Sandals, fancy slippers…

zoeJuly 24, 20113min1414

အခု ထိုင်ဝမ်မှာခေတ်စား နေတဲ့  ကြိုးသိုင်း ဖိနပ် တွေ တင်ပေးလိုက်ပါတယ် ။ ရှေးရောမခေတ် ဒီဇိုင်း ကိုအတုယူထား တွေများ ပါတယ် ။ ထိုင်ဝမ်မိတ်တွေချည်းပါပဲ ။  ဈေးနှုန်း ထိုင်ဝမ်ဒေါ်လာ ၈၈ဝ က နေ ၁၂၄၈ ရှိပါတယ် ။ ခုံထူ ၊ ဖော့ခုံ ၊ ခုံပြား ၊ bling bling အကုန်လိုလို ဝတ်ကြပါတယ် ။ အခြား ဖိနပ်တွေဖြစ်တဲ့ court shoes, ballet shoes  တွေတော့ဒီ  မှာမတင်တော့ပါဘူး ။့ အမျိုးသမီး ဝတ် အီတလီ သားရေ တွေ ကဝတ်လို့ကောင်းသလို ဈေးလဲကောင်းပါတယ် ။     အမျိုးသား များကတော့  Nike တို့  adidasတို့ အခြား  ထိုင်ဝမ်မိတ် နဲ့ အီတလီ သားရေ ရှူးတွေ ဝတ်ကြပါတယ်။ကျောင်းသားကျား မ မရွေး လူကြီးလူငယ် အများစုကတော့  Nikeလို sportswear ဖိနပ်စီးတာများပါတယ် ။

ပို့စမှာတင်ထား တာက ဖက်ရှင်ကျသူ ဝတ်ကြတဲ့ ဒီဇိုင်း တွေ ရွာသူတွေ ဖက်ရှင် idea ရစေဖို့တင်လိုက်ပါတယ် ။
ရွာသူ အားလုံး လှပ ခေတ်မှီ နိုင်ဖို့ တင်ပေးလိုက်ပါတယ် ။

 

 

4 comments

  • kai

    July 26, 2011 at 3:11 pm

    ရွာထဲက..မမတွေ ဖက်ရှင် စိတ်မဝင်စားကြဖူးထင်တယ်..။
    ဆွေးနွေးတာ မတွေ့ရဘူး..။
    ုမြန်မာပြည်ရဲ့ တိုင်းရင်းသား ရိုးရာအဝတ်တွေ..။ သမိုင်းကြောင်းတွေနဲ့.. ဖက်ရှင်ဖက်မှာ.. အာရှတန်းလောက်တော့ လွယ်လွယ်တိုးနိုင်တယ်ထင်မိနေတာပါ..။

    ဖက်ရှင်နဲ့ ပတ်သက်ပြီးဂေးတွေကိုပဲ.. တာဝန်လွှဲထားသလားတော့မသိ…။ 🙂

  • pan pan

    July 26, 2011 at 4:15 pm

    ညှပ်ဖိနပ်လေးကြိုက်တယ်
    အဲဒီထဲမှာ အပြာနဲ့ ပန်းရောင်စပ်ထားတဲ့ သဲကြိုးနဲ့ဖိနပ်ပိုကြိုက်တယ်
    ပေ့ါပေ့ါပါးပါးလေး
    မိုးတွင်းမှာ စီးဖို့ အဆင်ပြေလောက်မယ်

  • ဆူး

    July 29, 2011 at 11:07 pm

    ဖိနပ်ကလေးတွေ လှပါတယ်။ ဖိနပ်မှာတော့ ခြေကျင်းဝတ်ကို သိုင်းထားရင် မကြိုက်ဘူး။ တခါတခါ စီးခါနီးတိုင်း အလုပ်ရှုပ်လို့.. ပထမဆုံး တင်ထားတဲ့ ပုံထဲက ပန်းနုရောင်လိုလို အသားရောင်လိုလို က မဆိုးဘူး ယဉ်ယဉ်လေး.. ဖိနပ်က လည်း လှဖို့ထက် သက်တောင့်သက်သာ ရှိဖို့ကလည်း လိုသေးတယ်။ ဒေါက် သိပ်အမြင့်ကြီးတွေက ဒီနိုင်ငံနဲ့ အဆင်မပြေသလို ဒေါက်ချွန်ချွန်ကြီးတွေကလည်း လမ်းသွားရ ခက်ခဲတယ် အဆင်မပြေဘူး။ ညှပ်ဖိနပ်ကတော့ မြင်နေကျ ပုံ ဖြစ်နေလို့ သိပ်ဆန်းတယ် မထင်ဘူး။

Leave a Reply