ပီကာဆို ပန်းချီပြပွဲ သို့တခေါက်

zoeJuly 23, 20116min36312

ပီကာဆို ပန်းချီပြပွဲကို  ဂျွန်လ ၁၈ရက် မှ စက်တင်ဘာ ၁၈ရက်အထိ  National Museum of History    မှာ ပြသထားမှာ ဖြစ်ပါတယ် ။   နံနက် ၉နာရီ မှ ည ၉နာရီ အတွင်း လေ့လာနိုင်ပါ တယ် ။ ဝင်ကြေး  မှာ   အများပြည်သူ ထိုင်ဝမ်ဒေါ်လာ ၂၈ဝ ၊ ကျောင်းသား/သူ ၂၅ဝ နဲ့ သက်ကြီး ၂၂ဝ တို့ဖြစ်ကြပါ တယ် ။ ပြပွဲမှာ ပီကာဆို ပန်းချီ ၆၂ ကား ၊ ရုပ်ထု လက်မှုအနုပညာ နဲ့၊ မှတ်တမ်းတင် ဓာတ်ပုံ များကို ပြသထား ပါတယ် ။  ဒီပြပွဲ ကို ကုမ္ဘဏ် နဲ့ အဖွဲ့အစည်း ၁၅ခု က sponsor လုပ်ထားပြီး အဓိက sponsor က  Taishin Bank  ဖြစ်ပါတယ် ။
ပြခန်း တွင်းဓာတ်ပုံမရိုက်ရ လို့၊ ပြခန်းအပြင် ကပိုစတာ တွေပဲ ဓာတ်ပုံ ရိုက်ခဲ့ ရပါတယ် ။ ရောက်သွား ချိန် ဟာ ဗုဒ္ဓဟူးနေ့  နေ့လည် ၁နာရီ လောက်ရှိပေမဲ့ လူသိပ် မနည်းတာ ကိုတွေ့ရပါတယ် ။ ပထမထပ် နဲ့ ဒုတိယ ထပ် မှာပြခန်း လုပ်ထားပါတယ် ။ အဝင်ဝ ညာဖက် မှ ဒုတိယထပ် ကစပြီး ပထမထပ် ဘယ်ဖက် အရောင်းဌာနမှာ အဆုံးသတ် ပါတယ် ။  အရောင်း ဌာန မှာပြခန်း catalogue ၊ ပိုစတာ ၊ ပို့စကတ် ၊ မာတ်ခွက် ၊ key chain, T-shirt   အစရှိသည်တို့ ကိုရောင်းချပါတယ် ။ ပြခန်း ကနေ  MRT ဂိတ် ကိုအခမဲ့  shttle-bus လဲစီစဉ် ပေးထား တယ် ။ ပုံ (၁)

ဒီပြပွဲမှာ ၁၄နှစ် အရွယ် ပီကာဆို ရဲ့လက်ရာ The Barefoot Girl နဲ့ သူ့ဘဝနဲ့အနုပညာ မှာ မဖော်ပြရင် မပြည့်စုံနိုင်တဲ့ အမျိုးသမီး ၂ဦး ဖြစ်တဲ့  Marie Therese Walter  နဲ့     Dora Marr    ပုံလည်း ပြထားပါတယ် ။ ဒါပေမဲ့ နံမည် အကြီးဆုံး ပုံ Les Demoiselles d’Avignon (1907)နဲ့    Guernica (1937) ၂ပုံ တော့ မတွေ့ ရပါ ။  🙁

The sculptor, Sleeping woman with shutter, Woman sitting in a  red armchair, The embrace , Seated Girl,  Bust of a woman နဲ့နုစဉ် သမရိုးကျ ရေးနည်း နဲ့ ဆွဲထားတဲ့   Man with a moustache, Portrait of a man with a cap, Head of a woman, Paul as pierrot     စသည်တို့ဖြစ်ပါတယ်  ။  Edward Manet   ရဲ့နံမည်ကျော် Le De’jeuner sur l’herbe ကို မတူ တဲ့အမြင် နဲ့ပြန်လည် ရေးဆွဲထားတဲ့ပုံကို လည်းပြသ ထား ပါတယ် ။ ဒီ ပို့စ မှာ တော့ ကောင်း နိုးရာရာ ကြည့်ခဲ့ ရတဲ့ ပုံအချို့ ကို  internet ကပဲ download  တင်ပေးထား ပါ တယ် ။

 

 

 

 

ခရက်ဒစ် လင့်ခ

picasso.ishow.gmg.tw

Picasso

picasso_and_the_weeping_women

WebListe_EN?SearchView&count=30&Start=1&Query=picasso

 

 

 

 

National Museum of History ဝင်းအပြင် ပိုစတာ

 

လက်မှတ်ရုံ
အဖွဲ့အလိုက် ပြပွဲလေ့လာရန်
အဝင်ဝ ရှိ ပိုစတာ
Paulo as Pierrot ပိုစတာ
လူငယ်ဘဝ Picasso ပိုစတာ (ရှေ့ကကြိုးကိုသတိ မထားမိလိုက်ဖူး )
အမှတ်တရပစ္စည်း အရောင်း ဌာန
National Museum of History အဝင်ဝ
National Museum of History အဝင်ဝ

Portrait of Dora Maar (1937,11.23 ) 55.3x46.3 cm

 

 

Portrait of Marie-Therese (1937.12.4) 46x38 cm

 

The sculptor (1931.12.7) 128.5x96 cm

 

Sleeping woman with Shutters (1936.4.25) 54.5x65.2 cm
Paul as a Pierrot (1925.2.28) 130x97 cm
Le Dejeuner sur l'herbe - Manet

 

 

Le Dejeuner sur l'herbe - Picasso (1960.3.3-8.20) 130x195 cm

 

12 comments

  • PaukPhaw

    July 23, 2011 at 1:43 pm

    မသွားနိုင်ပေမဲ့ သွားခဲ့ရသလိုပါပဲ…

    ရှဲရှဲ

  • MOEPWINTPHYU

    July 23, 2011 at 2:44 pm

    မြင်ဘူးသွားတာပေါ မသွားပေမဲ

  • windtalker

    July 23, 2011 at 8:17 pm

    kanebo က ထုတ်တဲ့ ဆပ်ပြာခဲတစ်မျိုး ရဲ ့ဘူးခွံ မှာ ပီကာဆို ရဲ ့လက်ရာ မိန်းမပျို ပုံလေး ပါရှိပါတယ် ။ ဒီတစ်ခါ ဈေးဝယ်ထွက်ကြရင် ကြည့် ကြည့် ကြပါဦး ။ မွှေးလည်း တော်တော် မွှေးပါတယ် ။ အကြာကြီး တော့ အသုံးမခံဘူး ဗျ ။

  • ကြောင်ကြီး

    July 24, 2011 at 5:40 am

    ပီကာဆိုထက် ပီဇာကို ပိုစိတ်ဝင်စားတယ် …. 😀

  • kai

    July 24, 2011 at 6:10 am

    Draft နဲ့တင်ရပ်နေလို့..တင်ပေးလိုက်ပါတယ်နော..။
    တမင်တကာကို ရပ်ထားတာဆိုရင်တော့… ခွင့်လွတ်ပါ..။

    ပီကာဆိုရဲ့ အနုပညာတွေကိုကြိုက်တယ်..။
    အမှတ်ထင်ထင် ကျန်ရစ်နေတဲ့ ပုံပြင်လိုလိုလေးတခုအကြောင်းတိုတိုပြောပြမယ်..။

    တနေ့.. ပီကာဆိုရဲ့ငယ်သူငယ်ချင်းတယောက်က ပီကာဆိုနာမယ်ကြီးလွန်းတော့.. သူ့သူငယ်ချင်း ပီကာဆိုဆွဲတဲ့ ပုံတပုံလောက် အိမ်မှာချိပ်ချင်တာမို ့.. ပီကာဆိုဆီအလယ်သွားသတဲ့.။
    ပန်းချီဆွဲခန်းထဲရောက်တော့..
    ပန်းချီအတွက် စကက်ရှ်..ပုံကြမ်းခဲနဲ့ခြစ်နေတဲ့ သူငယ်ချင်းကိုတွေ့တယ်ဆိုပါစို့..။
    အဲဒါ…
    ဟိုဟိုဒီဒီကြည့်လိုက်တော့.. အနားကအမှိုက်ပုံးထဲ.. ပီကာဆိုလက်မှတ်ထိုးပြီး စိတ်ကြိုက်ရှိပုံမရပဲ ပစ်ထားတဲ့.. စကက်ရှ်တခုတွေ့တာနဲ့.. ကောက်ယူပြိး.. သူငယ်ချင်းကို.. အဲဒါလေး သူကို့ပေးဖို့ပြောတယ်..။
    ပီကာဆိုက.. အင်း..အဲဒါအတွက်.. ဒေါ်လာ၁သိန်းပဲပေးသွားပါလို့..ပြန်ပြောသတဲ့..။

    ဒါပါပဲ..။ 🙂

  • zoe

    July 24, 2011 at 9:10 am

    သူကြီး ရဲ့ဗီတို ဆုံးဖြတ်ချက်နဲ့မှပဲ ပို့စ မြန်မြန်တင် ဖြစ်တယ် ဖြစ်သွားရတာ နို့မို့ရင် ဘယ်အထိ အချိန်ဆွဲ နေအုန်းမယ် မသိ ။ 😀 😀 ပုံနည်းနည်း ထပ်ဖြည့်ထားပါတယ် ။

  • manawphyulay

    July 24, 2011 at 4:30 pm

    ပြခန်းထဲကို ဝင်ကြေးမပေးရပဲနဲ့ ရောက်သွားသလိုပဲ ခံစားရပါတယ်။ ခုလိုလေးတွေ ဖော်ပြပေးပါဦးနော်… သွားစရိတ်လည်းသက်သာ ဝင်ကြေးလည်းမလိုပဲ ပန်းချီကားတွေကို အလကားကြီးရတာ အတော်အမြတ်ပါပဲ။

  • PareByoke

    July 25, 2011 at 3:19 am

    Thanks for the post and the wonderful pictures.

    Takes much time and effort to do this kind of post.

    Awesome!

  • pan pan

    July 25, 2011 at 9:17 am

    မမြင်ဖူးသေးတဲ့ ပန်းချီကားတွေကို အချိန်မကုန် ငွေမကုန် လူမပင်ပန်းဘဲ ကြည့်ခွင့်ရလိုက်တာ အရမ်းကျေးဇူးတင်ပါတယ်
    ပန်းချီကားတွေကြည့်ပြီး တစ်ကားချင်းစီရဲ့ အဓိပ္ပါယ်ကို စဉ်းစားမိပါတယ်
    ဘာကိုဆိုလိုတာလဲဆိုတာ (လုံးဝ)မတွေးတတ်ဘူး
    ပန်းချီမျက်စိလည်းမရှိပါဘူး
    ဉာဏ်မမှီတာလည်း ပါတာပေ့ါ

  • နွယ်ပင်

    July 25, 2011 at 9:45 am

    ပန်းချီ မျက်စိမရှိပင်မဲ့ ဒီလိုနေရာမျိုးမှာ ပြသခဲ့တဲ့ ပီကာဆိုရဲ့ပန်ချိီကားတွေကို ကြည့်ခွင့်ရတဲ့ အတွက်
    ကျေးဇူးတင်ပါတယ် ………..

  • zoe

    July 25, 2011 at 10:22 am

    ကွန်မဲန်း ပေးသူ နဲ့အားပေးသူအားလုံး ကိုကျေးဇူးတင်ပါ ။ နောက်ကိုလည်း ဒီလိုပွဲမျိုးရှိရင်တင်ပေး ပါမယ် ။

Leave a Reply