Mandalay Gazette အဖွဲ ့သားများအားလုံးကို တောင်းပန်ခြင်း

alinsettJuly 22, 20111min14123

တလောက ကျွန်တော် ရေး တင် လိုက်တဲ ့ သူကြောက်လန် ့နေပြီ..ဆိုတဲ ့ ကဗျာ နဲ ့ပက်သက်ပြီး တောင်းပန်ပါရစေ။
အဲဒီ ကဗျာ ရဲ ့အောက်ခြေ မှာ ကဗျာ ကို ကူး ခြင်း အသုံး ပြု ခြင်း မလုပ် ကြပါနဲ ့ လိူု ့ ရေး လိုက် မိပါတယ် ။
အဲဒီလိုရေး တာ ဟာ မန်းလေး အဖွဲ ့သားများ ကို အထင်သေး သလို ဖြစ်သွားပါတယ် ။
အထင် သေး လို ့ရေး တာ မဟုတ်ပါ ဘူး။ ထပ်ပြောပါရစေ။ လုံးဝ အထင် မသေးရဲ ပါဘူး။ ကျွန်တော် ထက် ပိုတော် တဲ ့ သူတွေ ပဲ လို ့ မြင်ပါတယ် ။ တကယ် ပါ ။
ကျွန်တော် က အစိုးရိမ် ကြီး သွားတာပါ ။ မဂ္ဂဇင် း တိုက် ကို ပို ့ ထား ပြီးသား ကဗျာ တစ် ပုဒ် ကို အင်တာနက် ပေါ် မှာ တင် ခွင့် ရှိ မရှိ ဆို တာ အဲဒီ မဂ္ဂ ဇင်း တိုက် ရဲ ့ ခွင် ့ပြု ချက် နဲ ့ လည်း ဆိုင် ပါတယ် ။
ကျွနတော် က မဂ္ဂဇင် းတိုက် ရဲ ့ ခွင် ့ပြု ချက် ကို မရသေးပဲနဲ ့….
တင်လိုက်မိတာပါ ။ မဂ္ဂဇင်း ကို ပို ့ထာပြီးသား ဆိုတာတောင် မေ ့နေခဲ ့တာပါ ။ တင်လိုက် ပြီးမှ သိလိုက်တော့ အရမ်းလန် ့သွားပါတယ် ။
တစ်ယောက်ယောက် က ကူးယူ ပြီး အသုံးပြု ရင် ၊ အဲဒါကို မဂ္ဂဇင်း က သိသွားရင် ပြသနာတွေ အရမ်း တက်ကုန်မှာပါ ။ ဒါကို ကြောက်ပြီး မကူးယူ ဖို ့ရေး လိုက်မိတာပါ ။
မန်းလေး အဖွဲ ့သားတွေ ဟာ သူများရဲ ့စာကို ကူးယူ တတ်သူတွေံမဟုတ်ဘူး ဆိုတာ အစက သိခဲ ့ဖို ့ကောင်းပါတယ် ။ ဒါပေမယ် ့ ကျွန်တော် က မန်းလေး ထဲ ဝင်တာလည်း မကြာသေးတော့ …. မသိခဲ ့ဘူး။
မန်းလေး အဖွဲ ့သားတွေ ရဲ ့ ရိုးသား ဖြူစင်မှု နဲ ့တည်ကြည်မှု ကို မတိုင်းတာ တတ်ခဲ့တာ ဟာ ကျွန်တော် ့ညံ့ဖျင်း မှု ပါ ။ ကျွန်တော် က လူညံ ့ပါ ။
မဆင်မခြင်ရေး လိုက်မိတာလည်း ကျွန်တော့် အရိုင်းဆန်မှု ပါ။ ကျွန်တော် က မယဉ်ကျေးတဲ ့တောသားတစ်ယောက်ပါ။ ဒါပေမယ် ့ မှား တာကိုတော့ ဝန်ခံ ပြီး တောင်းပန်ရဲ ပါတယ် ။
ကျွန်တော် ့ စိုးရိမ်မှု ကြောင် ့ ရေး လိုက် မိတဲ ့ စကားလုံး အမှားတွေ က်ို
ကျွန်တော် တောငိ်းပန်ပါတယ် ။
ကျွန်တော် ့ကဗျာတွေ က ကူးယူ ချင်လောက်အောင် လည်း မကောင်းတာ သိပါတယ် ။
ကျွန်တော် မန်းလေး မှာ တင်ခဲ ့သမျှ ကဗျာတွေ က နိုင်ငံ ရေး ကို ခံစားမိသလိုရေးထားတာတွေ ပါ။ ဒါပေမယ် ့ မော်ဒန် ကဗျာတွေ ရဲ ့ ထုံးစံ အတိုင် း နားလည်ရခက်နေပါလိမ် ့မယ် ။ ဘာပဲ ဖြစ်ဖြစ် နောက် ဆိုရင် …………………….
နောက်ဆိုရင် …… မန်းလေးမှာ အင်မတန် ညံ ့ဖျင်းလှတဲ ့…. ကျွန်တော် ့ကဗျာတွေ ကို မတင်တော့ပါဘူး။
မန်းလေး အဖွဲ ့သား များ ကို ထိခိုက်စေတဲ ့အရေးအသားမျိုး ရေးခဲ ့မိတာရှိရင်…
အနူးအညွတ်တောင်းပန်ပါတယ် ။ ခွင့်လွှတ်ပေးကြပါ လို ့…။ မရည်ရွယ် ပဲ ဖြစ်သွားတာပါ ။
မန်းလေး အဖွဲ ့သားများ အားလုံးကို လေးစား ခင်မင် လျက်ပါ။

လေးစားစွာဖြင် ့…………..

23 comments

  • ကြောင်ကြီး

    July 22, 2011 at 10:32 am

    ဘုန်းကြီးဂေါင်းခေါက်ပြီးပြီမှ ဘွာတေးလို့ရမလားဗျ။ ခင်ဗျားမဆင်မခြင်လုပ်လိုက်လို့ ရွာသားအပေါင်း ဘယ်လောက် စိတ်ထိခိုက် နာကြည်းဝမ်းနည်း ခံပြင်းဒေါသထွက် ရင်ကွဲပက်လက် မချိတင်ကဲ တောက်တခေါက်ခေါက် ဟန်တပြင်ပြင် နာလိုခံခက် ဖြစ်ကြရတယ်မှတ်လဲ။ အလုပ်ထဲမှာ ဒေါသတနှုံ့နှုံ့နဲ့ အမှားအယွင်းလုပ်မိသူ၊ ကားမောင်းရင်းနဲ့ ဒေါသကြောင့် အရှိန်နဲ့မောင်းမိသူ၊ ထမင်းပူပူ ဟင်းပူပူကို စိတ်ဆိုးမာန်ဆိုးနဲ့ စားမိသူ၊ ချစ်သူရည်းစားကိုတောင် သတိလက်လွတ်ဖြစ်ပြီး စကားမာမာပြောမိသူ ရွာထဲမှာစုံလို့ပဲ။ အဲဒီလူတွေအားလုံးကို မှားပါတယ်ဆိုတဲ့ ဝါကျတကြောင်းနဲ့ ကြေရောလာ…. 😡

    • pan pan

      July 22, 2011 at 10:43 am

      ဟုတ်တယ်
      မကျေနပ်ဘူးလို့
      ဦးကြောင်ကြီးပြောတာတောင် နည်းနေသေးတယ်
      ဟင်းချက်ရင်တောင် ငံပြာရည်နဲ့ ဆီနဲ့ မှားထည့်မိတဲ့လူ
      အိမ်က ကလေးကိုလည်း အကြောင်းမဲ့ ရိုက်မိတဲ့လူ
      အိမ်က ဗလာစာအုပ်ထဲမှာ “မကူးဘူးကွာ”ဆိုပြီး တစ်အုပ်လုံးအပြည့်ရေးတဲ့လူ
      အို…..စုံတကာစေ့လို့
      ပြောလို့တောင်မပြီးပေါင်

    • ကောင်းမြတ်သူ

      July 22, 2011 at 3:40 pm

      ကိုကြီးကြောင်ကလဲဗျာ ဒီလောက်တောင်းပန်ထားတာကို စိတ်လျော့လိုက်ပါ
      တကတည်း ယောက်ျားကြီးကျနေတာပဲ

  • ogre

    July 22, 2011 at 10:56 am

    အိမ်း….
    ရှိစေတော့………………။။။။။

  • manawphyulay

    July 22, 2011 at 10:59 am

    တောင်းပန်နေပြီပဲ ခွင့်လွှတ်လိုက်ပါ။ ခွင့်လွှတ်ခြင်းဟာ မြန်မာလူမျိုးတွေအတွက် မင်္ဂလာတစ်ပါးပါပဲ။ အမှားသော ရှေ့နေ မသေသော ဆေးသမားဆိုတဲ့ စကားပုံတောင်ရှိသေးတာပဲ။ အရာရာ ကိုယ့်စိတ်နဲ့ လူတိုင်းကို မနှိုင်းရင် ပိုကောင်းတာပေါ့နော်….

  • နွယ်ပင်

    July 22, 2011 at 11:00 am

    တောင်းပန်တဲ့ သူကတောင်းပန်တော့လဲ
    ခွေးလွှတ် အဲ …..ခွင့်လွှတ်ပေးရမှာပေါ့လေ .. 😛

  • နီလေး

    July 22, 2011 at 11:23 am

    အဘကြောင်ကလဲ စိတ်လျှော့လိုက်ပါတော့ တစ်ဖက်လူက တောင်းပန်နေမှတော့ မခွင့်လွတ်ပြန်လဲ အသည်းမာရာ ရိုင်းရာကျတော့မယ်လေ ဒို့များတော့ ကဲလွတ်လိုက်ပါပြီနော် ခွင့်

  • windtalker

    July 22, 2011 at 11:41 am

    ကျုပ် က တော့ စိတ်မဆိုးပေါင်
    အဲ့ပို ့စ်တင်တဲ့ နေ ့က
    ဖတ်တဲ့အချိန် က ဘီယာသောက်ပြန်လာတာ
    ကဗျာလေး ဖတ်ပြီး ပိုပြီး မူးသွားလို ့
    ဂူး ကွာ လို ့တောင်
    ကောက်ချက် ချမိသေး

  • MOEPWINTPHYU

    July 22, 2011 at 12:06 pm

    တောင်းပန်တောခွင်လွတ်ပေးရမှာပေါ့ နောက်တစ်ခါမှားစေနဲနော် စာရေးဆရာကြီးဖြစ်ပါစေ
    ဆုတောင်းပေးလိုက်ပါတယ် တောင်ပန်ခြင်က မင်္ဂလာတပါးပဲ

  • good

    July 22, 2011 at 12:35 pm

    တောင်းပန် တာ ကို ခွင့် မလွတ်ဖူး ဆို တော့၊ တောင်ပန်ခြင်းအား ရုပ်သိမ်းပါသည် ဆိုပြီး နောက် ထပ် ပို့စ် တစ် ပိုစ် ရေး တင်လိုက် ပွိုင့် ထပ် ရမယ်။

  • kai

    July 22, 2011 at 2:53 pm

    အခုလိုဖြစ်တာမျိုးက ဒီမှာ တောင်းပန်စရာမလိုပါဘူးကွယ်..။
    စိုးရိမ်လွန်တယ်ဆိုတာထက်…
    အင်တာနက်မှာပါ့ဗလစ်လုပ်ပြီးကာမှ… တခြားလူတွေ..ပါ့ဗလစ်မလုပ်ရလို့ ..ပြန်ရေးဖြစ်လိုက်တဲ့.. ကိုယ့်စိတ်ရဲ့ အပြန်အလှန်ပဋိပက္ခလိုမြင်မိတယ်..။
    ပြောရရင်.. ဒီမှာပါ့ဗလစ်လုပ်ပြီးမှတော့ ..ဒီရွာသားတွေမှမဟုတ်.. ဖတ်မိတဲ့ဘယ်သူမဆို.. ကူးသွားနိုင်တာပဲလေ..။

    ဆိုတော့…
    တောင်းပန်ခြင်းတောင်းပန်.. စာကို ပုံနှိပ်မထုတ်သေးခင်..အင်တာနက်မှာတင်လိုက်တဲ့အတွက်..ပုံနှိပ်ထုတ်ဝေပေးတဲ့ အယ်ဒီတာကို တောင်းပန်ရမှာပါ…။

    နောက်ပိုင်းလည်း..စာတွေဆက်ရေးပါနော…
    ကြိုက်တဲ့စာတွေ့ရင်.. မန္တလေးဂေဇက်သတင်းစာမှာလည်း ပုံနှိပ်ဖေါ်ပြပါ့မယ်..။

    • xman

      July 23, 2011 at 11:54 am

      အလင်းစက် ရဲ့ကဗျာတွေ ကောင်းပါတယ်။ ကြိုက်ပါတယ်။

      အင်တာနက်မှာတင်ရင်တော့ ကူးချင်တဲ့သူတွေကူးမှာပါ။ ပုံပြောင်းပြီး ကိုယ့်ဟာလုပ်သူတွေလဲ တွေ့ရမှာပါ။ အဲဒါကိုလက်ခံတဲ့စိတ်နဲ့ စာရေးရင် ပိုပြီးစိတ်အေးတာပေါ့။ ကိုယ့်စာမှန်း နောင်ပြောနိုင်အောင် စတင်တဲ့နေ့ရက်အချိန်ကိုပါ ရေးပြီး ဆိုက် သုံးလေးဆိုက် တပြိုင်နက်တင်ထားနိုင်ရင် ပိုကောင်းပါတယ်။

      သူကြီးပြောသလိုပဲ ပုံနှိပ်မယ့်အယ်ဒီတာကိုတော့ တောင်းပန်ဘို့ဝတ္တရားရှိပါတယ်။

  • nigimi77

    July 22, 2011 at 3:02 pm

    “….မန်းလေး အဖွဲ ့သားတွေ ဟာ သူများရဲ ့စာကို ကူးယူ တတ်သူတွေံမဟုတ်ဘူး ဆိုတာ အစက သိခဲ ့ဖို ့ကောင်းပါတယ် ။ …”

    ယဉ်ယဉ်လေးနဲ ့ ထဲ့ လိုက်တာလား။ ပါးပါးလေး ပုတ်လိုက်တာလား ငါ့ရှင်။

    စိတ်တော့မရှိပါနဲ ့ ။ အားလည်းနာတယ် ခင်လည်း ခင်တယ်….ခင်ဗျားရဲ ့ ကဗျာကို ကျုပ်က တခြားဆိုဒ်မှာ Creative Writing

    ဆိုပြီး ခပ်တည်တည်နဲ ့ တင်ထားလိုက်မိပြီ ။ 🙂

  • cobra

    July 22, 2011 at 3:04 pm

    သိတောင်မသိလိုက်ပါလား။
    ခုတလောကော်နက်ရှင်ကအဝီစိရောက်နေတာ့ဘာမှဖတ်လို့မရဘူးဗျာ..။

  • Khon Yenaung

    July 22, 2011 at 3:06 pm

    ခင်လဲ ခင်ပါတယ်။
    လေးလဲ လေးစားပါတယ်။
    လူတန်းစား အစုံ စရိုက်အစုံလဲ တွေ့ရပါတယ်။
    နားလည်မှု လဲ ပေးနိုင်ပါတယ်။
    ဒါပေမဲ့ ဘယ်လိုစာမျိုးဖြစ်ဖြစ် ကိုယ်ရေးတဲ့စာ ကိုယ်တာဝန်ယူနိုင်ရပါမယ်။
    ဆင်ဆင်ခြင်ခြင် တင်ကြပါဗျာ။မိနစ်ပိုင်းအတွင်း တကမ ္ဘာလုံး ပြန့်သွား နိုင်တဲ့ စာတွေ ဆိုတာ သတိထားသင့်ပါတယ်။

  • True Answer

    July 22, 2011 at 5:10 pm

    ကို ကြောင် ကြီး အ ရမ်း ဒေါ သ ထွက် နေ တယ် နော်။ း)

  • ရွှေဘိုသား

    July 22, 2011 at 7:53 pm

    ကိုကြောင်ကြီးက အိမ်က မိန်းမကို ပြန်မလှန်ရဲတိုင်း ရွာထဲမှာ ပေါက်ကွဲပြတာပေါ.လေ
    အိမ်က မိန်းမက ထမင်းချက်ရအောင် လာခဲ.တော.တဲ. ခေါ်နေတယ်

  • ဆူး

    July 22, 2011 at 9:42 pm

    ဘာများလဲလို့.. ဝင်စပ်စုတာ.. ဦးကြောင်ကြီး ကလည်း နောက်တယ်။
    မကူးပါနဲ့ ပြောလို့ မကူးပါဘူးလို့ ဝင်ပြောသွားခဲ့တယ်။
    သူများ ဆီက လွယ်လွယ် မကူးတတ်လို့ အဲဒီ တုန်းကလည်း ဘယ်လိုမှ မနေဘူး။ အခုတောင်းပန်တော့လည်း မလိုပါဘူးလို့ ပြောချင်ပါတယ်။
    နောက်ဆို ဂျာနယ်တိုက် ပို့ထားရင် မတင်နဲ့ပေါ့.. နောက်မှ တင်ပေါ့..
    စိတ်ပူပန်မှုတွေ သိပ်များတော့ စိတ်ဖိစီးမှုတွေ ဖြစ်တာပေါ့။ ပေါ့ပေါ့ ပါးပါး နေ.. ပေါ့ပေါ့ ပါးပါးလေးသာ ရေး.. ပျော်ဖို့ ကောင်းလာလိမ့်မယ်။

  • ဒါလေးများ။
    ကျနော်ဆို စာတပုဒ်ရေးပြီးရင် အင်တာနက်ကဆိုဒ်အတော်များများမှာတင်တယ်။
    နောက် မန်းလေးက ဂျာနယ်တို်က်ကိုပေးတယ်။
    သူကြိုက်ရင်ထဲ့ မကြိုက်ရင်မထည့်နဲ့။
    အရေးကြီးတာ လူများများဖတ်ဖြစ်ဘို့ပါဗျာ။
    အဲလို အင်တာနက်မှထဲ့ပြီးမှ ဂျာနယ်မှာထဲ့တော့ တစ်ခါတစ်လေ စာမူခမရပါဘူး။
    ဘာဖြစ်လဲ ဆိုတော့ ဘာမှမဖြစ်ဘူး။
    ကိုယ်တို်င်ရေးတာ ဆိုတော့အေးဆေးပါ။
    စိတ်တွေပူမနေပါနဲ့ညီလေးရေ……………………..

  • shweaeimsi

    July 23, 2011 at 10:48 am

    ဟုတ်ပါတယ်..ကျနော်ဆိုလည်းရေးတာပါဘဲ…ကြိုက်နှစ်သက်လျှင်အမည်ထိကူးပါရေးတာဘဲ..

    နိုင်ဆိုဒ်တွေ ပိုဆိုးတယ်..
    သူတို ့ကလေ..ခပ်တည်တည်ဘဲ..ကျနော်အမည်ဖယ်ပြီးသူတို ့အမည်ကောက်ရေးတယ်ဗျာ…
    မနက်ကတင်ရင်..အံမယ်ညနေလောက်ဆိုသူတို ့ကသူ တို ့အမည်တွေ နဲ ့ထွက်လာရော

    ကျနော်ကတော့..အိတ်ဖွင့်စာပေးပြီး….ကြမ်းပစ်ခဲ ့တယ်….
    အိမ်လွမ်းသူ
    ထာဝရသူငယ်ချင်း
    မြန်မာသူငယ်ချင်းများ
    အသည်းကွဲမြို ့တော်
    ဖူးစာရှင်လေး
    ချစ်သူမြို ့တော်ထဲ ကော…အိတ်ဖွင့်စာဘလော ့တင်ပြီးကိုကြဲခဲ ့တာ…
    ကျနော်ကကလောင်အမည်များတော့ပိုဆိုးတယ်….

    မွန်ပျိုချောနဲ ့ဆိုဒ်တွေ ထဲ ဝင်ထားတတ်တယ်
    လဂွန်းအိမ်

    ပိုဆိုးတယ်ဗျာ..ကျနော်ပင်တိုင်ဧဒင်ဥယျာဉ်
    မှော်ဆရာ..အလင်းစေတမာန်မှာရေးတတ်ပါတယ်..အဲ ့ဒိထဲ တောင်သူတို ့ကခပ်တည်တည်ဘဲ..ဖော်ဝပ်မေလ်းမှဆိုပြီးတောင်ခပ်တည်တည်ရေးတတ်တယ်လေ
    ***********

    ကျနော်တော့..အဲ ့ဒိကျနော်အိတ်ဖွင့်စာရေးပြီးကျနော်စာတွေ ကျနော့်အမည်ပြီးမှတင်ရေးရန်
    ကိုမတောင်းပန်ခဲ ့ဘူး…
    ကျနော်မှန်တယ်လေ……….
    အဲ ့ဒိဆိုဒ်တွေ ဝင်ကြည့်ကျနော်အကုန်ပတ်ပြီး..ကြမ်းပစ်ခဲ ့တယ်..(အဲ ့ဒိနေ ့ကစိတ်တိုလို ့)

  • pooch

    July 23, 2011 at 2:31 pm

    don’t feel bad this much, it’s ok. be happy and live as you wish. believe yourself and follow your dream freely. don’t think too much.

  • alinsett

    July 26, 2011 at 9:48 am

    ကိုကြောင်ကြီး ပြောတာ ကို ကျွန်တော် လက်ခံ ပါတယ် ။ ကျွန်တော် ဝမ်းလည်း နည်းပါတယ် ။
    စိတ်မကောင်းပါဘူး။ ကျွန်တော်………….. ဘာ ဆက်ပြောရမလဲ မသိအောင် ကို ဝမ်းနည်းမိတာပါ။
    ဖြစ်နိုင်ရင် မန်းလေး အဖွဲ ့သားတွေ တစ်ယောက်ချင်းစီကို အိမ်ထိ လိုက်ပြီး… တောင်ပန်ချင်ပါတယ်။
    ကိုကြောင်ကြီး ဒေါသ ဖြစ်မယ် ဆိုလည်း ဖြစ်လောက်ပါရဲ ့ ။ ကျွန်တော် ကို က အထူအပါး နားမလည်တဲ ့ကောင်လေး ဆိုတော့……… ခွင့်မလွှတ်နိုင်လည်း ဆက်ပြီး စိတ်ဆိုးနေနိုင်ပါတယ်။ ကျွန်တော် အမြဲတမ်း ထပ်ထပ် ပြီး တောင်းပန်နေပါ့မယ် ။ ကျွန်တော် ့ကို ခွင့်လွှတ်နိုင်တဲ ့နေ့ ထိ…တောင်းပန်နေပါ့မယ် ။

  • photwenty

    July 26, 2011 at 10:11 am

    အာအာ အဲ.ဒါတော.မဖြစ်ဘူးဗျို. အိမ်လိုက်တောင်းပန်ရင်ထမင်းကျွေးရအုံးမယ် အမေ. ထမီလေး ပေါင်နေရပါအုံးမယ်ဗျာ သကြီးရေ ကြည်.ပြောပေးပါအုံးဗျ

Leave a Reply