စက်ဘီးယူပြီး ကြာတဲ့ကျော်ထွေး

Yan ShinJuly 22, 20111min1377

တစ်ညနေ ကျွန်တော်တို့ အလုပ်သိမ်းပြီး ရေးချိုးနေတုန်း ညစာထမင်းမစားခင် ရက်သောက်ခြင်လို့ ကျော်ထွေးကို ရွာထိပ်က(တာပေါ်က)
အရက်ဆိုင်မှာ အရက်သွားဝယ်ခိုင်းပါတယ်။
ကျွန်တော်တို့ ရေချိုးပြီး တစ်ချို့ ကောင်တွေက အမြည်းတွေဘာတွေပြင်ပြီး ငါးတွေဘာတွေ ကျော်ပြီး
တစ်ချိုု့မသောက်မဲ့ကောင်တွေက ထမင်းတွေဘာတွေတောင်ခူးခပ်စားနေကြပါပြီ။
ဟ ကျော်ထွေးလည်းမလာသေးပါလား ကြာလှချည့်လားဟ
ပြောနေတုန်းပါပဲ မောင်ကျော်ထွေးအရက်ဝယ်က ပြန်လာပါပြီ

ဟကောင်ကျော်ထွေး တာပေါ်အရက်သွားဝယ်တာကြာလှချည့်လားကွာ
အာ ဦးဌေးကလည်း မကြာပါဘူး
ဘာမကြာရမှာလည်း မင်းမစောင့်နိုင်လို့ တစ်ချို့တောင် ထမင်းစားပြီးသွားကြပြီ မင်းကွာ ဒီနေရာနဲ့ဒီနေရာ ဒီလောက်ကြာရလား
အဲလိုကြာမှာဆိုးလို့ စက်ဘီးယူသွားခိုင်းတာတောင်
ဦးဌေး…. အဲဒီစက်ဘီးကြောင့်ပိုကြာတာပေါ့
ဟေ… ဘာဆိုင်လဲကွ စက်ဘီးနဲ့ဆို ပိုမြန်ရမှာပေါ့
အဲဒီစက်ဘီးက ဟိုလဲဒီလဲနဲ့
ဟဘာလို့လဲရမှာလည်းကွ
ကျွန်တော်မှ မစီးတတ်တာ
ဟေ………………….. မင်းမစီးတတ်ပဲ ဘာလို့ယူသွားတာလဲ
ဟင်.. ဦးဌေးပဲ စက်ဘီးယူသွားဆို

အဲဒါပါပဲ မိတ်ဆွေ ကျွန်တော်ကျော်ထွေးကို ဘယ်လိုခိုင်းရမှာပါလဲ။

7 comments

  • yaungchikha

    July 22, 2011 at 4:13 pm

    ကျော်ထွေးလဲ သနားပါတယ်၊ ရီလဲရီရပါရဲ့ ……………… နောက်ဆို ကျော်ထွေးကိုခိုင်မယ်ဆိုရင်………. သေချာမှာပေါ့နော်…

  • nayminn

    July 22, 2011 at 4:56 pm

    စက်ဘီးပေးလိုက်လို.မို.တော်သေးတယ်…..ထော်လာဂျီဆိုရင်တော…ပြီးရောပဲ….

  • Grace

    July 23, 2011 at 8:43 pm

    စာတစ်ပုဒ်မှာ ခေါင်းစဉ်က စိတ်ဝင်စားဖွယ်ရာဖြစ်ပြီး စာကိုယ်နဲ့ လိုက်ဖက်ညီရင် စာဖတ်သူကို ပိုမိုဆွဲဆောင်နိုင်မယ်ထင်တယ်။ အဲဒါကြောင့် စာရေးရင် ခေါင်းစဉ်ကို အလွယ်တကူ ပေးမယ့်အစား လှလှပပလေး စဉ်းစားပြီးပေးရင် Yan Shin ပိုအောင်မြင်နိုင်လိမ့်မယ် ထင်တယ်။ ဆရာလုပ်တာ မဟုတ်ပါ။ အကြံပေးကြည့်တာပါ။

  • Yan Shin

    July 25, 2011 at 4:05 pm

    ဟုတ်ပဗျာ
    မောင်ကျော်ထွေးကို ခိုင်းရတာလဲ
    စောင့်ကြည့်ပါ။ နောက်လာပါအုန်းမယ်။ အလွဲတွေ

    Grace ရေ ကျေးဇူးအထူးတင်ပါတယ်။ ကျိုးစားပါ့မယ်။

    ဒါပေမဲ့ ကျွန်တော်က အတယ် ရိုးတယ်ဗျ။
    (ကြော်ငြာ မဟုတ်ပါ)

  • cobra

    July 25, 2011 at 4:24 pm

    ဟာသပါပဲကျော်ထွေးရယ်….
    နောက်ဆိုသေချာခိုင်းရမယ်တိတိကျကျမေးပီးတော့ပေါ့။

  • နွယ်ပင်

    July 25, 2011 at 5:01 pm

    ကျော်ထွေးကတော့ ဖြစ်ရမယ်
    အမြဲတမ်းအရာရာ နဲ့ အကြောင်းကြောင်းပဲ ..
    သူ့မှာ ရိုးတာလား အတာလား …..ပြောရခက်တယ်….

  • ဆူး

    July 25, 2011 at 11:11 pm

    ကျော်ထွေးနဲ့ ပုံစံတူတဲ့ ဇတ်လမ်းမျိုး အသိတယောက်ပြောတာ ကြားဖူးတယ်။
    ဘုန်းကြီးကျောင်းသား တယောက်အကြောင်း
    ဘုန်းကြီးက ဟိုဘက်ရွာကို ကိစ္စရှိလို့ခိုင်းလိုက်တာ.. မြန်စေချင်လို့ စက်ဘီးယူသွား ဆိုတာ.. ကြောက်ကြောက်နဲ့ စက်ဘီး မစီးတတ်တာ မပြောပဲ စက်ဘီး တွန်းပြီး သွားတာ.. ကြာလွန်းလို့မေးတော့.. စက်ဘီး မစီးတတ်တဲ့ လူက စက်ဘီး တွန်းရတော့ တော်တော် ထိန်းရတယ်လေ။ ဒါကြောင့် ကြတာ ဆိုတာ နောက်မှ သိတယ်။ တကယ့် အဖြစ်အပျက်.. တကယ်ရှိတယ်။

Leave a Reply