သိစိတ် ၊ မသိစိတ်

ကျွန်တော် ( ၁၀ )တန်း တုန်းက –
မြန်မာစာသင်တဲ့ ဆရာမ ပြောပြသွားတဲ့ ဥပမာလေး ကို မှတ်မိနေလို့ပါ –
သိစိတ်ဆိုတာနဲ့ မသိစိတ် ဆိုတာလေး ပါ –
ဆရာမပြောပြသွားတာက –
စာဖတ်တာဝါသနာပါတဲ့ သူတစ်ယောက်ပေါ့ –
တစ်နေ့မှာ –
သူ့မိတ်ဆွေ တစ်ယောက်ရဲ့ အိမ်ကို အလည်ရောက်ခိုက် ၀မ်းသွားချင်တာနဲ့ –
နီးရာမှာ ရှိတဲ့ စာအုပ်ဟောင်းဟောင်းလေး တစ်အုပ်ဆွဲပြီး အိမ်သာကိုပြေးပါလေရော –
ဝမ်းသွားရင်းနဲ့ပဲ ဆွဲမိလာတဲ့ အစ မပါ အဆုံး မရှိတဲ့ စာအုပ်အဆွေးကလေးကလည်း စိတ်ဝင်စားစရာကောင်းနေလေတော့ –
သန့်စင်ဖို့ရာအတွက် ရေ ကုန်နေတာကို သတိမထားလိုက်မိဘူးထင်ပါရဲ့ –
ကိစ္စပြီးသွားလို့ သန့်ရှင်းရေးလုပ်မယ် ကြံလို့ ကြည့်လိုက်မှ ရေကုန်နေတာ ကိုသိလိုက်တယ်တဲ့ –
အဲ့ဒါမှ ဒုက္ခပေါ့ –
နောက်ဆုံးမှာတော့ –
လက်မှာ ကိုင်လာတဲ့ စာအုပ်ကလေး က စာရွက်ကိုပဲ သုံးလိုက်ရတော့တာပေါ့ –
စာရွက်ကိုသုံးလိုက်ကာမှ ဖြစ်ချင်တော့ စာရွက်ကဆွေးနေတဲ့ စာရွက်ဖြစ်နေတယ် –
စာရွက်ပေါက်သွားပီးလက်ကို မစင်တွေပေကုန်ပါလေရော –
ရွံတတ်တဲ့ သူဆိုတော့ — ကမန်းကတမ်း လက်ကိုခါလိုက်တာ –
ဘေးနံရံနဲ့ လက်ဖျားရိုက်မိတာ နာသွားလို့ –
လက်ချောင်း ကို အမှတ်တမဲ့ပဲ ပါးစပ်ထဲ ငုံလိုက်မိတယ်တဲ့လေ –
ကဲ အဲ့ဒီဖြစ်ရပ်ကလေးမှာ-
— လက်ချောင်းကလေး နာသွားတာကို ပါးစပ်ထဲ ငုံလိုက်ယင် –
နာတာ သက်သာမယ်လို့ သိတာက သိစိတ် တဲ့ –
— မစင်တွေရွံစရာကောင်းမှန်းသိပေမယ့်လည်း –
ပါစပ်ထဲကို ယောင်ယမ်း ထည့်လိုက်မိတာက မသိစိတ် တဲ့လေ —

ဆရာမပြောပြသွားတဲ့ ဥပမာလေး မှတ်မိနေလို့ပါ –

About victor soemoe

victor soemoe has written 1 post in this Website..

နေပြည်တော်(တီကေ)မှာ နေပီး - သီချင်းအေးအေး လေး တွေ နားထောင် ရင်း - သုတ တို့ ရသ တို့ ပါ တဲ့ စာ တွေလိုက်ဖတ်နေတယ် - တည်ကြည် တဲ့ အပြာရောင်နုနုလေးလေးကိုတော့ သဘောကျတယ် - အဲ ခု လောလော ဆယ် တစ်နေ့ စားဖို့ရာ အတွက် တစ်နေ့ရှာနေရတော့ - ၀ါသနာ ပါ တဲ့ InternetWeb နဲ့ စာုအုပ် တွေ ဖတ်ဖို့ ရာ အတွက် အချိန်မလောက်င ဘူးဖြစ်နေတယ် - ဘယ်နေ့ ဘယ် အချိန်ကျယင် လိုတ ရမယ် မသိ ဘူး - မထင်ပါ ဘူးဗျာ -