ကျွန်တော်နှင့် ဘာသာမဲ့

koyoJuly 21, 20111min23638

ဘာသာတရားတို့၏ အလေးမူရာ ညွှန်းဆိုချက်ကို ကျွန်တော်နားလည်သလို မိတ်ဆွေများထံ ဝေငှလိုက်ပါရစေ။ တစ်စုံတစ်ရာ အသိအမြင်တစ်ခုကိုရရှိစေ ဖို့မျှော်လင့်ချက်နဲ့ပေါ့။ ဘာသာတရားတွေက လူတွေကိုဘာဖြစ်စေချင်တယ် လို့ မိတ်ဆွေတို့ထင်မြင်ပါသလဲ။ ကျွန်တော့်အမြင်ကတော့ ဘာသာမဲ့ဆိုတာ ဘယ် ဘာသာကိုမှ မကိုးကွယ်မယုံကြည်တာလို့ မယူဆလိုပါ။ ကိုးကွယ်ယုံ ကြည်ခြင်းကြောင့် လူတွေဟာ အစုအဖွဲ့တွေဖြစ်ကုန်ကြပြီး တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အ ငြင်းပွားစေတယ်ဆိုရင် ဒါဟာ ဘာသာတရားက လူတွေအတွက် ဆူးငြောင့်ခ လုတ်ဖြစ်နေလို့ပါပဲ။ ဘာသာတရားတိုင်းက ကိုယ့်ဘာသာကိုပဲအမှန်လို့ဆုပ် ကိုင်ထားကြတယ်။ ဒါ့ကြောင့် လူတစ်စုနှင့်တစ်စုခိုက်ရန်ဖြစ်ပြီး လူတွေငြိမ်း ချမ်းလို့မရနိူင်တော့ဘူးပေါ့။ တကယ်တော့ ဘာသာတရားတွေရဲ့ပန်းတိုင်ဟာ လူတွေငြိမ်းချမ်းကြဖို့မဟုတ်ပါလား။ ဒါပေမယ့် ယနေ့လက်ရှိဘာသာတရား တွေဟာ တစ်ခြားတစ်ခြားသောဘာသာတရားတွေနဲ့သာမက ပင်မဘာသာ  တရားအချင်းချင်းတောင် ပဋိပက္ခတွေငြှိမ်းလို့မရနိုင်ဖြစ်နေကြလေရဲ့။ ဤသို့ သောအခြေအနေမျိုးတွင် ကျွန်တော်သည် ဘာသာမဲ့တစ်ယောက်ဖြစ်သွားပါ တော့သည်။

ဘာသာမဲ့ဖြစ်သွားသော ထိုကျွန်တော်သည် အဘယ်အသိအမြင်နှင့်နေ ထိုင်သည်ဟု မိတ်ဆွေထင်မြင်ပါသနည်း။ လူကိုမငြိမ်းချမ်းစေတဲ့ ဘာသာတ ရားတိုင်းဆီက ဘုံတူညီချက်ဖြစ်တဲ့မကောင်းမူတို့ကို ရှောင်ြ်ကဉ်လိုက်နာခြင်း ဖြင့်နေထိုင်လျှက်ရှိပါတယ်။ ထိုရောအခါ ကျွန်တော်သည် မည်သည့်ဘာသာ ဝင်နှင့်မဆို ပဋိပက္ခတို့ငြိမ်း၍နေလေတော့၏။ ပဋိပက္ခတို့မရှိတော့ခြင်း၏တန် ဖိုးကို ပဋိပက္ခမရှိတော့မှသာ သိမြင်နားလည်နိုင်ခွင့်ရှိပါသည်။ မိတ်ဆွေ သင် ခေါင်းရှုပ်သွားပါသလား။

 

ထိုအရှုပ်ကို အရှုပ်အတိုင်းမထားလိုက်ပါနှင့် သတ္တဝါအားလုံးထဲမှာ လူဆိုသောသတ္တဝါသည် အရှုပ်တို့ကို အရှင်းနိုင်ဆုံးသောသတ္တဝါပါ။ ထိုအ ရှုပ်ကိုရှင်းချင်သူ မည်သူမဆို လိုက်နာရမည့်အချက်သည် တစ်ချက်ကလေး သာရှိပါလေ၏။ ထိုအချက်ကား ရိုးသားခြင်းပင်တည်း။ ဤစကားကြောင့် မိတ်ဆွေစိတ်ထဲမှာ ပေါ့ဟာဟာ ဖြစ်သွားလိမ့်မယ်ထင်ပါတယ်။ လူတွေဟာ ရိုးသားချင်ကြပေမယ့် ရိုးရိုးသားသားဖြစ်မနေကြတာတွေကို မိတ်ဆွေ မတွေ့ ချင် မမြင်ချင်အဆုံး တွေ့နေရမှာပါ။ သည်အဖြစ်တွေကိုကြည့်ပြီး ရိုးသားဖို့ဆို တာ အဘယ်မျှထိခက်ခဲတယ်ဆိုတာကို နားလည်သဘောပေါက်မယ်ထင်ပါ တယ်။

ကျွန်တော်အဘယ်ကဲ့သို့ ရိုးရိုးသားသားနေနေပါသလဲ။ ကျွန်တော့် ့်အမြင်နှင့်ကျွန်တော့် ရိုးသားပုံကို တင်ပြပါရစေ။ ကျွန်တော်သည် ခရစ်စ ယာန်ဘာသာကို ကိုးကွယ်ယုံကြည်သောလူတစ်ယောက်ယောက်နှင့် ပေါင်း သင်းဆက်ဆံရသောအခါ ထိုသူက အရာရာတိုင်းသည် ဘုရားသခင်၏ အလိုအတိုင်းသာဖြစ်ကြရသည်။လူတစ်ယောက် အဆင်းလှခြင်း အဆင်းမ လှခြင်း၊ ချမ်းသာခြင်း ဆင်းရဲခြင်း၊ ပညာတတ်ခြင်း ပညာမတတ်ခြင်း၊ အ သက်ရှည်ခြင်း အသက်မရှည်ခြင်း…အစစတို့သည် ဘုရားသခင်၏ အလိုအ တိုင်းဟုဆိုလာ၏။ ထို့ကြောင့် ဘုရားသခင်၏မျက်နာသာပေးမှုကို ရရှိစေဖို့ မ ကောင်းမှုတို့ကို မပြုလုပ်ရန် စေတနာဖြင့် ပြောဆိုဆုံးမလာ၏။

ထိုသူအား ကျွန်တော်ပြန်ပြောပါမည်။ ကျွန်တော်နှင့်ခင်ဗျား ပေါင်း သင်းဆက်ဆံသောအခါ ခင်ဗျားအပေါ်ကို ကျွန်တော်ဘာမှ မကောက်ကျစ် မလိမ်လည် အမျက်မထားမိအောင်နေပါသည်။ ကူညီစောင်မခွင့်ရလျှင် ကူ ညီစောင်မနိုင်အောင်ကြိုးစားပါမည်။ ခင်ဗျားအပေါ်မှာ ဘာမှအနှောင့်အရှက် မပေးမိအောင်နေပါသည်။ ထိုသို့နေထိုင်ခြင်းကြောင့် ခင်ဗျားနှင့်ကျွန်တော် မိတ်ဆွေမဖြစ်နိုင်ဘူးလားဟု ပြောပါမည်။ ထိုသူမည်ကဲ့သို့ဖြေမည်ဟု မိတ် ဆွေထင်ပါသနည်း။

ထိုနည်းတူစွာ ဟိန္ဒူဘာသာကို ကိုးကွယ်ယုံကြည်သူ၊ မွတ်စလင်ဘာ သာကို ကိုးကွယ်ယုံကြည်သူတို့ကလည်း သူတို့ဘာသာ၏ လမ်းညွှန်ချက်ရှိ သည့်အတိုင်း ပြေဆိုလာသည်ဆိုပါအံ့။ ကျွှန်တော်သည် ပြောခဲ့ပြီးသလို ပြန် လည်ပြောပါမည်။ ထိုသူတို့သည် ကျွှန်တော့်အား မည်ကဲ့သို့ တုန့်ပြန်ကြဟု မိတ်ဆွေထင်ပါသနည်း။ အလားတူစွာပင် ဗုဒ္ဓဘာသာဝင်တို့ကလည်း နောက်ဘဝ နောက်ဘဝက ကုသိုလ်ကံ အကုသိုလ်ကံတို့အလျှောက် အဆင်းလှခြင်း အဆင်းမလှခြင်း၊ ချမ်းသာခြင်း ဆင်းရဲခြင်း၊ ပညာတတ်ခြင်း ပညာမတတ်ခြင်း၊ အသက်ရှည်ခြင်း အသက်မရှည်ခြင်း…အစစတို့သည် ကွဲ ပြားကြရလေကုန်၏။ ထို့ကြောင့် မကောင်းမူတို့ကို ရှောင်ရှား၍ ကောင်းမူတို့ ကို ပြုလုပ်ရန် ပြောဆိုလာပါအံ့။ ထိုသူအားလည်း ပြောခဲ့ပြီးသလို ပြန်လည် ပြောဆိုရပါလိမ့်မည်။ထိုရောအခါ ထိုသူ မည်ကဲ့သို့ဖြေမည်ဟု မိတ်ဆွေထင် ပါသနည်း။

ကျွှန်တော်သည် လူတို့အား လေးစားပါ၏ တန်ဖိုးထားပါ၏။ ထို့ကြောင့် ကျွှန်တော်သည် လူတို့အား တလေးတစားဆက်ဆံပါ၏။ တန်ဖိုးထား၍

ဆက်ဆံပါ၏။ ထို့ကြောင့် လူတို့ဆီမှ ထွက်ပေါ်လာသော လူမူဆင်းရဲတို့မှ ဆိတ်သုဉ်း၍နေလေတော့၏။ ထိုကဲ့သို့ နေထိုင်ကျင့်သုံးလျှက်ရှိသောသူအား မည်သည့်ဘာသာဝင်ဖြစ်သည်ဟူ၍သတ်မှတ်ကြပါမည်နည်း။

38 comments

  • lionking

    July 21, 2011 at 3:39 pm

    ဘာသာမဲ့ဆိုတာလေးကို အဓိပ္ပါယ် ဖွင့်ပြပါဦး။ နိုင်ငံတကာမှာရှိတဲ့ ဘာသာမဲ့ကဘယ်လို အမြင်တွေရှိပြီး ဘာသာမဲ့ ဖြစ်တာလဲနဲ့ အသင်ကရော ဘယ်လိုအမြင်တွေရှိပြီး ဘာသာမဲ့အယူအဆကို ယူဆတာလဲ။ ဒါလေး ကို အရင်ရှင်းပြစေချင်ပါတယ်။ နောက်ပြီး အသင်ပြောတယ်လေ ဘယ်ဘာသာရဲ့ အယူအဆက ဘယ်လို ဘာညာတွေဟာ ဘာသာမဲ့အယူအဆကို တင်ပြဘို့ တကယ်ရော အထောက်အပံ့ ဖြစ်စေသလားပေါ့။

  • etone

    July 21, 2011 at 4:58 pm

    သူငယ်ချင်းတယောက်က ဘာသာမဲ့ပါ … ။
    သဘောင်္သား လုပ်နေပြ ီး … ရေလမ်းဘာညာသွားလည်း ဘာမှကို မကိုးကွယ်ဘူး… ကျွန်မတို့က ဘာသာရေးနဲ့ ခြောက်လည်း မကြောက်ဘူး … ။
    မိမိကိုယ်သာ ကိုးကွယ်ရာတဲ့ … 😛

  • True Answer

    July 21, 2011 at 5:13 pm

    ဘာအယူကိုမှ မယူတဲ့ အယူကို ………….ယူသူ။
    ဘာကိုမှ မကိုးကွယ်တဲ့လုပ်ရပ်ကို ……………ကိုးကွယ်သူ။
    ဘာသာသာကိုမှ မယုံကြည်တဲ့ဘာသာကို ……..ယုံကြည်ကိုးကွယ်သူ ။
    တစ်ယောက် – တစ်ဘာသာ။
    ကို်ယ့်ကိလေသာနဲ့ ကိုယ်ပါ။

  • koyo

    July 21, 2011 at 5:20 pm

    ူူlionking ရေ စာကိုသေသေချာချာဖတ်စေချင်ပါတယ်။ တဆက်တည်း etoneကိုလည်းပြောလိုက်ပါရစေ။
    ကိုယ့် ကိုယ်ကိုကိုးကွယ်တဲ့သူဟာ ဘာသာမဲ့စစ်စစ် ရေမရောတဲ့ စစ်မှစစ် ဘာသာမဲ့စစ်ပါပဲလို့။ ဘာသာမဲ့
    ဆိုသူက ရေလမ်းသွားမယ်ဆိုရင် ကိုယ်သွားမယ့် လှေ၊သင်္ဘောကိုသေချာခိုင်ခံ့အောင်ပြင်ဆင်မယ်။ မိုးလေဝသ သတင်းကိုအမြဲနားစွင့်ထားမယ်။ပင်လယ်ဓားပြတွေရဲ့ လှုပ်ရှားမှုတွေကို တတ်နိုင်သလောက်စောင့်ကြည်မယ်။ဒါဆိုရင် ဘာမှကြောက်စရာမလိုတော့ဘူးပေါ့။

  • koyo

    July 21, 2011 at 5:39 pm

    True Answer နားလည်မှုလွဲနေပါတယ်လို့ပြောလိုက်ပါရစေ။အယူဆိုတာ ဘာကိုပြောတာပါလဲ။ ဘာကိုမှ မကိုးကွယ်တဲ့ လုပ်ရပ်ဆိုတာကရော ဘယ်လိုလုပ်ရပ်ကိုပြောတာပါလဲ။ သူများပါးစပ်ဖျားမှာ လမ်းမဆုံးဘဲ
    လုပ်သင့်တာနဲ့ မလုပ်သင့်တာကို ကိုယ်တိုင်နေသူ။ ဒီသူဟာ ဘယ်ဘာကို ကိုးကွယ်စရာလိုအုံးမှာလဲ။ ကိလေ
    သာဆိုတဲ့ စကားလုံးကြီးနဲ့တော့ မခြိမ်းခြောက်လိုက်စေချင်ပါ။

  • realman

    July 21, 2011 at 6:15 pm

    လူတွေယဉ်ကျေးနေကြတာဟာ လူ့အသိအရ၊ သမိုင်းအတွေ့အကြုံတွေအရ ယဉ်ကျေးနေကြတာပါ။ လူအဝန်းအဝိုင်းကနေ ဘာသာရေးဆိုတာတွေ ဖယ်ကြည့်လိုက်ပါ။ ဒီထက်ပို ရိုင်းမသွားနိုင်ပါဘူး။ ဘာသာရေးဆိုတဲ့ အစွဲတွေ ကင်းသွားလို့ ပိုတောင် ယဉ်ကျေးလာလိမ့်မယ်လို့ ထင်ပါတယ်။ လူတွေ ရိုးသားပြီး ယဉ်ကျေးဖို့မှာ တကယ်လိုအပ်တာက ရိုးသားစေတဲ့ အသိဉာဏ်လမ်းညွှန်မှုပါ။ ဒီအသိဉာဏ်ကို ဘာသာရေးတွေကပဲ ပေးသလိုနဲ့ ဒီခေတ်မှာ ဘာသာရေးသမားတွေက လုပ်စားနေကြတာ။

  • True Answer

    July 22, 2011 at 9:21 am

    ၁၉၄၆ ခုနှစ် ဇန်နဝါရီလ (၂၀) ရက် ဖဆပလညီလာခံ (ရွွှေတိဂုံအလယ်ပစ္စယံ)တွင် သံဃာတော် များအား ဗိုလ်ချုပ်အောင်ဆန်း၏ သာသနာရေး သီးခြား လျှောက်ထားချက်။

    “ဘာသာရေးသည် ကျွန်ုပ်တို့လူမှုကို ရှုပ်ထွေးစေသည်မဟုတ်။ ဘာသာတရားကို မှီ၍ အသက် မွေးကြကုန်သော သူတို့သာလျှင် ရှုပ်ထွေးစေကြ၏။ ဘာသာတရားကို ကြည့်ပြန်မူ ဤကဲ့သို့သော သူမျိုးကို အားပေးခြင်း မရှိသည်ကို တွေ့မြင်ကြရပေမည်။ သို့သော်လည်း အသီးအသီးသော ဘာသာတရားတို့ကို မှီ၍ အသက်မွေးကြကုန်သော သူများရှိခဲ့ဖူးလေပြီ။

    ဥရောပတိုက်၌ ရဟန်းမင်းကြီးများနှင့် ဧကရာဇ်မင်းတို့ အချင်းဖြစ်ပွားခဲ့ပုံ၊ ကျွန်ုပ်တို့ နိုင်ငံ၌ အရည်းကြီးများနှင့် အနော်ရထာမင်းမြတ်အရေးတွေ့ရပုံ၊ အနောက်နိုင်ငံကြီးများ နယ်ချဲ့ရာတွင် သမ္မာကျမ်းစာကိုင်သူတို့က ရှေ့သွားလုပ်၍ အလံကိုင်သူနှင့် ကုန်သည်တို့က နောက်မှ လိုက်ရပုံ အကြောင်းစုံတို့ကို ထောက်ထားလျက် မည်သည့်ကာလဒေသ၌ မဆို ဘာသာတရားကို မှီ၍ အသက်မွေးကြသူများ ရှိခဲ့ဖူးကြောင်းကို ကျွန်ုပ်တို့ သတိရကြပေလိမ့်မည်။

    ယခု ဘာသာတရားကို မှီ၍ အသက်မွေးသူများဟု ဆိုရာ၌ ရှင်းလင်းရန်လိုပေသေး၏။ ဘုန်းကြီးပင်ခေါ်ခေါ် ရဟန်းပင်ခေါ်ခေါ် နှစ်မျိုးနှစ်စားရှိ၏။ တစ်မျိုးမှာ ဘာသာတရားကို မှီ၍ အသက်မွေးသူများသာဖြစ်၍ ဘာသာတရားပြန့်ပွားတိုးတက်မှုကို သတိပြုခြင်း အားထုတ်ခြင်း မရှိချေ။ ဘာသာတရားနှင့် ဆန့်ကျင်သောအမှုကိုပင် ပြုကြ၏။ တစ်မျိုးမှာကား ဘာသာတရား တိုးတက်ပြန့်ပွားမှုကို လေးစား၍ လောကီသားတို့၏ အမှုကို ရှေ့ရှုခြင်းမရှိချေ။

    ကျွန်ုပ်တို့၏ တိုင်းပြည်တွင် သံဃာတော်အရှင်မြတ်များသည် ရာဇဝင်တစ်လျှောက်လုံး ကျွန်ုပ်တို့လူမျိုး၏ ရှေ့က မားမားမတ်မတ် ရပ်လျက် မြင့်မြတ်သော အမှုကိုသာ ပြုခဲ့ကြပေ၏။ ရှေးခေတ်များ၌ သံဃာတော် အရှင်မြတ်များသည် ကျွန်ုပ်တို့တစ်မျိုးလုံးကို ပညာသင်ပေးရန် တာဝန်ကို ထမ်းဆောင်ခဲ့ကြပေသည်။ ယခုခေတ်၌ပင် တောရွာများတွင် သံဃာတော်အရှင်သူမြတ်များ ပညာသင်ကြားပေးလျက် ရှိသောကြောင့် မြောက်မြားစွာသော အမျိုးသားတို့သည် စာပေတတ်မြောက်ကြပေ၏။

    အချုပ်မှာ သံဃာတော်အရှင်မြတ်များ၏ စေတနာလုံ့လကြောင့် ကျွန်ုပ်တို့၏ စိတ်ဓါတ် မြင့်မြတ်မှု အသွင်အပြင်ယဉ်ကျေးမှုတို့သည် အထူးသဖြင့် တိုးတက်ခဲ့လေသည်။ ထိုအကြောင်းများကြောင့် ကျွန်ုပ်တို့၏ သံဃာတော်အရှင်မြတ်များသည် ကျွန်ုပ်တို့၏ ထူးကဲသော ကျေးဇူးဥပကာရကို ခံတော်မူထိုက်ကြပါပေ၏။

    ကျွန်ုပ်တို့နိုင်ငံတွင် များသောအားဖြင့် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသည်ဖြစ်သောကြောင့် အခြားဘာသာတရားများကို မထိခိုက်စေဘဲ ပြောလိုသည်မှာ နှစ်ပေါင်း ၂၅၀ဝ အတွင်း လိမ်းကပ်၍ လာခဲ့သော ကြေးညှော်တို့ကို ကျွန်ုပ်တို့ ပွတ်တိုက်နိုင်ခဲ့ပါလျှင် ဗုဒ္ဓဘာသာ သာသနာရောင်သည် ကမ္ဘာပေါ်တွင် အထွန်းပြောင်ဆုံး ဖြစ်လာလိမ့်မည် ဟူ၍ ယူဆရပေမည်။

    သို့ဖြစ်ပါသောကြောင့် ယခု သံဃာတော်အရှင်သူမြတ်များအား သီးခြား၍ လျှောက်ထားလိုပါသည် ဘုရား။ အရှင်သူမြတ်များဘုရား။ အရှင်ဘုရားတို့သည် အလွန်ထူးကဲသော ဗုဒ္ဓသာသနာတော်ထမ်း ရဟန်းမြတ်များ ဖြစ်တော်မူကြပါသည်။ အရှင်ဘုရားတို့က သာသနာတော်ရောင် ထွန်းပြောင်အောင် အားထုတ်တော်မူကြပါ။ ကမ္ဘာလောကကြီးကို သာသနာရောင် အလင်းပေးတော်မူကြပါ။ သို့မှသာလျှင် ကမ္ဘာသူကမ္ဘာသားတို့ မေတ္တာပွားများ၍ သမစိတ္တနှင့် ညီအရင်း အကို မောင်ရင်းနှစ်မ ကဲ့သို့ နေနိုင်ကြပါလိမ့်မည်။

    အရှင်သူမြတ်များကို ဘုရားတပည့်တော်တို့ ကိုးကွယ်ဆည်းကပ်ပါသည်။ တစ်ကမ္ဘာလုံး ကိုးကွယ် ဆည်းကပ်သည်ကိုလည်း မြင်ချင်လှပါသည်။ တပည့်တော်တို့ နိုင်ငံမှာသာမက တစ်ကမ္ဘာလုံးမှာပင် မေတ္တာတရား သမစိတ္တ သဘောထားတို့ကို ပြုပြင်နိုင်သော စွမ်းပကား အရှင်ဘုရားတို့မှာ ရှိပါသည်။ ဤစွမ်းပကားကို သုံးရာ၌ အောင်မြင်တော်မူပါလျှင် မနုဿလူတစ်မျိုးလုံး အစဉ်အဆက် နှစ်ပရိစ္ဆေဒ ရှည်လျားစွာ ရှိခိုးပူဇော်ကြပါလိမ့်မည်။ ဤကဲ့သို့ ဆောင်ရွက်မှုသည် သာသနာဖက်ကသာ ကြည့်၍ မြင့်မြတ်သည် မဟုတ်ပါ။ တပည့်တော်တို့၏ နိုင်ငံနှင့်လူမျိုးအတွက် အမြင့်မြတ်ဆုံးသော နိုင်ငံရေးကို ဆောင်ရွက်ရာလည်း ရောက်ပါသည်ဘုရား။

    တပည့်တော်တို့ နိုင်ငံအရပ်ရပ်သို့ ကြွရောက်တော်မူပြီးလျှင် မေတ္တာတရား၊ညီညွတ်ရေး တရားကိုလည်း ဟောတော်မူကြပါ။ မြင့်မြတ်သော လွတ်လပ်ရေး တရားကိုလည်း ဟောတော်မူကြပါ။

    မြင့်မြတ်သော လွတ်လပ်ရေးဆိုရာ၌ လွတ်လပ်စွာ ဘာသာတရား ကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ဘာသာတရားကို ကာလဒေသမရွေး ဟောပြောနိုင်မှု၊ ကြောက်ရွံ့ စိုးရိမ်ပူပန်ခြင်းမှ ကင်းလွတ်မှု၊ လူအ လူန ဘဝမှ လွတ်မြောက်မှုစသည်တို့ ဖြစ်ပါသည်။

    အရှင်သူမြတ်တို့သည် သုံးလူ့ထွတ်ထား မြတ်စွာဘုရား ဩဝါဒပေးတော်မူခဲ့သည့်အတိုင်း “အပ္ပမာဒေန သမ္ပာဒေထ ” မမေ့မလျော့ဘဲ အစဉ်ထာဝရ အားထုတ်ကြဖို့ တပည့်တော်တို့ မြန်မာလူမျိုးတစ်မျိုးလုံးကို ဆိုဆုံးမတော်မူကြပါဘုရား။ ဤသို့သော မိမိကိုယ်ကို မိမိသာလျှင် အားကိုးမှုဖြင့် တပည့်တော်တို့၏ လူမျိုးသည် လောကုတ် လောကီ နှစ်လီသော အကျိုးထူးများကို ခံစားနိုင်အောင် ဆောင်ရွက်နိုင်ကြပေလိမ့်မည်။ အရှင်မြတ်များ၌ ဤကဲ့သို့ မွန်မြတ်သော တာဝန်ဝတ္တရားများ ရှိပါသည်။

    ဤမွန်မြတ်သော တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်တော်မူကြပါဘုရား။ တပည့်တော်တို့မှာ အရှင်သူမြတ်များကို ရိုသေလေးမြတ်စွာ တိုက်တွန်းစကား လျှောက်ထားခြင်းကိုသာ ပြုနိုင်ပါသည်။ ဆောင်ရွက်ဖို့ တာဝန်ကျေပွန်မည် မကျေပွန်မည် ဟူသော ပြဿနာမှာ အရှင်မြတ်များသာ ဖြေရှင်းနိုင်ကြပေမည်။”

    ဓမ္မဂင်္ဂါ Facebookမှ

    • realman

      July 28, 2011 at 5:24 pm

      (အရှင်သူမြတ်များကို ဘုရားတပည့်တော်တို့ ကိုးကွယ်ဆည်းကပ်ပါသည်။ တစ်ကမ္ဘာလုံး ကိုးကွယ် ဆည်းကပ်သည်ကိုလည်း မြင်ချင်လှပါသည်) ဆိုတဲ့အတွက် ဗုဒ္ဓမဟောခဲ့တဲ့ ပုံပြင်ဆန်ဆန် ဒဏ္ဍာရီဆန်ဆန် မျက်လှည့်ဆန်ဆန်တရားတွေ ဘုန်းကြီးရဟန်းတွေဟောနေကြမယ်ဆိုဦးမယ်ဆိုရင် တစ်ကမ္ဘာလုံး ကိုးကွယ် ဆည်းကပ်တာကို ဘယ်တော့မှ မြင်တွေရမှာ မဟုတ်ပါ။ မြန်မာပြည်ထဲမှာသာ ဘုန်းကြီးတွေ ဘာပြောပြော မစိစစ်ပဲနဲ့ မှန်ပါ့ဘုရား၊ တင်ပါ့ဘုရားနဲ့ ဖော်လိုလိုက်ပြီး ဝါးလုံးခေါင်းထဲ လသာနေကြတာ —။ ဒီအတိုင်းသာ ဆက်သွားရင် ကြာရင် ဘာသာရေး အင်တာနေရှင်နယ် တောသားတွေဖြစ်တော့မယ်။ ဖော်လို မလိုက်ကြပါနဲ့တော့။ အမြင်ကျယ်သင့်ကြပါပြီ။ အကျဉ်းအကျယ် နေရာမလွဲကြပါနဲ့တော့။ ကျယ်ရမှာက အသိအမြင် – – ။ ကျယ်နေတာက – – – ဟိုဒင်းဖြစ်နေတော့ – – – ကိုယ့်တရားမှ ကိုယ်အမှန်မလုပ်ကြပါနဲ့တော့။ အသိအမြင်ကျယ်ကျယ်နဲ့ နှိုင်းယှဉ် လေ့လာကြပါ။

  • True Answer

    July 22, 2011 at 9:24 am

    တကယ့်တရားခံ အစစ်ကို မသိရင်တော့ ။
    ဟိုလူ့ တရားခံ ထင် ၊
    ဒီလူ့ တရားခံထင်၊
    ဘယ်ဘာသာကို တရားခံထင်၊
    ညာဘာသာကို တရားခံထင်၊
    ဘာသာတရားကို တရားခံထင်၊
    ဘာအဖွဲကိုတရားခံထင်၊
    အဆုံးမရှိအောင် အပြစ်တင်၊
    ဘယ်တော့မှ ကျွတ်လမ်းမမြင်။

  • Niko

    July 22, 2011 at 10:57 am

    ဘာသာမဲ့ = Communist

    • lionking

      July 28, 2011 at 4:36 pm

      Communist ကလည်း ဘာသာတစ်ခုပဲနော်။

  • aungnng87

    July 22, 2011 at 11:23 am

    koyoကအသက်ဘယ်လောက်ရှိပြီလဲ.။အသက်သိပ်မကြီးသေးဘူးလို.တော့ထင်ပါတယ်။ ကိုယ်ကအသက်၇၀
    လောက် ၈ဝ လောက်ရှိတဲ့ဘာသာမဲ့လူတွေရဲ.သူတို.တွေရဲ.ဘာသာရေးပေါ်မှာထင်မြင်ချက်မျိုးကိုဘဲ သိ
    ချင်ပါတယ်။ အဲဒီအရွယ်ကျတော့အတွေ.အကြုံတော်တော်စုံပြီလေ။ koyoတို.ကျတော့ ဘဝမှာသိပ်ဆိုးဆိုးဝါး
    ဝါးကြီးကြုံဘူးဦးမှာမဟုတ်ဘူးထင်တယ်။တကယ်တမ်းဒုက္ခကြီးကြီးေရောက်လာပြီဆိုရင်အားကိုးရာရှာတာလူ.
    သဘာဝပါ။တခါတရံလူလူချင်းကူညီနှိုင်ပေမဲ့ တခါတရံလူလူချင်းမကူညီနိုင်ပါဘူ.။လူအသီးသီး ကိုယ်ကိုအမှန်တကယ်ကူညီနိုင်မဲ့သူ၊ ကိုယ်စိတ်ကိုသက်သာရာရအောင်လုပ်ဆောင်နိုင်မဲ့အရာကိုရှာဖွေကြတာပါါဘဲ။အဲဒီအခါမှာလူတွေကသူူတို.ရဲ့
    သက်
    ဆိုင်ရာဘာသာအသီးသီးကိုအားကိုးတကြီးနဲ.တိုင်တည်ကြတယ်။ အားကိုးတဲ့အတိုင်းဘဲအကျိုးဖြစ်ထွန်းတာတွေတွေ.ရတယ်။ဒါကြောင့်လူတွေဟာဘာသာဆိုတာကိုယုံကြည်
    ကြတယ်။ ဒါကအကျဉ်းခြုံးပြောတာပါ။ကိုယ်ထက်အများကြီးသိတဲ့သူတွေကပိုပြိးသိပါတယ်။

  • Khon Yenaung

    July 22, 2011 at 2:28 pm

    ကိုရိုးရေ –
    ရိုးချက်ကတော့ ကမ်းကုန်အောင်ပါဘဲ။ စာတွေ များများဖတ်ပါ။
    အသီးတည်စ စပါးနှံလို ငါမှငါဘဲ လို့လဲ သိပ်မစွဲနေပါနဲ့။
    အဆံပြည့် အသီးရင့်မှ ခေါင်းငိုက်စိုက်ကျပြီး ငါသိတာ ဘာမှမရှိသေးပါလား ဆိုပြီး ငြီးတွားနေရ အုံးမယ်။
    လူသား ပဓာန အယူအဆတွေဟာ ကွန်မြူနစ်တွေ ကျင့်ခဲ့ပြီးသား။
    အမေရိကားက ဟစ်ပီတွေ လိုက်လုပ်ခဲ့ပြီးသား။
    ကိုရိုး ရဲ့ အတွေးတွေက ဟစ်ပီဆန်လွန်း ပါတယ်။ အဲဒီ အယူအဆတွေက ဘုရားမပွင့်မှီကတည်းက ရှိခဲ့ပြီးသား အယူမှား (၆၄) ပါးထဲပါခဲ့ပြီးသားပါ။
    ဗုဒ္ဓဘုရှားရှင်ကိုယ်တော်တိုင်လဲ လူသားဝါဒ ကိုဟောပြခဲ့တာပါဘဲ။
    မကောင်းမှုရှောင်၊ ကောင်းမှုဆောင်။ စိတ်ကို ဖြူစင်အောင်ထား ဘို့ သတိ အစဉ်ရှိဘို့ ဟောပြညွှန်ကြားခဲ့တာပါဘဲ။
    ဘုရားရဲ့ တရားတော်မှာ ဧဟိပသိကော၊ ဩပနေယိကော၊ လာလှည့်၊ လက်တွေ့ ကျင့်သုံးလှည့် လို့ဖိတ်ခေါ် ထားပါတယ်။ လေ့လာပါဦး။
    မိဘတွေပြောတိုင်းလည်း မယုံပါနဲ့။
    ဆရာသမားတွေပြောတိုင်းလည်း မယုံပါနဲ့။
    အများလက်ခံကျင့်သုံး နေတိုင်းလည်း မယုံပါနဲ့။
    ရှေးကတည်းက ရှိပြီးသား ဆိုတိုင်းလည်း မယုံပါနဲ့။
    ဘုရားဟောခဲ့တယ် ဆိုတိုင်းလည်း မယုံပါနဲ့။
    ကိုယ်တိုင် စဉ်းစား၊ လက်တွေ့လုပ်ကြည့်၊ အကျိုးရှိမှ ယုံပါ – ဆိုတဲ့ ကေလာမသုတ် ကိုလဲ လေ့လာကြည့်ပါ။
    တစ်ကယ့်အရေး ကြုံလာတော့လည်း ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်) တို့လို ရဲရဲတောက် ကွန်မြူနစ်၊ ဂျပန်ပြန် စစ်ဗိုလ်၊ တောမပစ်ရမနေနိုင်တဲ့ မုဆိုး၊ လက်တွေ့မှယုံမယ် ဆိုတဲ့ စာရေးဆရာ တောင်မှ ဝတ်ကြောင်စွန့်ပြီး တရားထိုင်၊ ပုတီးစိပ် ဘာသာရေးလုပ်လာတာကို ကြည့်ပါ။ ဒါက ထင်ရှားတာကို ပြောပြတာပါ။
    အဲဒီတော့ လူပေါင်းစုံနဲ့ တွေ့ထိဆက်ဆံပြောဆိုယင်း၊ စာတွေကိုလဲဖတ်ပါ။ ဗုဒ္ဓဘာသာ တင်မကပါဘူး၊ ခရစ်ယာန် သမ္မာကျမ်းစာ၊အစ္စလာမ် ကိုရမ်ကျမ်းစာ၊ ဟိန္ဒူကျမ်းစာ အယူအဆတွေ ကိုလဲလေ့လာပါ။ ဒဂုန် ဦးစန်းလွင်တို့လို လမ်းဆုံးတဲ့အခါ ရွာကိုတွေ့ပါလိမ့်မယ်။
    စာထဲကအဆီအနှစ်တွေကို စီစစ်လေ့လာပြီးမှ ယုံတာ၊မယုံတာ၊ လိုက်နာကျင့်သုံးတာ မသုံးတာ အကျိုးရှိတာ မရှိတာတွေ ပြောကြရအောင်ပါ။ ဒီတော့ စာတွေဖတ်ပါအုံး၊များများ ဖတ်ပါ လို့ ဘဲ တိုက်တွန်းလိုက်ပါရစေ။

  • koyinmaung

    July 24, 2011 at 6:13 am

    Khon Yenaung ရေ ခင်ဗျားပြောတာအရမ်းကောင်းတယ် ဘာသာမဲ့ဆိုထဲက ဘာသာရေးလေ့လါမှုနည်းသေးတာရယ် အရွယ်ငယ်သေးတယ် လို့ထင်ပါတယ် …

  • moethidasoe

    July 24, 2011 at 3:53 pm

    comment တွေ ဖတ်ရတာ ကောင်းလှောင့်တေး ကောင်းလှောင့်တေး

    ကိုရိုးလဲ ကိုယ်ရေးတာ ကိုယ် အမှန်ဖြစ်ရမယ် လို့ တထစ်ချ မမှတ်နဲ့လေ ..
    တို့က သဂျီးတို့လို အထက်က comment ပေးတဲ့လူတွေလောက်တော့ ဘာသာရေးကို သိပ် မလိုက်စားခဲ့ပေမယ့် .. နည်းနည်း ဆင်ခြင်တတ်လာခဲ့ပါပြီ .. comment များကို ဆက်ဖတ်ချင်ပါတယ်

  • ကြောင်ကြီး

    July 25, 2011 at 9:30 am

    ကိုရိုပြောတဲ့ဟာမျိုးဆန်ဆန် ဘာသာတခုရှိတယ်။ ဘဟာအီသာသနာတဲ့။ အရင်ကတော့ တာမွေဈေးနားမှာ ဌာနချုပ်ရှိတယ်။ ကိုရိုပြောသလိုပဲ ရွှေညဏ်တော်စူးရောက်ပြီး ဘာသာတိုင်းက ကောင်းတာတွေ တူတာတွေကို စုတုပြုထားခြင်းပေါ့။ တကယ်တော့ အဲဒီဘာသာက မွတ်စလင်းဂိုဏ်းခွဲတခုဖက်ကို ပိုသက်ရောက်ပါတယ်။ မွတ်စလင်ဘာသာမှာ ဘာသာတိုင်းကဘုရားတွေကို ရှေးတမန်တော်များအဖြစ် အယူရှိထားတာကိုး။ အစ္စလာမ်ဘာသာ ထွန်းကားရာ အရှေ့အလယ်ပိုင်းဒသမှာတော့ အဓမ္မဝါဒအဖြစ် ကြေငြာပြီး နှိပ်ကွပ်ခြင်းခံရတယ်။ ဘဟာအီသာသနာသည် လစ်ဗျား၊ အိန္ဒိယနဲ့ အီရန်လို အချို့မွတ်စလင် တိုင်းပြည်တွေမှာ လူနဲစုကြီးကြီးမားမားဖြစ် တည်ရှိပါတယ်။ ကိုရိုပြောချင်တဲ့သဘောကတော့ အနတ္တဖက်ကိုဆောင်ပြီး သူတို့ကတော့ အတ္တဖက်ကို သွားတယ်ထင်ပါတယ်။

    • hmee

      July 25, 2011 at 2:48 pm

      ကိုကြောင်ကြီးရေ ဘဟာအီသာသနာ ငှါနချုပ်က အစ္စရေးနိုင်ငံ ဟိုက်ဖာမြို့မှာ ရှိပါတယ်။ အဌမမြောက် ကမ္ဘာ့အံ့ဘွယ်လို့ အမွှမ်းတင်ထားတာပါ။ ဘဟိုင်းစင်တာဆိုပြီး စက်ဝိုင်းပုံ လှေကားထစ်ဥယျာဉ်ကြီး ဆောက်ထားတာ လှမှလှပါ။ တောင်ကုန်းထိပ်ကနေ ဟိုက်ဖာမြို့လယ်ထိ တစ်ကီလိုမီတာ ရှည်ပါတယ်။ အထဲဝင်ကြည့်တော့ အဆောက်အအုံထဲမှာ ပန်းအိုးတွေပဲတွေ့ပါတယ်။ အထဲဝင်ရင် ဖိနပ်မစီးရ၊ ဦးထုပ်မဆောင်းရ၊ ဆေးလိပ်မသောက်ရ၊ ပီကေမဝါးရ၊ ဓါတ်ပုံမရိုက်ရပါ။ ခိုးရိုက်လို့တောင် မရအောင် အစောင့်တွေ ထားထားတယ်။ တံခါးမကြီးမှာ ရှိတဲ့ တံဆိပ်က မွတ်စလင်တွေရဲ့ ကြယ်နဲ့လ တံဆိပ်ပါ။ The Bahမှာ ဘဟာအီဘာသာသစ်ကို ဗျာဒိတ်မြွက်ကြားခဲ့သော ပါရှန်မွတ်စလင် တစ်ဦးပါ။ ဘာသာအားလုံးရဲ့ ကောင်းတာတွေအားလုံးကို စုထားတာပါ။ သူ့ကိုသူ နောက်ဆုံးတမန်တော်လို့ ကြော်ငြာတော့မှ ဖမ်းချုပ်ပြီး အစ္စရေးရဲ့ နောက်မြို့တမြို့မှာ ချုပ်ထားတာ သေသွားတဲ့ အထိပါပဲ။ ရုပ်ကြွင်းကိုတော့ အာ့တ်ကိုမြို့နားမှာ ထားထားပါတယ်။ ကမ္ဘာတဝှမ်းမှာ ကိုးကွယ်သူ ငါးသန်းရှိပါတယ်။ The Baha’ullah (1817-1892) က လူသားအားလုံးတန်းတူ ညီမျှမှု၊ မသင်မနေရပညာရေး၊ ဆင်းရဲမွဲတေမှုပပျောက်ရေး၊ ကြောင်းကြိုးဆင်ခြင်သုံးသပ်ရေး၊ သိပ္ပံနည်းကျ အသိပညာလိုက်စားရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး တို့ကို ဆုံးမထားပါတယ်။ ဒါကတော့ ကျွန်မ သိသလောက် ပြောပြတာပါ။

    • Foreign Resident

      August 18, 2011 at 3:10 am

      Dear ကြောင်ကြီး,
      I have met with them,
      But, they spell out & pronounce themselves “Ba Hai”
      not “ဘဟာအီ”

      http://en.wikipedia.org/wiki/Bahai

      They believe,
      There are series of divine messengers, each of whom established a religion that was suited to the needs of the time and the capacity of the people.

      These messengers have included Abraham, the Buddha, Jesus, Muhammad and most recently the Báb and Bahá’u’lláh.

  • kai

    July 25, 2011 at 2:05 pm

    လောလောဆယ် သိထားတဲ့ စစ်တမ်းတခုအရ.. ဒီကမ္ဘာမှာ..ကိုးကွယ်ရာ ဘာသာပေါင်း ၅သောင်းကျော်ရှိတယ် ပြောတယ်..။
    အမှတ်မမှားဘူးဆိုရင်.. ဘာသာမဲ့ဆိုတဲ့ဦးရေက..ထေရဝါဒဗုဒ္ဓဘာသာလူဦးရေထက်အများးးကြီး…ပိုများတယ်..။
    ပြောရရင် ကွန်မြူနစ်လည်း ကိုးကွယ်ရာဘာသာတခုပဲထင်တယ်..။

    ဆိုတော့…
    ဘာသာမဲ့ ဆိုတာ…
    ရုပ်ထုမကိုးကွယ်.. (ဘယ်သူ့မှမကိုးကွယ်..)
    ရှေ့ဘဝနောက်ဘဝအယူမယူ… (ငရဲ နတ်ပြည် မယူ)
    ဖန်ဆင်းရှင်ဆီဆုမတောင်း…(ဘယ်သူ့ဆီကိုမှ ဆုမတောင်း)
    မိမိကိုယ်သာကိုးကွယ်ရာ ဖြစ်ကြသူတွေဆိုချင်တယ်..။ 🙂

  • R Ga

    July 25, 2011 at 2:58 pm

    ဦးနုခေတ်ကလားတော့မသိဘူး..။ ဘယ်ဘာသာမှ မကိုးကွယ်တဲ့ အဖွဲ့တစ်ဖွဲက အဆိုတင်သွင်းတယ်။ ဒါပေမဲ့ ပယ်ချခံခဲ့ရတယ်။ ဘယ်ဘာသာမှ မကိုးကွယ်ဘူးဆိုတာလည်း ဘာသာတစ်ခုပဲလို သတ်မှတ်ပြီးတော့လေ။ ဘာသာမဲ့ဆိုတာလည်း ဘာသာတစ်ခုပဲပေါ့။

    • king

      July 25, 2011 at 5:39 pm

      အင်းလေ
      ဘယ်ဘာသာမှ မဟုတ်ဘူးဆိုတာလည်း အဖွဲ့တစ်ခုပဲလေ… အဲဒီတော့ ဘာသာမဲ့ ဆိုတာလည်း ဘာသာမဲ့ဘာသာပေါ့… ဘယ်သူ့ကိုမှ မကိုးကွယ်ဘူးဆိုပေမယ့်လည်း …………………………………………………………………………………
      (သေချာစဉ်းစားရင် သိနိုင်ပါလိမ့်မယ်)…

  • zawthulay

    July 28, 2011 at 5:07 pm

    ဘာသာမဲ့ဆိုတာတော့မကောင်းဘူးပေါ့နော်…..ကို့ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ တွေကို ပြောင်းလည်း ပစ်တာ ဘာသာတရားယုံကြည်မှုကြောင့်လည်းပါတယ်လေ….ဘယ်လိုပဲဖြစ်ဖြစ်ပါ… ကျွန်တော်ကတော့ ဘုရား၊တရား၊သံဃာ ဆိုတဲ့ ဗုဒ္ဓ ဘာသာကိုပဲယုံကြည်တယ်…

  • intro

    July 28, 2011 at 7:56 pm

    ကိုးကွယ်ချင်တဲ့သူကလဲ ကိုယ့်စိတ်ကြိုက်ကိုးကွယ်လေ…
    မကိုးကွယ်ချင်တဲ့သူကလဲ မကိုးကွယ်နဲ့ပေါ့…
    ကိုယ့်အခွင့်အရေးနဲ့ကိုယ်လေ….
    ကိုယ် ကိုယ်တိုင်က ကိုးကွယ်ချင်ကိုးကွယ်၊ မကိုးကွယ်ချင်လဲ မကိုးကွယ်နဲ့ပေါ့… ကိုယ့်အတွေးနဲ့ ကိုယ်လေ…
    ကိုယ် ဖြစ်ကိုယ်ခံပေါ့…
    ဘာသာရေးနဲ့ ပတ်သက်လို့ ဆွေးနွေးရတာက အရမ်း အန္တရာယ်များပါတယ်…
    ဒါကြောင့် ကိုယ်ကြိုက်တာ ကိုယ်လုပ်၊ ကိုယ်ဖြစ် ကိုယ်ခံ

  • bigbird

    July 28, 2011 at 7:59 pm

    အသက်သာအသေခံလိုက်မယ်….

    ဗုဒ္ဓဘာသာ မကိုးကွယ်ပဲတော့ အသက်မဆက်နိုင်ဘူး….ဒါပဲ။။။။ ထေရဝါဒဗုဒ္ဓဘာသာစစ်စစ်ကိုပြောတာ။

  • Millionaire Generic

    August 7, 2011 at 11:18 am

    ခရာစ်ယာန်ကျောင်းသွားရင် – ခရာစ်ယာန်ဘုရားရှိခိုးတယ်
    ပလီ ရောက်ရင် – ပလီကထုံးအတိုင်း ဝတ်ပြုတယ်
    ဗုဒ ဘုရားတွေတွေ့ရင် – ဘုရား ရှိခိုးတယ်
    ပေးသမျှ ဝါဒ စာပေတွေ အားလုံးဖတ်တယ်
    ပြောသမျှ စကားတွေ အားလုံး နားထောင်တယ် .. ရန် ပြန်မဖြစ်ဘူး။ ပြန်မတိုက်ဘူး။
    ဥပမာ .. ကမာ္ဘကြီးက ပြားတယ် .ဆိုပါတော့ . မှန်တယ် လေ
    ကမာ္ဘက လုံးတယ် ဆိုလည်း မှန်တယ် ..
    လုံးဝ မမှားဘူး။
    ဘယ်သူ့ကိုမှလည်း မရှုတ်ချဘူး။ မမြှောက်ပင့်ဘူး။ ဒါပေမယ့် ချီးကျူး ပေးတယ်။
    နောင်ဘဝ ရှိတယ် မရှိဘူး။ အဲ့ဒါ ဟုတ်ချင် ဟုတ်မယ် မဟုတ်ချင်မဟုတ်ဘူး .. လက်ခံ တဲ့သူနဲ့ တွေ့ရင်လက်ခံပေးလိုက်တယ် လက်မခံတဲ့သူနဲ့တွေ့ရင် လက်မခံပေးလိုက်ဘူး။
    ကမာ္ဘကြီးဖြစ်ပေါ်လာပုံ အားလုံးလက်ခံတယ် ဒါပေမယ့် Stephen hawking ရဲ့ စာတွေလည်းဖတ်တယ်
    နတ်တွေရှိတယ် မရှိဘူး, ဝိဉာဉ် တွေရှိတယ် မရှိဘူး, ငရဲ ရှိတယ် မရှိဘူး အားလုံးလက်ခံတယ်
    လက်မခံတာ တစ်ခုဘဲရှိတယ်
    ပစ္စုပ္ပာန် ဘဝမှာ ရုန်ကန်ပြီး ရထားတဲ့ပိုက်ဆံ ကို လိမ်ညာယူသွားလို့ကတော့ လုံးလုံး လက်မခံပါဘူး ခင်ဗျား။

    • Nan Naw Kham

      August 18, 2011 at 1:12 am

      အင်း.. ဘုရားဟောတဲ့အတိုင်းသာဆိုရင်တော့ .. ကံတူအကျိုးပေးပေါ့နော်..
      ကိုယ်အလိမ်ခံရတယ်ဆိုတာက .. သံသရာအဆက်ဆက် ဘယ်တုန်းကမှန်းတော့မသိဘူးနော်
      ရှေးဘဝလည်းဟုတ်ချင်မှ ဟုတ်မယ်.. အရင့်အရင်ဘဝတုန်းကလည်းဖြစ်နိုင်တယ်ပေါ့..
      ကိုယ်လည်းသူများကို လိမ်ခဲ့လို့ပဲဖြစ်မှာပေါ့..
      တစ်ချို့ရှိတယ်လေ… အရင်ဘဝက ဘာတွေလုပ်လို့လုပ်ခဲ့မှန်းတောင်မသိအောင်ပဲ..
      ချမ်းသာတယ်.. လုပ်ငန်းတွေလည်း အောင်မြင်တယ်.. ဒါပေမယ့် လုပ်ငန်းတွေက .. ရန်သူမျိုးငါးပါးဖျက်စီးခြင်းခံရတယ်.. တရားနာဖူးတာပြောပြတာ.. သူတို့အနေနဲ့ အခုဘဝချမ်းသာတယ်ဆိုတာက .. အရင်တုန်းက ဒါနကုသိုလ်ပြုခဲ့ကြလို့ပေါ့..
      လုပ်ငန်းတွေ ဖျက်စီးခံရတယ်ဆိုကတော့ ..သူတို့အရင်ဘဝက ရထားတဲ့ငွေကြေးက မသန့်ရှင်းလို့ပေါ့.. ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်) ကတော့ပြောတယ်.. ကိုယ့်ပစ္စည်းခိုးခံရင် .. အရှက်မရှိအော်မနေနဲ့တဲ့.. ဒါကိုယ်အရင်ဘဝက သူခိုုးဖြစ်မှန်းကြေငြာလိုက်တာပဲတဲ့..

      • kai

        August 18, 2011 at 1:25 am

        “ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်) ကတော့ပြောတယ်.. ကိုယ့်ပစ္စည်းခိုးခံရင် .. အရှက်မရှိအော်မနေနဲ့တဲ့.. ဒါကိုယ်အရင်ဘဝက သူခိုုးဖြစ်မှန်းကြေငြာလိုက်တာပဲတဲ့..”
        နည်းနည်းတိတိကျကျလေး…သိချင်သား…
        ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်)ကတကယ်ကြီးကို ..အဲလိုပြောတယ်ဆိုရင်တော့.. တော်တော်အံ့ဩမိမှာပဲ..။
        တကယ်သာအဲဒီလို လိုက်ပြောဟောနေတယ်ဆိုရင်တော့… ဪ.. လို့ပဲ..အသံထွက်နိုင်ပါတော့မယ်..။ 🙁

        • Foreign Resident

          August 18, 2011 at 3:00 am

          “ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်) ကတော့ပြောတယ်.. ကိုယ့်ပစ္စည်းခိုးခံရင် .. အရှက်မရှိအော်မနေနဲ့တဲ့.. ဒါကိုယ်အရင်ဘဝက သူခိုုးဖြစ်မှန်းကြေငြာလိုက်တာပဲတဲ့..”

          Yes ဒယ်အိုးဆရာတော် said that,
          Not only ဒယ်အိုးဆရာတော်, also a lot of famous ဆရာတော် said like that.
          Every Buddhism scholar believe that.

          This is the main logic of Buddhism ” ကံ, ကုသိုလ်, သံသရာ & ရှေးဘဝ “

        • ကြောင်ကြီး

          August 18, 2011 at 8:05 am

          ဒါကတော့ သဂျီးက ဆရာတော်ဟောတဲ့တရား ကိုယ်မြင်ချင်တာလေး ပိုင်းမြင်ချင်တာကိုး..။ ကံ၊ သံသရာ ဆိုတာ ဗုဒ္ဓဝါဒရဲ့ အခြေခံအုတ်မြစ်ပါ။ အလွန်အကျွံ မဖြစ်ဖို့ဘဲ လိုပါတယ်။ လူဆိုတာ အကောင်းပဲ မြင်ချင်တယ်။ ကိုယ့်လက်ထက်မှာ အခြေအနေတွေနိမ့်ပါးနေရင် ရမယ်ရှာ အပြစ်တင်ရင်း မိုးပေါ်သေးထောင်ပေါက်မိတတ်တယ်။ ချမ်းသာ၊ ဆင်းရဲ၊ တိုးတက်၊ ဆုတ်ယုတ်ဆိုတာ ဖြစ်နေကြ ဓမ္မတာတွေ၊ သာသနာနဲ့ မဆိုင်ဘူး။ အရာရာ ဖြစ်ချိန်တန်ဖြစ် ပျက်ချိန်တန် ပျက်မှာပဲ။ ဒါကိုနားလည်ရင် ချမ်းသာချိန်မှာ ဆင်ခြင်နိုင်မယ်၊ ဆင်းရဲချိန်မှာ သက်သာရရမယ်။ ဖြစ်လာတဲ့ကံကို ပြောင်းဖို့တဲ့ ပြောင်းခံတတ်ဖို့ပဲရမယ်။
          သံသရာမှာ သူခိုး၊ ဒမြ၊ ရဲ၊ တရားသူကြီး၊ သူတော်ကောင်း၊ သူယုတ်မာ၊ ယောက်ျား၊ မိန်းမ မရှိဘူး ဖြစ်လိုက်ပျက်လိုက်ပဲရှိတယ်။ စဉ်းစားဆင်ခြင်ညဏ်မရှိသူ အရမ်းကာရော ယုံကြည့်တတ်သူဘဝပေါင်းများစွာ ဘဝပေါင်းများစွာ သဂျီးဖြစ်ခဲ့ဘူးတယ်။ ထို့နည်းတူစွာ ဘုန်းကြီးဖြစ်ခဲ့ဘူးတယ်။ သဂျီးလက်ခံဖို့ခဲယဉ်းတဲ့ သရဲ၊ ဘီလူး၊ ဖုတ်ကျက် တစ္ဆေ ဘဝများစွာ ဖြစ်ခဲ့ဘူးတယ်၊ စူပါမန်းလို ဈာန်ပျံပုဂ္ဂိုလ်၊ နတ်၊ သိကြား၊ နဂါး၊ ဂဠုန် ဖြစ်ခဲ့ဘူးတယ်။
          ဘယ်လိုသိနိုင်မလဲဆို အတိတ်ဘဝတွေ ပြန်မြင်နိုင်တဲ့ ပုဗ္ဗေနိဝါသညဏ်ရမှ မြင်ကောင်းတယ်၊ ဒါမှမဟုတ် ယုံကြည်ရကောင်းမှန်းသိတဲ့ အထုံပါမှ လက်ခံကောင်းတယ်။ ဒါမှမဟုတ် ဖြစ်ခြင်းပျက်ခြင်း ဆိုတာမြင်မှ သိကောင်းတယ်။ သဲအင်းဂူဆရာတော်လည်း တရားဟောပွဲတခုမှာ သူဆိုးခဲ့စဉ်က ခိုးတာဘာဖြစ်လည်း ငါ့ပစ္စည်းကို အတိတ်ဘဝက ခိုးခဲ့လို့ ပြန်ယူတာလို့ ပွင့်ပွင့်လင်းလင်း ဆိုခဲ့ဘူးတယ်။ ဆိုလိုရင်းကို မနောနဲ့မနာတတ်ရင် နားထဲ ကန့်လန့်ကြီးဝင်လာမယ်၊ ဒါပေမဲ့ အဲဒါအမှန်တရားပဲ။ ပြုသူအသစ် ဖြစ်သူအဟောင်းဆိုတာ အဲဒါကိုပြောတာ။ မကျေနပ်ရင် ပြန်လုပ်၊ နောက်ပြန်ခံပေါ့ ဒါပဲရှိတယ်။ မလုပ်ရ ငုံ့ခံလို့ မတားနိုင်၊ လုပ်ရင် မပြီးနိုင်တော့လို့သာ ညွှန်ပြကောင်းတယ်။
          ဆရာတော်က အတိတ်ဘဝကို ပြန်မြင်ကောင်းတဲ့အဘိညာဉ်ကို သံသရာကို ဖြတ်စေတဲ့ တန်ခိုးလို့ ဘာသာပြန်ပေးတယ်။ ကိုယ်ခံရတဲ့အခါ အမုန်းမပွားဘဲ ဘာကြောင့်ဖြစ်ရသလဲဆိုတာ သိပြီးလက်ခံနိုင်လို့ပါ။ ဆရာတော်ထံမှာ တရားပေါက်သွားတဲ့ သီလရှင်တပါး နယ်မှာသာသနာပြုစဉ် တောင်အောက်လိမ့်ကျတယ်။ နောက်ပိုင်းအဘိညာဉ်ရပြီး ဆင်ခြင်ကြည့်မှာ အတိတ်ဘဝက အကိုဖြစ်သူကို တောင်အောက်တွန်းချပြီး နန်းလုခဲ့လို့ နတ်ဘီလူးဖြစ်နေတဲ့ အကိုကပြန်ဂလဲ့စားချေတာလို့ ပြန်သိရတယ်။ (သူ့ညီရယ်လို့လည်း သိချင်မှသိမယ်၊ ဒါပေမဲ့ တွေ့လိုက်ကထဲကိုက ကြည့်မရတာမျိုးကို ဥပမာယူနိုင်တယ်)။ အဲဒီမှာ ဆရာတော်က အတိတ်ဘဝကို ပြန်ကြည့်နိုင်တဲ့ အဘိညဉ်ဆိုတာကိုရှင်းပြတယ်။ သူများခိုင်းတိုင်းလိုက်ကြည့်ပေးရင် ဗေဒင်ဆရာဖြစ်သွားလိမ့်မယ်၊ လောကီအတွက်မဟုတ်၊ လောကုတ္တရာအတွက်သုံးဖို့လို့ ပြောခဲ့တယ်။ ဒါတွေရှည်ရှည်ဝေးဝေးပြောနေရတာ ဘာကြောင့်သံသရာမှာ အကောင်းအဆိုးမရှိဘဲ ပြုသူနဲ့ဖြစ်သူသာရှိတယ်ဆိုတာ နားလည်ပုံ နားလည်နည်းကို ပြန်ဝေငှတာပါ။

  • koyo

    August 17, 2011 at 7:13 pm

    Millionaire Generic ရဲ့ ပစ္စုပ္ပာန် ဘဝမှာ ရုန်ကန်ပြီး ရထားတဲ့ပိုက်ဆံ ကို လိမ်ညာယူသွားလို့ကတော့ လုံးလုံး လက်မခံပါဘူး ခင်ဗျား။ လူ့ဘဝမှာ ကိုယ်ရုံးကန်လှုပ်ရှားရသလောက် အပြည့်အဝမခံစားရဘဲနဲ့
    နည်းမျိုးစုံနဲ့ ခေါင်းပုံဖြတ်ခံနေရတာတွေကို မြင်တတ်တဲ့မျက်စေ့ရှိရင် ထင်ထင်လင်းလင်းတွေ့နိုင်ပါတယ်။
    တုံးတာတာနဲ့ ကိုယ့်ဘဝကို သူတစ်ပါးရဲ့လက်ထဲကို မထည့်လိုက်မိကြပါစေနဲ့ရယ်လို့ ဒါကိုပြောနေရခြင်းဖြစ်
    ပါတယ်။ လူတွေမှာ ဘာသာရေးတွေရဲ့ဝန်ကို မနိုင်မနင်းထမ်းရတာကို မကြည့်ရက်လို့ပါ။ လူတိုင်းကို ကိုယ်
    တိုင် အရှင်သခင်ဖြစ်စေချင်ပါတယ်။ ဖိနပ်ဆိုတာ ချစီးရမဲ့ပစည်းပါ။ ခေါင်းပေါ်ရွက်ထားရင်တော့ အင်မတန်
    ရီစရာကောင်းပါလိမ့်မယ်။

  • မီးမီး သော်

    August 17, 2011 at 11:14 pm

    ကွန်မန် ့တွေရော စာရေးသူရဲ ့ပို ့စ်လေးပါ စိတ်ဝင်စားစရာပါ။ဒါပေမယ့်ထောက်ပြစရာတခုတွေ ့ပါတယ်။စိတ်တော့မဆိုးစေချင်ပါ။ကမ္ဘာပေါ်မှာရှိကြသမျှသော ကိုးကွယ်ယုံကြည်မှုများတွင်မွတ်စလင်မ် ဘာသာဟုမရှိပါရှင်။လေ့လာစေချင်ပါသည်။

    ““”ထိုနည်းတူစွာ ဟိန္ဒူဘာသာကို ကိုးကွယ်ယုံကြည်သူ၊ မွတ်စလင်ဘာ သာကို ကိုးကွယ်ယုံကြည်သူတို့ကလည်း သူတို့ဘာသာ၏ လမ်းညွှန်ချက်ရှိ သည့်အတိုင်း ပြေဆိုလာသည်ဆိုပါအံ့။”””””

    • kai

      August 18, 2011 at 12:16 am

      အစ္စလမ်ဘာသာဝင်တွေရဲ့ ဥပုဒ်လ.. မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေ..။ 🙂

      ဟုတ်ပါတယ်..။ မွတ်စလင်ဘာသာရယ်လို့..မရှိပါဘူး..။
      အစ္စလမ်ဘာသာ(သာသနာ)..ကိုးကွယ်ယုံကြည်သူတွေကို ..မွတ်စလင်မ်လို့.. ခေါ်ရပါတယ်လို့.. ရွာသားတွေသိကြစေချင်ကြောင်း…။

      A Muslim (English pronunciation: /ˈmʌzlɨm/[variations][1]), also sometimes spelled Moslem,[2] is an adherent of Islam, a monotheistic, Abrahamic religion based on the Qur’an, which Muslims consider the verbatim word of God as revealed to prophet Muhammad. “Muslim” is the Arabic term for “one who submits to God”.

      • ကြောင်ကြီး

        August 18, 2011 at 7:36 am

        အဲ… လိမ်သူများကိုတော့ မွတ်စလိမ်လို့ခေါ်ကြပါ။ ဦးထုပ်စွပ်၊ ပါးစပ်က တတွတ်တွတ်ရွတ်၊ တနေ့ဘုရားငါးခါရှိခိုး၊ ဥပုဒ်မှန်မှန်စောင့်ပြီး ဈေးဝယ်များကို လိမ်ညာစားသောက်သူ မွတ်စလင်မ်များကို တွေ့ဖူးလို့ပါ။ ကိုယ့်အချင်းချင်းကလွဲပြီး ဘာသာခြားများဆို ကြိုက်သလိုလုပ်၊ ဘုရားမှန်မှန်ရှိခိုး ယုံကြည်နေရင် ကောင်းကင်ဘုံတက်မယ်ဆိုသူများကို ပြောပါသည်..။

  • minthakhin

    August 18, 2011 at 1:53 am

    ကိုရိုးရေ မင်္ဂလာပါခင်ဗျာ

    ဒီပို ့စ်ကိုအခုမှတွေ ့လို ့ပါ။ ကျွန်တော်လည်း သိတတ်ပါပြီဆိုကတည်းက 8တန်းလောက်နဲ ့တူတယ် (ကိုယ့်ဉာဏ်နဲ ့ကိုယ်ပေါ့နော်)
    ဘုရားရှိခိုးရင် ဆုမတောင်းတော့ဘူး။ ဗေဒင်တွေမယုံတော့ဘူး။ နတ်တွေဘိုးတော်တွေမယုံတော့ဘူး။
    အဲ နောက်ဆက်တွဲကတော့ အိမ်က လူကြီး တွေနဲ ့ထိပ်တိုက်တွေ တွေ ့လာတယ် (အထူးသဖြင့် ဘွားလေးနဲ ့ပေါ့) ။ နောက်တော့ 10 တန်းအောင်လာပြီး စာဖတ်များလာတယ်။ အထူးသဖြင့် Stephen Hawking ကထာဝရ ဘုရားသခင်ဆိုတာ ဘယ်မှာမှမရှိဘူးလို ့ဆိုထားတာကိုဖတ်ရပြန်တယ်။ ပြီးတော့ black holes အကြောင်းတွေကို ဖော်ထုတ်ပေးပြန်တယ်။ သူစပြောပြောချင်း တလောကလုံး ဗြောင်းဆန်ကုန်တာပေါ့။
    ဒီကောင်ဘာကောင်လဲတွေ ဘာတွေဖြစ်ကုန်ကြတယ်။ အခုရော အနှစ်၂ဝ နီးပါးအကြာမှာ ဘယ်လိုနေသလဲ။ ကျွန်တော်တို ့ဆီမှာတော့ မသိဘူး။ ဥရောပ နဲ ့အမေရိကမှာတော့ Stephen Hawking ရဲ ့အဆိုကို လက်ခံလာတဲ့သူတွေ တွေ ့ရတာများလာကြပြီ။ Hollywood ရုပ်ရှင်တွေ (Angels & Demons) ထဲမှာတောင် God ဆိုတာကိုမယုံကြည်ဘူး ဆိုတာကိုထည့်ရိုက်နေကြပြီ။ ဒီမှာများ ရိုက်လိုက်လို ့ကတော့ မတွေးရဲဘူး။ကျွန်တော်ကတော့ သူပြောပါတယ်ဆိုတာကို အင်းဟုတ်တာပေါ့လို ့ခေါင်းညိတ်ခဲ့တာမဟုတ်ဘူးနော်။ သူပြောတဲ့ တွင်းနက်ကြီးတွေကျွန်တော်မှလိုက်မမှီတာကိုး။သူပြောတာကိုလည်း မှတ်သားထားတယ် ကိုယ့်ကိုယ်ပိုင်ဆင်ခြင်ဉာဏ်၊သိမှတ်ထားမှုတွေနဲ ့ထပ်တွေးပြီးပေါင်းထပ်လိုက်တယ်။ အိုကေ ကျွန်တော်ကတော့ ကိုယ့်ကိုကိုယ်သာယုံကြည်တယ်၊ သူများနစ်နာစေမယ့်အလုပ်ကိုရှောင်မယ်၊ ကောင်းတဲ့အရာလေးတွေကိုမှတ်သားလိုက်နာမယ်၊ကိုယ်တတ်နိုင်တာရှိရင် သူများကိုဖေးမကူညီစောင့်ရှောက်မယ်။ ဒါကျွန်တော် တစ်ယောက်တည်းရဲ ့မူပိုင် ဘာသာဖြစ်လာခဲ့တော့တယ်။

    • Foreign Resident

      August 18, 2011 at 2:52 am

      ” Stephen Hawking ကထာဝရ ဘုရားသခင်ဆိုတာ ဘယ်မှာမှမရှိဘူး ”

      The actual meaning is :
      Stephen Hawking only said, there is no creator of world or Universe.
      This saying terribly shake the religious community.

      Because,
      Christians trusted their God created the world.
      Muslims trusted their Allah created the world.
      Hinduism trusted their Maha Byhama created the world.

      But for our Buddhism, it is quite OK.
      Our Lord Buddha never said he created the world.

      Our Lord Buddha only said,
      Don’t waste your time by finding start of mankind & universe.
      Your lifespan is too short & try finding your escape way from suffering.

      Our Lord Buddha admitted,
      he is a human being,
      He is not a creator,
      He is not even a inventor,
      He is only a discoverer of how to escape from suffering.

      I love Buddhism. 🙂

  • minthakhin

    August 18, 2011 at 1:34 pm

    ဟုတ်ကဲ့ပါ။ အခုလိုထောက်ပြပေးတဲ့အတွက်ကျေးဇူး အထူးတင်ပါတယ်။ ကျွန်တော်လည်းကိုယ့်စာကိုပြန်ဖတ်ကြည့်ရသေးတယ်။ ဟုတ်ကဲ့ပါ။ ကျွန်တော်တစ်ခုစီမပြောပဲ ရောထွေးပြီး ပြောလိုက်မိတဲ့အတွက် ထာဝရဘုရားသခင်မရှိဘူးဆိုပြီး ပြောလိုက်တာ လွန်ခဲ့တဲ့နှစ်ပေါင်း 20 ကပြောခဲ့သလိုဖြစ်သွားပါတယ်။ နားလည်မှုလွဲသွားနိုင်တဲ့အတွက် ဒီစာကိုဖတ်လိုက်ရတဲ့သူတိုင်းကိုတောင်းပန်ပါတယ်။ Stephen Hawking ပြောခဲ့ပါတယ် ဘုရားသခင်မရှိဘူးဆိုတာကို
    http://news.yahoo.com/blogs/lookout/stephen-hawking-says-afterlife-fairy-story-150719080.html

    http://www.jamaicaobserver.com/columns/Stephen-Hawking-and-God_8820141

    ဒီနေရာမှာလည်း အကွန် ့ထပ်တက်ချင်သေးရင် သူက ခရစ်ယာန်ဘဲ သူ ့ဘုရားသူပြောတာနေမှာပေါ့လို ့။
    (ဟဲလေးလို ပြောလိုက်ပါမယ်) နိုး နိုး နိုး လုံးဝမှားသွားပြီ။ လူသားအားလုံးကို သူဆိုလိုခဲ့တာပါ။
    ထာဝရဘုရားသခင်ဆိုတာ ဘယ်မှာမှမရှိဘူးဆိုတာ ကိုကျွန်တော်ဘာသာပြန်ခဲ့တာလည်း သူ ့ဆိုလိုရင်းအားလုံးကိုခြုံငုံပြီး ပြောလိုက်တာပါ။
    သူနဲ ့ကျွန်တော်သဘောထားကွဲလွဲတာရှိပါတယ်။ သူကဘာသာတရားများဟာ ဘုရားသခင်ပေါ်မှာအခြေခံတယ်လို ့ဆိုတယ်။
    ကျွန်တော့်အယူအဆကတော့ ကြောက်ရွ ံ့မှုအပေါ်မှာအခြေခံတယ်လို ့ထင်ပါတယ်။
    ဟုတ်လားမဟုတ်လား နိုင်ငံခြားရောက်နေသူအများစုကိုကြည့်လိုက်ပါ။ ၁၀ဝ မှာ ၉ဝ ကျော်လောက်က
    (အထူးသဖြင့် ယောက်ျားလေးတွေ) အဲဒီကိုရောက်သွားမှ ဘုရားရှိခိုးရတာနဲ ့ဘာနဲ ့။ ဟုတ်ပါတယ်နော်။
    မဟုတ်ပါဘူးလို ့လဲဘယ်သူငြင်းချင်သလဲ။ လိင်ကိစအင်မတန်ဆာလောင်နေတဲ့ လူဆယ်ယောက်ကို လူမမြင်ကွယ်ရာမှာ ကာလသားကြိုက်ကောင်မလေး ၅ ယောက်လောက်နဲ ့ထားကြည့်။ ဘာဖြစ်သွားမလဲဆိုတာ။ အင်း အဲဒီအတိုင်းဘဲ ရဲအယောက် ၁၀ဝ လောက်ဝိုင်းထားကြည့် ဒီလူတွေဘာလုပ်ရဲသလဲဆိုတာ။ အိုကေ ဒီလူတွေ သူများသားသမီးကိုပြစ်မှားရင် ငရဲကျမယ်ဆိုတာကိုကြောက်မလား ရဲအယောက် ၁၀ဝ ကိုကြောက်မလား အသက်ချင်းထပ်ပြီးတော့ လောင်းလိုက်မယ်။ ဘယ်သူစိန်ရဲသလဲ။ အိုကေနော် ဘူးခံပြီးပြောနေတာမဟုတ်ဘူး။ တကယ်ကျဉ်းထဲကျပ်ထဲရောက်တာတောင် သီလ၊သမာဓိပြည့်စုံတဲ့သူမရှိဘူးလို ့ပြောနေတာမဟုတ်ဘူး။ဒါပေမယ့် ဒီလိုလူမျိုး တလောကလုံးဘယ်နှယောက်ရှိနိုင်လဲ။ ပြီးတော့ ဘုရားရှင်ကိုသက်ဝင်ယုံကြည်တာလား၊ ယုံကြည်တာလားကိုယ့်ဘာသာကိုအရင်ပြန်မေးကြည့်ပါဦးလို ့ပြောချင်ပါတယ်။ သက်ဝင်ယုံကြည်တယ်ဆိုရင် ဘုရားဟောခဲ့တဲ့တရားကို နှိုက်နှိုက်ချွတ်ချွတ် (ခရေစေ့တွင်းကျ၊ သူ ့ဆိုလိုရင်း) သိပြီးလား။ပါဌိလိုကြက်တူရွေးရွတ်သလိုရွတ်နေတဲ့ဘုရားစာရဲ ့အနက်အဓိပါယ်ရောအကုန်သိပြီလား လို ့မေးလိုက်ချင်ပါတော့တယ်။
    ထပ်ပြောရမယ်ဆိုရင် ဟုတ်ကဲ့ Steven Hawking ပြောခဲ့ပါတယ်။ ထာဝရဘုရားသခင်ဆိုတာ ဘယ်မှာမှမရှိပါဘူးလို ့။ ကိုးကွယ်တာမကိုးကွယ်တာကျွန်တော့်အပိုင်းမဟုတ်ဘူး။ ကျွန်တော့်နောင်လာနောက်သားတွေကိုလည်း ဘုရားသခင်ဆိုတာမကိုးကွယ်နဲ ့သူကတကယ်မှမရှိတာလို ့မပြောပါဘူး။ ဘယ်အရာမဆို ကျိုးကြောင်းစဉ်ခြင်နိုင်တဲ့ ဉာဏ် (IQ, EQ, reasonable thinking , critical thinking) တို ့ကိုပဲ မြင့်သထက်မြင့်အောင် တတ်နိုင်သလောက်လုပ်ပေးသွားမှာပါ။
    THAT’S ALL.

Leave a Reply