ထုံးနှောင်ဖွဲ ့ပြေလျော့ချိန်

သရက်ပင်က သရက်ဖူးတွေဖူးဖွင့်ကြကုန်ပါပြိ။ ဒိအချိန်ဆိုသရက်ပွင့်တွေလှိုင်လှိုင်ပွင့်ပြိဆိုတာသိနေပါသည်။
သရက်ဖူးပွင့်တို ့အနံတွေလေထဲ မှာရှူရှိုက်ရင်း……….

လူတစ်ယောက်ရဲ ့ဘဝမှာ…မေ ့မရတဲ ့အကြောင်းအရာအဖြစ်အပျက်ဘယ်လောက်များများရှိနိုင်ပါသလဲ…။
အတိတ်ဆိုတာ ဖိစီးနှိပ်စက်တတ်တယ် ။ တုတ်နှောင်တတ်တယ်..။ ခြောက်လှန် ့တတ်တယ်..
အတိတ်ဆိုတဲ ့ဇုန်ထဲ မှာ..ကျမဘဝမှာမေ ့မရတဲ့သူငယ်ချင်းတွေရှိခဲ ့ဘူးပါတယ်…………။

ကျမသူငယ်ချင်းကို ဘယ်လောက်ချစ်ခင်သလဲဆိုတာ…..ဆောင်းနှင်းပွင့်ရဲ ့မြူူမှုန်လေးတွေသိတယ်….။ ဧရာဝတိမြစ်ကြိးသိတယ်……….။ အင်တာနက်နိုင်ရွာကြိးသိတယ်…..
ဟော……..ဒိသရက်ဖူးပွင့်တွေလည်း..သိကြတယ်လေ..။

ဒါပေမဲ ့ပေါ့လေ..ဒါပေမဲ ့ဘာကြောင် ့သုံးရလဲဆိုရင်..လူ ့ဘဝဆိုတာဒါပေမဲ ့တွေပွစာကျဲအောင်…
တည်ဆောက်ထားတဲ ့ဝါကျရှည်တကြောင်းနဲ ့တူတယ်။။

ကိုယ် ့ဖြစ်ချင်တာမဖြစ်တဲ ့အခါ…………
ကိုယ်လုပ်ချင်တာမလုပ်ရတြ ့အခါ…………..
ကိုယ်လုပ်ချင်တာ လုပ်ရတြ ့အခါ…………..
ကိုယ်လုပ်တြ ့အရာ..အဆင်ပြေတဲ ့အခါ…အဆင်ပြေတဲ ့အခါမှသုံးတယ်..။အကြောင်းပြချက်တမျိုးပေါ့…
ကျမလည်း ဒါပေမဲ ့လေ..ကိုသုံးစွဲ ရမယ်………။

ကျမဘဝမှာမေ ့မရခဲ ့တဲ ့သူငယ်ချင်းနှစ်ယောက်ရှိခဲ ့ဘူးပါတယ်…ဒါပေမယ့်လေ..အဲ ့ဒိသူငယ်ချင်းနှစ်ယောက်လုံးက…ကျမက ိုအဆက်သွယ်ဖြတ်တယ်…။

ချည်ထားတဲ ့သူငယ်ချင်းနှောင်ကြိုးဖြတ်ဘို ့ကြိုးစားခဲ ့ကြတယ်…။ ထုံးမိခဲ ့တဲ ့သံယောဇဉ်ကြိုးကို…ကျမ မပြေချင်ဘူးလေ….

…………………..

ကျမနဲ ့…..မောင်မောင် ခုလိုသရက်တွေဖူးတဲ ့မြူတွေဆိုင်းတတ်တဲ ့ကျမတို ့မြို ့လေးတမြို ့မှာ….ဘုရားကျောင်းတက်ရင်းမှာစသိကြတယ်…။ ဘုရာကျောင်းထဲ ့.သရက်သိးကင်းတွေကောက်ရင်းစသိရတယ်ဆိုရင်လည်းမမှားပါဘူ..။ မောင်မောင်..ကသူ ့အမေကောက်ခိုင်းလို ့သရက်သိးနုကောက်ကြတယ်..ကျမတော့ဘာရယ်မဟုတ်ပါဘူ….သရက်သိးကောက်ရင်းမောင်မောင်သီးချင်းဆိုတာ နားထောင်ချင်တာကြောင့်ပါ။
မောင်မောင်က…အဲ ့ဒိမြို ့ကဘုရားကျောင်းက အားထားရတဲ ့အဆိုတော်..တက်သစ်စလေးပေါ့….

မောင်မောင်ရဲ ့အသံကတကယ်ကိုချို အေးကြည်ပါတယ်…
သူဘုရားသိချင်းဆို တဲ ့အခါ…….ကျမနှလုံးသားလေးလည်း သံဇဉ်တွေလိုက်ဆို ညည်းတတ်ပါတယ်..။
သူ ့အသံကဩဇာသံ နဲ ့ဂရုဏသံနွယ်ပါတယ်..။
အဆိုကောင်းလွန်းတဲ ့သူငယ်ချင်းအတွက်..ကျမ ပျော်ရွှင်ဂုဏ်ယူရပါတယ်..။ ကျမသူငယ်ချင်းရဲ ့သိးချင်းသံက..ဘယ်သူနဲ ့မှမတူအောင်…ကျမနှစ်သက်ပိဖြာရပါတယ်။….
ဘုရားကျောင်းက အပြန်တိုင်း ကျမတို ့သူငယ်ချင်းတွေ…

ဧရာဝတိမြစ်ကမ်းတလျောက်လမ်းလျောက်ပြန်ကြရင်း….
သဲသောင်တွေပေါ်…ဂစ်တာတွေတိးသိးချင်းတွေဆို ခဲ ့ကြပါတယ်…။
မောင်မောင်ရဲ ့သိးချင်းသံ က…ကျမရဲ ့နှလုံးသားကိုထဲ မှာအစမှအဆုံးတွယ်ငြိနေမိပါတယ်။
သူ ့သီးချင်းတပုဒ်ဆိုပြိးတိုင်းကောင်းချိးမင်္ဂလာလက်ခုပ်တွေပါဘဲ….။

ကျမက သူ ့ကိုပြောဘူးတယ်…မောင်မောင်..နင် ့သိချင်းဆို သံကိုငါကရင်ထဲ စူးနစ်ဝင်အောင်ခံစားရပါတယ်…။နင်ကသိတ်အဆိုကောင်းတယ်..နင်အောင်မြင်နိုင်ပါတယ်…။

ဒါပေမဲ ့မောင်မောင်..နင့်ရဲ ့တေးကိုမြှားလို ့တော့မဖြစ်စေနဲ ့လို ့

ဒိလိုနဲ ့မောင်မောင်….အသံကောင်းစေရန်ဆိုတဲ ့အယူမှားတွေနဲ ့ဆေးသုံးတတ်လာပါပြိ.။

ကျမ..အသိပေးတားမြစ်ခဲ ့ပေမဲ ့….မောင်မောင်ကတော့ နားမထောင်ခဲ ့ပါဘူး…..။

သူ မိဘများနဲ ့အကျိုးကြောင်းတိုင်ပင်တော့…

ကျမကိုစိတ်ဆိုးပြီး သူငယ်ချင်းအဖြစ်ကနင် နဲ ့ငါရပ်စဲတယ်…..ဆိုတဲ ့စာတစ်စောင်ရောက်လာပါတယ်။
….သိပ်မကြာခင် ဘုရားကျောင်း..ခရစ်စမတ်ပွဲ မှာမောင်မောင် မလာနိုင်ခဲ ့ပါဘူး…။
နဂိုကောင်းနေပါရဲ ့နဲ ့ပိုကောင်းစေရန် ဆိုတဲ ့အတွေးမှားကြောင် ့မောင်မောင်ဆေး လွန်သုံးစွဲ ့ရင်း.
အသက်ငယ်ငယ်နဲ ့မောင်မောင်ကြွေလွင့်ခဲ ့ရပါတယ်…..။

ကျမရဲ ့ရင်မှာ…သူ ့သံဇဉ်တေးတွေဟာ…မြှားလို နာကျင်ခဲ ့ရပါပြိ….။

………………………..

ဒိလိုနဲ ့ နှစ်တွေတနှစ်ပြိးတနှစ် အချိန်တွေဘယ်လိုကုန်မှန်းမသိ ကုန်သွားလိုက်တာ.

.နှစ်တနှစ်ဟာ ခဏလေးလို ပါဘဲ……..
တနှစ်ပြိးသွားတိုင်း….နှစ်ဟောင်းမှာငါဘာတွေလုပ်ခဲ ့သလဲ…

.နောက်နှစ် မှာရော ငါဘာလုပ်ရမလဲ…ကျမ အတွေးဇယားဆွဲနေပါတယ်။
လူတစ်ယောက်ဟာ..ကိုယ် ့ဘဝကိုဘယ်လို ရှင်သန်နေသလဲဆိုတာကျမကအမြဲတန်း ဆန်းစစ်ကြည့်ရမယ်လို ့ခံယူထားပါတယ် ။…ပုံမှန်အိပ်ယာထ ၊အစားစားအလုပ်သွား ။ညနေပြန်လာ၊ထမင်းစား
၊ညအိပ်….ဒိလိုနဲ ့မွေးရာကသေတဲ ့အထိ နှစ်တွေတနှစ်ပြိးတနှစ်အချိန်တွေ…ကုန်ခဲ ့တယ်ဆိုရင် ဒါဟာ…ဘဝမဟုတ်တော့ဘူး..ဒါဟာရှင်သန်ခြင်းပဲ….ဒိလိုရှင်သန်မှုမျိုးကျမကမနှစ်သက်ပါဘူး။

နေ ့မအားညမအားစာတွေရေးတယ်..သုတရသ….ကိုယ်တွေ့ တွေရော..
ကျမလူသားတွေအတွက်အကျိုးရှိတဲ ့အလုပ်တွေဘဲလုပ်ချင်ခဲ ့ပါတယ်။
ဒိလို နဲ ့အွန်လိုင်းပေါ်၂၀ဝရ ခုနှစ်ကစလို ့အပျော်စာတွေ…သုတ..ရသတွေရေးရင်း……
.မထင်မှတ်ထားပဲ..ဧဒင်ဥယျာဉ်နိုင်ဆိုဒ်စာပေရွာထဲ ရောက်ခဲ ့တယ်။

အဲ ့ဒိမှာ…ကျမနဲ ့ကိုကို စတွေ ့ခဲ ့ပါတယ်။ ကျမတို ့သူငယ်ချင်းမိတ်ဆွေဖွဲ ့ကြတယ်။
ကိုကိုဟာ..တခြားသူတွေနြ ့မတူအောင်စာပေဗဟုသုတကြွယ်ဝလွန်းပါတယ်..။

မသိတာမရှိဆိုသလောက်တော်လှပါတယ်..။
ကျမကကိုကို နဲ ့စကားပြောရတာ ကျမအတွက် တန်ဘိုးရှိလှပါတယ်….

ကျမအတွက် ကုန်ကြမ်းတွေပေးရင်း…..။ကျမကသူ ့ဆိက ဗဟုသုတတွေဖလှယ်ရင်း….
ကျမတို ့ပိုမိုခင်မင်လာကြတယ်..။။

ကိုကိုဟာစာပေအသိ သာမက..ကဗျာရေးစပ်တာကောင်းသူပါ…။

ကျမက ကဗျာ ရဲ ့…ဘောင်မသိ..စည်းမသိပဲ..ရေးချင်သလိုရေးတဲ ့သူပါ။

ကျမရဲ ့အမှားတွေ သုံးသပ်ပြောပြရင်း..ကျမ ကိုဆုံးမစကားပြောတာလည်းအကြိမ်ကြိမ်ပါ..။

တခုတော့ရှိပါတယ်…ကိုကိုမှာသူပြောတာပဲမှန်တယ်ဆိုတဲ ့အကျင် ့ကတော့ကျမပြင်မရပါဘူး…

..စကားပြောလည်းမချိုသာပါဘူး။…

..စိတ်ရင်းကအင်မတန်ကောင်းသူပါ..။
စိတ်တိုတာ…အသက်တိုတတ်ကြောင်းသာဓကနဲ ့သွေးတိုးရောဂါ ဖြစ်တတ်ကြောင်း
ပြောပေမယ့်းလည်းကိုကိုက လက်မခံတတ်သူပါ။

သူများစကားနားမဝင်တတ်သူပါ။

သူများအပေါ်တော့စိတ်ရင်းစေတနာကောင်းသူပါ..။

ကျမသုံးတဲ ့စကားမှားနေတာ..ဘယ်လို လူမှသုံးရတာ…။
စတဲ ့အသေးမွားကအစသင်ပြညွှန်ပြပေးသူပါ။
သူ ့စာတွေကဗျာတွေ ကကျမလည်း….တော်တော်ခင်တွယ်မိနေပြိလေ…

စာ၊.ကဗျာဆိုတာ..ရင်ထဲ တွယ်ငြိခံစားတတ်တယ်လေ..။

ကျမနှလုံးသားက မညာတတ်ပါဘူး…..ကျမတကယ်သူ ့စာတွေကဗျာတွေ..

အတွေးခေါ်တွေ တကယ်ကြိုက်နှစ်သက်မိနေပါပြိ။

ကျမရဲ ့အကျင့်က ကျမက စတတ်နောက်တတ်တယ်…
ဒါပေမဲ ့နစ်နာအောင်ဘယ်တော့မှမပြောတတ်ဘူးဆိုတာဘုရားသိတယ်…ကျမကိုယ်ကျမသိပါတယ်…။

တနေ ့တော့ကျမစမိတယ်..စကားဆိုတာလူတိုင်းပြောတတ်ကြပါတယ်…..
ဒါပေမဲ ့သူငယ်ချင်းကို..နင့်ကိုဘလော ့လိုက်ပြိ..ဆိုတဲ ့စကားတော့မပြောသင့်ဘူးနော်…ကျမဘယ်လောက်ကြေကွဲ ဝမ်းနည်းရမလဲ……

.မြှားနဲ ့တူသော..စာ ကဗျာ ကိုများ မဆိုတတ်ခဲ ့ရင်….

ကိုကိုဟာ ကျမရဲ ့ဆရာတစ်ယောက်လို ကျမထင်ထားသူပါ။

မြှားဆိုတာ……အငြိုးကြိးတဲ ့သဘော..ထိမိစိုက်မိနစ်ဝင်မိရင်…..ဒါဏ်ရာပေးတတ်တယ်လေ
တေးသိးချင်းဆိုတာ……….နှလုံးသားထဲ မှာစိးဝင်….မေတ္တာသက်ဝင်စေတယ်
စာကဗျာဆိုတာ…………..အချစ်ပိုစေတဲ ့စကားလို ့ယူဆရင်……

ပြောပြိးသားစကားဟာ ပြန်ရုတ်သိမ်းလို ့မရနိုင်ပါဘူး။
မုန်းတဲ ့စကားဖြစ်စေ၊မေတ္တာစကားဖြစ်စေ ပြောပြီးတဲ ့အခါမှာ ပြန်ရုတ်သိမ်းလို ့မရတတ်တာကြောင့်
မိတ်ဆွေ သူငယ်ချင်းများကြားမှာ မေတ္တာစာ စကား အချစ်ပိုစေတဲ ့စကားသာပြောသင့်ပါတယ် …။

ဒါကြောင့်မြှားနဲ ့တူသောတေးလည်းမဆိုမိစေနဲ ့…..

.မြှားနဲ ့တူသောစကားကဗျာလည်းမပြောမိပါစေနဲ ့နော်………

တေးသိးချင်းကိုတေးလိုဆိုပါ…..ကဗျာကိုကဗျာလိုရွတ်ပါလို ့…..

တေးနဲ ့ကဗျာ..ဟာ ဆိုသူနဲ ့နားထောင်သူကြား ကြိုက်ညိမှု ရှိရင်

တေးကောင်းဖြစ်နိုင်သလို ၊ ကဗျာ ကောင်းတပုဒ်လည်းဖြစ်တယ်လို ့

ဒိမြူတွေဆိုင်းတဲ ့ဆောင်းဥိးကိုရောက်ရင်……အလွမ်းဓါတ်ခံရှိသူကျမအဖို ့မှာတော့…
ကျမကိုနှောင်ဖွဲ ့ပြေလျှော ့ထားခဲ ့သော သူတွေကိုတော့..ကျမကသတိတယရှိနေအုံးမှာပါ။

ခင်မင်လေးစားသော
ရွှေအိမ်စည်

ဤဆောင်းပါးကိုကြိုက်နှစ်သက်လျှင်စာရေးသူအမည်ထိကူးပြီးဝေမျှနိုင်ပါသည်။..
ချစ်သောစိတ်ဖြင့်