ဂျိုလီသုံးတဲ့ ပိန်ဆေး

loneJuly 22, 20111min12616

သူငယ်ချင်း အားလုံးမင်္ဂလာပါ ….

ပထမဦးဆုံးတင်တဲ့ ပို့စ် လေးမို့လို့ အမှားပါရင် ခွင့်လွှတ်

ပေးကြပါ… mandalay gazette ထဲ ကို အခုမှ စရောက်

ဖူးတာပါ.

အခု ခေတ် မမတွေထဲက ပိန်ချင်တဲ့ သူတွေ သုံးစွဲ နိုင်ပါတယ်

ဂျိုလီကိုယ်တိုင် ထောက်ခံထား ပြီး ISO လက်မှတ်ရ အီသီ

ယိုးပီးယား နိုင်ငံမှ ပထမဦးဆုံးတင်သွင်း တဲ့ ဆေးဖြစ်ပါတယ်

မြန်မာနိုင်ငံတစ်ဦးတည်းကိုယ်စားလှယ် ဆီမှ ဝယ်ယူနိုင်

ကြောင်းသတင်းကောင်းပါးအပ်ပါတယ် ။ဆေး နမည်က

‘unsleepeat’  ပါ။

ဆက်သွယ်ရန် ..

Ph:091234567(နောက်ထွက်လာမည့် GSM တစ်ထောင်တန်)


16 comments

  • moethidasoe

    July 22, 2011 at 1:57 pm

    Brapitt ကိုယ်စား ရှင့်ကို တရားစွဲမယ် .. သူ့မိန်းမကို ရုပ်ပျက်ဆင်းပျက် ပုံ လုပ်ထားလို့ .. ဒါပဲ
    ပုဒ်မ (၅၀၀)

    • mr.lone

      July 22, 2011 at 3:09 pm

      Brapitt နဲ့ နှစ်ယောက်ညှိထား ပြီးသားပါ ။ OK တယ်ဆိုလို့ မူပိုင်ခွင့်ပြုချက်နဲ့ တင်လိုက်တာ
      ဆေးရောင်းရငွေက Brapitt နဲ့ တစ်ယောက်တစ်ဝက် လေ ဟဲဟဲ လုံးလုံး တို့က မပိုင်ရင် လေ
      တောင်မလည် ဘူး အောင့်ထားတာ ….

  • chitpyae

    July 22, 2011 at 2:11 pm

    အမလေး …. သေပါပီ အဲဒီ့ပိန်ဆေးက အဲလောက်တောင် ပဲစွမ်းသလား ….. 😉
    ဝိတ်ချချင်တဲ့ သူတွေကို အမြန်လက်တို့မှပဲ .. တော်ကြာ ဆေးကုန်သွားရင် မရလိုက်မစိုးလို့ … 🙂 🙂 🙂

  • MOEPWINTPHYU

    July 22, 2011 at 3:16 pm

    အဲဒီဆေးကို အမြန်သွားဝယ်ထားပြီ အမြတ်နဲ ပြန်ရောင်းရမယ် အတော်စီးပွားဖြစ်မှာပဲနော်

  • pan pan

    July 22, 2011 at 3:52 pm

    ဟောလီးဝုဒ်မှာ နာမည်ကြီးနေတဲ့ ဂျိုလီတဲ့
    ကိုယ့်လောက်မှ မလှတော့ဘဲ

  • AKKO

    July 22, 2011 at 4:18 pm

    သူ့ပိန်ဆေးက ဆန်းသားဟ ။ လူမြင်ရတဲ့ အသားတွေပဲ ပိန်တယ်… မမြင်ရတဲ့နေရာက အသားတွေကျတော့ ဒီအတိုင်းပါပဲလား 😛

  • နွယ်ပင်

    July 22, 2011 at 4:38 pm

    အယ် AKKO တို့ ဘယ်လိုမျက်စိနဲ့ ကြည့်လိုက်ပါလိမ့်
    ထွန်းဖောက်မြင် မျက်မှန်များ တပ်ထား သလားပဲ 😛

    • etone

      July 23, 2011 at 9:25 am

      နွယ်ပင်ရေ … ယောကျာ်းလေးပဲ ကြည့်တတ်တဲ့ စက္ကုအာရုံထင်ပါရဲ့ … ပေါက်ဖော်ကလည်း မြင်တယ်ဆိုပဲ 😛

  • PaukPhaw

    July 22, 2011 at 5:41 pm

    အင်း..
    ဆေးနာမည် ထပ်မှတ်ရဦးမယ်
    ဘာတဲ့..
    Unsleepeat ဆိုပါလား

    သူတို ့ပြောမှကြည့်တာ..
    ပိန်ဆေးက ကိုယ်နဲ ့ဖင် မပိန်ဘူး…ကျန်တာပိန်သဗျ
    Unsleepeat ဖင်မပါ ကိုယ်မပိန် အကုန်ဂိ ပိမ်စေးဂျီး..

  • ရွှေဘိုသား

    July 22, 2011 at 7:55 pm

    ရွာထဲက ဖက်တီးမအပျိုကြီးများနှင်. ဦးဦး ဖက်တီတို.အတွက် သတင်းကောင်းပါပဲ

  • ပန်းနု

    July 22, 2011 at 8:45 pm

    လမ်းကြုံရင် သမီးအတွက်လည်း တစ်ဗူးဝယ်ခဲ့ပေးပါနော

  • ဆူး

    July 22, 2011 at 9:35 pm

    ဘာများလဲလို့.. ပုံက ရှယ်ပဲ လန်ထွက်နေတာပဲ.. ပြုပြင်ထားတာ သိသာတယ်။

  • စုံ စုံ

    July 23, 2011 at 9:39 am

    တကယ်ဆိုရင်သူငယ်ချင်းဖက်တီးမတွေ
    ကိုလမ်းညွှန်မလို့ဟာ
    ခုတော့……….

  • manawphyulay

    July 23, 2011 at 11:39 am

    ပိန်ဆေးတော့ မသောက်ချင်ပါဘူး။ ဖြစ်နိုင်ရင် ဝဆေးလေးတော့ ဖော်ပြပေးစေချင်ပါတယ်ရှင်….

  • nobal hla

    January 31, 2012 at 8:56 pm

    ‌ဆေးအစွမ်းတယ် ‌ကောင်း ရှာအုံးမယ်

Leave a Reply