ဘ ဝ အ မော-အ ခ က် အ ခဲ ပြ ဿ နာ အား လုံး ဖြေ ရှင်း နည်း အ စစ် (အပိုင်း ၄ အဆုံးပိုင်း)

True AnswerJuly 21, 20113min560

ဘ ဝ အ မော-အ ခ က် အ ခဲ ပြ ဿ နာ အား လုံး ဖြေ ရှင်း နည်း အ စစ် (အပိုင်း ၄ အဆုံးပိုင်း)
(ဆရာတော် ဦးဥတ္တမသာရ)
ကောင်းကင် အမိုး၊ မြေကြီး အခင်း၊ လေထု အကာ
သဘာဝတရားရဲ့ သဘာဝတရားရိပ်သာ။

သန်လျင်သဘာဝရိပ်သာဆရာတော် ဦးဥတ္တမသာရ (ဆူနာမီဆရာတော်) လမ်းညွှန်သင်ပြပေးသော
လောကီ၊ လောကုတ္တရာ ကောင်းကျိုးအတွက် တိုက်ရိုက်ကျေးဇူးပြုမည့် မှန်ကန်တဲ့နားလည်မှု ကို ဖြစ်စေသော
အနတ္တအဆုံးအမများ (အပိုင်း -၄)(အဆုံးပိုင်း) ကို ဓမ္မဒါနပြု တင်ပြအပ်ပါသည်။

မှတ်ချက်။ ။ ယခု အပိုင်း-၄ အဆုံးသတ် အဆုံးအမများသည်
လောကီ ဘဝအမော၊ အခက်အခဲ ပြဿနာများ ဖြေရှင်းနိုင်ရေး အတွက်ရော……
မဂ်ဉာဏ်-ဖိုလ်ဉာဏ်ကို ကျေးဇူးပြုမည့် တရားနှလုံးသွင်းမှု အတွက်ရောပါ ….
အသုံးချရုံအသုံးချရမည့် မှန်ကန်တဲ့နားလည်မှု ဖြစ်ပေါ်ရေး လမ်းညွှန်အဆုံးအမများဖြစ်သဖြင့်
တကယ်လက်တွေ့ နားလည်-နှလုံးသွင်းတတ်စေရန် အဖန်ဖန် နှလုံးသွင်း လေ့ကျင့်ဖို့ လိုအပ်ကြောင်း
လေးစားစွာ အကြုံပြုအပ်ပါသည်။

လွတ်လွတ်လပ်လပ်လုပ်

– ဘာလုပ်လုပ် အတည်ယူ၊ ဆုပ်ကိုင်၊ လက်ခံသိမ်းပိုက်ပြီး မလုပ်နဲ့။

– သုံးရုံသက်သက်သုံးရမှာ ဆုပ်ကိုင်ပြီး မသုံးရဘူး၊ မလုပ်ရဘူး၊ မကျင့်ရဘူး။

– အကန့်အသတ်မှန်သမျှက လွန်မြောက်ဖို့လိုတယ်။

– ကောင်းမှုကုသိုလ်ကို အကန့်အသတ်မရှိ လုပ်နိုင်အောင် ကြိုးစားရမယ်။

– လုပ်နိုင်သလောက်လုပ်၊
လုပ်သလောက် လုပ်လာနိုင်မယ်။

-ကြိုတင် စီစဉ်တာ၊ မစီစဉ်တာ ကိစ္စမရှိပေမယ့်
တကယ်လုပ်တော့ အခြေအနေ အချိန်အခါအရ
အများအဆင်ပြေအောင် လိုအပ်သလို ပြောင်းလဲလုပ်နိုင်ဖို့လိုတယ်။

– လုပ်ဖို့လိုသလို ကိုယ်လုပ်တတ်သလိုလုပ်တာ မဟုတ်ဖို့လည်း လိုတယ်။

– ဒီယုန်မြင်လို့ ဒီချုံထွင်သလို
တမင်တကာကြီးလုပ်ရမှာမဟုတ် ၊
လွတ်လွတ်လပ်လပ် လုပ်ရုံသက်သက်လုပ်ရမှာ။

– အဟုတ်ထင်ငြိတွယ်မှုအစွဲနဲ့ မလွတ်မလပ်သာလုပ်တတ်ရာက …..
အဟုတ်ထင်ငြိတွယ်မှု အစွဲကင်းကင်းနဲ့ လွတ်လွတ်လပ်လပ်လုပ်တတ်ဖို့ ကြိုးစားရမယ်။

– မလွတ်မလပ်လုပ်နိုင်တဲ့စွမ်းရည်သတ္တိကို မစွန့်နိုင်ဘဲနဲ့တော့
လွတ်လွတ်လပ်လပ် လုပ်တတ်စရာ အကြောင်းမရှိဘူး။

– မဆုပ်ကိုင်ဘဲ လွတ်လွတ်လပ်လပ်လုပ်။

– လုပ်တာ မလုပ်တာကို မဆုပ်ကိုင်ဖို့ လိုတယ်။

– အစွဲကင်းကင်းနဲ့ လွတ်လွတ်လပ်လပ် လုပ်တတ်ဖို့ ကြိုးစားရမယ်။

– အစွဲမကင်းဘဲနဲ့ အမှန်မမြင်နိုင်ဘူး။

– လောကအမျိုးမျိုးကို –
သုံးရုံသက်သက် မှန်မှန်ကန်ကန် သုံးပြီး၊ …..

– ဆန့်ကျင်ဘက် လောကီအတွေ့အကြုံအမျိုးမျိုးကို
တွေ့ကြုံရုံသက်သက် မှန်မှန်ကန်ကန်တွေ့ကြုံပြီး၊…….

– လောကီအကြောင်းတရားအမျိုးမျိုးကို ပြုလုပ်ရုံသက်သက်
မှန်မှန်ကန်ကန် ပြုလုပ်တတ်အောင် ကြိုးစားနိုင်မှ…….
လောက က လွန်မြောက်မယ်။

ဝိပဿနာဉာဏ် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်

– အမှန်တရားအပေါ် သတိ၊ အသိ
လုပ်ယူ ပါများလို့၊
ယာယီ ပေါ်ပေါက်လာတဲ့
လုပ်ယူမှုမပါတဲ့
အမှန်တရားကိုနားလည်တဲ့ အမှန်တရားသတိ-အသိ က ဝိပဿနာဉာဏ်။

– လုပ်ယူမှုမပါတဲ့ အမှန်တရားကိုနားလည်တဲ့
အမှန်တရားသတိ-အသိ
ဖြစ်ပါများလို့
ပေါ်ပေါက်လာတဲ့
ခိုင်မြဲတဲ့
အမှန်တရားကိုနားလည်မှု-သတိစစ်-အသိစစ်က မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်။

– မြင်သိ၊
ကြားသိ၊
နံသိ၊
စားသိ၊
ထိတွေ့သိ၊
တွေးကြံသိတွေမှာ –
လမ်းမဆုံးမှ ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုတဲ့ အသိစစ်တွေထင်ရှားလာမယ်။

– လုပ်ယူတဲ့နားလည်မှုမှာ လမ်းမဆုံးဘဲ
လုပ်ယူတာ မဟုတ်တဲ့
နားလည်မှုအစစ် (ဝိပဿနာဉာဏ် မဂ်ဉာဏ်ဖိုလ်ဉာဏ်) ကိုနားလည်ဖို့ကြိုးစားရမယ်။

သတ်မှတ်ထားတဲ့ အမှန်တရား(ပညတ်)နဲ့
အမှန်တရားအစစ် (ပရမတ်)

ကောင်းကောင်းဆိုးဆိုး –
အမျိုးမျိုးဖြစ်ပေါ်နေတဲ့
အကျိုးတရားတွေဖြစ်တဲ့ဘဝတွေ၊
ဘဝအတွေ့အကြုံတွေ၊
အချိန်ကာလတွေ၊ နေရာဒေသတွေက
သတ်မှတ်ချက်တွေပါ။

ကောင်းကောင်းဆိုးဆိုး၊
မှားမှားမှန်မှန်
အမျိုးမျိုးသောပြုလုပ်မှုအကြောင်းတရားတွေကလည်း
သတ်မှတ်ချက်ပါပဲ။

-အမျိုးမျိုးသောနားလည်မှု၊
နားမလည်မှု၊
သိမှု၊မသိမှုတွေကလည်း သတ်မှတ်ချက်ပါပဲ။

– အမျိုးမျိုးသော သတ်မှတ်ချက်တွေကို
အဓိကထားနေမှုအစား –
“သတ်မှတ်ချက်တွေရဲ့ အမှန်တရား ´´
(သို့)
သတ်မှတ်ချက်များ၏
“အတည်ယူဆုပ်ကိုင်စရာ၊
အဟုတ်ထင်ငြိတွယ်ရမှာ မဟုတ်ခြင်း´´ တည်းဟူသော
“တစ်သမတ်တည်းသော အမှန်တရား´´ ကို

မမေ့လျော့ခြင်းအားဖြင့်
ဖြစ်ရပ်အမျိုးမျိုး ၊
ပြုလုပ်မှုအမျိုးမျိုးနဲ့၊
နားလည်မှု၊နားမလည်မှုအမျိုးမျိုးတွေကို –

တွေ့ကြုံရုံ သက်သက်၊ မတွေ့ကြုံရုံသက်သက်၊
ပြုလုပ်ရုံသက်သက်၊ မပြုလုပ်ရုံသက်သက်၊
အသုံးချရုံသက်သက် မှန်မှန်ကန်ကန်သုံးတတ်လာပြီး

စိတ်၊
စေတသိက်၊
ရုပ်၊
နိဗ္ဗာန်ဆိုတဲ့
ပရမတ်တရားတွေကို နားလည်တဲ့
ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်
(နားလည်မှုအစစ်)တွေ ထင်ရှားလာပါလိမ့်မယ်။

သတ်မှတ်ချက်တွေရဲ့အမှန်တရား

– တကယ်မဟုတ်တာအစစ်က –
အတည်မဟုတ်တာ-ဆုပ်ကိုင်စရာမဟုတ်တာ။

– တကယ်ဟုတ်တာအစစ်က –
အသုံးချဖို့သက်သက်၊ ပြုလုပ်ဖို့သက်သက်၊
တွေ့ကြုံဖို့သက်သက်သာလျှင် ဟုတ်တာ။

– ဘာဖြစ်တာ မဖြစ်တာထက် …. ဖြစ်တာ၊ မဖြစ်တာတွေကို အဟုတ်ထင်ငြိတွယ်မှုကင်းဖို့က အဓိက။

– အမှား အမှန်၊
အကောင်း အဆိုး၊
အပူ အအေး
ဆန့်ကျင်ဘက် အခြေအနေတိုင်းကို
အဟုတ်ထင် ငြိတွယ်မှုကင်းကင်းနဲ့
လက်ခံရုံသက်သက် လက်ခံနိုင်ဖို့ ကြိုးစားရမယ်။

ပြီးပြည့်စုံခြင်း

– ပြောစရာ၊လုပ်စရာ၊ပူစရာ၊ကျင့်စရာ မလိုတော့တဲ့အထိ ကျင့်နိုင်ဖို့ လိုတယ်။

– လိုနေရင် မဟုတ်သေးဘူး၊ မလိုမှ ပြီးပြည့်စုံမှာ။

အမှန်တရား ထင်ရှားပြီ။ ဓမ္မစကြာလည်ပြီ။

သဘာဝအမှန်တရားဥပဒေသ
စိတ်၊ စတသိက်၊ ရုပ်၊ နိဗ္ဗာန်။

သစ္စာလေးပါး သဘာဝအမှန်တရား-
ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာ။

သဘာဝ အမှန်တရားကျင့်စဉ်

မဂ္ဂင်ရှစ်ပါး-
သမ္မာဒိဋ္ဌိ၊ သမ္မာ သင်္ကပ္ပ၊သမ္မာ ဝါစာ၊သမ္မာ ကမ္မန္တ၊ သမ္မာအာဇီဝ ၊သမ္မာဝါယာမ၊ သမ္မာ သတိ၊ သမ္မာ သမာဓိ။
(မှန်ကန်သော သတိ၊ မှန်ကန်သော တည်ကြည်မှု၊ မှန်ကန်သော လုံ့လ၊ မှန်ကန်သော နားလည်မှု၊ မှန်ကန်သော နှလုံးသွင်းမှု၊ တို့သည် တစ်ခုခု-တစ်ယောက်ယောက်အပေါ် တွင်ဖြစ်ရမည်မဟုတ်ဘဲ သစ္စာထိုက်သော အမှန်တရား – အပေါ်တွင်သာဖြစ်ရပေမည်)

သဘာဝအမှန်တရားသူကြီး-
ဝိပဿနာဉာဏ်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်။ ။

ခင်မင်လေးစားလျှက်-
စိုးဝင်းထွဋ်
Thanks a lot for reading till the end.
(We will see and get as our mind can perceive, contemplate and think)