နေပြည်တော်သို့ လေကြောင်းမှ ခရီးသည်များ သွားလာမှုနည်းပါးသောကြောင့် ပုဂ္ဂလိကလေကြောင်း လိုင်းများသည်ရန်ကုန်- နေပြည်တော် ခရီးစဉ်ကိုခရီးသည်ရရှိမှသာ ပျံသန်းပေးနေသည်ဟု သက်ဆိုင်ရာလေကြောင်း လိုင်းတာဝန်ရှိသူများက ပြောသည်။ ရန်ကုန်အဲဝေးနှင့် အဲပုဂံတို့သည် အပတ်စဉ် လေယာဉ်ပျံသန်းအချိန်ဇယားတွင် နေပြည်တော်ခရီးခဉ်ကို ထည့်သွင်းထားပြီး ခရီးသည်ရှိလာပါက ပျံသန်းပေးကြောင်း တာဝန်ရှိသူများကပြောသည်။ ရန်ကုန်အဲဝေးလေယာဉ်ပျံသန်းအချိန်ဇယားအရ အပတ်စဉ် အင်္ဂါနေ့တိုင်းနှင့် အဲပုဂံသည်လည်း အပတ်စဉ်သောကြာနေ့တိုင်း နေပြည်တော်သို့ ပျံသန်းပေးနေသည်။ သို့သော် ရန်ကုန်အဲဝေးသည် အောက်တိုဘာလမှစတင်၍ ထိုခရီးစဉ်ကို ပျံသန်းခြင်းမရှိကြောင်း နှင့် အဲပုဂံသည်လည်း ဇန်နဝါရီလမှစပြီး ရပ်နားထားကြောင်း ရန်ကုန်ရှိလေယာဉ်လက်မှတ်အရောင်းအေဂျင်စီအချို့မှ သိရသည်။ အဲမန္တလေးလေကြောင်းလိုင်းသည် ပြည်တွင်းခရီးစဉ်များအတွက် လေယာဉ်တစ်စင်းတည်းဖြင့်သာ ပျံသန်းအသုံးပြုနေရခြင်းနှင့် နေပြည်တော်သွားရောက်သော ခရီးသည်နည်းပါးမှုကြောင့် ၂၀၀၈ခုနှစ်လောက်ကတည်းကနေပြည်တော်ခရီးစဉ် ပျံသန်းမှုကိုရပ်နားထားကြောင်း ၂၀၁၀ခုနှစ် မေလ၇ရက်နေ့ထုတ်မြန်မာတိုင်း(မ်) ဂျာနယ်တွင်ဖော်ပြထားပါသည်။

About kln

k ln has written 409 post in this Website..