တစ်ပါတ်စာ..အမောပြေဟာသ။။။

(၁) စိတ်ကူးယဉ်
(၂) သတင်းထူး
(၃) ချစ်တဲ့အကြောင်းပဲပြောပါ
(၄) မဆဲနဲ့
(၅) မှတ်ကရော
(၆) ဖေဖေ့သားငယ်
(၇) ချောင်းဆိုးရောဂါ
(၈) ဖုန်းမှားလို့
(၉) သူလျှို
(၁၀) ကိုယ်အလုပ်နဲ့ကိုယ်
************************************************************************************

(၁)စိတ်ကူးယဉ်
စာအုပ်ဆိုင် အတွင်းသို့ လူငယ်တစ်ယောက် ဝင်လာပြီး အရောင်းဝန်ထမ်းအမျိုးသမီးအား မေးသည်။
လူငယ် ။ စာအုပ်လိုချင်လို့ဗျာ
ဝန်ထမ်း ။ ဟုတ်ကဲ့….ဘာစာအုပ်များလဲ ရှင်
လူငယ် ။ နာမည်တော့ မမှတ်မိတော့ဘူး။ စာအုပ်ရေးတဲ့ အကြောင်းအရာက ”
ယောကျင်္ားတွေဟာ မိန်းမ တွေအပေါ် ဘယ်လို လွှမ်းမိုးချုပ်ကိုင်ထားသလဲ ” ဆိုတဲ့အကြောင်းပါ

ဝန်ထမ်း ။ ဒါဆို ညာဘက်တန်းက ” စိတ်ကူးယဉ် စာပေများ ” ဆိုတဲ့ စင်မှာ ရှာကြည့်ပါရှင်။

**************************************************************************************

(၂)သတင်းထူး

လမိုက်ည တစ်ညမှာ သူခိုးတစ်ယောက် ဘဏ်တစ်ခုထဲဝင်ပြီး ပစ္စည်းခိုးဖို့
ကြံရွယ်ခဲ့တယ်။ သူခိုးက ဘဏ်ထဲမှာရှိတဲ့ အာမခံသေတ္တာတွေကို တစ်ခုပြီးတစ်ခု
ဖွင့်ကြည့်ခဲ့တယ်။ ပထမသေတ္တာကို ဖွင့်ကြည့်တော့ ဘာအဖိုးတန်ပစ္စည်းမှာ
မတွေ့ဘဲ ဂျယ်လီထုပ်တွေပဲ တွေ့ခဲ့တယ်။ နောက်သေတ္တာတစ်ခုကို
ဖွင့်ကြည့်တော့လည်း ဘာမှမတွေ့ဘဲ ဂျယ်လီထုပ်ပဲတွေ့ခဲ့တယ်။
သူခိုးကစိတ်တိုပြီး ဂျယ်လီထုပ်တွေကို စားပစ်လိုက်တယ်။

နောက်တစ်နေ့မနက်မှာ သူခိုးက အိပ်ရာစောစောထပြီး ညက သူလုပ်ခဲ့တဲ့
လုပ်ရပ်ကိုသိချင်လို့ သတင်းစာတစ်စောင် ဝယ်ဖတ်လိုက်တယ်။
သတင်းစာရဲ့ခေါင်းကြီးပိုင်းမှာ စာလုံးကြီးနဲ့ ရေးထားတာကိုဖတ်ပြီး
သူခိုးမေ့လဲသွားခဲ့တယ်။ သတင်းစာပေါ် ရေးထားတာက…

“ရူးသွပ်နေသော သူခိုးတစ်ယောက်  သုတ်လှူဘဏ်တစ်ခုကို  ညက ဝင်ရောက်ခိုးခဲ့သည်”

*******************************************************************************
(၃)ချစ်တဲ့အကြောင်းပဲပြောပါ

“ရှင် ကျွန်မကို ချစ်တယ်နော်”

“သိပ်ကို ချစ်တယ်”

“အဲဒါဆို ဘယ်တော့ လက်ထပ်ကြမလဲဟင်”

“ဟေ့ ဟေ့…ခေါင်းစဉ်ကို ဗြုန်းစားကြီး ပြောင်းမပစ်နဲ့လေ.”

*******************************************************************************
(၄)မဆဲနဲ့

ရုံးပိတ်ရက်တစ်ရက်မှာ ပီတာလေးတို့ကျောင်းက ရှေးဟောင်းပြတိုက်တစ်ခုကို
လေ့လာရေးခရီး ထွက်ခဲ့ကြတယ်။ အဲဒီနေ့မှာ သူတို့သွားတဲ့ သမိုင်းပြတိုက်မှာ
နံရံပေါ်တက်ပြီး ဆေးသုတ်နေတဲ့ လူတစ်ယောက်ပြုတ်ကျပြီး သေသွားတာကို
မြင်ခဲ့ကြရတယ်။
နောက်နေ့ အတန်းထဲမှာ ဆရာမက မနေ့က
လေ့လာရေးခရီးနဲ့ပတ်သက်ပြီး ကလေးတွေကို ဗဟုသုတအနေနဲ့
ဘယ်လောက်ရခဲ့လဲဆိုတာကို ပြန်ပြီးဆွေးနွေးရင်း မနေ့က မတော်တဆမှုနဲ့
ပတ်သက်ပြီး ကလေးတွေအမြင်ကို သိချင်လို့ မေးခွန်းထုတ်လိုက်တယ်။

ဆရာမက“တပည့်တို့ကို မနေ့က မတော်တဆမှုနဲ့ ပတ်သက်ပြီးမေးခွန်းလေမေးချ င်တယ် ”
“ကိုလတ်ကို ပထမဦးဆုံးမေးချင်တယ် ကိုလတ် မနေ့ကမတော်တဆမှုနဲ့ပတ်သက်ပြ ီး
ဘယ်လိုမြင်သလဲ။” ဒါနဲ့ကိုလတ် ဆေးသုတ်တဲ့လူက နမော်နမဲ့ဖြစ်လို့
ပြုတ်ကျတယ်လို့ထင်ပါတယ် ဆရာမ။

ဒါနဲ့ ဆရာမက “အေးမှန်တယ်ကွဲ့ သားတို့သမီးတို့လဲ နမော်နမဲ့ မနေကျနဲ့ကွဲ့
ဟုတ်ပြီလား။” ဆရာမကဆက်ပြီး “မောင်မောင်ရဲ့အမြင်ကိုလဲ ပြောပါအုန်း”
မောင်မောင်က “အရက်မူးတယ်လို့ထင်ပါတယ် ဆရာမ”
ဒါနဲ့ ဆရာမက “အေးမှန်တယ်ကွဲ့ သားတို့သမီးတို့ကြီးလာရင် အရက်သေစာမသောက်စားကြနဲ့ ဟုတ်ပြီလား”ဟု ပြောလိုက်တယ်။

အဲဒါနဲ့ ဆရာမကဆက်ပြီး “ပီတာလေးကို မေးလိုက်တယ်။” “ပီတာလေးရဲ့
အမြင်ကိုလဲပြောပါအုန်း” ပီတာလေးက “ကျွန်တော့်အမေကိုဆဲလို့ပါ ဆရာမ”
ဟုဖြေလိုက်တယ်။

ဆရာမလဲ အံ့အားသင့်သွားတယ် “ဘယ်လိုပတ်သက်လို့တုန်းကွဲ့ ”လို ့ ဆရာမက
ပီတာလေးကိုမေးလိုက်တယ်။ ဒါနဲ့ပီတာလေးက “အဲဒီလူကြီးက” “မအေပေးလေး  အောက်ကနေ
လှေခါးလာမလှုပ်နဲ့လို့ပြောလို့ ကျွန်တော်အမြင်ကတ်ကတ်နဲ့တွန်းချလိုက်တာပါ” ဆရာမ။

****************************************************************************************************
(၅)မှတ်ကရော

အလုပ်များနေသော ခင်ပွန်းသည်အား အလိုက်မသိသော ဇနီးက စကားတွေ တတွတ်တွတ်ပြောနေသည်။
ခင်ပွန်းဖြစ်သူက သူမစကားတွင် စိတ်မပါမှန်းလည်း မရိပ်မိချေ။

“မောင် … ခင့်ကို ဘာလို့လက်ထပ်ခဲ့တာလဲဟင်။ ခင့်ရဲ့ မျက်နှာလေး လှလွန်းလို့လား။
ဒါမှမဟုတ် ခင့်ကိုယ်လုံးကိုယ်ပေါက်လေးကို သဘောကျလို့လား။
အင်း … မဟုတ်ဘူးဆိုရင် ခင်ရဲ့ စိတ်ထားလေး ဖြူတာကို မြတ်နိုးလို့လား။
အဲ … ဒါမှမဟုတ် …”

စိတ်မရှည်တော့သော ခင်ပွန်းက သူမဘက်လှည့်ပြီး တစ်ခွန်းတည်း ပြန်ဖြေသည်။

“မင်း ခုလို ဟာသပြောတတ်တာကို ကြိုက်လွန်းလို့ဟေ့”

*****************************************************************************************************
(၆)ဖေဖေ့သားငယ်

အဘိုးကြီးနှင့် အဘွားာကြီးနှစ်ယောက်တွင် သမီး သုံးယောက်ရှိလေသည်။
တစ်နေ့သော် … ယောက္ခမ ဖြစ်သူက သမက်အကြီး နှင့်အတူ လမ်းလျှောက်ထွက်သည်။
ရေကန်နားရောက်သော် ရေကန်ထဲသို့ ခုန်ချလိုက်သည်။
သမက်အကြီး က ဆင်းကယ်သည်။
နောက်တစ်နေ့ မနက် ..သမက်ကြီး အိမ်ရှေ့တွင် ကား တစ်စီး ရောက် နေသည်။
ကားပေါ်တွင် “မေမေ့ကို ချစ်တဲ့ မေမေ့သားကြီးအတွက်”ဟု စာရေးကပ်ထားသည်။

ဒုတိယ သမက်နှင့် လမ်းလျှောက်သည်။ရေကန်ထဲသို့ခုန်ချပြန်သည်။
သမက်အလတ် က ဆင်းကယ်သည်။
နောက်တစ်နေ့ မနက် ..သမက်အလတ် အိမ်ရှေ့တွင် ဆိုင်ကယ် တစ်စီး ရောက် နေသည်။
ဆိုင်ကယ်ပေါ်တွင် “မေမေ့ကို ချစ်တဲ့ မေမေ့သားလတ်အတွက်”ဟု စာရေးကပ်ထားသည်။

သမက်အငယ်နှင့် လမ်းလျှောက်ပြန်သည်။ရေကန်ထဲသို့ထပ်ခုန်ချပြန်သည်။
သမက်အငယ်က စဉ်းစားသည်။ ပထမတစ်ယောက်တုန်းက ကား ၊ ဒုတိယ တစ်ယောက်ကျ တော့ ဆိုင်ကယ်..
ငါ့ အလှည့် ကျရင် စက်ဘီးပဲလာမှာပဲ ဟု စဉ်းစားပြီး မကယ်ဘဲ နေလိုက်သည်။ ယောက္ခမဖြစ်သူ သေသွားသည်။

နောက်တစ်နေ့မနက် သမက်အငယ် အိမ်ရှေ့တွင် လေယာဉ်ပျံတစ်စီးရောက်နေသည်။
လေယာဉ်ပျံပေါ်တွင် ဖေဖေ့ကို ချစ်တဲ့ ဖေဖေ့သားငယ် အတွက် ဟု ရေးထားသည်။

*************************************************************************************
(၇) ချောင်းဆိုးရောဂါ

““ဒေါက်တာကျွန်တော်ချောင်း ခဏခဏ ဆိုးနေတယ်ဗျာ””
“ အန်ကယ်အသက်ဘယ်လောက်ရှိပြီလဲ”
““ ၇၅-နှစ်ပါ””

““အသက် ၂၀- အရွယ်တုန်းက ချောင်ဆိုးဖူးလား””
“ဟင့်အင်း”

““ အသက် ၄၀- အရွယ်တုန်းကရော””
“ မဆိုးခဲ့ပါဘူး”

““ရှင်းနေတာပဲအန်ကယ် ၊ ဒီအရွယ်မှာမှ ချောင်းမဆိုးရင်
ဘယ်အချိန်မှာ သွား ဆိုးမလဲ””
*************************************************************************************
(၈)ဖုန်းမှားလို့

“ဟယ်လို…မိန်းမလား”
“ရှင်……….”
“မိန်းမလား………လို့…..”
“မဟုတ်ပါဘူးရှင်…ကျွန်မကဒီအိမ်ကအိမ်ဖော်ပါ”
“ဪ…အေးအေး…မင်းမမလေးကော….ရှိလား”
“ဟုတ်…”
“ခေါ်ပေးကွာအရေးကြီးလို့”
“..ရှင်…မမလေးကသူ့အမျိုးသားနဲ့အိပ်နေတယ်..မခေါ်ပေးရဲဘူး”
“ဘာ…..သူ.ယောင်္ကျားနဲ့ဟုတ်လား…”
“အင်းလေ..ဟုတ်ဘူးလား”
“ဒီမှာငါကမှ..သူ.ယောကျင်္ား…မှတ်ထား.
ကောင်မကတော်တော်လင်ပေါနေတယ်မှတ်တယ်…
ခုလင်ငယ်နဲ့အိပ်နေတယ်ပေ့ါ………
တောက်…သေမယ့်သာမှတ်…
ဟေ့…ဟေ့..ဒီမှာ…မင်းအခုချက်ချင်း အခန်းထဲဝင်ပြီး..ကောင်မကိုကော အကောင်ကိုကော..သတ်ပစ်စမ်းကွာ..”
အိမ်ဖော်မလေး..ဆတ်ခနဲတုန်သွားပြီးမှ…..
“ရှင်..!!!! …မ…မ..လုပ်ပါရစေနဲ့ရှင်”
“တောက်…နင်ပါသေချင်လို့လား…ငါအခုပြန်လာလိုက်ရ..
၃ လောင်းပြိုင်ဖြစ်သွားမယ်…နားလည်လား..သွားစမ်း သွားစမ်း
အံဆွဲထဲမှာသေနတ်ရှိတယ်…နှစ်ယောက်စလုံးကိုပစ်သတ်..
ကြားလား…ဖြစ်သမျှငါရှင်းမယ်..သွားပစ်လိုက်စမ်း”
“ဟို… ဟိုလေ…….”
“ဟိုလေ ဒီလေလုပ်မနေနဲ့..ဘာလဲ..နင်ပါသေချင်လို့လား”
“မဟုတ်ပါဘူးရှင်….သ.သ..သွားပါ့မယ်……….”
ခဏအကြာ….ဒိုင်းခနဲသေနတ်သံနှစ်ချက်ကြားလိုက်ရသည်။
“ပြီး..ပြီးပြီ..ဘာ..ဘာဆက်လုပ်ရမှာလဲဟင်…..”
“အေး…ပြီးရင်..ဂုန်နီအိတ်နဲ့ထုပ်ပြီး…အိမ်ရှေ့ယူလာခဲ့
ပြီးရင်ပြော..”
အနည်းငယ်ကြာပြီးနောက်…..
“ပြီးပြီ…ဆက်ပြော…”
“ပြီးရင်….အိမ်ရှေ့ကရေကန်ထဲခဏချထား…ငါပြန်လာမယ်…ကြားလား”
“ရှင်…ဘာကြီး……….”
“ရေကန်ဟေ့…ရေကန်…နားလေးနေလား..ငါဒေါသထွက်နေရတဲ့အထဲ”
“ဟို..ဟိုလေ…အိမ်ရှေ့မှာရေကန်မရှိဘူးရှင့်”
“ဘာ…ဟုတ်လို့လား”
“ဟုတ်….ဟုတ်…”
“ဒါ..ဒါဖြင့်.phone နံပါတ်ကကော..ဟင်…”
“524895***** လေ….”
“ဗျာ……အဟင်း..ဘယ်လိုပြောရမလဲ…..
sorry ့နော်..အဟင်း
ဟို..ဟိုလေ…
phone မှားသွားလို့…..
ဒါပဲနော်”
…………………………..
***********************************************************************************************
(၉)သူလျှို

မေး – သူလျှိုတစ်ယောက်ရဲ့သား စာမေးပွဲကျလာတဲ့အခါ သူ့အဖေကို ဘာပြောမယ်ထင်သလဲ?

ဖြေ – အဖေ၊ သူတို့တွေ ကျွန်တော့်ကို (၃)နာရီလုံး မေးခွန်းတွေ မေးကြတယ်၊

ဒါပေမယ့် ကျွန်တော် သူတို့ကို ဘာတစ်ခွန်းမှ ပြန်မပြောဘဲ နေနိုင်ခဲ့တယ်။
************************************************************************************************
(၁၀)ကိုယ်အလုပ်နဲ့ကိုယ်

အလုပ်သမား၂ယောက် တူတူ ရောက်လာကြသည်။ ပထမ တယောက်က မြေတွင်းကလေးတွေ တူးသည်။
သိပ်မကြာ နောက်တယောက် ထိုမြေတွင်းကလေးတွေကို လိုက်လိုက်ဖို့နေသည်။

တတွင်းမဟုတ် နှစ်တွင်းမဟုတ်လုပ်နေကြတာ နေ့ဝက်တောင် ကျိုးလာပြီဆိုတော့ ဘေးနားက လူတွေက
စိတ်ဝင်စားလာသည်။ကြည့်နေတဲ့သူတွေထဲက မနေနိုင်တော့ လူတယောက်က မြေတူးနေတဲ့သူကိုသွားစပ်စုကြည့်သည်။

” အကိုတို ့အကိုတို ့  ခင်ဗျားတို့ ဘာလုပ်နေကြတာတုန်းဗျ မနက်မိုးလင်းကတည်းက တယောက်က တွင်းတူးလိုက်
နောက်တယောက်က လိုက်ဖို့လိုက်နဲ့” ” ဪ ကျွန်တော်တို့လား အလုပ်လုပ်နေကြတာလေဗျာ.
…ကျနော်က တွင်းတူတယ်.. ကျနော်နဲ ့ပါလာတဲ့ တစ်ယောက်က မြေဖို ့တယ်။  သူလည်း သူ့အလုပ်သူလုပ်
ကျွန်တော်လည်း ကျွန်တော့်အလုပ် ကျွန်တော်လုပ်နေကြတာလေ။

ဒါပေမယ့် တခုပဲ ရှိတယ် ဒီနေ့ သစ်ပင်စိုက်တဲ့တယောက် ခွင့်ယူထားလို့ မလာဘူးဗျ။
ကျွန်တော်ရယ် မြေလိုက်ဖို့တဲ့သူရယ် နှစ်ယောက်ထဲဖြစ်နေတာ”  တဲ့ …

****************************************************************************************************

6 comments

  • chitpyae

    July 22, 2011 at 9:50 am

    ဒီတပတ်လည်း ထပ်ရယ်သွားပါတယ်နော် …ကျေးဇူး 🙂 🙂 🙂

  • pan pan

    July 22, 2011 at 10:58 am

    ကဲ!
    ကိုယ့်အလုပ် ကိုယ်လုပ်ပြီ
    ဒီတပတ်လည်း လာဖတ်ပြီး ရယ်သွားပါတယ် 😀 😀 😀

  • Yan Shin

    July 22, 2011 at 11:29 am

    ကို ဘီလူးရေ
    ကျော်ထွေးများ ခင်ဗျားဆရာမဆီရောက်နေလား?
    ပီတာလို့ နံမည်ပြောင်းပြီးလေ……..

  • MOEPWINTPHYU

    July 22, 2011 at 11:54 am

    အားပါးတရ ရယ်သွားပါကြောင်း အကြောင်းကြားလိုက်ပါတယကိုယ်အလုပ်ကိုလုပ်ကို အကြိုက်ဆုံးပဲ အလုပ်ထဲမှာလဲ အဲဒီလိုလူနဲကြုံရတယ် အလုပ်မပြီးဘူး ………….

  • နီလေး

    July 22, 2011 at 2:58 pm

    ဘဝအမောတွေ တစ်ခနတာပြေသွားတယ် ရီရလို့

Leave a Reply