လိုက်ဝံ့လားချစ်သူ…

လိုက်ဝံ ့ရဲ ့လား..ချစ်သူ

မြေ..ဘဲနိမ့်လို့လား…
လမ်းကြောင်ပဲ သင့်ခဲ့လား..
ဘဝမှာတော့
လှံချက်တွေ ဗရပွနဲ့ ကြုံးရုံးထခဲ့ဖူးတယ်…..။

သိပ်တော့မကြောက်တက်ပါဘူး..
လက်ဗလာနဲ့ဘေးထိုးနေတာ
အားလုံးကုန်မှအရင်းပေါ့

ကိုယ့်ဘဝနဲ့ကိုယ့်အကြောင်း
မကောင်းတော့ခံ
ကောင်းတော့ စံ ပေါ့..။

အဲသလိုမျိုး……
ဘဝကောက်ကြောင်းကို
ကိုယ်တိုင်ထုစစ်ပုံဖော်နေခဲ့တယ်
…….။
ဖျက်ရာတစ်ချို့..
အတ္တစစ်တစ်ချို့….
နာကျဉ်းသံတစ်ချို့….
သေရည်တစ်ချို့…
သံစဉ်တစ်ချို့……
………….
………
…..
တစ်ချို့…တစ်ချို့တွေနဲ့ပေါ့….။
ဒီလိုနဲ့……..
မထင်မှတ်ခဲ့ပဲ…..
ကိုယ့်ဘဝမှာ
မင်းအကြောင်းတွေပါလာတယ်…။

မမျှော်လင့်ခဲ့ပဲ….
နတ်သမီးအိမ်မက်တွေနဲ့
ပွေ့ဖတ်အိပ်စက်ခွင့်ရခဲ့တယ်….။

မယုံကြည်ခဲ့ပဲ
မင်း အချစ်တွေရခဲ့တယ်…..။
အဲဒီနောက်မှာတော့….
လှံ ချက်တစ်ချို့ပိုရလာတယ်..
ကိုယ့်ရဲ့အတ္တတစ်ချို့အရည်ထူလာတယ်…

……………….
အချစ်ရဲ ့အင်အားနဲ ့
ကိုယ့်လှံချက်ကိုယ့်ရဲ့အတ္တတစ်ချို့
မင်းယုံကြည်မယ်ဆိုရင်…..

အရာရာအတွက်…..
ကိုယ်ကိုတိုင်ဘဝကိုတည်ဆောက်
အိမ်မက်ကို….
အကောင်ထည်ဖော်ပါ့မယ်

ချစ်တဲ ့ရွှေအိမ်ရေ….
ကိုယ့်နဲ ့အတူလိုက်ဝံ့ လား

အာလူးပူတီရွှေအိမ်စည်

ကဗျာ ကိုနှစ်သက်ပါကကူးမည်ဆိုလျှင် ကဗျာေရေးသူအမည်ထိကူးပြီးမှဝေမျှပေးပါ။

ချစ်သောစိတ်ဖြင့်

16 comments

  • zawmyothu

    July 21, 2011 at 3:05 pm

    မလိုက်ဝံ့ ဘူး
    စိတ်ကူးထဲက ဘဝနဲ. လက်တွေ.ဘဝက
    တခြားစီနော် ဟီးးးးးးးးးးးးး

  • pan pan

    July 21, 2011 at 3:26 pm

    ယုံကြည်မယ်ဆိုအတူလိုက်ခဲ့
    အရာရာပြင်ဆင်ပြီး
    ပင်လယ်ပြင်ကျော်ဖြတ်မယ့်
    လှေငယ်ဟာစုံလင်ပြီ
    ———————————-
    မသာယာတဲ့ ကိုယ့်ဘဝနေ့များထဲ
    မလှမ်းခဲ့ပါနဲ့ ချစ်သူရယ်
    ———————————-
    စွန့်စားမယ်ကိုယ့်အချစ်ရေ
    လိုက်ရဲလား
    ———————————–
    ကဲ! လိုက်လိုသူများ လိုက်ပါနိုင်ပြီး
    မလိုက်လိုပါက နေခဲ့နိုင်ကြောင်း
    လိုက်ရင်လာ—-လိုက်ရင်လာ 😀 😀 😀

  • shweaeimsi

    July 21, 2011 at 3:51 pm

    ချစ်တူလေ…အားလူးပူတီပေါ့…
    မဟုတ်ကဟုတ်က…ပိုလွန်းပြီးရေးတယ်…
    အထုတော့..လှည့်တောင်မကြည့်တော့ဘူး

  • etone

    July 21, 2011 at 4:46 pm

    နေပူထဲလဲ နေရဲပါတယ် … ။ ဆူးမွေ့ယာလည်း အိပ်ရဲပါတယ် …..ဆိုတဲ့ သီချင်းကြားလျှင် နားကြားပြင်းကတ်တယ် … ။
    အပို ဟန်လုပ်တတ်တဲ့ ယောကျာ်း ၊ စကားပြော ညက်တဲ့ ယောကျာ်းတွေက ပိုဆိုးတယ် … တကယ်တမ်း ဘဝကို နှဖူးတွေ ့ ဒူးတွေ့ ရင်ဆိုင်တော့မယ်ဆိုလျှင် … လစ်ပြေးရော ဟားဟား 😛 😛

    • နွယ်ပင်

      July 21, 2011 at 4:51 pm

      နေပူထဲလဲ နေရဲပါတယ် (ထီးကလေးပါရင်ပေါ့)
      ဆူးမွေ့ယာလဲ အိပ်ရဲygတယ် (အပေါ်က ဂွမ်းကပ်ထူထူလေး ခင်းထားရင်)
      အဲလိုလေး ဖြစ်မှာပါ etone ရယ် …. 🙂

    • pan pan

      July 21, 2011 at 4:59 pm

      “ဘဝကို နှဖူးတွေ ့ ဒူးတွေ့ ရင်ဆိုင်တော့မယ်ဆိုလျှင် … လစ်ပြေးရော ဟားဟား ”
      မetoneကို လုံးဝ ထောက်ခံပါတယ် 😀 😀
      တချို့ယောက်ျားတွေများ မိန်းမလောက်တောင်သတ္တိမရှိဘူး
      ပြောလိုက်ရင်တော့ မိုက်ရူးရဲမဆန်တာဆိုပြီး ကာဗာလုပ်ချင်သေးတယ်
      ရှက်ဖို့ကောင်းတယ်….ဟားဟား 😛

  • shweaeimsi

    July 21, 2011 at 5:00 pm

    တုန်တုန်ရယ်..ဒိလိုသာဆိုရင်တော့…အပျိုကြီးအဖွဲ ့ကနေ…..

    ဘိုးဘွားရိပ်သာ.ကို..တို ့တွေ တူတူ.တွားရတော့မှာပေါ့နော်

    ဟီးးးးးးးးးးးးးးးးးးးးးးရွှတ်…………

  • weRone

    July 21, 2011 at 6:04 pm

    မလိုက်ရဲပါဘူး…. ဆင်းရဲခြင်းက တခါးပေါက်က ဝင်လာတဲ့ အခါ အချစ်ခြင်းမေတ္တာက ပြတင်းပေါက် ကထွက်သွား သည်တဲ့။ စကားပုံ တစ်ခု ကြားဖူးတယ်.. လိုက်ရဲဘူး. ။ 😀 😛

  • cobra

    July 21, 2011 at 6:32 pm

    တကယ်ဆိုရင်အချစ်ပဲလိုတယ်တော့ကြားဖူးတယ်။
    ကျွန်တော်တို့ဗိုက်စာရင်ဘာစားကြမလဲ။

  • windtalker

    July 21, 2011 at 9:24 pm

    မလိုက်ချင်ဘူး ချစ်သူ
    အို မခေါ ်နဲ ့ချစ်သူ
    ပျင်းလို ့ပါ ချစ်သူ

  • unclegyi1974

    July 21, 2011 at 10:10 pm

    မန်းဂေဇက်ကမိန်းကလေးတွေကိုလာမေးရင်တော့
    လေကုန်ရေငတ်မှာပဲ သူတို့ကစဉ်းစားတတ်တယ်လေ
    ဒါပေမဲ့စိတ်မလျော့ပါနဲ့ဘာမှမစဉ်းစားပဲလိုက်ဝံ့တယ်
    ဆိုတဲ့မိန်းကလေးတွေလည်းအများကြီးကျန်ပါသေးတယ်

  • ဆူး

    July 21, 2011 at 10:38 pm

    မစဉ်းစားပါဘူး.. လိုက်ဘူး..

  • pooch

    July 21, 2011 at 11:24 pm

    မလိုက်ရဲပါဘူး ရွှေအိမ်စည်ရယ် ..ဘဝဆိုတာ အနိမ့်အမြင့်အတက်အကျတွေနဲ့ သတိထားနိုင်မှ တော်ကာကျတာ…တို့တော့ မမိုက်ရဲဘူး….

  • ရွှေဘိုသား

    July 22, 2011 at 9:48 am

    ကျွန်တော်လိုက်ရဲတယ် အစ်မနဲ.ဆို
    ရွှေဘိုရောက်အောင်လိုက်ရဲတယ်
    ဟိုကျရင်တော. ဆက်မလိုက်တော.ဘူး နေရစ်မှာဗျ

  • 007James

    July 22, 2011 at 12:51 pm

    ခေါင်းစဉ်နဲ့တင်ကြောက်စရာကြီး။ ဟင့်အင်း လိုက်ရဲဘူး။ သားသား ကြောက်ကြာက်။

Leave a Reply