ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းများအသင်းချုပ်အနေဖြင့် ရွေးကောက်ပွဲဝင်ရန်အစီအစဉ်မရှိ

klnMay 7, 20101min602

ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်အနေဖြင့် ယခုအချိန်၌ ရွေးကောက်ပွဲဝင်ရန် အစီအစဉ်မရှိသေးကြောင်းအသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကပြောကြားခဲ့သည်။ “ကျွန်တော်အနေနဲ့ရော အသင်းချုပ်အနေနဲ့ပါ တစ်သီးပုဂ္ဂလအနေနဲ့လည်းကောင်း၊ ပါတီနဲ့ဖွဲ့ပြီးလည်းကောင်း၊ ရွေးကောက်ပွဲဝင်ဖို့အစီအစဉ်မရှိသေးပါဘူး” ဟုဦးဝင်းမြင့်ကပြောကြားခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ (၁၈)ကြိမ်မြောက် အသင်းသားစုံညီအစည်းအဝေး၌ အသင်းဝင်တိုင်းပါတီနိုင်ငံရေးကင်းရှင်းရမည်ဟူသည့် အသင်းအဖွဲ့စည်းမျဉ်းကိုပယ်ဖျက်ခဲ့သဖြင့် အသင်းချုပ်အနေဖြင့် ရွေးကောက်ပွဲဝင်မည်ဟူသော ကောလာဟလများ ထွက်ပေါ်လာခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းမြင့် အပြင် ညီနောင်အသင်းအဖွဲ့များမှ ဥက္ကဋ္ဌ အများစုသည်လည်းရွေးကောက်ပွဲဝင်ရန် အစီအစဉ်မရှိကြောင်း ၂၀၁ဝခုနှစ် မေလ ရရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင်ဖော်ပြထားပါသည်။

2 comments

  • susunosuki

    May 12, 2010 at 9:18 am

    စီးပွားရေးပဲ သီးသန့်လုပ်မှာထင်တယ်
    လိုင်းသန့်တယ်လို ခေါ်လို့ရမယ်ထင်တယ်

  • လင်းဝေကျော်

    June 10, 2010 at 10:04 am

    အများအတွက်တကယ်မလုပ်တတ်ဘူး။
    အနေအထိုင်မတတ်ရင် ပြဿနာဖြစ်သွားနိုင်တယ်။
    ဒီတော့ အေးအေးဆေးဆေး စားတာပဲကောင်းပါတယ်လေ..။

Leave a Reply