ဝေဖန်ပေးကြပါ …..

rabbitJuly 21, 20111min22219

သူငယ်ချင်းတို့ရေ .. တစ်ခုလောက်မေးမယ်နော် … အောက်မှာ ပြောထားတဲ့ စကားတွေကို ဖတ်ကြည့်ပြီး ဘယ်စကား ရိုင်းလဲ ဆိုတာ ဝေဖန်ပေးကြပါ

A        : ဟာ … ပုံ အလန်းတွေဘာတွေ တင်ထားပါလားဟ

B        : ဂေါက်သီး …. ပေါ်လာလိုက် ပျောက်သွားလိုက်နဲ့ ပါလား

A        : လင် —– ရူး

B        : စကားကို ဘယ်လို ပြောတာလဲ .. နင်ပြောတဲ့ စကားက နင့် အဆင့်ကို ပြတယ်

A        : ဘယ်သူက အရင် စပြောတာလဲ ..

 

ကဲ ဝေဖန်ပေးကြပါဦးနော် … ဂေါက်သီးဆိုတဲ့ စကားလုံးကရိုင်းတာလား … လင်—– ရူးဆိုတာက ရိုင်းတာလားလို့ ။

A က ယောက်ျားလေးပါ .. ကြယ်တွေလတွေနဲ့ပေါ့     B ကတော့ မိန်းကလေးပါ ..

19 comments

  • PaukPhaw

    July 21, 2011 at 12:25 pm

    rabbit ရေး…………………း.း………..
    ဘာကြီးတုန်း..
    အာဝါဒါးကြီး………..
    ဖိုရမ်ထဲမှာမေးပါရား……………..

    လင်တရူး ဆိုတာကိုတော့…ဟုတ်သည့်တိုင်အောင် မကြိုက်ဘူးဟေ့…..

  • နွယ်ပင်

    July 21, 2011 at 2:02 pm

    ဝေဖန်ပေးရရင်တော့ ဒီလိုပို့စ်မျိုးကို ဖိုရမ်ထဲမှာ တင်ရင်ပိုအဆင်ပြေပါတယ်

    • rabbit

      July 21, 2011 at 2:32 pm

      ဟုတ်တယ်နော် … ဖိုရမ်ထဲ ပြောင်းတင်လိုက်ဦးမယ် ဒါပေမဲ့ Comment ပေးထားကြတာကို မြင်စေချင်လို့ပါ

      • etone

        July 22, 2011 at 10:03 am

        ကိုယ့်ပို့စ်မှာ ကိုယ်မန်းတာ ကိုယ်ပြန်ရွေးတာ… ပထမဆုံးပဲ 😛 😛

        • rabbit

          July 22, 2011 at 10:11 am

          😀 .. I just click by accident … 😛 But I don’t know how to remove it ^^

      • Foreign Resident

        July 22, 2011 at 10:22 am

        Yes, ကိုယ့်ပို့စ်မှာ ကိုယ်မန်းတာ ကိုယ်ပြန်ရွေးတာ… ပထမဆုံးပဲ

    • rabbit

      July 21, 2011 at 2:53 pm

      ဝေဖန်ပေးတာတော့ ကျေးဇူးနော် မနွယ် ဒါပေမဲ့ ယုန် ဝေဖန်စေချင်တဲ့ Topic က ဘယ်နေရာမှာတင်သင့်လဲဆိုတာထက်ဂါက်သီးဆိုတဲ့ စကားလုံးကရိုင်းတာလား … လင်—– ရူးဆိုတာက ရိုင်းတာလားလို့ ဆိုတာကိုပါ .. မနွယ် … Anyway Thanks နော် … ဂါက်သီးဆိုတဲ့ စကားလုံးကရိုင်းတာလား … လင်—– ရူးဆိုတာက ရိုင်းတာလား ဆိုတာ ကိုလည်း ဝေဖန်ကြည့်ပါဦး

      • pan pan

        July 21, 2011 at 3:03 pm

        လင်_ရူးက ပိုရိုင်းတာပေ့ါ
        ရိုင်းလို့ပဲ စာထဲမှာတောင် “တဝမ်းပူ” ဖြုတ်ရေးပြီးတော့……မေးနေသေးတယ်

      • နွယ်ပင်

        July 21, 2011 at 3:59 pm

        ဒီစကား နှစ်ခုက မေးစရာတောင်မလိုပါဘူး rabbit ရေ
        စာရိုက်ရင်တောင် အဆင်မပြေလို့ “တ” ကိုသာ ဖြုတ်ထားရတာပဲဟာ ….

  • ogre

    July 21, 2011 at 3:55 pm

    ဂေါက်သီး ….
    လင် တ ရူး
    သူငယ်ချင်း အချင်းချင်းပြောရင် သီးခံ လို့ ရပေမယ့်
    မသိတဲလူကိုသွားပြောရင် …ထိုးကုန်ကြရောပေါ့။။
    သူငယ်ချင်းအချင်းချင်းကတော့ ““မင်းကတော့ဂေါက်သီးပဲကွာ ””ပြောကြပါတယ်
    မိန်ခလေးအချင်းချင်းလဲ““ ဟဲလင်တရူးမရေ”””ခေါ်ကြပါတယ်။။
    မိန်ခလေးနဲ ့ယောကျားလေး အပြန်အလှန်ပြောတာဆိုရင်တော့ ရန်ဖြစ်ကြပေါ့
    နှစ်ခုလုံးရိုင်းတယ်လေ။။။။

    • rabbit

      July 21, 2011 at 4:06 pm

      ဂေါက်သီးဆိုတာ ရိုင်းစိုင်းတဲ့ အဓိပါယ် မပါဘူးလို့ ယုန်ထင်ပါတယ် … ဂေါက်သီးဆိုတဲ့ စကားကို အူကြောင်ကြောင်ဆိုတာမျိုးလို့ နားလည်ထားပါတယ် .. ဒါပေမဲ့ လင် —- ရူးဆိုတာ ကတော့ …………..?????

  • AKKO

    July 21, 2011 at 4:10 pm

    ဂေါက်သီးဆိုတာ အူလည်လည် နဲ့ ဝေးတယ် ဆိုတဲ့ သဘောမျိုးလို့ နားလည်ထားတာပဲ …။
    ဒါပေမဲ့ ဂေါက်သီးလို့ ခေါ်ခံရလျှင် မသိစိတ်က ဘာဖြစ်မှန်းမသိဘူး … ဒေါကန်ချင်လာတယ် 😀

  • ဆူး

    July 21, 2011 at 11:45 pm

    ဘာတွေ မေးထားတာလဲဟင်.. နားမလည်ဘူး။

  • rabbit

    July 22, 2011 at 10:06 am

    မေးထားတာက ရှင်းရှင်းလေးပါ … ဂေါက်သီးဆိုတာနဲ့ လင်—–ရူးဆိုတဲ့ စကား နှစ်လုံးမှာ ဘယ်စကားက ပိုရိုင်းလဲဆိုတာကိုမေးထားတာပါ

  • တညင်သား

    July 22, 2011 at 10:42 am

    လင်_ရူး က ရိုင်းပါတယ် ….. ရွယ်တူ သူငယ်ချင်း ဖြစ်ပေမဲ့ ဂေါက်သီး ဆိုပြီး နောက်မှာ နုတ်ဆက်စကား ပါလာပါသေးတယ်.. လင်_ရူး ကတော့ ရွယ်တူလဲ မပြောသင့်တဲ့ စကားထင်ပါတယ်……..

  • မမလေး

    July 23, 2011 at 10:32 pm

    ဟုတ်တယ် … ဂေါက်သီးကတော့ လူတိုင်း စလိုက် နောက်လိုက် ပြောနေကျ ခေါ်နေကျပဲ … ဟိုလိုမျိုးတော့ မနှုတ်ဆက်ဘူး .. ဟာ လင်-ရူး ကြီးလို့ 😛

  • ရွှေဘိုသား

    July 24, 2011 at 10:03 am

    ဂေါက်သီးဆိုတာက ရင်းနှီးမှုကိုပြတာပါ အခုခေတ်ကတော.
    လင်—ရူးကတော. ရိုင်းတယ်လို.ထင်ပါတယ်

  • windtalker

    July 24, 2011 at 12:02 pm

    ကိုဘီလူး ပြောတာ မှန်ပါတယ် ။ ဒီ ဂေါက်သီး တို ့ လင်တရူး တို ့ဆိုတာ အရမ်းခင်တဲ့ သူငယ်ချင်း အထီး ၊ သူငယ်ချင်း အမ တွေ ကြား မှာသာ သုံးရတဲ့ အသုံးမျိုးပါ ။
    အရမ်းကြီး မခင်တဲ့ သူ တစ်ယောက်ယောက် ကို ခေါ ်ကြည့်ပါလား ။ ကွိုင်လတ်ပြီ ငါ့ကောင်ပဲ

Leave a Reply