မန္တလေးက တစ်ကိုယ်တော်အာဇာနည်နေ့အခမ်းအနား ပုံလေးတွေ

pitiJuly 21, 20111min1104

မန္တလေးက တစ်ကိုယ်တော်အာဇာနည်နေ့အခမ်းအနား ပုံလေးတွေကို ထပ်မံတင်ပေးလိုက်ပါတယ်ဗျာ…

 

နေ့လည်ပိုင်းမှာ သူရဲ့ရှေ့က ဗိုလ်ချုပ်ပုံလေးကို လူတချို့က ခွာသွားပါတယ်… သူကတော့ မနော်ယမ္မံပန်းခြံထဲမှာ ထည်းထည်းကြီးရှိနေတဲ့ ဗိုလ်ချုပ်ကြေးရုပ်ဘက်ကို မျက်နှာမူရင်း မေတ္တာပို့နေတုန်းပါ

တချို့ကလည်း သူနဲ့အတူ ဗိုလ်ချုပ်နဲ့တကွ အာဇာနည်တွေကို ထိုင်ကန်တော့ပြီး အလေးပြုသွားကြပါတယ်

သူ့ရဲ့ရှေ့မှာ သူမြတ်နိုးတဲ့ ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့စကားနဲ့ ဗိုလ်ချုပ်ဟောတဲ့ တရား စာအုပ်ကလေးချပြီးတော့လေ…

နံမည်ကြီးချင်လို့ လုပ်တာမဟုတ်ပေမယ့် ယခုအခါမှာတော့ သူဟာ ထင်ပေါ်တဲ့သူတစ်ဦးဖြစ်သွားပါတယ်…

သူက မနက် ၁ဝ နာရီဝန်းကျင်ကနေ နေ့လည် ၄ နာရီ ဝန်းကျင်ခန့်ထိ ဒီတိုင်းလေး နေသွားခဲ့တာပါ

 

 

4 comments

  • piti

    July 21, 2011 at 3:40 pm

    ကွန်နက်ရှင်သိပ်မကောင်းလို့ ဘာတွေဖြစ်သွားမှန်းတောင် သိလိုက်ဘူးဗျာ

  • manawphyulay

    July 21, 2011 at 4:25 pm

    လူတွေက သူလို့ အလေးမပြုကြပဲ သူ့ကိုပဲ ဝိုင်းကြည့်နေကြတယ်နော်… ဒီလူတွေက ပိုပြီး အံ့ဩဖို့ကောင်းမနေဘူးလားဟင်…

    • pan pan

      July 22, 2011 at 2:55 pm

      အင်းလေ..ဟုတ်ပ
      အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကို အလေးပြုတာ ထူးဆန်းတာမှမဟုတ်တာ
      တစ်ယောက်တည်းပဲ အလေးပြုပြု၊ အုပ်စုလိုက်ပဲလုပ်လုပ်ပေ့ါ
      အဲဒါကို ထူးဆန်းသလို ဘာလိုလို ဝိုင်းကြည့်တဲ့လူတွေကမှ တကယ့်ထူးဆန်းထွေလာပဲ

Leave a Reply