ဟာသလေးပါ သူငယ်ချင်းဆီကတွေ့လို့လေ မသိသူ့တွေအတွက်တော့ရယ်ရမှာပါ

mickylayMay 7, 20101min1215

သေချာဖတ်နော်
> အဖေနဲ့ အမေ ခင်ဗျား … ကျန်းခံ့သာလို့ မာပါစ။
> ဒီမှာတော့ ကျောင်းရောက်တဲ့ ပထမတစ်လလုံးလုံး ဘာစာမှ မသင်ရပါဘူး။
> စာသင်ခန်းတွေဆီမှ မသွားဖြစ်လို့၊၊ သွားဖြစ်တဲ့ တစ်ရက်ကလည်း ညဘက်
> ဖြစ်နေတယ်။ အဲဒီညက မီးမလာဘူး။ ပြီးတော့ ဆရာလည်း မလာဘူး။
>
>
> စာသင်တဲ့ တစ်နေ့မှာကျတော့ ဆရာက အတန်းထဲမှာ ပြောတယ်၊ `ဒီအခန်းထဲမှာ
> နလပိန်းတုံးရှိရင် မတ်တတ်ရပ်စမ်းဟေ့´တဲ့။ သားတို့ တစ်တန်းလုံးငြိမ်ပြီး
> ဘယ်သူမှ မလှုပ်ကြဘူး။ ဒါနဲ့ ခဏနေတော့ သား မတ်တတ်ရပ်လိုက်တယ်။ အခန်းထဲမှာ
> ဆရာတစ်ယောက်တည်း ရပ်နေတာကို အားနာလို့။
>
>
> ကောလိပ်ကျောင်းသားဆိုပြီး ဘောင်းဘီနဲ့ ရှူးဖိနပ်နဲ့ ကျောင်းတက်လို့
> မရပါဘူးဗျာ။ သချာင်္တွက်ချိန်ကျလို့ ဆယ်ဂဏန်းကျော်သွားရင် ရှူးဖိနပ်ကို
> ချွတ်ပစ်နေရတာ အလုပ်ရှုပ်လွန်းလို့။
>
>
> ကောလိပ်ကျောင်းမှာ ကျောင်းသူလေးတွေ ချောတယ်။ အဖေတို့ အမေတို့အတွက်
> ချွေးမလောင်းကိုရွေးပြီး ရည်းစားစာတစ်စောင် အင်္ဂလိပ်လိုရေးပြီး
> ပေးလိုက်တယ်။ သားကို အင်္ဂလိပ်လို တက်လှပြီမထင်နဲ့။ သားမရေးတတ် ပါဘူး။
> ဒါပေမယ့် ကိစ္စမရှိဘူး။ ကောင်မလေးကလည်း အင်္ဂလိပ်လို မဖတ်တတ်ဘူး။
>
>
> စာရေးတာ နားဦးမယ်။ သား သိပ်နေမကောင်းဘူး။ ဟိုတစ်ပတ်က ဆရာက `မင်းတို့
> အပြင်စာတွေ များများ ဖတ်ရမယ်´ဆိုတာနဲ့ ညဘက်အပြင်ထွက်ပြီး စာဖတ်တာ
> အအေးမိသွားတယ်။ နေမကောင်းဖြစ်လိုက်တာ ပိန်သွားလို့ ရွာကယူလာတဲ့
> ဦးထုပ်တောင် မတော်တော့ဘူး။ အဲဒါ နောက်စေ့ကို တူနဲ့ ထုထားရတယ်။ ဒီတော့မှ
> နောက်စေ့မှာ ဘုထွက်ပြီး ဦးထုပ်က ကျွတ်မကျတော့ဘူးပေါ့။
>
>
> ပြီးတော့ မနက်ဖြန်မှာ သားတို့ကို Blood Test စစ်မယ်ဆိုလို့ ဒီည တစ်ညလုံး
> စာကြည့်ရဦးမယ်။
>
>
>
> ၂။ ကောလိပ်ကျောင်းရှိ သားထံ အမေ့ပေးစာ
>
> ချစ်စွာသောသား….
> အမေ အသက်ရှင်နေဆဲပဲ ရှိသေးတယ်ဆိုတာ သားသိရအောင် စာလှမ်းရေးလိုက်တာပါ။
> မင်း စာမြန်မြန် မဖတ်နိုင်မှန်းသိလို့ အမေ ဒီစာကို ဖြည်းဖြည်းပဲ
> ရေးလိုက်တယ်။
> မင်း အိမ်ပြန်လာရင် အိမ်ဘယ်မှာမှန်းသိမှာ မဟုတ်ဘူး။ အမေတို့ ပြောင်းသွားကြပြီ။
> မင်းအဖေလား။ အခု အလုပ်ကောင်းကောင်း တစ်ခုရနေပြီ။ သူ့အောက်မှာ လူ ၅၀၀
> လောက်ရှိတယ်။ သချိုင်းမှာ မြက်ရိပ်နေရတယ်လေ။
> အခု အမေတို့အိမ်အသစ်မှာ အဝတ်လျှော်စက်တစ်လုံးရှိတယ်။ သိပ်တော့
> မကောင်းလှပါဘူး။ ပြီးခဲ့တဲ့ အပတ်က အမေအဲဒီထဲ ရှပ်အကျီ ၁၄ထည် ထည့်တယ်။
> ပြီး ခလုပ်နှိပ်လိုက်တာ အဲဒီအကျီတွေကို အဲဒီကတည်းက ပြန်မတွေ့ရတော့ပါဘူး။
> သားအမ မမရီလည်း ဒီနေ့မနက်ပဲ ကလေးမွေးတယ်။ သားလေးလား၊ သမီးလေးလားတော့ အမေ
> မသိသေးဘူး။ အဲဒီတော့ မင်းက အန်တီဖြစ်မလား၊ အန်ကယ်လ်ဖြစ်မလား အမေလည်း
> မပြောတတ်ဘူး။
> ပြီးခဲ့တဲ့အပတ်ထဲမှာ မင်းရဲ့ အန်ကယ်ချစ်လည်း တို့မြို့က
> အရက်ချက်စက်ရုံမှာ ဝီစကီကန်ထဲ ကျပြီးနစ်လို့ သူ့လုပ်ဖော်ကိုင်ဖက်အချို့က
> ခုန်ဆင်းပြီးကယ်ကြသေးတယ်။ ဒါပေမယ့် သူက ကယ်တဲ့သူအားလုံးကို သတိ္တရှိရှိ
> တွန်းလှန်နိုင်ခဲ့တယ်။ သူ့ကို သဂြိုဟ်တော့ အဲဒီမီးကို ငြိမ်းရတာ ၃
> ရက်ကြာတယ်။
> ပြီးခဲ့တဲ့အပတ်က မိုး ၂ ခါရွာတယ်။ တစ်ခါက ၃ ရက်ကြာပြီး နောက်တစ်ခါက ၄
> ရက်ကြာတယ်။ တနင်္လာနေ့တုန်းကများ လေတွေတိုက်လိုက်တာ ခြံထဲက ကြက်မတစ်ကောင်ဟာ
> ကြက်ဥတစ်လုံးတည်းကို လေးခါ ဥရတယ်။
> အသုဘအလောင်းပြင်ဆင်ပေးတဲ့ အိမ်က စာတစ်စောင်မနေ့က ရတယ်။ သူက
> အမေတို့ပေးစရာရှိတဲ့ ကြွေးကျန်ကို ရ ရက်အတွင်း မပေးရင် မင်းဘွားအေကြီးကို
> ပြန်ထအောင် လုပ်လိုက်မယ်တဲ့။
> ချစ်တဲ့ အမေ
> P.S : အမေ သားအတွက် ငွေ၅ထောင်-ထည့်ပို့မလို့ပဲ။ ဒါပေမယ့် စာအိတ်က
> ပိတ်ပြီးသွားပြီ။
> ပြုံးပျော်နိုင်ပါစေ..။

5 comments

  • jackyangon

    May 8, 2010 at 5:03 am

    ရယ်ရတယ်ဗျ။ဘာသာပြန်လိုလို ထင်စရာပဲ။

  • susunosuki

    May 12, 2010 at 8:14 am

    စိတ်ကူးဆန်းတယ်ဗျ
    အချိ်တ်အဆက်မိတော့ ရယ်ရတယ်

  • heinhtet

    May 15, 2010 at 5:03 pm

    ရယ်ရအောင် ရေးတတ်တယ်နော်….တကယ်ကောင်းပါတယ်….

  • lazy boy

    April 29, 2013 at 7:33 pm

    အသက်ရှည်မှအမှန်ပါ ရယ်ရလို ့ပါ

Leave a Reply