမယ်။ ဘယ်လိုလဲ?”

အကြီးအကဲ ခဏစဉ်းစားလိုက်တယ်။ ပြီးတော့ ပြောလိုက်ပါတယ်။

“အင်း..ဒီလိုဆိုရင် ငါနှစ်စီးယူမယ်”
*****************************************************************************

(၅)ဒါမျိုးသောက်ချင်ရင် ဒီလိုလုပ်

စားသောက်ဆိုင်တစ်ခုတွင်ဖြစ်သည်-
စားသုံးသူ- “ဟေ့ဝိတ်တာ..ဟောဟိုစားပွဲပေါ်ကပုဂ္ဂိုလ်ကြီးသုံးဆောင်နေတဲ့
အရက်မျိုးငါသောက်ချင်တယ်ကွာ..”
စားပွဲထိုး – “ရပါတယ်ဆရာ..တယ်လီဖုန်းလာနေတယ်ဆိုပြီး သူ့ကိုကျွန်တော်ပထုတ်သွားမယ်..
အရိပ်အခြည်ကြည့်ပြီးဆရာလှုပ်ရှားပေတော့”

***************************************************************************
(၆)သူ့လက်ရာ

ဒီနေ့ကျွန်မချက်ကျွေးတဲ့ဟင်းကဘယ်လိုနေလဲ
ကောင်းတယ်မိန်းမရာချိုပြီးဆိမ့်နေတာပဲ
မဟုတ်သေးပါဘူးတော် ချက်နည်းပြုတ်နည်းစာအုပ်ထဲမှာ
ချဉ်စပ်လို့ရေးထားတယ်ရှင့်။။

****************************************************************************
(၇)လက်ဝင်လို့

တစ်ခါက ခရီးသွားတစ်ဦးဟာ လူသားစားတိုင်းပြည်ရဲ့ စားသောက်ဆိုင်ထဲ
ရောက်သွားခဲ့တယ်။ စားသောက်ဆို်င်ရဲ့ ကြော်ငြာဆိုင်းပုဒ်မှာ
ဟင်းအမည်နဲ့ဈေးနှုန်းတွေ ရေးကပ်ထားတာကို သူတွေ့လိုက်တယ်။

ဖာသာအသား = ၃ ဒေါ်လာ
မုဆိုးအသား = ၄ ဒေါ်လာ
သူဌေးအသား = ၅ ဒေါ်လာ
နိုင်ငံအကြီးအကဲအသား = ၂၅ ဒေါ်လာ

နိုင်ငံအကြီးအကဲအသားက တခြားအသားတွေထက် ဈေးကြီးနေလို့ ခရီးသွားက သိချင်စိတ်နဲ့
ဆိုင်ရှင်ကို မေးလိုက်ပါတယ်။

“နိုင်ငံအကြီးအကဲအသားက တခြားအသားထက် ဆေးကျောရတာ လက်ဝင်တာကြောင့်
ပိုဈေးကြီးရတာပါ” ဆိုင်ရှင်က ပြန်ဖြေပါတယ်။

*******************************************************************************
(၈)ငြင်းပါ

“ဒေါက်တာ…ကိုယ်ဝန်မရှိအောင် ဘာလုပ်ရမလဲ.ဟင်”

“ဟင့်အင်းလို့ ပြော”

*********************************************************************************
(၉)ပိန်နည်း

အလွန်ဝသော အမျိုးသမီးလူနာက ဆရာဝန်ကို ပြောသည်။

“ဒေါက်တာ…..ပိန်ဖို့အတွက် ဘာလေ့ကျင့်ခန်းလုပ်ရင် ကောင်းမလဲ ဟင်”

“ခေါင်းကို ဘယ်စောင်းလိုက်၊ ညာစောင်းလိုက် လုပ်ပေးပါ။”

“တစ်နေ့ ဘယ်နှစ်ကြိမ် လုပ်ရမလဲ”

“ခင်ဗျားကို အစာစားဖို့ ဖိတ်ခေါ်တဲ့ အခါတိုင်း”
************************************************************************************
(၁၀)အလှည်ကျ

ကျွန်တော် ကော်ဖီဆိုင်တစ်ခုက ထွက်အလာ တစ်မူထားခြားတဲ့ ဈာပနချပွဲအခမ်းနားတစ်ခု ကိုတွေလိုက်တယ်။
ဈာပနချမဲ့ အခေါင်း တစ်ခုရဲ့ နောက်မှာလဲ ပေ ၅ဝ လောက် ကွာပြီး နောက်ထပ် အခေါင်းတစ်ခုက ကပ်ပါလာတယ်။
ဒုတိယ အခေါင်းရဲ့ နောက်မှာတော့ ခွေးမဲကြီးတစ်ကောင်နဲ့ လူတစ်ရောက် လမ်းလျှောက်ရင်းလိုက်လာတယ်။
အဲ့ဒီလူရဲ့နောက်မှာတော့ အမျိုးသား ၂၀ဝ လောက် တန်းစီပြီး လိုက်ပါလာကြတယ်၊၊
ကျွန်တော် သိလိုစိတ်က ဘယ်လိုမှတားမရနိုင်တော့တာနဲ့ ခွေး ကိုင်ထားတဲ့ လူနား အသာလေးကပ်သွားပြီး………။

“”မိတ်ဆွေရဲ့ ဆုံးရှုံးမှုတွေတွက်တော့ စိတ်မကောင်းပါဘူးဗျာ။
ခုချိန်မှာ မိတ်ဆွေကို အနှောက်ယှက်ပေးဖို့ မသင့်တော်မှန်းလဲ ကျွန်တော်သိပါတယ်။
ဒါပေမယ့်ပေါ့ ကျွန်တော်ဘဝမှာ ခုချိန်ထိ ဒီလို ဈာပန
အခမ်းနားကျင်းပတာမျိုး တစ်ခါမှ မကြုံဖူးလို့ပါ။
ဘယ့်သူ့ ရဲ့ ဈာပန မို့လဲဗျ၊””

ထိုလူက တည်ငြိမ်စွာပဲ ပြန်ဖြေတယ်…
“” ပထမ အလောင်းက ကျွန်တော်ရဲ့မိန်းမပေါ့…””
“””‘ မိတ်ဆွေ ရဲ့ မိန်းမက ဘာဖြစ်လို့ ဆုံးသွားတာလဲဗျ…””””
“” အင်း….ကျွန်တော်မွေးထားတဲ့
“““ဒီခွေးလေ… ဒီကောင်ကြီးကိုက် လို့ ဆုံး သွားတာပေါ့။…””

“”””ဒါဆိုဗျာ နောက် ထပ်အလောင်း တစ်ခုကရော ဘယ်သူ့ အလောင်း လဲ ဗျ…””””

“” အော် အဲ့ ဒါကတော့ ကျွန်တော့် ယောက္ခမ ကြီးပေါ့။
သူကလဲ သူ့ သမီးကိုခွေးကိုက်နေတာ တွေ့တော့ ဝင်ကူညီရင်း
သူပါခွေးကိုက်ခံရပြီး ဆုံးသွားတာပါ။””
နှစ်ယောက်သား ခဏအကြာတိတ်ဆိတ်နေခဲ့တယ်

ခဏ အကြာမှာ တော့ ကျွန်တော် စိတ်အားတက်ကြွစွာနဲ့ မေးလိုက်တယ်……
“””” ခင်းဗျားရဲ့ ခွေးကို ကျွန်တော့် ငှါးပါလားဗျာ…””””

“” ဒါဆို ခင်ဗျားလဲ နောက်မှာ ဝင်တန်းစီလေ…””
******************************************************************************

11 comments

  • etone

    July 20, 2011 at 9:09 am

    ဟားဟား ဟားဟား 😀 ရယ်ရတယ် ။
    နံပါတ် ကိုး ကိုတော့ အကြိုက်ဆုံးပဲ … ဖတ်ပြီး ဟန်မဆောင်နိုင်အောင် အသံထွက်ရယ်မိသွားလု့ ိ … ။

  • zawmyothu

    July 20, 2011 at 9:44 am

    ဟာသလေးတွေ ဖတ်ပြီး ဟီးးးးးးးးးးးးးးးးးးးးးး
    ကျေးဇူးပါ။

  • kokothandar

    July 20, 2011 at 10:02 am

    မြန်မာပြည်မှာတော့မပေးသေးရင်တောင်းတာဘဲဗျို့
    လာထားမြန်ြ်မန် နောက်ကျရင် ဝအားကီးစိတ်ဆိုးတယ်နော်တဲ့
    အရင်ဘဝကကယ်ပါဖြစ်ခဲ့တာကိုး

  • nature

    July 20, 2011 at 10:18 am

    “အင်း..ဒီလိုဆိုရင် ငါလည်း နှစ်စီးယူချင်တယ်”

  • chitpyae

    July 20, 2011 at 10:23 am

    No (10) လည်း တော်တော် ကောင်းတယ် … မိန်းမနဲ့ ယောက်ခမကို ချစ်ပုံများ … 😉

  • MOEPWINTPHYU

    July 20, 2011 at 12:45 pm

    အရမ်းရယ်ရတာပဲ ကြိုက်တယ် အကုန်လုံးကို …

  • pan pan

    July 20, 2011 at 1:25 pm

    နံပါတ်၄ကို ပိုကြိုက်တယ်ဗျို့
    နှစ်စီးက နည်းသေးလားလို့ 😛

  • Lightning cristal

    July 20, 2011 at 2:00 pm

    နံပါတ်(၃)ကမဆိုးဘူးပဲခင်ဗျားလူရွှင်တော်လုပ်စားပါလား

  • cobra

    July 20, 2011 at 4:06 pm

    နံပါတ်၁ဝကိုအရမ်းကြိုက်တယ်ဗျာ…။

  • 007James

    July 20, 2011 at 6:22 pm

    နံပတ်(၁၀) ကိုကြိုက်တဲ့သူ များတာတွေ့ရတယ်။ ကျွန်တော်လဲကြိုက်တယ်။

Leave a Reply