ဖတ်ခဲ့ဖူးတဲ့ ဟာသလေးတွေပါ

mickylayMay 7, 20101min952

အမေ့သား(၁)
ကိုချူချာ ဓါတ်ပုံဆရာကို ပြောသည် ။
” ဟိုမှာ အင်မတန်လှတဲ့ သစ်ပင်ကို တွေ.တယ်မဟုတ်လား ။
အဲ ..ကျနော့်ကို အဲဒီသစ်ပင်နဲ့ အတူတူ ဓါတ်ပုံ တစ်ပုံ ရိုက်ပေးစမ်းပါ ။”
“သစ်ပင်ဘေးမှာ ရပ်ပြီး ရိုက်မှာလား ။ ဒါမှမဟုတ် သစ်ပင်ပေါ်တက်ထိုင်နေတဲ့ပုံကို
ရိုက်ပေးရမှာလား ။”
“နိုး ..နိုး ..ကျနော် သစ်ပင်နောက်မှာ ပုန်းနေမယ် ။ရိုက်သာ ရိုက်လိုက် ။ အဲဒီ ဓါတ်ပုံ ကို
အမေ့ဆီ ပို.လိုက်မယ် ။ ဓါတ်ပုံကို ကြည့်ပြီး ဟဲ့ ..ငါ့ သားဘယ်မှာပါလိမ့် လို. သူမေးလိမ့်မယ် ။
အဲဒီ အခါမှာ ကျနော် သစ်ပင်နောက်က ထွက်လာပြီး ဂွတ်မော်နင်း မေမေ လို. နှုတ်ဆက်လို်မယ် ။
ဟဲ ..ဟဲ ။”
********************

အမေ့သား(၂)
အမျိုးသမီးတစ်ဦး သူမဧ။် ကျောင်းနေဘက်သူငယ်ချင်းကို ပြောပြနေသည် ။
“အိုင့်ယောက်ျားလေ အင်မတန်ကို စိတ်ညစ်စရာ ကောင်းတဲ့လူ သိလား ။ တစ်ချိန်လုံး
သူ. အမေအကြောင်းကိုပဲ သတိတရ ပြောနေတယ် ။ မေမေ ဆိုရင် ဒီလိုလုပ်မှာ မဟုတ်ဘူး ။
မေမေ မြင်စမ်းချင်တယ် ။ မေမေဆို ကြိုက်မှာ မဟုတ်ဘူး ဆိုတဲ့ စကားပဲ ကြားနေရတယ် ။ အမေကို
ရှေ.တန်းတင်လွန်းတယ် ။ အိုင့်ကို လုံးဝ ဂရုမစိုက်ဘူး ။အိုင် စိတ်ညစ်လှပြီ ။”
” မိန်းမ တစ်ယောက်အနေနဲ့ ယူ.ကို သူစိတ်ဝင်စားလာအောင် လုပ်ဖို.လိုတယ် ။ အဲဒါဆိုရင်
သူ.အမေကို သူ သတိရတော့မှာ မဟုတ်တော့ဘူး။ ညနေ သူရုံးကပြန်လာတဲ့အချိန် သူ.ကို ဆွဲဆောင်နိုင်တဲ့
အဝတ်အစားဝတ်ပြီး ကြိုကြည့်စမ်းပါ ။”
သူငယ်ချင်း အကြံပေးသည့် အတိုင်း တညနေတွင် အမည်းရောင် ဘရာဇီယာ ၊ အမည်းရောင် ခြေအိတ်နှင့်
အမည်းရောင် ဇာလက်အိတ်တို.ကိုဝတ်ပြီး ယောက်ျားကို ခရာတာတာ အမူအရာဖြင့် ကြိုသည် ။ ယောက်ျားက သူ.ကို
မြင်မြင်ချင်း စိုုးရိမ်တကြီး မေးသည် ။
“မင်း တစ်ကိုယ်လုံး အမည်းရောင်နဲ့ ပါလား ။ မေမေ ဘာဖြစ်လို.လဲကွ ဟေ ။”

*********************
မာတာ မိခင်
သားဖြစ်သူက နယ်ရှိ မိခင်ထံ ဖုန်းဆက်သည် ။
“ဟဲလို … မေမေ လား ။ ကျနော် မိန်းမ ယူဖို.ဆုံးဖြတ်လိုက်ပြီဗျ ။ ဒါပေမဲ့ မေမေ ..
ကျနော် ယူမဲ့ မိန်းကလေးက အသားမည်းမည်း နီဂရိုး အမျိုးသမီး ဖြစ်နေတယ် ခင်ဗျ ။”
“ဟုတ်လား ။ ဝမ်းသာလိုက်တာ သားရယ် ။ ဒါများ အရေးတကြီး လုပ်လို.ကွယ် ။
မေမေ နဲ့ သားတို.ဖေဖေ အသားအရောင် ခွဲခြားတတ်တဲ့စိတ် မရှိဘူးဆိုတာ မင်းသိသားနဲ့..”
“ဒါပေမဲ့ ..သူ.မှာ အရင် ယောက်ျားနဲ့ ရတဲ့ ကလေး သုံးယောက်ပါလာမယ် ခင်ဗျ ။”
“ကိစ္စမရှိပါဘူး ။ သား ဖေဖေ က ကလေးတွေ ချစ်တတ်ပါတယ် ကွယ့် ။”
“ခက်တာက ကျနော်တို. နေစရာ မရှိဘူး မေမေ ရ ..။”
“ဒါလည်း ပြသနာ မဟုတ်ပါဘူး။ မမေတို.ဆီ လာနေပေါ့ ။ မေမေတို. အိမ်ခန်းက အိပ်ခန်း
တစ်ခန်းထဲ ရှိပေမဲ့ နေလို.ရပါတယ် ။ မင်းတို.မိသားစု အဲဒီအခန်းမှာ နေကြပါ ။
အဲ .. မင်း ဖေဖေ ကတော့ စတိုခန်းထဲမှာ နေပါလိမ့်မယ် ကွယ် ။”
“မေမေ ၊ မေမေကရော ဘယ်မှာနေမှာလဲ ခင်ဗျ ။”
” မေမေလား ၊ မေမေလေ မင်းနဲ့ ခု စကားပြောပြီးတာနဲ့ ကြိုးဆွဲချပြီး ကိုယ့် ကိုယ် ကို
သတ်သေသေလိုက်တော့မယ် ။ သား စိတ်မပူပါနဲ့ ။”

************************
အဖေ့ အမျိုး
ပီတာလေးက အမေ ကိုပြောသည် ။
” မေမေ .. ဖေဖေကပြောတယ် ။ လူဆိုတာ မျောက်ကနေဆင်းသက်လာတာတဲ့ ။
ဟုတ်သလား ဟင် ။”
” မသိဘူး သား ။ မင်း အဖေက မေမေ့ ကို သူ.မိဘတွေနဲ့ မိတ်မဆက်ပေးဖူးဘူးလေ ။”

2 comments

  • kopauk mandalay

    May 7, 2010 at 7:49 am

    သည်လိုရီစရ့ာလေးတွေဖတ်ရ ရင် အမောပြေပါတယ်
    မြန်မာ စစ်စစ်ဟာသလေးတွေရှိရင်ရေးကြပါ
    မြန်မာလိုရီချင်လို.ပါ

  • yokesoelay

    September 4, 2010 at 8:27 pm

    တစ်ရွာတစ်ပုဒ်ဆန်းလေးတွေလဲကြိုက်ပါတယ်..

Leave a Reply