မဆုံးတဲ့…သီချင်း–၁၅

naywoon niJuly 21, 20111min922

ကိုလင်းသူက အရက်တစ်ခွက်ကို ဆွဲယူပြီးနေဝန်းနီ ကိုပေးတယ်…။ သူကလည်းတစ်ခွက်ဆွဲယူပြီး ရေနဲနဲ ထပ်ထည့်လိုက်ပြီး တစ်ငုံ သောက်လိုက်တယ်..။ အရက်ကို ချက်ချင်း မြိုချသောက်လိုက်တာတော့ မဟုတ်ပါဘူး..။ ပါးစပ်ထဲမှာ ငုံထားပြီး မှ ဖြေးဖြေးချင်း မြိုချလိုက်တာပါ….။ ပြီးတော့ အခန်းအပြင်ဘက်ထွက်သွားတယ်..။ ခဏနေတော့ စာအုပ်တစ်ထပ် ကိုင်ပြီး ပြန်ဝင်လာတယ်…။ နေဝန်းနီကို ပေးတယ်…။ ပြီးတော့မှ….
“ ငါတို့ မြန်မာ ကဗျာမှာ ရာသီဖွဲ့ ကဗျာဆိုတာရှိတယ်..။ နောက် ပန်းကိုဖွဲ့တယ်..။ တော တောင် ရေေမြေဖွဲ့တယ်..။ နောက် မယ်ဖွဲ့ မောင်ဖွဲ့ ဘုန်းတော်ဖွဲ့ဆိုတာတွေ ရှိခဲ့တယ်..။ နောက်ခေတ်ပေါ်ကဗျာမှာ အနုပညာဟာ ပြည်သူအတွက် ဖြစ်ရမယ်လို့ ခံယူပြီး ပြည်သူတွေရဲ့ ခံစားချက်တွေကို အရှိကို အရှိအတိုင်း အမြင်ကို အမြင်အတိုင်း တစ်ပြေးညီ ခံစားနေရတာတွေကို ရေးခဲ့ကြတယ်..။ ကိုယ့်တတစ်ကိုယ် ကောင်းစားရေးကို ရေးတာ ကဗျာ မဟုတ်ဘူး..။ ကဗျာ တစ်ပုဒ်ဟာ အများနဲ့ တစ်သားတည်းကျနေရမယ်..။ ဒီမှကြည့်…။”
အဲဂလို ပြောပြီး နေဝန်းနီ လက်ထဲက စာအုပ်ကို ပြန်ယူပြီး စာတစ်မျက်နှာ ဖွင့်ပြတယ်..။ ပြီးတော့ ပြန်ပေးတယ်..။ စာအုပ်နာမယ်က စာမျက်နှာသစ်တဲ့…။ သူပြတဲ့ စာမျက်နှာက ကဗျာ ခေါင်းစဉ်က – “ နွေနေမင်းပူလွန်းလို့” တဲ့
အပင်တွေ
သေကုန်ပြီ..။
အရွက်တွေ
ကြွေကုန်ပြီ…။
ပွင့်တဲ့ ပန်း
နွမ်းကုန်ပြီ…။
ရေစိမ့်စမ်း
ခန်းကုန်ပြီ..။
သစ်ကိုင်းခြောက်တွေ
လက်မြှောက်ရိုးဆန့်
စန့်စန့်ကြီး ရပ်နေ
သေရတော့မယ်…။
ဥတုသုံးလီ
ရာသီစက်ဝန်း
အစွမ်းထက်လှတဲ့နွေ
သိစေမယ် …. ဟေ့…..။
နွေမုန်းသူများ
တို့ အားလုံးက
မျှော်နေကြတယ်….။
နွေနေမင်းကို
စစ်ခင်းမဲ့ မိုး …..။
နေရဲ့
နွေကမ္ဘာကို
အာဏာ သိမ်းမဲ့ မိုး
ရုတ်တစ်ရက်.
လျှပ်ပြက်သလို
ဝေါကနဲ ပွင့်အန်
သွန်ချမဲ့ မိုး…။
နေမင်းရဲ့ အကူ
လေပူကို ငြိမ်းစေမဲ့
သိန်းသန်းထောင် ရာ
ရေပါတဲ့မိုး
လေပါတဲ့မိုး
ရွာချမဲ့ မိုး……….။
ပိတောက်ဝါရွှေ
ပွင့်စေလန်းစေ
ညှိုနွမ်းပြည်သူ
ကြည်စေ ရွှင်စေ
မိုးပြိုမြေခ
နွေကာလမှာ ရွာစမ်းမိုး….။
ကဗျာရေးသူက ကိုလင်းသူ ပါပဲ…။ နေဝန်းနီ ခေါင်းမော့ကြည့်လိုက်တော့ ကိုလင်းသူက
“ ဒါဟာ အများရဲ့ အပူကို ဖော်ညွှန်းတာ ဖွဲ့ဆိုတာပါပဲ…။ ကဗျာဆိုတာ မင်းရေးတာဆိုပေမဲ့ မင်းတစ်ယောက်ထဲ မပိုင်ဘူးနေဝန်းနီ..။ ကဗျာဆိုတာဟာ အများပိုင်ပစ္စည်းဖြစ်တယ်…။ အများ ခံစားနိုင်ရမယ်..။ ဗဟု သဘောဆောင်ရမယ်..။ “
ရှည်လျားစွာပြောပြီး အရက်ခွက်ထဲ အရက်ထပ်ထည့် ဖန်ခွက်နှစ်ခုထဲအညီ…။ နေဝန်းနီ ဆိုတဲ့ အကောင်ကလည်း ကျန်တာသာ မလိုက်နိုင်ရှိရမယ်…။ အရက်သောက်တဲ့နေရာမှာ နောက်ကျမနေစေရဘူး…။ သူ့လိုပဲ..။ အရက်ခွက်ထဲ သံပုရာသီး ညှစ်ထည့် သကြားနှစ်ဇွန်းလောက်ထဲပြီး မွှေ …။တစ်ငုံလောက်စုတ်ပြီး အရသာယူ … မြိုချလိုက်ပြီး ကဗျာကို တစ်ခေါက်ပြန်ဖတ်…။ အရသာရှိလိုက်တာ…။ ဂျင်အရက်က ပြောပါတယ်…။

နေဝန်းနီ

2 comments

  • naywoonni

    July 21, 2011 at 10:19 pm

    ဒဂျီလည်း ဒေါ်လှဈေးကြောင့်လား တင်တဲ့ ပို့တွေ ေြ ကာင့်လား …. အနော်တို့ကို ဂျေးရှနေဘီ..။
    ပို့စ်တထု =40ပွိုင့်
    ကွန်မန်းတစ်ထု=7ပွိုင့်
    လိုဂျင်=0ပပွိုင့် ဒီဂနေ့ ရပါကြောင်း…………

  • victor soemoe

    July 22, 2011 at 9:44 am

    မဆုံးတဲ့ သီချင်းက –
    တစ်ထောင့် တစ်ည ပုံပြင်နဲ့-
    ဘယ်ဟာ က ပိုရှည်မလဲ-
    စိတ်မဆိုးပါ နဲ့ မေးကြည့်တာပါ ကိုကြီး အဟီးးးးးး

Leave a Reply