ရန်ကုန်မိုး

ရန်ကုန်မိုး

ရန်ကုန်မိုး……..
အဟုတ်တကယ်တော်တော်ဆိုး…
ရွာပဲရွာနိုင်လွန်းတယ်

ဒီနေ ့မိုး …က
ပိုပြီး…တော်တော်ဆိုး…….
..မိုးကမညှာတာနဲ ့
လူကိုကြွက်စုတ်ဖြစ်ရော……
အလကား….. အားအားရှိရွာနေတယ် အဟုတ်…


သူများတွေ ထီးသေးသေးလေးတွေ
နှစ်ယောက် ဘယ်လိုဆောင်းလဲ မသိ…..
ငါ့ထီးအကြီးကြီးတောင် မလုံဘူး ………..

ကိုယ်က ထီးအကြီးကြီးနဲ့ ညစ်လို ့…….
သူတို ့ကတော ့ ထီးသေးသေးလေးအောက်မှာ ပျော်လို့ ပြုံးလို့ …..

တစ်ခု စဉ်းစားမိတယ် …….
ကျွန်တော်လည်း ထီးသေးသေးလေးပြောင်းပြီးဆောင်းရင်
ပျော်မယ်ထင်တယ် ..အဟိ…..

ဒိလိုလေးပါ..စိတ်ကူးကြည့်တာ..

ဘာမှမဟုတ်ဘူး

ခင်မင်သော

ရွှေအိမ်စည်

ကဗျာကိုကြိုက်နှစ်သက်လျှင်..ရေးသူအမည်ထိကူးပြီးမှမျှဝေပေးပါ။
ချစ်သောစိတ်ဖြင့်

21 comments

  • pan pan

    July 20, 2011 at 5:00 pm

    အဲလိုလေး နှစ်ယောက်ဆိုရင် ထီးသေးလေ ကောင်းလေတဲ့တော့ 😛 😀

  • shweaeimsi

    July 20, 2011 at 5:08 pm

    သေးတာဆိုလို……ငယ်ငယ်က ကတုန်းက (ဦးရွှေရိုးဒေါ်မိုး)ပုသိမ်ထီးဘဲ ရှိတယ်တော်…

  • forever

    July 20, 2011 at 5:17 pm

    အဲဒါကြောင်. မိုးကာတွေရောင်းမကောင်းတာ

  • windtalker

    July 20, 2011 at 6:40 pm

    ထီးအရမ်းသေး ရင်
    မိုးအရမ်းရွာ တဲ့ အခါ
    စဉ်းစား လို ့ကို မရပါဘူး

  • ရွှေဘိုသား

    July 21, 2011 at 9:43 am

    မမ
    ပန်ပန်ကတော. လူကြားထဲကျမှ ဖွတော.တာပဲ
    ကျွန်တော်က ရှက်တတ်တယ်ဗျ
    ငယ်သေးလို. အလိုစာတွေဖတ်ပြီး ရှက်တာကိုပြောတာပါ ဟဲဟဲ

    • shweaeimsi

      July 21, 2011 at 2:20 pm

      ဟယ်……..
      အေးပေါ့….(.ပုံက…စိတ်လှုပ်ရှားစရာမှမကောင်းတာ..)..တနားပါတယ်

  • ရွှေဘိုသား

    July 21, 2011 at 9:45 am

    မလုပ်ပါနဲ. ရွှေအိမ်စည် ရယ်တော်ကြာနှစ်ယောက်လုံး ဖျားနေမှ
    ထမင်း ငတ်နေအုံးမယ်
    ဟဲဟဲ စတာနော်စိတ်မဆိုးရဘူးဗျ

    • shweaeimsi

      July 21, 2011 at 2:21 pm

      မဆိုးတတ်ပါဘူးဗျာ….စိတ်ဆိုးအောင်လုပ်တတ်ရင်သာ…
      တော်တယ်ထင်နေမှာပါ..။

  • chitpyae

    July 21, 2011 at 11:10 am

    ထီးသေးတာက အတွဲတွေ အတွက်တော့ အဆင်ပြေတယ် ထင်တာပဲ … ဟိဟိ
    အတွဲမရှိတဲ့ သူတွေကတော့ ထီးအကြီးကို တယောက်ထဲဆောင်းတာတောင် အဆင်မပြေသလိုထင်နေရတယ် … 🙂
    မိုးရွာ ထဲ ထီးအသေးလေး ဆောင်းတဲ့အတွဲတွေကို တွေ့ရင် အော်ပြောလိုက်ပါ … လွှတ်သွားမယ် သေချာဖက်ထားပါလို့ …… 😛

    • shweaeimsi

      July 21, 2011 at 2:19 pm

      တို ့တော်မအော်ရဲ ပါဘူး..ကြည့်တယ်..(အားကျတဲ ့အကြည့်လေး…………….ပေါ့…….
      …………………………ဟာ)

  • 007James

    July 21, 2011 at 12:06 pm

    eco ရှေ့မှာတခါတွေ့ဘူးတယ်။ထီးတယောက်တလက်ပါတာကို တလက်ထဲအတူဆောင်းသွားတာ။ ပိုနေရင်ပေးပါလားလို့နောက်တော့ ကောင်လေးက ထောင်ပြတယ်(လက်သီး)။

    • shweaeimsi

      July 21, 2011 at 2:15 pm

      ကျောင်းသာပြီးသွားတယ်…

      နာကတော့ထီးအကြီးကြီးတစ်ယောက်ထဲ ဆောင်းရတုံး….
      အလုပ်ထဲ ရောက်တော့လည်း…
      ကွာ…….ငိုချင်လာပြီနော်……………….)))))))))))))))))))

  • moethidasoe

    July 21, 2011 at 12:55 pm

    တို့တော့ ဆေးခန်းမှာ စာရေး ကပ်ထားတယ် ..
    မိုးမိတဲ့အခါ .. အိမ်ရောက်ရင် ရေခြောက်အောင် သုတ်ပါ ..
    ပြီးရင် အဝတ် ထူထူ ဝတ်ပါ .. ရေများများ သောက်ပါ .. ချွေး ပြန်ထွက်ပါစေ ..
    လူ ပြန်မလန်းလာရင်တော့ ပါရာစီတမောလေး သောက်လိုက်ပါ လို့
    နို့မဟုတ်ရင် ဆရာဝန် စားမှာ ..

    လူတွေ ပြောကြတယ် .. မင်းတို့ ဘုန်းကြီးစားမယ်နော် တဲ့ ..
    ဘုန်းကြီးက ပြောတယ် .. ဒကာမလေးတို့ ဆရာဝန်တွေ အားရပါးရ စားပြီးမှ
    ဘုန်းကြီးက သက်ပျောက်ဆွမ်းနဲ့ ရက်လည်ဆွမ်း နှစ်နပ်ထဲ စားရတာပါကွယ် .. တဲ့

  • shweaeimsi

    July 21, 2011 at 2:18 pm

    ဟဟ………..ဝေးသေး..
    တို ့ကတော့…ရပ်ကွက်ထဲ ကဆေးရောင်းတဲ ့သူစပ်ပေးတာသောက်တယ်…
    ဘာထင်နေလည်း….)))))
    အထင်မသေးနဲ ့…ကွမ်းယာသည်လည်းဆေးစပ်တတ်တယ်..(ဗမာဆေး၊ထုံး)

    ဆရာဝန်စားမှကြောက်လို ့….

    အပဟိကလောက်ကတော့……….ပိန်းကြာရွက်ပေါ်ရေမတင်သလို….(ကြော်ငြာပြောခြင်းသာ…)

  • meelay

    July 21, 2011 at 3:37 pm

    မီးတို့ကတော့ တစ်ယောက်ထဲ မိုးရွာရင် ထီးရော၊ မိုးကာရော ပါတာတောင် မလုံချင်ဘူး … ဆိုင်ကယ်နဲ့မို့လို့ …….. 😛

    • shweaeimsi

      July 21, 2011 at 4:33 pm

      အွန်..တေဂျာပြီ…..
      အမိန်ကြော်ငြာစာ၂/၂၀၁၁ ထဲဘဲရောက်တော့မယ်…
      တယောက်ထဲ ဘဝဆို….
      ပါတနာတူရပြီ..

  • manawphyulay

    July 21, 2011 at 4:26 pm

    ကွမ်းယာဆိုင်က ထီးကြီးနဲ့ဆိုရင်တော့ မိုးပိုလုံးမှာပေါ့ ရွှေအိမ်စည်ရယ်နော်…

  • shweaeimsi

    July 21, 2011 at 4:32 pm

    ွှဲ…အဲ…ညစ်နေရတဲ ့ကြားထဲဗျာ

  • KoNyeinChan

    July 21, 2011 at 11:10 pm

    ရန်ကုန်မှာတုန်းကများ ပန်းခြံတွေဘက်လမ်းလျှောက်လိုက်ရင် ထီးလေးတွေနဲ ့ “ကွယ်”… သစ်ပင်တွေနဲ ့”ကွယ်” ပြီး အလုပ်ရှုပ်နေကြတဲ့ အတွဲတွေအများကြီးတွေ ့ခဲ့ဘူးတယ်.. သူတို ့အတွက်တော့ ထီး ကြီးလေ ကောင်းလေဘဲ.. တခါတလေများ ထီးနှစ်လက်ပြိုင်.. 😀
    ရှစ်မိုင်လမ်းဆုံဘက်က ပန်းခြံနားက မှတ်တိုင်ကို စပယ်ယာတွေပြောတာက ရင်ခွင်နန်းတော်တဲ့.. 😀 😀 😀
    အခုတော့ဘယ်လိုနေသေးလဲ..မသိ…

  • ဆူး

    July 21, 2011 at 11:44 pm

    မိုးကလည်း ရွာလိုက်တာ ၂ရက်ရှိပြီ တနေကုန်ပဲ.. စိတ်ပျက်ဖို့ ကောင်းတယ်။ မနေ့ကတော့ မိုးထဲမှာ ညနေပိုင်း ဈေးလေး သွားတော့ ဈေးသည်တွေ တနေကုန် ရွာနေလို့ ရောင်းမကောင်းဘူး ငြီးနေတာ ကြားလို့ လျောက်ပြီး အားပေးခဲ့တယ်။
    တနေကုန် ရွာတော့ သွားရ လာရတာ အဆင်မပြေလှဘူး။

  • etone

    July 22, 2011 at 8:47 am

    မိုးရွာရင် စိတ်တိုတယ် … ။
    သူများတွေလို ထီးတချောင်း နှစ်ယောက်ဆောင်းပြီး ကွိကွစ မပြောနိုင်ပါဘူး … အာရုံနောက်လွန်းလု့ိ … တစ်ယောက်တစ်ချောင်းဆောင်းပြီး ခပ်ဝေးဝေးက ခွာပြီး လမ်းလျှောက်ခိုင်းတယ် မဟုတ်လျှင် ဗွက်စင်တယ် .. ။

Leave a Reply