ရောသမမွှေ

Lightning cristalJuly 21, 20111min1053

ကိုယ်ကြိုက်တာကိုယ်လုပ်ကိုယ်ဖြစ်ရင်ကိုယ်ခံ

ပညာတတ်ရင်လူတော်

အကျင့်ကောင်းရင်လူကောင်း

လူတော်လည်းဖြစ်ပါစေ

လူကောင်းလည်းဖြစ်ပါစေ

မဖြစ်နိုင်တာကိုအတင်းမယူစမ်းပါနဲ့

ဘဝဆိုတာတစ်ခုပေးမှတစ်ခုရတဲ့လူ့ဘဝပါ

မအိုချင်ရင်တော့လူပျိုအပျိုဘဝနဲ့သေ

မိဘကိုကျွေးနိုင်ပါလျက်နဲ့တမင်ပစ်ထားရင်

အကြွေးလည်းတင်မယ်လူယုတ်မာလည်းဖြစ်မယ်

မိုးပေါ်ကိုမော့ကြည့်ပါ

ဒါပေမဲ့….ခြေထောက်နဲ့မြေကြီးနဲ့တော့မလွတ်စေနဲ့

ဖြစ်သင့်တာကိုတွေးပါမဖြစ်သင့်တာကိုမတွေးပါနဲ့

ဖြစ်သင့်တာကိုလုပ်ပါမဖြစ်သင့်တာကိုမလုပ်ပါနဲ့

ဘဝမြင့်အောင်လုပ်ပါ

ဒါပေမဲ့…..ဘဝင်တော့မမြင့်လေနဲ့

in conclusion, we must try to become a conqueror by cracking ourselves.

3 comments

  • min min myint

    July 27, 2011 at 10:28 am

    လူပျိုအပျိုဘဝနဲ့သေရင်မအိုတော့ဘူးလား?
    အသက်(၈၀)ကျော်အရွယ်လူပျိုအပျိုဆိုရင်ရောမအိုသေးဘူးလား?
    မိဘကိုကျွေးနိုင်ပါလျှက်တမင်ပစ်ထားရင်ကျေးဇူးမသိတတ်လို့ပေါ့။
    တစိမ်းတောင်မှတလုပ်စားဖူးသူ့ကျေးဇူဆိုတာရှိတယ်လေ။

  • myat no

    July 27, 2011 at 10:51 am

    ကိုယ်ကြိုက်တာကိုယ်လုပ်ကိုယ်လုပ်တာကိုယ်ခံဆိုတာမှန်ပါတယ် ။ မအိုချင်ရင် အပျို ၊ လူပျို ဘဝနဲ့သေဆိုတာတော့
    လိုနေတယ်ထင်တယ် ။ ဒို့ရဲ့ဗုဒ္ဓဘာသာအယူအရအို ၊နာ ၊ သေ ၊ တော့ရှိတယ်ထင်တယ် ။ မိဘကိုလုပ်ကြွေးနိုင်ရဲ့နဲ့တော့လုပ်ကြွေးသင့်တယ်ထင်တယ် ။ ကိုယ့်မိသားစု လင် ၊သား ၊ မယား ၊အပေါ်
    လည်းဝတ်တရားမပြတ်စေနဲ့ပေါ့ ။ ဘဝကိုမြင့်အောင်နေဆိုတာကတော့ ကိုယ့်ရဲ့ပင်ကိုယ်စိတ်နေစိတ်
    ထားမြင့်မြတ်ဖို့ပါ ။စည်းစိမ်ကြွယ်ဝချမ်းသာမှု့တွေမလိုဘူးလို့ထင်တယ် ။

  • MOEPWINTPHYU

    July 27, 2011 at 11:01 am

    ကိုယ်ကြိုက်တာကိုယ်လုပ်ကိုယ်ဖြစ်ကိုခံ

Leave a Reply