လိုက်ဝံ့ ရဲ့ လား..ချစ်သူ

မြေ..ဘဲနိမ့်လို့လား…
လမ်းကြောင်ပဲ သင့်ခဲ့လား..
ဘဝမှာတော့
လှံချက်တွေ ဗရပွနဲ့ ကြုံးရုံးထခဲ့ဖူးတယ်…..။

သိပ်တော့မကြောက်တက်ပါဘူး..
လက်ဗလာနဲ့ဘေးထိုးနေတာ
အားလုံးကုန်မှအရင်းပေါ့

ကိုယ့်ဘဝနဲ့ကိုယ့်အကြောင်း
မကောင်းတော့ခံ
ကောင်းတော့ စံ ပေါ့..။

အဲသလိုမျိုး……
ဘဝကောက်ကြောင်းကို
ကိုယ်တိုင်ထုစစ်ပုံဖော်နေခဲ့တယ်
…….။
ဖျက်ရာတစ်ချို့..
အတ္တစစ်တစ်ချို့….
နာကျဉ်းသံတစ်ချို့….
သေရည်တစ်ချို့…
သံစဉ်တစ်ချို့……
………….
………
…..
တစ်ချို့…တစ်ချို့တွေနဲ့ပေါ့….။
ဒီလိုနဲ့……..
မထင်မှတ်ခဲ့ပဲ…..
ကိုယ့်ဘဝမှာ
မင်းအကြောင်းတွေပါလာတယ်…။

မမျှော်လင့်ခဲ့ပဲ….
နတ်သမီးအိမ်မက်တွေနဲ့
ပွေ့ဖတ်အိပ်စက်ခွင့်ရခဲ့တယ်….။

မယုံကြည်ခဲ့ပဲ
မင်း အချစ်တွေရခဲ့တယ်…..။
အဲဒီနောက်မှာတော့….
လှံ ချက်တစ်ချို့ပိုရလာတယ်..
ကိုယ့်ရဲ့အတ္တတစ်ချို့အရည်ထူလာတယ်…

……………….
အချစ်ရဲ့ အင်အားနဲ့ 
ကိုယ့်လှံချက်ကိုယ့်ရဲ့အတ္တတစ်ချို့
မင်းယုံကြည်မယ်ဆိုရင်…..

အရာရာအတွက်…..
ကိုယ်ကိုတိုင်ဘ၀ကိုတည်ဆောက်
အိမ်မက်ကို….
အကောင်ထည်ဖော်ပါ့မယ်

ချစ်တဲ့ ရွှေအိမ်ရေ….
ကိုယ့်နဲ့ အတူလိုက်ဝံ့ လား

အာလူးပူတီရွှေအိမ်စည်

ကဗျာ ကိုနှစ်သက်ပါကကူးမည်ဆိုလျှင် ကဗျာရေးသူအမည်ထိကူးပြီးမှဝေမျှပေးပါ။

ချစ်သောစိတ်ဖြင့်

About ရွှေအိမ်စည်

shweaeim si has written 103 post in this Website..