ဒိပိုစ့်ကို သူငယ်ချင်းတစ်ယောက်က သူ့တွေ့ကြုံလာတဲ့ အင်တာနက်ဆိုင်အကြောင်းပြောပြလာလို့ ရေးဖြစ်တာပါ
အခုတစ်လော အင်တာနက်ဆိုင်တွေက ဟိုနေရာ ဒီနေရာမှာ မှိုလိုပေါက်လာကြတာ တော်တော်လေးကိုများတယ် ။ ဒါပေမယ့် လိုင်းကောင်းတဲ့ ဆိုင်ကတော့ သိပ်မရှိလှဘူးပဲ အဲတော့ လိုင်းကောင်းတဲ့ ဆိုင်ကို သွားပြီး သုံးကြတဲ့ သူတွေအများကြီးပါ ။ ဒီလိုပဲ သူငယ်ချင်းကလဲ အနီးအနားမှာ အင်တာနက်ဆိုင် ၇ှိတာတောင် မသုံးပဲ သူသုံးနေကျ ဘားလမ်းထဲ က အင်တာနက်ဆိုင်ထဲမှာ အမြဲလို သွားသုံးဖြစ်ပါတယ် ။သူ့အမျိုးသားကလဲ သဘောင်္သားဆိုတော့ မြို့တစ်မြို့ကို ကမ်းကပ်ပြီဆို သူ့မှာ အင်တာနက်ဆိုင်ကိုပြေးပြီး ဖုန်းခေါ်ရတာလဲ အမောပေါ့ အရင်တုန်းက Pfingo ကို ဝယ်ပြီး အလုပ်မှာ ခေါ်ဖြစ်ပင်မယ့် အခုနောက်ပိုင်း Pfingo က ဝယ်ဖို့ အဆင်မပြေတော့ ဘားလမ်းထဲက အင်တာနက်ဆိုင်ကိုပဲ အမြဲလိုလို သွားပြီး ခေါ်ဖြစ်တာ အမြဲတမ်းဖောက်သည်လိုတောင်ဖြစ်နေလောက်ပါပြီ ။အဲနေ့ကတော့ သူ့အမျိုးသားက မလေးရှားမှာ ကမ်းကပ်နေပြီဆိုတာနဲ့ သူလဲ ညနေ အလုပ်ဆင်းတော့ မိုးတွေ၇ွာနေတဲ့ကြားက ဖုန်းသွားခေါ်ဖြစ်တာပေါ့။ မိုးကရွာနေတော့ ဆိုင်ထဲ ဝင်ခါနီးက ဆိုင်က ကောင်မလေးက ထီးကိုယူထားပြီး နံပါတ်တစ်ခုကိုလဲ သူ့ပေးလိုက်တယ် ” အပြန်ကျမှာ ထီးယူပါအစ်မ ဆိုင်ထဲမှာရေတွေစိုနေမှာဆိုးလို့ ဆိုတော့ ” သူကလဲ အပ်ထားဖြစ်ခဲ့တယ် ။ ဒါပေမယ့် အဲ့နေ့က မိုးကလဲ အရမ်းရွာနေတော့ မြန်မာပြည်ရဲ့ထုံးစံအတိုင်း အင်တာနက်ကနေ တစ်ဆင့် ဖုန်းခေါ်တာလဲ လိုင်းကကျနေတာပေါ့ ဒါပေမယ့် သူခေါ်တာ သုံးမိနစ်ဝင်သွားလို့ဆိုပြီး (3) မိနစ်ခေါ်ဆိုခ (500) ကျပ်ပေးရမယ်ပေါ့ အမှန်က တစ်မိနစ်ကို (150)ဆိုတော့ ယူရမှာက (450) ပါ ၊သူတို့က အကြွေအမ်းစရာမရှိလို့ 500 တောင်းတာပါဆိုတော့ သူငယ်ချင်းကလဲ အေးအေးဆေးဆေးပဲ 50 လောက်နဲ့ မပြောချင်တော့ ပေးခဲ့တာပေါ့ ။ပြီးတော့ ထီးပြန်ယူဖို့ ကဒ်ကိုလဲ ပေးလိုက်ရော သူ့ထီးက မ၇ှိတော့ဘူး သူ့ထီးနဲ့ အဆင်အတွေးတူတဲ့ ထီးစုတ်လေး တစ်ချောင်းကိုပဲ တွေ့ရတယ် သူ့ကိုပေးလိုက်တဲ့ နံပါတ်က (30) အခုကျန်ခဲ့တဲ့ ထီးရဲ့ နံပါတ်က (52) ဆိုတော့ ဆိုင်ကဝန်ထမ်းကောင်မလေးတွေမှားပေးလိုက်တာပေါ့ ။ သူငယ်ချင်းက မိုးလဲချုပ် နောက်လဲနောက်ကျဆိုတော့ ထီးကို ပြန်၇ှာထားပေးပါ နောက်နေ့မှ ပြန်လာယူမယ်ပြောတော့ ဆိုင်ရှင် တရုတ်မကြီးကအစ နောက်နေ့ လဲ ထားပေးမယ်လို့ပြောပြီး သဘောတူလိုက်တယ် ။ ဒါပေမဲ့ နောက်နေ့လဲ ထီးလဲသွားယူရော သူငယ်ချင်းကို ဆိုင်ရှင်တရုတ်မကြီးက အပြတ်ကော်လွတ်ပါသတဲ့ သူငယ်ချင်းကလဲ မဟုတ်မခံဆိုတော့ သူတစ်ခွန်း ကိုယ်တစ်ခွန်းပြောပြီး ရန်ဖြစ်မလိုတဲ့ အထိပါဖြစ်ကြတာပေါ့ ။ဆိုင်ထဲမှာလဲ အင်တာနက် သုံးနေတဲ့ သူတွေပါ၇ှိတော့ အကုန်လုံးက ဝိုင်းကြည့်နေကြပါတယ် ။ဒါတောင် ဆိုင်က သူတို့ယူထားတာ မဟုတ်လို့ တာဝန်မယူနိုင်ပါဘူးလို့ချည်း ဇွတ်ပြောနေတာ အမှန်က သူ့ဝန်ထမ်းကောင်မလေး န့ပါတ်မှားပေးလိုက်တာကို သိသိချည်းနဲ့ ဆိုင်ရှင်မိန်းမက ဖိအော်နေတာ နောက်တော့ သူငယ်ချင်းက တာဝန်မယူနိုင်လဲ ရတယ် ဒီလောက်ဆက်ဆံရေး မကောင်းတဲ့ဆိုင် နောက်ဘယ်တော့မှ မလာဘူးတစ်ခြားသူတွေကိုလဲ ပြောပြမယ်ဆိုပြီး ပြန်လာတော့ သူ့မှာ ဒေါသတွေထွက်ပြီး အသံတွေတောင်တုန်နေတာ ။ အမှန်က သူငယ်ချင်းကပြောပါတယ် ထီးတန်ဖိုးက (10000) တောင်မကျော်လို့ ဘာမှ မဖြစ်ပင်မယ့် ဆိုင်ရှင် မိန်းမကြီးရဲ့ အပြောအဆိုနဲ့ သူ့ဆိုင်က ဝန်ထမ်းမှားတာကို တာဝန်မယူလို့ ဒီလောက်ထိ စကားပြောဖြစ်ရတာပါတဲ့ ။ စကားကို ယဉ်ယဉ်ကျေးကျေးပြောပြီး အဆင်ပြေအောင်ပြောရင် သူလဲ ဒီလောက်ထိ ပြောဖြစ်မှာ မဟုတ်ပါဘူးတဲ့ အခုကျတော့ ဆိုင်ရှင်မိန်းမကြီးက စကားကို မောက်မောက်မာမာနဲ့ အော်ကျယ်ကျယ်ပြောတော့ အခုလိုတွေဖြစ်ကြတာပေါ့ ။ ဘယ်လိုပဲဖြစ်ဖြစ် အခုကျတော့ ဆိုင်ဘက်ကဆိုရင်လဲ Customar တစ်ယောက်လျော့ သလို (သူက တစ်ခါဖုန်းပြောရင် အနည်းဆုံး တစ်နာရီလောက်ပြောတက်လို့ တစ်လကို အဲ့ဆိုင်မှာ လေး/ငါးသောင်းဖိုးလောက် အားပေးနေသူပေါ့) အခု သူငယ်ချင်းနဲ့ ပတ်သက်ပြီး အဲ့ဆိုင်မှာဖုန်းပြောနေတဲ့ သူတွေကလဲ မသွားကြတော့ဘူး
သူငယ်ချင်းဘက်ကကြည့်ရင်လဲ သူ့အတွက် လိုင်းကောင်းပြီး ဖုန်းပြောရအဆင်ပြေမယ့် အင်တာနက်ဆိုင်ကို ၇ှာရဦးမယ် ။

သူငယ်ချင်းပြောပြတာကို နားထောင်ရင်း နွယ်ပင်သိလိုက်တာက လူတော်တော်များက နှုတ်ချိုတာ စကားပြော ပြေပြစ်တာ
အချိန်အခါကိုလိုက်ပြီး ပြေပြစ်တဲ့ ဆက်ဆံေ၇းနဲ့ ဝန်ဆောင်မူသေသေချာချာပေးနိုင်တာကိုပဲ ကြိုက်ကြတာဆိုတာပေါ့ …

ဘယ်လိုပဲဖြစ်ဖြစ် လောကမှာ နှုတ်ချို သျှိုတစ်ပါး တဲ့ စကားပြောပြေပြစ်ရင် လေယာဉ်ပျံတောင် အလကားစီးလို့ရတယ်ဆိုပဲ :)

About နွယ်ပင်

နွယ် ပင် has written 243 post in this Website..