သိ စိတ် ၊ မသိ စိတ်

victor soemoeJuly 22, 20111min949
သိစိတ် ၊ မသိစိတ်

ကျွန်တော် ( ၁ဝ )တန်း တုန်းက –
မြန်မာစာသင်တဲ့ ဆရာမ ပြောပြသွားတဲ့ ဥပမာလေး ကို မှတ်မိနေလို့ပါ –
သိစိတ်ဆိုတာနဲ့ မသိစိတ် ဆိုတာလေး ပါ –
ဆရာမပြောပြသွားတာက –
စာဖတ်တာဝါသနာပါတဲ့ သူတစ်ယောက်ပေါ့ –
တစ်နေ့မှာ –
သူ့မိတ်ဆွေ တစ်ယောက်ရဲ့ အိမ်ကို အလည်ရောက်ခိုက် ဝမ်းသွားချင်တာနဲ့ –
နီးရာမှာ ရှိတဲ့ စာအုပ်ဟောင်းဟောင်းလေး တစ်အုပ်ဆွဲပြီး အိမ်သာကိုပြေးပါလေရော –
ဝမ်းသွားရင်းနဲ့ပဲ ဆွဲမိလာတဲ့ အစ မပါ အဆုံး မရှိတဲ့ စာအုပ်အဆွေးကလေးကလည်း စိတ်ဝင်စားစရာကောင်းနေလေတော့ –
သန့်စင်ဖို့ရာအတွက် ရေ ကုန်နေတာကို သတိမထားလိုက်မိဘူးထင်ပါရဲ့ –
ကိစ္စပြီးသွားလို့ သန့်ရှင်းရေးလုပ်မယ် ကြံလို့ ကြည့်လိုက်မှ ရေကုန်နေတာ ကိုသိလို်က်တယ်တဲ့ –
အဲ့ဒါမှ ဒုက္ခပေါ့ –
နောက်ဆုံးမှာတော့ –
လက်မှာ ကိုင်လာတဲ့ စာအုပ်ကလေး က စာရွက်ကိုပဲ သုံးလိုက်ရတော့တာပေါ့ –
စာရွက်ကိုသုံးလိုက်ကာမှ ဖြစ်ချင်တော့ စာရွက်ကဆွေးနေတဲ့ စာရွက်ဖြစ်နေတယ် –
စာရွက်ပေါက်သွားပီးလက်ကို မစင်တွေပေကုန်ပါလေရော –
ရွံတတ်တဲ့ သူဆိုတော့ — ကမန်းကတမ်း လက်ကိုခါလိုက်တာ –
ဘေးနံရံနဲ့ လက်ဖျားရိုက်မိတာ နာသွားလို့ –
လက်ချောင်း ကို အမှတ်တမဲ့ပဲ ပါးစပ်ထဲ ငုံလိုက်မိတယ်တဲ့လေ –
ကဲ အဲ့ဒီဖြစ်ရပ်ကလေးမှာ-
— လက်ချောင်းကလေး နာသွားတာကို ပါးစပ်ထဲ ငုံလိုက်ယင် –
နာတာ သက်သာမယ်လို့ သိတာက သိစိတ် တဲ့ –
— မစင်တွေရွံစရာကောင်းမှန်းသိပေမယ့်လည်း –
ပါစပ်ထဲကို ယောင်ယမ်း ထည့်လိုက်မိတာက မသိစိတ် တဲ့လေ —

ဆရာမပြောပြသွားတဲ့ ဥပမာလေး မှတ်မိနေလို့ပါ –

9 comments

  • pan pan

    July 22, 2011 at 11:01 am

    ဝေ့ါ..အော့
    အသားတုမဖြစ်ခင် အရင်မြည်းလိုက်ရတာပဲ
    ဘယ်လိုနေမယ်မသိဘူး

  • နွယ်ပင်

    July 22, 2011 at 11:05 am

    အမလေး ဒီသိစိတ်နဲ့ မသိစိတ်က ရွံစရာကြီး
    ဥပမာလေးကတော့ ကောင်းပါရဲ့ ….

  • windtalker

    July 22, 2011 at 11:44 am

    နောက်ကို ဒီလို ပညာပေး မျိုးတင်ချင် ရင်
    ကိုယ်တင်တဲ့ အကြောင်းအရာကို စာရေးသူကိုယ်တိုင် သရုပ်ဆောင် ပြထားတဲ့
    ဓါတ်ပုံတွေ နဲ ့တစ်ကွ တင်ရမယ် လို ့
    ဂေဇက်ဝင် တွေ ကိုယ်စား
    တောင်းဆိုလိုက်ပါကြောင်း ။

  • MOEPWINTPHYU

    July 22, 2011 at 11:58 am

    ဥပမာက လဲ ရွံစရာကြီး ထိထိမိမိတောရှိပါတယ်

  • 007James

    July 22, 2011 at 1:05 pm

    ဒီဥပမာ မှာ-သက်သာမယ်လို့သိတာ သိစိတ်။
    -ပါးစပ်ထဲထည့်မိတာ မသိစိတ်။
    -ပါးစပ်ထဲရောက်လို့အံချင်တာ အံချင်စိတ်။
    -အပြင်ရောက်လို့လူသိမှာစိုးတာ ရှက်စိတ်။
    -ကိုယ့်ကိုယ်ကိုသိနေရတာ ခိုးလို့ခုလုစိတ်။
    မှတ်ချက်။ ။ကိုယ်တိုင်မကြုံဘူးပါ။တွေးမိခြင်းသာပါ။

  • True Answer

    July 22, 2011 at 1:18 pm

    ဆရာမပြောပြသွားတဲ့ ဥပမာလေးလား တကယ့်ကိုယ်တွေ့လား – မညာရဘူးနော်…း)

  • chitpyae

    July 22, 2011 at 1:29 pm

    တော်တော် ကြောက်စရာ ကောင်းတဲ့ သိစိတ်နဲ့ မသိစိတ်နော် …. 🙂

  • usnczn

    July 22, 2011 at 5:02 pm

    နောက်ဆို အိမ်သာမတက်ခင်
    ရေရှိ မရှိ ဆိုတာ အရင်ကြည့်သင့်တာပေါ့ ကိုစိုးမိုးရယ်..
    ခုတော့ သူများပြောစရာ ဖြစ်ရပြီ…..ဟားဟား…

  • naywoonni

    July 22, 2011 at 6:51 pm

    m ရေ… မင့်ကိုတော့ ကျောနေကြပြီ..။ ဥပမာပေးတာ ဘာဖြစ်လို့ဆိုလား…………..??????

Leave a Reply