အာဇာနည်နေ့ ဗိုလ်ချုပ်ပြတိုက်သို့ အမှတ်တရ

နွယ်ပင်July 20, 20112min24217

ဗိုလ်ချုပ်ပြတိုက်သို့ အဝင် ။

အဝေးကနေလှမ်းရိုက်ထားသော ဗိုလ်ချုပ်ပြတိုက် ။

အဝေးကနေလှမ်းရိုက်ထားသော ဗိုလ်ချုပ်ပြတိုက် ။


ဗိုလ်ချုပ်ပြတိုက်သို့ လာရောက်ကြသူများ ။

မနေ့က အာဇာနည်နေ့ဆိုတော့ သူငယ်ချင်းတွေစုပြီ ဗိုလ်ချုပ်အောင်းဆန်းပြတိုက်ကို သွားဖြစ်ခဲ့ကြတယ် ။ နက်မောက်လမ်းကို ရောက်တော့ ဗိုလ်ချုပ်ပြတိုက်ကို သွားကြည့်ကြမယ့် သူတွေက အများသားပဲ ။ ဗိုလ်ချုပ်ပြတိုက် ရှေ့ရောက်တော့ အထဲတည်းက ပြထားတာတွေကို ဓာတ်ပုံရိုက်မယ်ပေါ့ ပြီးရင် မသွားဖြစ်တဲ့ သူငယ်ချင်းတွေကို
ပြမယ်ဆိုပြီး အားခဲထားတာ ပြတိုက်အဝင်ဝမှာက ဆိုင်းဘုတ်ကြီးက ဆီးကြိုလို့ ။


ဝင်ပေါက်တွင် ကင်မရာ ၊ လက်ကိုင်ဖုန်း နှင့် MP3 / MP4 တို့အားယူဆောင်ခွင့် မပြုသော ဆိုင်းဘုတ် ။

အဲတာနဲ့ ပါလာတဲ့ ပစ္စည်းလေးကို အလုအယက်အပ်ပြီး ဝင်ပေါက်ကနေဝင်တော့ နာမည်နဲ့ လိပ်စာကို တိုးဝှေ့ပြီးတစ်ခါထပ်ပေးရပြန်ပါတယ် ။

ပါလာသည့် အိတ်နှင့် ပစ္စည်းများအား အလုအယက် အပ်နေကြ ။
ပြတိုက် အဝင်ဝမှာတော့ ဗိုလ်ချု့ပ်မကျဆုံးမီအချိန်ထိ စီးနင်းခဲ့သော မော်တော်ကားကို ပြသထားပါတယ် အဲဒီကနေ အိမ်ထိသွားရမယ့် လှေကားခြေရင်းမှာတော့ ဖိနပ်ချွတ်ပြီး တပ်ရန်နှင့် ပါလာတဲ့ ထီးများကို တစ်ခါထပ်အပ်နှံကြရပါတယ် ။ အိမ်ကို ဝင်ဝင်ချင်းပထမဦးဆုံးအပေါက်မှာ ထမင်းစားခန်းကို တွေ့ရပြီး ဗိုလ်ချုပ်မကျဆုံးမီမနက်ကပြောခဲ့သော
ပဲပြုတ်နဲ့ နံပြားကိုလည်း ထမင်းစားပွဲ မှာ တွေ့ရပါတယ် ။ ထမင်းစားခန်းနဲ့ ကပ်လျက်မှာတော့ ဧည့်ခန်း နှင့် ဗိုလ်ချုပ်မိသားစု အမှတ်တရပုံများ ၊ ဗိုလ်ချုပ်ငယ်စဉ် ကျောင်းတက်ခဲ့စဉ်က အမှတ်တရပုံများ အပြင် ရှေးဟောင်းပန်းအိုးများကိုပါမြင်တွေ့ခဲ့ပါတယ် ။ အပေါ်ထပ်ကိုတော့ လူအယောက် (20) သာ တက်ခွင့်ပြုမယ့် အကြောင်းစာရေးထားပေမယ့် လာသမျှလူတိုင်းလူဦးရေ အကန့်အသတ်မရှိတက်နေတာကိုလည်း မြင်တွေ့ရပြန်ပါတယ် ။ အပေါ်ထပ်မှာတော့ ဗိုလ်ချုပ်တို့ အိပ်ခန်း နှင့် သားသမီးများ အိပ်ခန်း အပြင် ဗိုလ်ချုု့ပ် ၏စာဖတ်ခန်းနဲ့ အတူ ဖတ်ရှူခဲ့သောစာအုပ်တချို့ကိုလဲ ပြသာထားပြီး ဗိုလ်ချုပ်ဝတ်ဆင်ခဲ့သော အသုံးအဆောင် အနည်းငယ်ကိုလဲ ပြသထားပါတယ် ။ အိပ်ရဲ့ အပြင်မှာတော့ ဗိုလ်ချုပ်သား အောင်ဆန်းလင်းရေနစ်သေခဲ့သော ရေကန်လေးကိုလဲ တွေ့ခဲ့ရပါတယ်။

အပြန်မှာတော့ ကိုယ်အပ်နှံထားတဲ့ ပစ္စည်းတွေကို အလုအယက်နဲ့ ကိုယ်တိုင်ရှာစနစ်ကို ကျင့်သုံးပြီး ပြန်လည်ရယူခဲ့ရပါတယ် ။

အပ်ထားခဲ့သော ပစ္စည်းများကို တိုးတိုးဝှေ့ဝှေ့ ကိုယ်တိုင်ရှာနေကြသော ဗိုလ်ချုပ်ပြတိုက်လာ ပရိသတ်များ ။

အောက်က ပုံ (3) ပုံကိုတော့ မြတ်လေးငုံ ဆိုဒ်မှ ကူးယူဖော်ပြထားပါတယ် ။


ဧည့်ခန်း


ထမင်းစားခန်း


ဗိုလ်ချုပ် အပန်းဖြေသည့် နေရာ

17 comments

  • pan pan

    July 20, 2011 at 2:23 pm

    တိုးတိုးဝှေ့ဝှေ့ကြားကပဲ ဓါတ်ပုံရအောင်ရိုက်နိုင်ခဲ့တာပဲနော် (လေးပေါက်ကြီး သတိရလိုက်တာ..ဓါတ်ပုံရိုက်စရာရှိရင် 😀 )
    မနွယ်ပင်ရေ..ကျွန်မတော့ မနေ့က ဗိုလ်ချုပ်ပြတိုက်မရောက်လိုက်ရပါဘူး….. 🙁
    ပုံတွေမတင်ခင် လူတွေမျက်နှာ ဝါးအောင်လုပ်ထားရတယ်ထင်တယ်

  • နွယ်ပင်

    July 20, 2011 at 2:37 pm

    ဟုတ်ပ ပန်ပန်ရယ် တကယ့်ကို တိုးတိုးဝှေ့ဝှေ့ ကြားကပဲ ရအောင်ရိုက်လာတာလေ
    အမှန်က ပြတိုက်ထဲက ပုံတွေကိုရိုက်ချင်တာ အထဲမှာရိုက်လို့မရတော့ အပြင်မှာ ရိုက်တယ်ဟာ ဘာဖြစ်လဲဆိုပြီးရိုက်လာခဲ့တာလေ 🙂

  • etone

    July 20, 2011 at 3:17 pm

    မရိုက်နဲ့ဆို ပိုရိုက်ချင်ကြတာ … … ။ တစ်ယောက်တစ်လေများ ဖုန်းလေး ဘောင်းဘီအိတ် ထဲထည့်ပြီး ဖွက်မယူသွားကြဘူးလား … ။ ကြည့်ချင်လို့ပါ ဟီးဟီး ။ 😀

    ဗျို့ သဂျီး … စပိုင်ကင်မရာလေးဘာလေး ဝယ်လို့ မရဘူးလားဗျို့ … ။ အရင်ကတော့ ဖုန်းထုတ်ပြီး ရိုက်လျှင် လူတွေ သိပ်သတိမထားပေမဲ့ အခုအချိန် အရေးကြီးလို့ ဖုန်းဆက်တာတောင် ဓါတ်ပုံများ ရိုက်နေသလား ဘုကြည့်ခံရတယ် ….။ ဂျိမ်းစဘွန်းတို့ သုံးတဲ့ ဘောလ်ပင်ထဲမှာ ကင်မရာပါတာမျိုး … ။ နားကြပ်ထဲ ကင်မရာပါတာမျိုး ဝယ်လို့ မရဘူးလား ဗျို့ … ။

  • နွယ်ပင်

    July 20, 2011 at 3:21 pm

    ဖွတ်ပြီး ယူသွားမယ့် သူလဲမရှိနိုင်လောက်ပါဘူး etone ရယ်
    သူတို့က အထဲဝင်ကာနီး မိန်းကလေး သပ်သပ် ယောကျာင်္းလေးသပ်ခြွဲပီး စစ်သေးတာ
    အပြင်ကနေရိုက်တာတောင် အနားကပ်ပြီး ဘုရှိုးရှိုးနေတဲ့ သူကရှိသေးတယ် …

    • pan pan

      July 20, 2011 at 3:33 pm

      အင်းလေ..ဘယ်သူက ဖွက်ယူလို့ရမှာလဲ
      အာဇာနည်ကုန်းတက်ရာမှာလည်း နှိုက်နှိုက်ချွတ်ချွတ်စစ်ဆေးပါတယ်
      ရှာဖွေကိရိယာတွေနဲ့လည်း ရှာပါတယ်

  • hmee

    July 20, 2011 at 3:40 pm

    မြတ်လေးငုံဆိုဒ်မှာ ထင်တယ် အိမ်ထဲက ပုံတွေတွေ့တယ် ဘယ်လိုရိုက်လဲ မသိဘူး။ ပဲပြုတ်နံပြားကို ပန်းကန်လေးထဲထည့်ပြီး ပြထားတဲ့ပုံလေး တောင်ပါတယ်။ ထမင်းစားပွဲမှာ ဘယ်နေရာမှာ ဘယ်သူထိုင်တယ် ဆိုတဲ့ စာလေးတွေ ထောင်ထားတာတွေ့တယ်။

  • နွယ်ပင်

    July 20, 2011 at 3:52 pm

    ဟုတ်ပ မမှီရယ် ဘယ်လိုများ ရိုက်ယူလာတယ် မသိဘူး တော်လိုက်တာ
    နွယ်ပင်ကတော့ သူ့ဆိုဒ်ကနေ ကူးယူလာခဲ့တယ် ..ဒီက မကြည့်ရသေးတဲ့ သူတွေအတွက် တင်ပေးမလို့လေ

  • meelay

    July 20, 2011 at 4:00 pm

    ရိုက်မှာပဲ …. ရိုက်မှာပဲ … ငါ့ကို လာမတားနဲ့ ………… 🙂

  • 007James

    July 20, 2011 at 5:30 pm

    တခါမှမရောက်ဖူးဘူး။ ဓါတ်ပုံတွေတင်ပေးတဲ့ နွယ်ပင်ကိုကျေးဇူးတင်ပါတယ်။

  • R Ga

    July 20, 2011 at 6:19 pm

    အဲဒီနေ့ကတော့သူငယ်ချင်းတွေနဲ့ရောက်တယ်…ဒါပေမဲ့ ခြေတိုရော…အဲဒီကနေ အာဇာနည်ဗိမာန်ကိုသွားတာ ဟိုလမ်းပိတ်ဒီလမ်ပိတ်နဲ့လေ..။

  • windtalker

    July 20, 2011 at 6:46 pm

    ဘာပဲဖြစ်ဖြစ် အခုလို သတင်းသိခွင့် ၊ ပုံလေးတွေ မြင်တွေ ့ခွင့် ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်နော်

  • ကြောင်ကြီး

    July 21, 2011 at 6:09 am

    ချုပ်ချုပ်ကြီးအလှည့်ကြမှပဲ ဓာတ်ပုံအစွမ်းကုန် ရိုက်ကြပေါ့ကွယ်….

    • etone

      July 21, 2011 at 10:36 am

      သူ့ကိုတော့ ဓါတ်ပုံမရိုက်ချင်ပါဘူး .. နားရင်းပဲ ရိုက်ချင်တာ … 🙄

  • chitpyae

    July 21, 2011 at 7:47 am

    ရန်ကုန်မှာ တုန်းက ဗို်လ်ချုပ်အောင်ဆန်းအိမ်ရှေ့ကို တပတ် ၃ ရက်လောက်ရောက်တယ် …
    မုန့်တီသွားသောက်တာ … ဟီးး ဟိးးး အဲဒီ့နားက မုန့်တီဆိုင်က ကောင်းလို့ ။
    အိမ်ကနေဆို နီးနီးလေး ဆိုတော့ အဆင်ပြေတယ် ။ အာဇာနည်နေ့လို လူများတဲ့ရက်တော့ အိ်မ်ထဲမဝင်ဘူး။ ကြားရက်ဆို လူတွေ လာခဲတယ် အရမ်းနည်းတယ် ။ အဲဒီ့နေ့တွေမှပဲ အေးအေးဆေး ဆေး ဝင်ကြည့်တာ များတယ် ။ ငယ်ငယ်တုန်းက ဆို ဗို်လ်ချုပ်အတွက်ပြင်ပေးထားတဲ့ ပဲပြုတ်အတုတွေ နှိုက်ပြီး ကစားကြသေးတယ် …. အခုတော့ မလုပ်တော့ပါဘူး ။ခြံကြီးက အကျယ်ကြီး သစ်ပင်ပန်းပင်တွေနဲ့ အေးဆေးတော့ ခဏ ခဏသွားထို်င်ဖြစ်တယ် ။ အရမ်းကို စိတ်အေးချမ်းတယ်။ အရင်တုန်းက ဗိုလ်ချုပ်ရဲ့ သွေးစွန်းနေတဲ့ အကျီ တွေပါ ရှိတယ်လို့ပြောကြတယ် ။ အခုတော့ မရှိတော့ပါဘူး။ ဗို်လ်ချုပ်တယောက်ထဲ ဘုရားရှိခိုးတဲ့ နေရာလေးရှိတယ် ထပ်ခိုးလိုပုံစံ သေးသေးလေး။ တယောက်ပဲတက်လို့ရတယ်။ အခုတော့ ပေးမတက်တော့ဘူး … အိမ်ပြန်ရောက်မှ ခိုးတက်ပီးတော့ ဓါတ်ပုံတွေ ရိုက်ခဲ့ပါအုံးမယ် .. 🙂

  • Yan Shin

    July 21, 2011 at 2:45 pm

    နွယ်ပင်ရေ
    ကျေးဇူးတင်ပါတယ်။
    စိတ်ပဲရောက်ပြီး လူမရောက်နိုင်သေးတဲ့ခြေနေမှာ အလွမ်းပြေရပါတယ်။
    သတိရစိတ်ကို ပိုစေပါတယ်။ တမ်းတစိတ်ပို များစေပါတယ်။
    အားကျစိတ်ဖြစ်မှာ စိုးလို့လားမသိ?

    အော်လူတွေ လူတွေ
    သူတပါးချစ်ခြင်းကို ခွဲတာ အပြစ်ဆိုတာမသိဘူးလား။

    အဲဒါဆိုရင် အကုသိုလ် ဘယ်နှစ်ဆပါလိမ့်?

  • ဆူး

    July 22, 2011 at 12:33 am

    ပုံလေးတွေ တင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

  • နွယ်ပင်

    July 22, 2011 at 11:08 am

    နွယ်ပင် ပိုစ့်ကို နီနီရဲရဲနဲ့ အလှလိုက်ဆင်ပေးနေတာ ဘယ်သူများပါလိမ့်
    ဘာအမှားမှလဲ မပါပဲနဲ့ …

Leave a Reply