ဒီဘက်ခေတ်မှာတော့ – ကျွန်ခံဖို့ ကျွန်တော်တို့ကိုယ်တိုင် ခရီးထွက်ရတယ် ။

Foreign ResidentJuly 21, 20113min19222

Dear villagers,

I would like to discuss some things.

Please read this poem first ( from Moe Ma Kha ).

Credit <http://moemaka.com/index.php?option=com_content&task=view&id=9452&Itemid=1>

 

အမေရိကန်ဟာ လင်းယုန် မစစ်တော့ဘူး … ဗျိုင်းဖြစ်သွားခဲ့ပြီ ( ကမာပုလဲ )

ဒီကနေ့
မနက် ရှစ်နာရီကျော်မှ …
အိပ်ယာက နိုးတယ်။
အိပ်ရာက နိုးတော့
ရေချိုး၊ ပဲပေး
ပြီးတော့ လ္ဘက်ရည်ဆိုင်သွားတယ်။

 

လ္ဘက်ရည်ဆိုင်ရောက်တော့
မိတ်ဆွေတွေနဲ့တွေ့တယ်
တွေ့တော့ တောင်စင်ရေမရ
ပြောကြ၊ စကြ၊ နောက်ကြ
ရယ်ကြ မောကြပေါ့လေ …

အဲဒီကနေ
ဘယ်သူ ဘယ်လို စလိုက်တယ်မသိပါဘူး
ဘဲကလော်ရောက်လိုက်
နို့ဖိုး ရောက်လိုက်
အုန်းပြန့် ရောက်လိုက်
ကိုထက်မိုးဆီ ရောက်လိုက်
နော်ဝေရောက်လိုက်
အမေရိကားရောက်လိုက်
အော်ရစီ ဆိုလား ရောက်လိုက်
တထိုင်တည်းကို
ကမ္ဘာမြေ အနှံ့ ရောက်သွားလိုက်တာ …
စကား ဝိုင်းရဲ့ ကျည်ဆံရထားကို
အားလုံးက မနည်း ဘရိတ်အုပ်ယူရတယ်။

သိပ် ထူးထူးထွေထွေတော့ မဟုတ်ပါဘူးလေ
လူက ဒီမှာ ဒီလောက်ပဲ ကျန်တော့တယ်မလား
ဒီလူနဲ့ ဒီလူ တတ်နိုင်သမျှ ဆုံကြ
သတင်းတွေ ဖလှယ်ကြ
ဘဝ အမောတွေ ဖြေကြ
အိပ်မက်တွေ ပုံဖော်ကြနဲ့ပေါ့
ရွှေတောင်ကြားက မယ်လဒုက္ခသည်စခန်းကို
ငွေကုန်ကြေးကျများစွာနဲ့
ပြောင်းရွှေ့လာတဲ့အကြောင်း ….။
အစိမ်းတသောင်းကျော်ကျော်
အလိမ်ခံရတဲ့ အကြောင်း ….။
ရေဖိုး၊ မီးဖိုး၊ ထမင်းနဲ့ အိမ်ဖိုးပေးနိုင်ရင်
နတ်ပြည်မှာ အိမ်ယာသစ် လျှို့ဝှက်စွာ ထူထောင်နိုင်တဲ့အကြောင်း ….။
အကြောင်း အပေါင်းတွေက စုံလာတော့
လ္ဘက်ရည်ဆိုင် စားပွဲထိုးကလေးတွေက ရှောင်ဖယ်ဖယ် ဖြစ်လာကြတယ်။

ဒါနဲ့
အသိုက်ပြန်ဖို့
ထိုင်ရာကနေ ထတယ်၊
လမ်းလျှောက်ရင်း စဉ်းစားမိတာက
အမေရိကကို ထူထောင်စဉ်
အလုပ်သမား ကျေးကျွန်တွေကို ဖမ်းဆီးခဲ့ဖို့
ကိုရွှေယန်းကီးတွေခမျာ
အဖရိကလူမည်းတွေကို
တောထဲ သေနတ်နဲ့ အမဲလိုက်သလို လိုက်ရတယ် …

ခုများတော့
ခေတ်သစ် အမေရိကနဲ့ ဥရောပတို့ဟာ
ထိုင်ရာကနေ မထ
ဇိမ်ကျကျနဲ့
ဆည်ဝကနေ … ။ ။

—————————————————————–

 

Explanations (1)

ရွှေတောင်ကြားက မယ်လဒုက္ခသည်စခန်းကို
ငွေကုန်ကြေးကျများစွာနဲ့
ပြောင်းရွှေ့လာတဲ့အကြောင်း ….။
အစိမ်းတသောင်းကျော်ကျော်
အလိမ်ခံရတဲ့ အကြောင်း ….။
ရေဖိုး၊ မီးဖိုး၊ ထမင်းနဲ့ အိမ်ဖိုးပေးနိုင်ရင်
နတ်ပြည်မှာ အိမ်ယာသစ် လျှို့ဝှက်စွာ ထူထောင်နိုင်တဲ့အကြောင်း ….။

 

Some rich people from Myanmar ( who live in ရွှေတောင်ကြား, yangon ) secretly/illegally go to မယ်လဒုက္ခသည်စခန်း & registered as ဒုက္ခသည်။

After that, they applied political asylum (နိုင်ငံရေး ဒုက္ခသည်) to America, Australia, Canada, UK & etc.

Generally, most people refer this 4 developed countries (America, Australia, Canada, UK) as နတ်ပြည်.

They can get refugee visa by this way.

—————————————————————–

 

Explanations (2)

ခုများတော့
ခေတ်သစ် အမေရိကနဲ့ ဥရောပတို့ဟာ
ထိုင်ရာကနေ မထ
ဇိမ်ကျကျနဲ့
ဆည်ဝကနေ … ။ ။

အမေရိကန်ဟာ ဗျိုင်းဖြစ်သွားခဲ့ပြီ

 

ရှေးရှေးတုန်းကတော့ – နယ်ချဲ့တွေက ကျွန်ပြုဖို့ ကျွန်တော်တို့ဆီကိုလာတယ် ။
ဒီဘက်ခေတ်မှာတော့ – ကျွန်ခံဖို့ ကျွန်တော်တို့ကိုယ်တိုင် ခရီးထွက်ရတယ် ။

—————————————————————–

 

I would like to discuss this part of poem.

In this poem, author accused, they (ခေတ်သစ် အမေရိကနဲ့ ဥရောပ) easily & freely (ထိုင်ရာကနေ မထ ဇိမ်ကျကျနဲ့ ဆည်ဝကနေ ) get the best human resource ( I mean rich & intelligent people ) from Myanmar.

 

Partially, I agree that they got the best Myanmar human resources.

For example,

(1) all 100% of my siblings ( all are doctor & Engineers ) &

(2) about 70% of my marine friends ( all are Captains & Chief Engineers, whose salaries are 6000 to 12000 US$/month )

They migrated to foreign country &

most of them naturalized ( change to foreign citizen ).

We can clearly see, those foreign countries get benefits by receiving this educated people.

 

But, in my opinion, it’s not that very easy.

So as to become a developed & liveable country (နတ်ပြည်),

they were not easily gifted,

their ancestors tried & sacrificed a lots.

In fact, it was the very hard way.

 

The Caucasians ( Westerner ) built Australia to become a developed country, within 250 years.

I am sure; Myanmar ( Asian ) does not have enough ability to build like them.

( abilities = intelligent, perseverance, tolerances, maturity, logical thinking, cooperation & etc )

 

In fact, Myanmar even cannot compete with Chinese &

then, it has nothing to compare with Caucasian.

 

If there was the Myanmar to build Australia ( 250 years ago ),

Then, recent Australia would become a war torn, primitive country.

 

In conclusion, those Westerners ( ခေတ်သစ် အမေရိကနဲ့ ဥရောပ ) deserve what they got it now.

 

( Survival of fittest )

22 comments

  • fatty

    July 21, 2011 at 11:01 am

    လွန်ခဲ့တဲ့ ရ နှစ်လောက်က ရန်ကုန်မှာရှိတဲ့ လူလတ်တန်းစားမိသားစု တစ်စု မြန်မာပြည်က
    အိုးအိမ် မိဘတွေကိုစွန့်ခွါပြီး Australia ကိုထွက်သွားကြပါတယ်။ ဇနီးသည်ဖြစ်သူက မိခင်ကြီး အသက်
    ၇ဝကျော်ကို မောင်ငယ်ဖြစ်သူနဲ့ထားခဲ့ပါတယ်။ ဟိုဘက်ရောက်တော့ Australia ကိုချောမောစွာရောက်ကြောင်း နောက်မှဖုံးဆက်အုံးမည်ဖြစ်ကြောင်းပြောပြီး နောက်ထပ်ဖုံးမဆက်တာ ၅ နှစ်လောက်ရှိသွားပါတယ်။ မိသားစု တစ်စုလုံး သွားတဲ့အတွက် ကလေး ၃ ရောက်လဲပါသွားပါတယ်။
    ကလေးတွေလဲကျောင်းတက်နေကြပြီဖြစ်ကြောင်းပြောသွားပါသေတယ်။ သူတို့ကိုဥိးဆောင်လုပ်ပေးသူက ယောကျာင်္းရဲ့ အကိုကြီး Australia မှာနေထိုင်သူဖြစ်ပါတယ်။
    ကျနော့စိတ်ထဲမှာတော့ တမျိုးဖြစ်နေပါတယ်။ ကလေးတွေ ရောက်တာမှမကြာသေးဘူး
    အသီးသီးကျောင်းတက်နေကြပြီဆိုတာရယ် ….။ ဖုံးအဆက်အသွယ်လုံးဝမရတော့တာရယ်ကြောင့်ပါ။
    အဆက်အသွယ်မရတဲ့ ၅ နှစ်အတွင်း သူတို့မိခင်ကြီး ဆီးချိုရောဂါနဲ့ အသည်းအသန်ဖြစ်ပါတယ်။
    ကျနော်တို့ကြိုးစားပြီး အဆက်အသွယ်လုပ်ကြည့်ပါတယ် မရပါ။ နောက်တော့ မိခင်ကြီးအနေအထားက
    ဆရာဝန်တွေလက်လျှော့လိုက်ပြီဖြစ်တဲ့အတွက် အိမ်ပြန်ခေါ်လာရပါတယ်။ အဲဒီအချိန်ကစပြီး သတိမလည်တော့ပါဘူး ကုတင်ပေါ်မှာ ပိုက်တန်းလန်းနဲ့ဘဲနေရပါတယ်။ သတိမေ့မျောပြီး ၁ လ
    လောက်နေရပါတယ်။ တညမှာတော့ အသံနက်ကြီးနဲ့ ” သမီး ” လို့ တခွန်းအော်ပြီး အသက်ထွက်သွားပါတော့တယ်။ အဲဒီအချိန်မှာဘဲ အဲဒီနေ့မှာဘဲ တိုက်တိုက်ဆိုင်ဆိုင် သူ့သမီး
    ဆီက ဖုံးလာပါတော့တယ်။ သူတို့မိသားစု ထိုင်းက refugee မှာ ၅ နှစ်လုံးလုံး ဒုက္ခ ခံစားနေရကြောင်း
    ဒီနေ့မှာဘဲ Auzi ကိုဝင်ခွင့်ရကြောင်း ဖုံးဆက်လာပါတယ်။ သူတို့ဖုန်းဆက်တဲ့အချိန်မှာ သူ့မိခင်ကြီး
    ဈာပန ပြင်ဆင်နေပါပြီ …….။
    တိုင်းပြည်ကို ပြုပြင်ပြောင်းလဲမယ်ဟေ့ဆိုတဲ့သူတွေရှိသလို … ကိုယ်အထွာနဲ့ကိုယ် ရေကြည်ရာမျက်နု
    ရာကို မဖြစ်မနေ ပြောင်းရွှေ့ကုန်ကြတာတွေလဲ အများအများကြီးပါ။ အဖိုးတန်သူတွေလဲ ဆုံးရှုံးနေပါပြီ။
    အလျှင်အမြန်ပြုပြင်ပြောင်းလဲဖို့ လိုသလို အလျှင်စလို မလုပ်မိကြဖို့လဲ လိုမယ်လို့ထင်ပါကြောင်း ..။

    • Foreign Resident

      July 21, 2011 at 11:57 am

      What a touching sad story !!!
      အဲဒီအချိန်ကစပြီး သတိမလည်တော့ပါဘူး / တညမှာတော့ အသံနက်ကြီးနဲ့ ” သမီး ” လို့ တခွန်းအော်ပြီး အသက်ထွက်သွားပါတော့တယ် / အဲဒီအချိန်မှာဘဲ အဲဒီနေ့မှာဘဲ တိုက်တိုက်ဆိုင်ဆိုင် သူ့သမီးဆီက ဖုံးလာပါတော့တယ်။
      It also shows unexplainable / spiritual connection between mother & daughter.
      There are a lot of areas science cannot explained.

      But, the main idea of my article is,
      In general, Westerners are better than Asians &
      don’t under estimate the Westerners & their ideas, without learning properly.
      They built their country step by step, century by century, &
      They deserve for recent situation ( world leader, rich ).

    • Foreign Resident

      July 21, 2011 at 12:08 pm

      Dear U Fat,
      “သူတို့မိသားစု ထိုင်းက refugee မှာ ၅ နှစ်လုံးလုံး ဒုက္ခ ခံစားနေရကြောင်း”
      How long they had to stay/suffer in ဒုက္ခသည်စခန်း depend on
      how many evidences they can show,
      how much those evidences were strong &
      how luck they are.

      I even saw former MD ( Managing Director ) of Myanmar Government Dept came to Australia with ဒုက္ခသည် refugee visa.

  • ကြောင်ကြီး

    July 21, 2011 at 11:17 am

    အမေရိကားကို တထောင့်ရှစ်ရာပြည့်လွန်နှစ်များဆီက ဥရောပမှ ပြောင်းရွှေ့လာခဲ့သူတဦးပြောတာကို လစ်ဘာတီကျောက်ရုပ်နားက ပြတိုက်မှာချိတ်ဆွဲထားတာကို သတိရမိတယ်။ သူဘာပြောခဲ့လည်းဆိုတော့ “မလာခင်တုန်းက ပြောကြတာ အမေရိကားမှာ လူသွားလမ်းတိုင်းကို ရွှေခင်းထားသတဲ့၊ ရောက်တော့မှ သူများတွေ ရွှေခင်းတဲ့လမ်းလျောက်ဖို့ ငါလာခဲ့ရပါကလား သဘောပေါက်တော့တယ်”

  • windtalker

    July 21, 2011 at 11:21 am

    ဒီလို ပါပဲ ဗျာ ။ ရေကြည်ရာ မြက်နုရာ သွားနေကြတာ ပေါ့
    တစ်ချို ့များ ကြ တော့ လဲ ကိုဖက်တီး ပြောသလို မိဘ တွေ ကို ဂရုမစိုက်ပဲ ပစ်သွားကြတာပေါ့ ။
    အောင်မြင် မှု နဲ ့ပြန်လာတဲ့ သူ တွေ ရှိသလို
    ရှုံးနိမ့်ခြင်း နဲ ့ပြန်လာတဲ့ သူတွေ လည်း ရှိတာ ပေါ့
    အဓိက က တော့ ကိုယ် ကောင်းမယ် ထင်သလို ကိုယ် လုပ်ကြတာပါပဲ ။

    • pan pan

      July 21, 2011 at 1:56 pm

      ဟိုမှာလည်း ယက်ကန်ယက်ကန် ဒီပြန်လာတော့လည်း ဟိုမရောက်ဒီမရောက်…
      အဲလိုဖြစ်နေတဲ့လူတွေလည်း ရှိမှာပဲ..နော့??

  • moethidasoe

    July 21, 2011 at 12:19 pm

    ရောင့်ရဲတင်းတိမ်တတ်တာ ကောင်းသလား မကောင်းဖူးလား ဆိုတဲ့ အချက်ကို သုံးသပ်တာ ကွာသွားတဲ့ အတွက် သူတို့လေးတွေရဲ့ ဘဝ ပြောင်းသွားကြတာပါ ..
    တို့ သူငယ်ချင်းဆရာဝန်တွေထဲက အမေရိကန် ရောက်သူတွေ .. အင်္ဂလန် ရောက်သူတွေ .. ဩဇီ ရောက်သူတွေ .. ထိုင်ဝမ် ရောက်သူတွေ .. စလုံး ရောက်သူတွေ .. ယပက်လက်မှာပဲ နေရသူတွေ .. ဗမာပြည်မှာပဲ နေရစ်သူတွေ ဆိုပြီး ရှိကြတယ် ..
    အမေရိကန် ရောက်ပြီးတော့ ဘာမှ ဖြစ်မလာတဲ့ သူတွေလဲရှိတယ် .. အထူးကုကြီးတွေအဖြစ် နာမည်ကြီးလာသူတွေလဲ ရှိတယ် .. အလားတူပဲ ကျန်တဲ့ နိုင်ငံတွေမှာလဲ ရှိတယ် .. တချို့ဆို ဆရာဝန်အဖြစ်နဲ့တောင် အသက်မွေးဝမ်းကျောင်း ပြုခွင့် မရကြဘူး ..
    ဗမာပြည်မှာကျန်ခဲ့တဲ့ လူတွေထဲမှာလဲ အထူးကု အကြီးကြီးတွေ ဖြစ်နေတဲ့လူ .. ဆရာဝန်အလုပ် မလုပ်တော့ပဲ အခြား စီးပွားရေးတွေနဲ့ အဆင်ပြေနေသူ .. ဘဝ ပျက်နေသူ .. အဆင်မပြေသူ တွေ ဆိုပြီး ရှိနေမှာပဲ ..
    တခုပဲ ရှိတယ် .. ကိုယ် ရနေတဲ့ဘဝကို ကျေနပ်နေဖို့ လိုတယ် ..
    နယ်က စာ သိပ်တော်တဲ့ သူငယ်ချင်း ရှိတယ် .. သူလဲ အစိုးရအလုပ်လုပ်ဖို့ စာမေးပွဲ ဝင်ဖြေခဲ့တယ် .. အခု အထူးကု အကြီးကြီးဖြစ်နေတဲ့ .. သူ့လောက်မှ စာ သိပ်မတော်တဲ့ သူငယ်ချင်းတွေနဲ့ပေါ့ ..
    နောက်ဆုံးအဆင့် မရောက်ခင်မှာ .. သူ စဉ်းစားခဲ့တယ် .. ငါ့မှာ အဖေအို အမေအို ရှိနေသေးတယ် .. သူတို့ကို ပြုစုဖို့ ငါ တယောက်ပဲ ရှိတယ် .. ကျန်တဲ့ မောင်နှမတွေက ဆရာဝန်မှ မဟုတ်တာ .. ငါမှ အနီးကပ် မနေရင် .. ဆိုတဲ့ အတွေးကြောင့် အလုပ်မဝင်ဖြစ်တော့ဘူး .. ပထမ ဆေးခန်းလေးနဲ့ပဲ နောက် .. ဆေးဆိုင်ပါ တွဲဖွင့်တယ် .. မိတ် များတဲ့အတွက် အောင်မြင်လာတာ အခုဆို အထူးကုဆေးခန်းကြီး ဖွင့်ထားနိုင်တဲ့ အဆင့်ကို ရောက်တယ် .. အထူးကုဆရာဝန်ကြီးတွေအတွက် နေအိမ်ကို အခမဲ့ ပေးနိုင်တဲ့ အဆင့်အထိ အောင်မြင်တယ် ..
    သူ့ကို တွေ့လို့ မေးကြည့်မိတယ် .. သူငယ်ချင်း .. အခုဆို အခြား သူငယ်ချင်းတွေ အထူးကုကြီးတွေ ဖြစ်နေကြပြီ .. မင်းကလဲ စီးပွားရေးအရ အောင်မြင်နေပေမယ့် အထူးကုတော့ မဖြစ်ခဲ့ဘူး .. အဲဒီအချက်နဲ့ ပတ်သက်ပြီး မင်း စိတ်ထဲ ဘယ်လိုရှိတယ် ဆိုတာကို သိချင်လို့ပါ .. လို့ မေးကြည့်မိတယ် ..
    သူ ဘာပြန်ပြောလဲ သိလား .. သူငယ်ချင်း .. မင်းလဲ မင်းဆေးခန်းလေးနဲ့ ထိုက်သင့်သလောက် . သုံးစွဲနိုင်ပြီ .. ငါလဲ ငါ့စီးပွားရေးအရ မိဘကို စိတ်တိုင်းကျ ပြုစုနိုင်ပြီ .. သူတို့လဲ သူတို့ အဆင့်အတန်းအရ ထိုက်သင့်သလို နေနိုင်ပြီ .. ပြိုင်ကြည့်နေစရာ မလိုဘူး .. အဓိက က ကိုယ့် လက်ရှိဘဝကို ကျေနပ်သလား .. အဲဒါပဲ တဲ့

  • manawphyulay

    July 21, 2011 at 12:55 pm

    လူ့ဘဝကြီးက နေရတာ ခဏလေးပါပဲ။ ဒါပေမယ့် ခဏလေးဆိုတဲ့အတွင်းမှာ လောဘ နောက်ကိုလိုက်ရင်း မဖြစ်သင့်တာတွေ ဖြစ်ကြတဲ့သူတွေလည်း အများကြီးရှိခဲ့တာပါပဲ။ ကိုယ်ကတော့ ရောင်ရဲတင်းတိမ်မှုနဲ့ ရောက်ရာနေရာ ကျရာ တာဝန်လုပ်ရင်း အေးချမ်းမှုရှာဖွေပြီး နေရတာအဆင်ပြေပါတယ်လေ…

  • shweaeimsi

    July 21, 2011 at 1:21 pm

    ငါ….

    မှာယွင်းမှုကအဲဒီကစခဲ့တာပဲ…
    ကမ္ဘာကြီးကိုထမ်းချင်ခဲ့တာလေ
    အဲဒီလိုနဲ့…
    အမှောင်ယံမှာကမ္ဘာမှာ
    ခြေဗလာနဲ့အတောင်ပံရှာခဲ့တယ်.

    ငါနဲ့ငါစီးချင်းထိုး အတ္တတွေပဲကြီးစိုးခဲ့တယ်
    ဟစ်တလာကိုသိတယ်
    အိုင်းစတိုင်းကိုသိတယ်
    ဒါပေမယ့်
    မိဘမေတ္တာကိုလဘက်ရည်ဆိုင်နာမည်မှတ်လိုမှတ်
    ကိုယ့်ဘာသာကိုဘာကောင်မှန်းမသိခဲ့ဘူး
    သီအိုရီအလွတ်ရတဲ့နူတ်ဖျား
    ချစ်ခြင်းစကားရှားပါးခဲ့တယ်

    ရင်ခွင်ရဲ ့ဘယ်ဘက်အခြမ်း
    ပန်းတပွင့်လိုမလန်းခဲ့ဘူး
    မိဘမေတ္တာကို
    ရင်ခွင်ဟောင်းလောင်းနဲ့စာလုံးမပေါင်းတတ်ခဲ့ဘူး

    မိန်းမတယောက်ကိုဘာသာမပြန်တတ်ခဲ့ဘူး
    နားထင်ကိုလာဆောင့်တဲ့သွေးတွေအကြောင်းငါမသိခဲ့ဘူး
    ကောင်းကင်ကိုမှန်းမျှော်ခဲ့ပေမဲ့
    ငါ့လက်နှစ်ဖက်မှာမြေမှုန်တွေ….ခုထိကပ်လျှက်ပါပဲ

    ကမ္ဘာကြီးရေ
    ခင်များကိုထမ်းဘို့နေနေသာသာ..
    ကျုပ်ကိုကျုပ်တောင်အနိင်နိင်ဗျာ

    အဲဒီလိုနဲ့..
    အချိန်တွေပြိုဆင်းလူလဲအိုမင်းခဲ့တယ်
    နောက်ဆုံး…

    ကမ္ဘာမြေရဲ ့ဒေါင့်အစွယ်မှာ
    ငါ့နာမည်လည်းပျောက်ကွယ်ခဲ့တယ်..

    ကမ္ဘာကြီးကတော့လည်လျှက်ပါပဲ…….

  • moethidasoe

    July 21, 2011 at 1:34 pm

    ရွှေအိမ်စည်ရေ .. ကိုယ်တိုင်ရေး ဆိုရင် သိပ်ကြိုက်တဲ့ စကားလုံးတွေလို့ ချီးကျူးတယ် ..
    copy paste ဆိုရင်တော့ မူရင်းကို credit ပေးထားစေချင်တယ်

    • shweaeimsi

      July 21, 2011 at 1:43 pm

      နိုး..ကောမက်ရေးပေးတာ..
      နောက်မှ..ကျနော်ရေးတွေ တင်ပေးမယ်….
      ဒိထက်လန်းတယ်..
      ဘာသာပြန်ပါ..အင်္ဂလိပ်ဘုန်းကြီးကဗျာ ..ပါ..
      ပြန်တာက..ကျနော်ပါလေ…..
      ကဗျာက..အင်္ဂလိပ်ဘုန်းကြီးဘဲပါတယ်ဗျ…ရှာပေးမယ်နော်..မူရင်းကို

      နောက်ချိးကျူးဖို ့..ကျနော်ကိုချန်ထားအုံး….(သတ်ပုံကတော့ခဏခဏမှားတယ်)

  • shweaeimsi

    July 21, 2011 at 1:54 pm

    စိတ်ချပါ..ရွှေအိမ်စည်သူများစာသုံးတိုင်းတော့..creditပေးတတ်ပါတယ်…။
    ကောမက်ကို..ကျနော်ခုဏကရေးနေတာ….
    အတော်ရှည်သွားတယ်ဗျာ..
    ဒါကြောင့်ကဗျာကောက်ရေးပေးလိုက်တာပါ..၊

    ကဗျာ ကို….ကြွားမပြောဘူး…လက်နဲ ့ထိတိုင်းရွှေ မဖြစ်ပေမဲ ့
    နှလုံးသားကထိခတ်မိတဲ ့အရာတိုင်းကဗျာဖြစ်တယ်ဗျာ…(ကဗျာကိုနားလည်လားမေးရင်မလည်ဘူး)

    ကျနော်ဒိစာလာဖတ်တာ..5ခေါက်ရှိပြိ…..
    ဒါကြောင့်ကောမက်ကျနော်မူလရေးတာက…
    လိုက်မမှိမှာစိုးလို ့ဘလော ့ပြောင်းမလို ့စဉ်းစားနေတာ…

    ဟဟ..မူရင်းလာရေးပေးတဲ ့ကောမက်ပါပြန်တင်ပေးလိုက်ပါတယ်..
    ကျနော်ဆိုလိုချင်တာ..ကိုစာရေးသူမပေါက်မှာစိုးရိမ်လို ့ပါဗျာ

    *********
    ခုဏလာရေးတဲ ့ကောမက်မျက်စိနောက်မှာစိုးလို ့ကျနော်မပေးဖြစ်တာပါ
    ဘဝဆိုတာ ဓါးသွေးသလိုပါပဲ.။
    ဓါးသွေးတယ်ဆိုတာလည်းသွေးတတ်ဖို ့တော့လိုတယ်

    ဓါးသွေးတယ်ဆိုတာ
    ဘဝလူမှုဆက်ဆံရေးနယ်ပယ်မှာ
    အစုန်အဆန်အသွားအပြန်ကိုခေါ်တာလို ထင်မိတာပါဘဲ.။

    အတိမ်းအစောင်း တစ်ခုခု ဖြစ်လို့ကတော့
    ဘယ်လိုမှ ပြန်ပြီး အရင်က ကောင်းတာတွေကို အဖတ်ဆယ်လို့မရတော့ပါဘူး.။
    ဓါးကိုမသွေးတတ်ရင ်ဓါး ပျက်ဆီးသလိုပါဘဲ။

    ဘဝလူမှုဆက်ဆံရေးနယ်ပယ်မှာ အဆင်မပြေတော့ရင်၊
    အတိမ်းအစောင်းတခုတခုဖြစ်သွားရင်
    “ ဘဝ တုံးတယ် ” လို ့ဆိုကြတယ်……….။

    ဒါကြောင့်- ဘဝမတုံးချင်ရင်…ဓါးသွေးတတ်ဖို ့တော့လိုတယ်…။

    ကိုယ့်ဘဝတိုးတက်ရေးအတွက်..လူတိုင်းတော့ဓါးကိုလိုသလိုသွေးနေကြတာပါဘဲ…
    ဘယ်သူမှတော့ဓါးတုံးအောင်သွေးချင်ပါမလဲနော်….

    ဒါပေမယ့်တစ်ခုတော့ရှိတယ်ဗျ……
    ကဲ ဆိုပါဆို ့..ကျနော်တို ့ကဓါးကိုသွေးတတ်တယ်ထား..ဓါကောင်းရပြီဆိုပါတော့…
    ကဲ …….
    ဓါးကောင်းရပြီးပြန်တော့လည်း…..

    သူခိုးလို လူလက်ထဲ ဓါးကောင်းရသွားရင်လည်း…..ဓါးရဲ ့ဂုဏ်ကြောင့်မောက်မာပြီး….ဓမြ လည်းဖြစ်သွားနိုင်တာဘဲ……

    သာမာန်တပ်သားလေးလက်ထဲ ရောက်ပြီး…တိုင်းပြည်တာဝန်စွမ်းဆောင်တမာန်ဆောင်ရွက်နိုင်ရင်တော့….
    သာမာန်တပ်သားကနေ..စစ်သူကြီးလည်းဖြစ်နိုင်သလို တိုင်းပြည်ကာကွယ်နိုင်မယ်လေဗျာ…
    ******
    ဓါးဘယ်လောင်ကောင်းကောင်း..ကိုင်တဲ ့သူအပေါ်လည်းမူတည်နေပြန်ရော…ဟုတ်

    ကျနော်ဆိုလိုတာကလေ…အားလုံးကကိုယ်နဲ ့လည်းဆိုင်ပါတယ်..လို ့(ဖြစ်ခဲ ့တာတွေ ရှိခဲ ့တာတွေ ထားပြီး…
    ကျနော်တို ့လည်းတဘက်တလမ်းက..ဓါးသွေးတတ်ကောင်..ဓါးကိုင်တတ်အောင်တော ့
    လူတိုင်းလူတိုင်းတာ့…
    ကျနော်ထင်ပါတယ်……လူယဉ်ကျေးမှုပြုပြင်လို ့အလွယ်ဆုံးကစာပေနဲ ့သိမ်းသွင်းကြမယ်ဆိုရင်…

    • Foreign Resident

      July 21, 2011 at 2:38 pm

      Actually I don’t understand about ကဗျာ
      But, I really like your self confidence.
      “ကဗျာ ကို….ကြွားမပြောဘူး…လက်နဲ ့ထိတိုင်းရွှေ မဖြစ်ပေမဲ ့
      နှလုံးသားကထိခတ်မိတဲ ့အရာတိုင်းကဗျာဖြစ်တယ်ဗျာ…”
      Bravo, go ahead !!!

  • kai

    July 21, 2011 at 3:25 pm

    ကော့ကေးရှန်းတွေက..ဥရောပတိုက်ကထွက်.. အမိမြေကိုစွန့်.. အမေရိကားကိုထောင်တယ်..။ဩစတေးလျှကိုထောင်တယ်..။ ဖွံ ့ဖြိုးပြီးနိုင်ငံဖြစ်အောင်လုပ်ခဲ့ကြတယ်..။

    မြန်မာတွေကတော့.. ပြီးခဲ့တဲ့ ဆယ်စုနှစ်၂ခုအတွင်းမှာကို ..လူဦးရေသန်းပေါင်းများစွာ.. အမိမြေကထွက်ပြေးခဲ့ကြရတယ်..။
    မဟာမြန်မာရွှေ ့ပြောင်းမှုကြီးပေါ့..။

    ထူးဆန်းတာက… အနှစ်၂ဝမှာ.. ပြည်ပရောက်မြန်မာတွေထဲ.. တဦးချင်းစီမှာထူးချွန်သူတွေ..အောင်မြင်သူတွေရှိပေမဲ့.. အုပ်စုလိုက်..ကွန်မြူနတီ..အသိုင်းအဝိုင်းအလိုက်ကတော့… အောင်မြင်တာ အင်မတန်နည်းတယ်..။
    တခြားလူမျိုးတွေနဲ့ယှဉ်ရင်..မြန်မာက နောက်ကပဲ..။ စရိုက်မပြင်နိုင်ဘူး…။
    “ဘယ်နေရာနေနေ ဘာတွေလုပ်လုပ် မြဲမြဲမှတ်ပါ မင်းမြန်မာပါပဲ..။”

    ပြောချင်တာက…
    မြန်မာပြည်မတိုးတက်တာ.. အုပ်ချုပ်မှုစံနစ်ကြောင့်ရယ်လို့အဓိကမဟုတ်ဘူး..။
    မြန်မာဟာ..ထိုင်းရောက်လည်း.. မြန်မာပဲ..။ အမေရိကားရောက်လည်း မြန်မာပဲ..။ ဥရောပနေလည်း မြန်မာပဲ..
    အတူူတူနေကြတဲ့..လူမျိုးစုံတွေကြား… ကမ္ဘာမှာ မြန်မာအဆင့်အတန်းရှိတဲ့နေရာမျိုး..ပြန်နေကြရတာပဲ..။
    ကဗျာနဲ့ အစပ်အဟတ်တည့်တည့်လေးပြောကြည့်ရရင်..

    ဟေ့..
    မြန်မာက မြန်မာ..
    ဘယ်တော့မှ ဗျိုင်းမဖြစ်လာဘူး…
    ကတွတ်ပေါက်ကိုအရောက်မှာ..
    ငါးတော့ငါး…
    ငါးကြီးနဲ့ ငါးလေးကွ
    .. ငါးသဘာဝ..
    (ဗျိုင်းမစားလဲ)ငါးကြီးကငါးလေး..စားစမြဲလေ..။

    • Foreign Resident

      July 21, 2011 at 3:49 pm

      Dear Kai,
      Thank God, you get my meaning.
      In this article, I didn’t want to emphasize on our brain drain.
      It just want to point out not to underestimate western ideas & life styles &
      They deserve what they get now.

      ” တခြားလူမျိုးတွေနဲ့ယှဉ်ရင်..မြန်မာက နောက်ကပဲ..။ ” may be ???

    • Foreign Resident

      July 22, 2011 at 4:51 am

      “ထူးဆန်းတာက… အနှစ်၂ဝမှာ.. ပြည်ပရောက်မြန်မာတွေထဲ.. တဦးချင်းစီမှာထူးချွန်သူတွေ..အောင်မြင်သူတွေရှိပေမဲ့.. အုပ်စုလိုက်..ကွန်မြူနတီ..အသိုင်းအဝိုင်းအလိုက်ကတော့…
      အောင်မြင်တာ အင်မတန်နည်းတယ်..။
      တခြားလူမျိုးတွေနဲ့ယှဉ်ရင်..မြန်မာက နောက်ကပဲ..။ စရိုက်မပြင်နိုင်ဘူး…။”

      I think,
      Main thing is Jealousy, this jealousy makes gossip & spreads out rumors.
      Finally, this jealousy, gossip & rumors make lack of unity.
      Without unity, no community can have success.

      There is a saying ” If there are 2 Myanmar, Then, There are 3 Groups. “

  • shweaeimsi

    July 21, 2011 at 3:54 pm

    ထားပါတော့ဗျာ…..

    အရေးကြီးတာလေကျနော်Forumrှာ…ပိုစ့်တင်တာမှန်မမှန်ကြည့်ပေးပါအုံး….
    ကျနော်..တမနက်လုံးလေ ့လာနေတာ..မောလိုက်တာဗျာ….
    အဲ ဒိမှာရေးရတာ..တင်ရတာပိုကောင်းသလိုဘဲ
    ဘယ်သွားပြောရမှန်းမသိလို ့..ဒီထဲ လာပြောပါတယ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 21, 2011 at 7:08 pm

    တစ်ရွာမပြောင်းသူကောင်းမဖြစ် = သေခြင်တဲ့ကျား တောပြောင်းသွား
    ဒါတွေကတော့ အားလုံးသိကြတဲ့အတိုင်း ဓာတ် 😀 သဘောအရ အပူအအေးတွေပေါ့ဗျာ
    ( အကျင့်ပါနေလို့ပါ )
    သီးချင်းတစ်ပုဒ်ကိုအမှတ်ရမိသား
    ဘာတဲ့
    ( အခြေခံလူတန်းစား ကိုယ်လိုလူတွက် အောင်မြင်နိုင်ဘို့က အသက်ပဲရင်းနှိးဘို့ရှိတယ် )
    ဆိုတော့ကာ
    ရေကြည်ရာမြက်နုရာလို့ပြောရမလားသိဘူးနော
    ငွေကြေးရရှိဘို့ပေါ့
    တစ်ပြည်ခြားကိုပုံသဏ္ဍန်အမျိုးမျိုးနဲ့ဒိုးကြတာပေါ့
    အကောင်ကြီးကြီး အမြီးရှည်ရှည်တွေတော့သိဘူး
    ကိုယ်တစ်ကယ်သိတဲ့ ပတ်ဝန်းကျင်အကြောင်းပြောရရင်တော့
    ငွေရရှိဘို့ဆိုပြီး ပြည်ပကိုသွားတယ် အဆင်ပြေတယ်မပြေဘူး ကွဲကြတာပေါ့
    သေခြာတာကတော့ လက်ရှိကိုယ့်ရေမြေထက်စာရင် နည်းနည်းအဆင်ပြေတယ်လို့ပြောလို့ပြောရမှာဘဲ
    ဒီနေရာမှာ အတိုင်းထက်လွန် အဆင်ပြေတဲ့လူရှိသလို
    အတိုင်းထက်လွန် ဒုက္ခရောက်တဲ့သူလည်းရှိတာဘဲ
    အချိုးကျ ပြန်တွက်ရင် သာမန်အဆင်ပြေသူက ပိုပြီးများမယ်လို့ထင်တယ် ( အထင်ပါ )
    ဥပမာ
    လူတစ်ယောက် လန်းသွားရင်လည်း နာမည်ကြီးတာဘဲ ( ဒီလူ နိုင်ငံခြားကနေလန်းပြန်လာတယ်ပေါ့ )
    လိမ့် သွားရင်လည်းနာမည်ကြီးတာဘဲ ( ဒီလူ လိမ့်သွားတယ်ပေါ့ )
    စာမလာသတင်းမကြားတွေကလည်း သူ့အချိုးကျနဲ့သူရှိမှာဘဲ
    ဒါတွေကို ပြန်တွက်လိုက်ရင် သာမန်အဆင်ပြေသူတွေက ပိုများမယ်လို့ဆိုလိုတာပါ
    လူချင်းတူတယ် အသက်ရှူတာခြင်းမတူဘူးဆိုသလိုပေါ့
    တစ်ချို့ကတော့ စုဆောင်းတဲ့သူရှိတယ်
    တစ်ချို့ကတော့ ရင်းနှီးတတ်တဲ့သူရှိတယ်
    တစ်ချို့ကတော့ ရတာလေးကို အဆင်ပြေသလို သုံးစွဲတဲ့သူရှိတယ်
    တစ်ချို့ကတော့ ကိုယ့်ကိုယ်ကိုယ် ဘာကောင်မှန်းမသိဘဲ သုံးဖြုံးတဲ့သူတွေရှိတယ် ( ကျုပ်လိုပေါ့ 😀 )
    ပို့စ်ရဲ့ဆိုလိုရင်းက ကျွန်ခံဘို့ ကိုယ်တိုင်ခရီးးထွက်တယ်
    တော်တော်တော့ သဘောကျမိပါတယ် ဟုတ်တာပေါ့လေနော
    ဒါဆို ငတ်နေတဲ့နေရာမှာ ဒီလိုဘဲနေရမှာလားဆိုတဲ့ မေးခွန်းကရှိလာပြန်ရော
    ဆိုခဲ့သလို တစ်ရွာမပြောင်းသူကောင်းမဖြစ် လို့စိတ်ထားတာမှားမလား
    ဒီလို ရေကြည်ရာမျက်နုရာကိုပြောင်းရွှေ့ကြတဲ့အတွက် ဆိုခဲ့ပြီးသလို
    အဆင်ပြေတာတွေ မပြေတာတွေ ရောထွေးနေတာကတော့အမှန်ပါ
    လူမှု့ရေး လူ့အခွင့်ရေးတွေ နိမ့်ကျတာက အသာထား
    ပြောရရင်တော့အများကြီးဘဲ စာတန်းရှည်ကြီးတောင်ဖြစ်သွားဦးမယ်
    ခုတောင်တော်တော်ရှည်နေပြီ နိဒါန်းဘဲရှိသေးတယ်
    ပြည်ပမှာ ချွေချွေတာတာလေးစုပြီးအိမ်ကိုပို့ပေးလိုက်ပြီး အိမ်ပြန်ရောက်တော့ အိမ်ကလူတွေသုံးလို့ကုန်နေတာတွေ
    အနှစ်နှစ်အလလ စုပြီးပြန်လာတယ် မြန်မာပြည်ရောက်တော့ ဒီငွေလေးက ဘာမှ လုပ်လို့မရ
    ငွေပမာဏတစ်ခုက ရှာရမယ်ဆိုရင်လည်း ဖင်ပြဲအောင်ရှာရမယ်
    အဲ့သည်ငွေပမာဏနဲ့က ဘာစီးပွားရေးမှ လုပ်လို့မရ
    ငွေလေး သိန်းတရာ ( ဗမာပက်ချံ ) လောက်ရှိပေမယ့် ကိုယ်က မြန်မာပြည်ရောက်တဲ့အခါ
    စီးပွားရေးဆိုတာကို ချည်ပေါင်ရွက်သည်လောက်တောင်နားမလည်တာတွေ
    ဘာစာမှမတတ်ဘဲပြည်ပထွက် ရရာအလုပ်လုပ် ငွေလေးစုပြီးအိမ်ကိုပို့ကိုယ်ပိုင်အိမ်ခြံလေးဝယ်ထားလိုက်တယ်
    စာတတ်တဲ့ကောင်တွေက ကုမ္ပဏီတွေဘာတွေမှာ အလုပ်လုပ်တယ် ဆိုက်တွေဂိုဏ်တွေနဲ့
    ကိုယ်ပိုင် အိမ်ခြံမရှိတဲ့အဖြစ်တွေ
    စသည် စသည် အောလပုံဘဲ တော်တော်လေးးးးးးဂိုရှည်သွားလို့ တော်ဘီ

    • Foreign Resident

      July 22, 2011 at 4:34 am

      Dear A Ba Pu,
      Nowadays, if you only have ငွေလေး သိန်းတရာ ( ဗမာပက်ချံ ) in Myanmar,
      Most probably, the only business you can do is ……..
      It might be, selling ချည်ပေါင်ရွက် ……. 🙂

      No offend, Just kidding naw ……. 😛
      Heee Heee Heee …… 😀
      Thanks.

  • unclegyi1974

    July 21, 2011 at 10:20 pm

    ကိုယ်ကငါးလား
    ကိုယ်ကဗျိုင်းလား
    ကိုယ်ကိုယ်တိုင်ကအဓိကကျကြောင်းပါဗျာ

  • pooch

    July 22, 2011 at 12:57 am

    အနော့် အမြင်မှာတော့ ဘယ်နေရာရာ ဘယ်ဒေသမှာပဲ နေနေ ကိုယ့်ရဲ့စိတ်ဓာတ်သာလျှှင်အဓိကလို့ ထင်တယ်. ကိုယ့်ကိုယ်ကို ကျေနပ်ဖို့က အဓိကပဲ…. ကိုယ်ရောက်နေတဲ့ ကိုယ့်ဘဝမှာ balance ညီညီနေထိုင်တတ်ဖို့ပဲ လိုတယ်

  • ရွှေဘိုသား

    July 22, 2011 at 10:11 am

    အန်ကယ်ကြီး ပြောတာကိုထောက်ခံတယ်
    ကိုယ်.ရွာမှာတော. ကြက်ဖ
    သူများဆီဆိုရင်တော. ကြက်မ ဖြစ်ပြီ

Leave a Reply