နာရေးကူညီမှုအသင်းပါတီ နိုင်ငံရေးလုံးဝမပြုလုပ်ဟုကြေညာ

klnMay 7, 20101min612

နာရေးကူညီမှုအသင်း( ရန်ကုန်) ကပါတီနိုင်ငံရေးလုံးဝမပြုလုပ်ကြောင်း မေလ ၅ရက်နေ့က ပြုလုပ်သည့် အသင်း၏ အစည်းအဝေးတွင်ထုတ်ပြန်ကြေညာလိုက်သည်။ အသင်းအနေဖြင့်သော်လည်းကောင်း၊ အသင်းဝင်တစ်ဦးချင်းအနေဖြင့်သော်လည်းကောင်း ပါတီတည်ထောင်၍ ရွေးကောက်ပွဲဝင်ခြင်း၊ အခြားပါတီများတွင် တစ်ဦးချင်း ပါဝင်ဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲဝင်ခြင်းနှင့် မိမိသဘောဖြင့် တစ်သီးပုဂ္ဂလ အမတ်အဖြစ် ဝင်ရောက်ရွေးချယ်ခံခြင်းစသည့် ကိစ္စရပ်များအပါအဝင် ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ လုံးဝ ပါဝင်ပတ်သက်ဆောင်ရွက်ခြင်းပြုလုပ်မည်မဟုတ်ကြောင်း ၂၀၁ဝခုနှစ် မေလ ရရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင်ဖော်ပြထားပါသည်။

2 comments

  • kopauk mandalay

    May 7, 2010 at 8:01 am

    ကောင်းပါတယ် မရောတာအကောင်းဆုံးပါ ။

  • manawphyulay

    May 11, 2010 at 2:03 pm

    ပရဟိတလုပ်ငန်းကို တစ်စိုက်မတ်မတ်လုပ်ခြင်းသည် လူသားများကို တစ်ဖက်တစ်လမ်းမှ ကူညီပေးရာ ရောက်ပါသည်။

Leave a Reply