မန္တလေးက တစ်ကိုယ်တော်အာဇာနည်နေ့အခမ်းအနား ပုံလေးတွေကို ထပ်မံတင်ပေးလိုက်ပါတယ်ဗျာ…

 

နေ့လည်ပိုင်းမှာ သူရဲ့ရှေ့က ဗိုလ်ချုပ်ပုံလေးကို လူတချို့က ခွာသွားပါတယ်… သူကတော့ မနော်ယမ္မံပန်းခြံထဲမှာ ထည်းထည်းကြီးရှိနေတဲ့ ဗိုလ်ချုပ်ကြေးရုပ်ဘက်ကို မျက်နှာမူရင်း မေတ္တာပို့နေတုန်းပါ

တချို့ကလည်း သူနဲ့အတူ ဗိုလ်ချုပ်နဲ့တကွ အာဇာနည်တွေကို ထိုင်ကန်တော့ပြီး အလေးပြုသွားကြပါတယ်

သူ့ရဲ့ရှေ့မှာ သူမြတ်နိုးတဲ့ ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့စကားနဲ့ ဗိုလ်ချုပ်ဟောတဲ့ တရား စာအုပ်ကလေးချပြီးတော့လေ…

နံမည်ကြီးချင်လို့ လုပ်တာမဟုတ်ပေမယ့် ယခုအခါမှာတော့ သူဟာ ထင်ပေါ်တဲ့သူတစ်ဦးဖြစ်သွားပါတယ်…

သူက မနက် ၁၀ နာရီဝန်းကျင်ကနေ နေ့လည် ၄ နာရီ ၀န်းကျင်ခန့်ထိ ဒီတိုင်းလေး နေသွားခဲ့တာပါ

 

 

About piti

ko piti has written 17 post in this Website..

I'm Myanmar. I love Myanmar. I live in Mandalay.