နက္ခတ်ဖျူ

မှားခဲ့တယ်ဆိုရင်လည်း ခဲဖျက်ဖြူဖြူနဲ့ပဲ ဖျက်ပေးစမ်းပါ့….

နက္ခတ်တွေ ယူယူမလာနဲ့…………………………….

ငါက နတ်ဘုရား ငါ့ကောင်ကင်းမှာ လူသားလက်ဖဝါးနဲ့ပဲ တောက်စားမယ်။

ချော်လဲမယ် ရောမထိုင်ဘူး….. စိတ်ကို ပြန်ဆွဲ ငါ အံခဲဆက်တက်မယ်……….

ဘယ်ငြမ်းဆင်ငါ့ကို ဖြိုမလဲ………… တစ်ကနေ တစ်ဆယ်ကြား ပြန်မထနိုင်တိုင်း

မရှုံးပါဘူးကွယ်………. လောကက မာယာများလိမ့်မပေါ့….

ဘယ်သူမှ မရှိဘူးဆိုတာလည်း သိရဲ့……

နီးနီးလွန်လို့ဝေး………………….. ကျွန်တော့် တိတ်တိတ်လေး ပြန်တက်ခွင့်…….

တေလေတစ်ကောင်ရဲ့ အဘိဓမ္မာ၊ တောင်ကတုံးတစ်လုံးရဲ့ ခံစားချက်၊

ကမ်းဟောင်းတစ်ခုက ပြောတဲ့စကားသံ၊ မြစ်ကျိုးအင်းတွေက ပင်လယ်ကို ပြောင်းပြန်လှန်မယ်……..

စကားတစ်လုံး၊ စာတစ်မျက်နှာ………… အဲ့လိုလေးမှာ ပြိုခဲ့တဲ့လက်၊

ရပါတယ်…………. မနက်ဖြန်မှာ နေကို ငါ့လက်နဲ့ ဆွဲထုတ်ထွန်းစေ့မယ်….

ဝတ်မှုန်…………. ငါ့ကို ရေတစ်မှုတ်၊ ကွမ်းတစ်ယာနဲ့ ကြိုချင်လည်း ကြိုပေးပါ……………

ဘုန်းသန့်ခန့်

UN06APR11

2 comments

  • forever

    July 20, 2011 at 5:28 pm

    နက္ခဖျူ ဆိုတာဘာကိုခေါ်တာလဲ
    အနက်လေးတချက် ဖေါ်ပေးပါလား
    ကဗျာဆရာရေ…

    • ဘုန်းသန့်ခန့်

      August 4, 2011 at 8:10 pm

      ဖတ်ပေးတာ ကျေးဇူးပါ။ နက္ခတ်ဆိုတာတော့ ရှင်းပြဖို့မလိုဘူးထင်တယ်။ ကောင်းကင်ဟင်းလင်းမှာ သွားလာနေတဲ့ လူ့ကံကြမ္မာကို ဖန်းတီးနိုင်တယ်လို့ ယုံကြည်တဲ့ ဂြိုလ်တွေပေါ့။ ဖျူဆိုတာက ကျွန်တော်ရေးချလိုက်တဲ့ စကားလုံးတစ်ခုပေါ့။ ဖြစ်ရမှာက ဖြူပေါ့ဗျာ။ ဒါပေမဲ့ တကယ်တမ်း မဖြူစင်တာလား၊ ဒါမှမဟုတ် လူအများပြောနေကျ အဖြူကို ငြင်းဆန်တလား၊ သာမာန်ရေးရမယ့် ဖြူကို ကျွန်တော် လွှဲရေးလိုက်တာပါ။ လွဲရေးတာမဟုတ်ပါဘူး။ ပြောရရင်တော့ ရှည်မှာပေါ့ဗျာ။ အသုံးပြုနေကျ စကားကို ဆန့်ကျင်ရေးကြည့်တာပါ။ ကျေးဇူးတင်ပါတယ်။

Leave a Reply