ပြီခဲတဲ့တစ်လလုံး … ကျနော်ကိုယ် ငွေ့ငွေ့လေးဖျာနေတာ ၃ ပါတ်လောက်ရှိနေပါပြီ။ အဖျားတာရှည်ခြင်းသည်မကောင်းသော လက္ခဏာမို့ ပြနေကြဆရာဝန်ကြီးဆီ
ပြန်ပြရပါတော့တယ်။ အထူးကု နာမည်ကြီးဆရာဝန်ကြီးတစ်ဦးပါ။ ရန်ကုန်မှာဆိုရင် Top စာရင်းဝင်ဆရာကြီးတစ်ဥိးပါ။ ဘာကြောင့်ကျနော် အဲဒီလိုကောက်ချက်ချရသလဲ
ဆိုရင် … ဘွဲ့တွေ အများကြီးပါ။ အထူးကုတစ်ဦးလဲဖြစ်ပါတယ်။ လူနာ ၁၀၀ ခန့်ကို နေ့စဉ်ကြည့်နေရသူဆရာကြီးပါ။ လူနာ ၁၀၀ ခန့်ဆိုတာ တနေရာထဲမှာ
ပြောတာပါ ဆေးခန်းထိုင်တာက ၃ နေရာလောက်ရှိပါတယ်။

နိုင်ငံရပ်ခြားက တခါတလေေ၇ာက်လာတဲ့ ဆရာဝန်တွေတောင် ဆရာကြီးထံမှာ patient များပုံကို တအံ့တသြဖြစ်ကြရပါတယ်။
ကျနော်ကတော့ ၃ လ သို့ ၆ လ တစ်ကြိမ် ပြနေကြပါ။ ဒီတခါတော့ အဖျားတာရှည်ပြီး လူက နုံးချိနေတာကြောင့်ကြားဖြတ်သွားပြရပါတယ်။
ဆရာကြီးက ဆီး ၀မ်းသွေး အသည်း function အကုန်စစ်ခိုင်းပါတယ်။ ကျနော့မှာ B ပိုးရှိနေတာကြောင့်လဲ ပါတာပေါ့လေ။

ဆေးစစ်ကြည့်တော့လဲ ဘာမှမယ်မယ်ရရ အပြစ်ရှာမရပါဘူး ..။ ဒါနဲ့ ဆရာကြီးက Antibiotic ခပ်ပြင်းပြင်း on လိုက်ပါတယ်။
တစ်ပါတ်သောက်ရပါတယ်။ တပါတ်ပြည့်သွားတော့ သက်သာသွားသဗျ။ အဖျားကြသွားပါပြီ။

နောက်သုံးရက်လောက်နေတော့ ပြန်ဖျားပြန်ပါတော့တယ်။ ဒါနဲ့ တခုခုတော့မှားနေပြီ …။ ဆရာကြီးဆီပြန်ပြေးဖို့ booking လှမ်းချိတ်တော့
ဆရာကြီးနိုင်ငံခြားသွားနေလို့ ဆေးခန်းမထိုင်ဖြစ်ကြောင်း သိရပါတော့တယ်။
ကျနော်ကလည်း အဖျားတန်းလန်းကြီးနဲ့ ဖြစ်နေတော့ မတတ်နိုင်တော့ဘူး တခြားဆရာဝန်တဦးဦးဆီ ပြေးမှဘဲဆိုပြီး
ဆေးတက္ကသိုလ် က ဒုပါမောက္ခ ဆရာဝန်ကြီး တစ်ဦးဆီပြေးရပြန်ပါတယ်။ ဆရာကြီးကိုတော့ အကျိုးအကြောင်း အသေအချာရှင်းပြရတာပေါ့လေ …..။
စ ကထဲက သူနဲ့ပြထားတာမဟုတ်ဘဲ အခုမှလာတာကိုး ..။ ဆရာကြီးက အရင်ဆရာဝန်ပေးထားတဲ့ဆေးတွေ check up လုပ်ထားတာတွေ
အကုန်ပြန်ကြည့်ပါတယ်။ … ကွာတာက အခုဆရာဝန်ကြီးမှာ လူနာ ၂၀ ထက်ပိုမကြည့်ပါဘူး ..။ ကျနော့ကို အစအဆုံး ပြန်စစ်ခိုင်းပါတယ် ..။

ဆေစစ်တာကလည်း … နိုင်ငံတကာ အသိအမှတ်ပြု Austrilia နိုင်ငံရဲ့ branch တခုမှာစစ်ခိုင်းပါတယ် ..။
အတော်တော့ကုန်သဗျ ။ …အဖြေထွက်လာတာကတော့ ကျနော့မှာ B ပိုး လုံးဝမရှိတော့ပါဘူး …။
ဒီနေရာမှာ ကြုံတုံးပြောပြချင်တာက အသည်းအထူးကုနဲ့ B ပိုးရှိတယ်ဆိုပြီး ၃ နှစ်လုံးလုံး ကျနော် ဆေးကုနေခဲ့ရတာပါဘဲ ..။
အဲဒီမှာ လိုက်ပိုကော ဆီလီဗိုက်တာ လီဗိုလင် လောက်နဲ့ဆေးပေးနေတော့ ကျနော်စိတ်မရှည်ဘဲ ဆက်မပြတော့ပါဘူး ..။

ကျနော်ဆုံးရှုံးသွားတာက နိုင်ငံရပ်ခြားက ခေါ်တဲ့ အလုပ်တခုကို ၂ ကြိမ်တိုင်တိုင် B ပိုးရှိလို့ဆိုပြီး ကျနော်လက်လွှတ်ခဲ့ရပါတယ် ..။
အခုပြတဲကဆရာဝန်ကြီးကတော့ Antibiotic တွေကြောင့်လဲ ဖျားတတ်တယ် ။ ခင်ဗျားမှာ result တွေကမဆိုးပါဘူး … ဆီးချိုရှိတော့
အားနည်းနေတာမို့ဖျားတာပါ .. ဆိုပြီး ပိုးသတ်ဆေး မပေးပါဘူး …။ အားဆေးတွေပေးပါတယ် ..။ အရင်က အသည်းမကောင်းဘူး
ဆိုပြီးကျနော် သံဓါတ်ပါတဲ့ဆေးတွေရှောင်ခဲ့ပါတယ် …. အဲဒါကြောင့် သွေးအားနည်းနေပါတယ်။

ဆရာဝန်ကြီးကတော့ နာရီဝက် လေးဆယ့်ငါးမိနစ်လောက် အေးအေးဆေးဆေးရှင်းပြပါတယ် ..။ လူနာ ၁၀၀ လောက်ကြည့်တဲ့ ဆရာဝန်ကြီးကတော့
၁၅ မိနစ်လောက်စကားပြောခွင့်ရအောင် မနဲလုရပါတယ် …။

တခါတခါ အခြေအနေအရ စဉ်းစားခြင့်ချိန်ဖို့ အထူးလိုအပ်ကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျား ……။

About fatty

Zaw oo has written 351 post in this Website..

i am over 50. I have the knowledge of broadcasting and televising as a producer and have trading- company-experiences as well.