“စာဖတ်သူများအားဝန်ချတောင်းပန်ခြင်း”

“စာဖတ်သူများအားဝန်ချတောင်းပန်ခြင်း”

ချမ်းချမ်း ပြီးခဲ့တဲ့ အပတ်က တင်ခဲ့ဖူးတဲ့ “ဗုဒ္ဓဘာသာဝင် တို ့အတွက် ဆောင်ရန် ရှောင်ရန် ”ပို ့စ် လေး ထဲက ကုသိုလ် အကုသိုလ် အကျိုးပေးပုံ ကို အဆတွေနဲ ့ထွက်ပြထားတာနဲ ့ပက်သက်ပြီး  ကွန်မန် ့ပေးကြတဲ့ သူူတွေထဲက အဲ့ဒီအကြောင်းအရာဟာ အမှန်မဟုတ်ဘူးဆိုလို ့ အားလုံးကိုဝန်ချတောင်းပါတယ်။ အဲ့ဒီပိုစ့်ကိုလည်းပြန်ဖျက်လိုက်ပါပြီ။ဘုရားဟော မဟုတ်ပဲ တင်မိရင် ဓမ္မအန္တရာယ် ဖြစ်မှာစိုးလို ့ပါ။ အဲ့ဒီအကြောင်းအရာဟာ ချမ်းချမ်းစိတ်ကူးနဲ ့ထင်ရာမြင်ရာ ရေးထားတာမဟုတ်ပါဘူး။အဲ့ဒီစာအုပ်လေးကို ဝါဆိုလပြည့်နေ ့တုန်းက ဘုန်းကြီးကျောင်းသွားရင် ရလာတဲ့ စာအုပ်လေးပါ။ စာအုပ်ပုံစံကို သိချင်ရင် www.namobook.com ကို နှိပ်လိုက်ပါ။ ပထမဦးဆုံး မြင်ရမယ့် စာအုပ်လေးပါပဲ။ ချမ်းချမ်းကိုယ်တိုင် မြန်မာတရားစာအုပ်တွေမှာလဲ မဖတ်ဘူး၊မတွေ ့ဘူးလို ့ဖတ်ရင်းနဲ ့ဆောင်သင့် ရှောင်သင့်တယ်ထင်လို ့အားလုံးကိုသိစေချင်လို ့ဘာသာပြန်ပြီး တင်လိုက်တာပါ။

ချမ်းချမ်းဖတ်ဖူးတဲ့ အရှင်ဇဝန ရဲ ့တရားစာအုပ်ထဲမှာတော့..ကုသိုလ် အကုသိုလ် အကျိုးပေးတဲ့ ဘဝအကြောင်းက..
တိရိစ္ဆာန် ကို လျှုရင် ဘဝ ၁၀ဝ ချမ်းသာတယ်။လူတွေကိုလှုရင် ဘဝပေါင်းများစွာချမ်းသာတယ်။အဲ့ဒီလိုပဲ သီလရှိတဲ့သူ.သောတပန် အရိယာ သံဃာတော်နဲ ့ဘုရားကိုလျှုရင်တော့ ဘဝပေါင်းမရေမတွက်နိုင်အောင် ချမ်းသာတယ်လို ့တော့ဖတ်ဖူးပါတယ်။ပြီးတော့ ခုုဇ္ဇုတ္တရာ ရဲ ့ဇာတ်လမ်းထဲမှာလဲ သူ ့ထက်သီလရှိတဲ့ ရဟန္တာထေရီမ ကို ခိုင်းမိလို ့ဘဝပေါင်း ၅၀ဝ တိတိကျွန်ဖြစ်ခဲ့ ရသလို ပစ္စေက ဗုဒ္ဓကို မီးရှို ့သတ်တဲ့ အကုသိုလ်ကလည်း ငရဲကျပြီး ဘဝတစ်ရာပတ်မီးလောင်သေခဲ့ရပါသတဲ့။ နောက်ဆုံးဘဝမှာတောင် ဧတဒဂ်ရ သောတပန်ဖြစ်ပေမယ့် မီးလောင်ပြီးမှ သေရရှာပါတယ်။

နောက်ထပ်အကြောင်းအရာက..တော့ ဘုရားရှင်နဲ ့နောက်လိုက် ရဟန္တာ တို ့ကောင်းကင်ခရီး ကြွလာတဲ့အခိုုက် မှာ လေထဲမှာ ပျံနေတဲ့ ကျီးတစ်ကောင်ဟာ မီးလောင်နေတဲ့ တဲတစ်တစ်လုံးရဲ ့မီးကွင်းကြီးက လွင့်ပြီး သူ ့လည်မှာလာစွပ်လို ့မီးစွဲလောင်ပြီး သေရရှာပါတယ်။ဒါကို မြတ်စွာဘုရားရှင်က..အဲ့ဒီကျီးကန်းဟာ တစ်ခုသောဘဝ လယ်သမားတစ်ယောက်ခဲ့ပါသတဲ့.သူဟာ လယ်ထွန်ရင်း သူ ့ခိုင်းနွားက ခိုင်းတာမလုပ်ချင်လို ့စိတ်ဆိုးပြီး ကောက်ရိုးကို ကြိုးကွင်းလိုလုပ်.မီးရှို ့ပြီး သတ်ခဲ့တဲ့အကုသိုလ်ကြောင့် သူဟာ ဘဝပေါင်း များစွာ မီးစွဲလောင်ပြီး သေရပါတယ်။ သူသတ်ခဲ့တာ တစ်ခါပါပဲ ဘာလို ့ဘဝပေါင်းများစွာ ခံရပါသလဲ။

နောက်ထပ်အကြောင်းအရာ တစ်ခုက လှေသူကြီးနဲ ့သူကြီးကတော်တို ့ ခရီးသွားတော့ တစ်ခုသော ကျွန်းမှာ နားပါတယ်။နားပြီးလို ့လှေပြန်ထွက်တဲ့အခါ လှေက လုံးဝမထွက်ပါဘူး။
အဲ့ဒါနဲ ့လှေသူကြီးက တို ့လှေမှာ သူယုတ်မာတော့ ရှိနေပြီ။မဲနှိုက်ပြီးရွေးတော့ လှေသူကြီးကတော် မဲကျပါတယ်။ အဲ့ဒါနဲ ့လှေသူကြီးလဲ ကိုယ့်ဇနီးလူယုတ်မာ မဲကျတော့ သေချအောင်
နောက်ထပ်တစ်ခါ ထပ်နှိုက်ပါတယ်။ လှေသူကြီးကတော်ပဲပြန်ကျတယ်.သုံးခါတိတိ ပြည့်တော့မှ လှေသူကြီးလဲ အများဆန္ဒအ၇..မျက်နှာလိုက်လို ့မရတော့ပဲနဲ ့သူကြီးကတော်ကို
ကြိုးတုတ်..အိုးနဲ ့ချည် အိုးထဲ ခဲတွေ သဲတွေ ထည့်ပြီး ရေထဲပစ်ချပါတယ်.လှေသူကြီးကတော်လဲ တဖြည်းဖြည်းရေထဲ မြုပ်သွား မှ လှေက ထွက်သွားပါတယ်။မြတ်စွာဘုရားက အဲ့ဒီအမျိုးသမီးဟာ တစ်ခုသောဘဝက သူ ့ကိုသံယောဇဉ်ဖြစ်နေတဲ့ ခွေးတစ်ကောင် ဟာ ဘယ်သွားသွားနောက်က အမြဲလိုက်ပါတယ်။မြစ်ဆိပ်မှာ ရေသွားချိုးတော့လည်း ခွေးက အမြဲလိုက်နေတော့ သူငယ်ချင်းတွေက စကြပါတယ်။သူလဲ ရှက်လာတော့ အဲ့ဒီခွေးကိုရေအိုးနဲ ့ကြိုးချည် ရေအိုးထဲကို သဲတွေခဲတွေ ထည့်ပြီး မြစ်ထဲမှာ ရေနှစ်သတ်ပါတယ်.အဲ့ဒီအကုသိုလ်ကြောင့် သူဟာ ဘဝတိုင်းဘဝတိုင်း
ရေနစ်ပြီးသေရတယ်တဲ့။

နောက်ထပ်အကြောင်းအရာက ထိုင်းလူမျိုးပါ.သူဟာ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက လူသတ်မှုနဲ ့ထောင်ကျခဲ့ပါတယ်။ထောင်ထဲမှာပဲ သူကြိုးဆွဲချပြီး
သူ ့ကိုယ်သူ သတ်သေသွားခဲ့တယ်။အခုဆယ်နှစ်ပြည့်တော့ အဲ့ဒီရုံးက စခန်းမှုးနောက် ကိုအရိပ်လို လိုက်နေတာကို တခြားလူတွေက တွေ ့နေရတယ်။စခန်းမှုးတော့ မတွေ ့ဘူး.စခန်းမှုးထိုင်ရင်လည်း သူက ဘေးနားကကြမ်းပြင်မှာ လည်ပင်းငိုက်စိုက်ချပြီး ထိုင်နေတာကို တခြားသူတွေ တွေ ့
ပါတယ။်အဲ့ဒါနဲ ့Miracle Channel က ဆရာနဲ Channel 7မှာ လာမေးတဲ့အခါ ဆရာက အခုတီဗီအစီအစဉ်မှာ စခန်းမှုးနောက်က လူတစ်ယောက် ခေါင်းငိုက်စိုက်ချပြီးထိုင်နေတာ တွေ ့ပါတယ်။စခန်းမှုး မှတ်မိလား။ သူ ့ကိုသိလားလို ့မေးတော့ စခန်းမှုးက လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ကြိုးဆွဲချသေသွားတဲ့တရားခံတစ်ယောက် နဲ ့တူတယ်လို ့ပြောပါတယ်။အဲ့ဒီအချိန်မှာ ထိုင်ကြည့်နေတဲ့ ပရိတ်သတ်တွေထဲက လူတစ်ယောက်ကိုသရဲဝင်ပူးတယ်။ ဆရာက ဘာလိုချင်လို ့စခန်းမှုးနောက်လိုက်နေရတာလဲမေးတော့ ဝင်ပူးနေတဲ့ သရဲက သူ ့အမေကိုတွေ ့ချင်တယ်။
တောင်းပန်ချင်တယ် .ခေါ်ပေးပါ။ပြီးရင် သူကြိုးဆွဲချတဲ့နေရာ လေးမှာ သူ ့ကို ကုသိုလ်လုပ်ပြီးအမျှပေးပါ။သာဓုခေါ်ပြီးရင်တော့ကိုယ့်ကိုယ် ကို ကြိုးဆွဲချသတ်သေတဲ့ဝဋ်က ကျွတ်တော့မှာတဲ့။
ဘာဖြစ်လို ့လဲဆိုတော့ သူဟာ ကြိုးဆွဲချသတ်သေလိုက်တဲ့နေ ့ကစပြီး ဆယ်နှစ်တိတိ နေ ့တိုင်း ကြိုးဆွဲချသတ်ခဲ့တဲ့ ပုံစံအတိုင်း တစ်နေ ့ကို အ ကြိမ် ငါးရာ ပြည့်အောင် ကိုယ့်ကိုယ် ကို ပြန်လည် သတ်သေခဲ့ရပါတယ်တဲ့။အရမ်းလဲ နာပါတယ်တဲ့။  အမေ ့ကိုလည်းအရမ်းတောင်းပန်ချင်တယ်တဲ့။
အဲ့ဒါ နဲ ့စခန်းမှုးကလဲ ထောင်ထဲက သူကြိုးဆွဲချသတ်သေတဲ့ နေရာ မှာ ဗွီဒီယိုတပ်တာ ဘာအရိပ်ပေါ်လာလဲဆိုတော့..မဲမဲအရိပ် ကြီး ရယ် ကြိုးကွင်းပုံစံရယ် ခပ်ဝါးဝါးမှုံမှုံလေးတွေ ့ရပါတယ်။နောက်တော့ တရားခံရဲ ့အမေက ဘုန်းကြီးဆွမ်းကပ်ပြီး ဘုန်းကြီးကိုထောင်ထဲပင့်လာပါတယ်။သူကြိုးဆွဲချသတ်သေခဲ့တဲ့ နေရာရှေ ့မှာ အမျှဝေ ပရိတ်ရေ ရွတ်ဖြန်းပြီးတဲ့နောက်မှာတော့ စခန်းမှုး နောက်က အရိပ်ကိုလဲ မတွေ ့ရတော့ပါဘူး။
မြန်မာလူမျိုးတွေကတော့ ကိုယ့်ကိုယ် ကိုယ် သတ်သေရင် အဖန် ငါးရာ ငါးကမ္ဘာ လို ့တော့ ပြောသံကြားပါတယ်.ဘုရားဟောထားတာတော့ မဖတ်ဖူးသေးပါဘူး။ရှိခဲ့ရင်လည်း ချမ်းချမ်းမဖတ် ရသေးတာဖြစ်မှာပါ.။

ချမ်းချမ်းတင်ခဲ့ဖူးတဲ့ “ဗုဒ္ဓဘာသာဝင်တို ့ဆောင်ရန်ရှောင်ရန် ”ပိုစ့်လေးထဲက အချက် (၅၀) ဟာ   ဘုရားဟောမရှိဘူး.ကုသိုလ်အကုသိုလ် အကျိုးပေးတဲ့ အဆတွေ ထေတာတွေဟာ
ကလေးဆန်တယ်လူပြိန်း ကြိုက်လို ့ တစ်ချို ့ဝါရင့်တဲ့ သူတွေ နားလည်တဲ့သူတွေက  ထင်မြင်ချက်တွေရေးထားတာတွေ ့ရပါတယ်။
အဲ့ဒီပိုစ့်ကို ဘာသာပြန်ပြီး တင်မိတဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်။နားလည်ခွင့်လွှတ်ပေးပါ။
ဝါရင့်တဲ့သူတွေ ဝေဖန်တာလဲ မှန်ပါတယ်။
ချမ်းချမ်းဟာ ကိလေသာမကင်းသေးတဲ့ လူပြိန်းပါ။ဒါပေမယ့်..
ဘဝမှာ ရုန်းကန်လှုပ်ရှားရင်း ဆရာတော် သံဃာတော်တွေရဲ ့ဆိုဆုံးမမှု လမ်းညွန်မှုကြောင့်သာ ဘာသာရေးအသိတွေ၊ ဘယ်ဟာကကုသိုလ် ဘယ်ဟာက အကုသိုလ် ဆိုတာ သိတာပါ။ဆရာတော်များရဲ ့တရားစာအုပ်တွေဖတ်ရ တရားနာရလို ့ပဲကိုယ့်ကိုယ် ကို ဆင်ခြင်တတ်လာပါတယ်။
အခုလဲ..အဲ့ဒီအကြောင်းအရာ ရေးတဲ့ ထိုင်းဆရာတော်ဟာ ဘုရားဟောမရှိခဲ့ရင်တောင် သူလဲ သူ ့လူမျိုး တွေ နားလည်လွယ်အောင် ငါးပါးသီလ၊ရှစ်ပါးသီလနဲ ့ဝိပဿနာ တရားအားမထုတ်ဖြစ်ရင်တောင် ရောင်းရင်းဝယ်ရင်း  အိမ်မှာနေရင်း  စိတ်ထားတတ်ဖို ့ လိမ်မာယဉ်ကျေးပြီး ကိုယ်ချင်းစာစိတ် ရှိအောင် အကုသိုလ်ကိုကြောက်ပြီး
ကုသိုလ် တွေ များများလုပ်ဖြစ်အောင် စေတနာနဲ ့ရေးထားတာဖြစ်ပါလိမ့်မယ်။ဘုရားက ကုသိုလ် အကုသိုလ် အဆတွေ ထေတာတွေ မရှိခဲ့ရင်တောင် အဲ့ဒီဆရာတော်က လူတွေနားနည်လွယ်အောင် ရေးခဲ့တာဖြစ်ချင်ဖြစ် လိမ့်မယ်။

ဥပမာတစ်ခုပေးပါ့မယ်။မြတ်စွာဘုရားရှင်ဟာအရှင်ဥပနန္ဒ ကိုအကြောင်းပြုပြီး  သံဃာတော်တွေအတွက် ရွှေငွေ အလှုခံမှုကို တားမြစ်ထားပါတယ်။“ရဟန်းတို ့ဆီးနှင်း မြူတိမ် တို ့ဟာ လနေတို ့ရဲ ့အညစ်အကြေးဖြစ်သလို သေရေသေရက် သောက်စားမှု၊မေထုန်မှီဝဲမှု၊ ရွှေငွေအလှုခံမှု တို ့ဟာ တရားကျင့်တဲ့ ရသေ့ရဟန်းများအတွက် အညစ်အကြေးဖြစ်ကြကုန်တယ်” လို ့ဒေါက်တာမင်းတင်မွန် ရဲ ့မြတ်သံဃာ စာအုပ်ထဲမှာဖတ်ရပါတယ်။
အခုခေတ်မှာ သံဃာတော် တွေတော်တော်များများ ခရီးသွားဖို ့ လာဖို ့အတွက် ငွေတွေ သုံးနေရတာကကော ဘုရားတားမြစ်ချက် ကိုဆန် ့ကျင်ရာရောက်မနေဘူးလား။
ချမ်းချမ်းကိုယ်တိုင်လည်း ဆရာတော်များကို နဝကံမ အလှု အဖြစ် ငွေတွေလဲလှုခဲ့ဖူးပါတယ်။တချို ့ဆရာတော်များက လုံးဝ မကိုင်ပါဘူး.ကပ္ပိယကိုပဲအပ်ပါတယ်။ကပိ္ပယကနေပြီး လိုအပ်တာကို စီစဉ်ပေးပါတယ်။ဘာပဲဖြစ်ဖြစ် သံဃာတော်များအနေနဲ ့တကယ်လိုအပ်လို ့သုံးနေရတာပါ။

ဒီနေရာမှာ ဗဟုသုတလေးရအောင် ပြောပြပါ့မယ်။ ထိုင်းက ဗုဒ္ဓဘာသာသာဘုန်းကြီးနဲ ့မြန်မာဘုန်းကြီး မတူတဲ့ အချက်တွေက…ထိုင်းဘုန်းကြီးဟာ မျက်ခုံးမွေး မထားရပါဘူး။ ဘာဖြစ်လို ့ မထားတာလဲ လို ့ မေးတော့ ဘုန်းကြီး အတု အစစ် ခွဲလို ့ထိအောင်တဲ့။ တစ်ချို ့လူတွေက အချောင် စားချင်လို ့ သင်္ကန်းစည်းပြီး
နံက် ပိုင်းဆွမ်းလိုက်ခံတယ် ပြီးရင် သင်္ကန်းချွတ် ပြီး လူလိုနေကြတဲ့သူတွေကို ခွဲလို ့ထိအောင်တဲ့။ ထိုင်းနိုင်ငံက ဘုန်းကြီးကျောင်းတိုင်းဟာ ဓမ္မာရုံ မီးသဂြိုဟ် စက် တွေ နဲ ့ကျယ်ကျယ်ဝန်းဝန်းဆောက်ရပါတယ်။ ပြီးတော့  နံက် အာရုံဆွမ်း မရှိပါဘူး၊နေ ့လည်ဆွမ်း တစ်ထပ်ပဲ ရှိပါတယ်။ ချမ်းချမ်းနေတာက မြန်မာဘုန်းကြီး ကျောင်းနဲ ့တော် တော် ဝေးတော့ နီးတဲ့ထိုင်းဘုန်းကြီးကျောင်းမှာပဲ ဝေယာဝစ္စကုသိုလ် ယူရပါတယ်။တရားမထိုင်ခင် ဘုရားကန်တော့တာ သီလပေးတာ ကမဌာန်းနည်းပေးတာလည်း မြန်မာနဲ ့သိပ်မကွာပါဘူး။
ဘာပဲဖြစ်ဖြစ် ချမ်းချမ်းအနေနဲ ့ လူမျိုးမတူပေမယ့် သာသနာတော့ တူနေတာမို ့ သူတို ့ဆရာတော်ရဲ ့ဆုံးမလမ်းညွှန်မှုကလည်း ကိုယ့်အတွက် လိုက်နာတာ အကျိုးမယုတ်တဲ့အတွက် စေတနာကိုတော့ လေးစားရမှာပါပဲ။

ဥပမာ..ညညဘက် အမှောင်မှာ အပြင်ထွက်ရင် သရဲခြောက်တယ်လို ့လူကြီးတွေက ပြောထားတော့
သရဲဆိုတာ ဘာမှန်းမသိတဲ့ကလေးတွေက ကိုယ့်ကိုယ်ပဲ တစ်ကယ်လာခြောက်ပြီအမှတ်နဲ ့အပြင်မထွက်ရဲသလိုပေါ့။အမှန်တော့ သရဲဆိုတာ မမြင်ဘူးပါဘူး။ ဒါပေမယ့် သရဲမခြောက်ပေမယ့် အမှောင် ထဲသွားရင် မြွေပါးကင်းပါးတွေ ့နိုင်ပါတယ်.ခလုတ်တိုက်ပြီး ချော်လဲနိုင်ပါတယ်။ဘာပဲဖြစ်ဖြစ်
မသွားတာ ကိုယ့်အတွက် အန္တရာယ်ကင်းပါတယ်။အခုလဲ အဲ့ဒီထဲမှာ  ပါတဲ့ မကောင်းတဲ့ အချက်တွေကို ရှောင်နိုင်ရင် ကိုယ့်အတွက် အကျိုးမယုတ်နိုင်ဘူးလို ့ထင်ပါတယ်။

မြတ်စွာဘုရားရှင်က စေတနာသည် ကံ တဲ့။ကောင်းတဲ့စေတနာ နဲ ့လုပ်ရင်တော့ ကောင်းတဲ့ကံ မကောင်းတဲ့စေတနာနဲ ့ လုပ်ရင်တော့ မကောင်းတဲ့ကံလို ့တော့ ချမ်းချမ်းနားလည်ထားပါတယ်။

ဝန်ခံချက်….
ချမ်းချမ်း တင်ခဲ့ဖူးတဲ့ ပိုစ့်တိုင်း မှာ..ဘာသာရေး ဆိုရင်  မူရင်း ရေးတဲ့ ဆရာတော် နာမည်တွေကိုမှတ်မိသလောက် ထည့်ထားပေးပါတယ်။ပြီးတော့…Credit.. မှာ ..Post…By….ချမ်းချမ်း(ရွာသူလေး)  နဲ ့ဘလောဒ့်လိပ်စာလေး ထည့်ထားပေးပါတယ်။
ကိုယ်တိုင်တွေ ့မြင်တာတွေ၊ ရင်ထဲရှိတာလေးတွေနဲ ့သိတာတွေ ရေးထားရင်တော့.ကိုယ်တိုင်ရေးမို ့လို ့..Credit မှာ..Written…By…ချမ်းချမ်း(ရွာသူလေး ) နဲ ့ဘလောဒ့်လိပ်စာပါ ထည့်ထားပေးပါတယ်။ဘာဖြစ်လို ့လဲ ဆိုတော့ စာရေးတဲ့သူဟာ  ကိုယ်ရေးတဲ့စာ ကို ကိုယ်တိုင်တာဝန်ယူနိုင်ရပါမယ်။ လူအမျိုးမျိုး စိတ်အထွေထွေ မို ့စာဖတ်တဲ့သူတွေထဲမှာ စိတ်ကူးတွေ သိထားတာတွေ လေ့လာထားတာတွေဟာ တူချင်မှလည်း တူပါလိမ့်မယ်။ကိုယ်ရေးလိုက်တဲ့ပိုစ့်နဲ ့ပက်သက်ပြီး အမှားပါခဲ့ရင် စာဖတ်တဲ့သူတွေ Complain တက်လာရင်လည်း မူရင်းစာရေးတဲ့သူက ပြန်လည်ဖြေရှင်းပေးရမှာပါပဲ။အခုချမ်းချမ်းတင်လိုက်တဲ့ “ဗုဒ္ဓဘာသာ တို ့ဆောင်ရန်ရှောင်ရန်” ပိုစ့်လေးဟာ
ကိုယ်ပိုင်ထွင်ပြီးရေးထားတာမဟုတ်ပါဘူး။ဖတ်ခဲ့ဖူးတာကို ကြိုက်လို ့ ပြန်လည်မျှဝေတဲ့ သဘောပါဘဲ။  အခုနားလည်တဲ့သူတစ်ချို ့က အမှန်မဟုတ်ဘူးဆိုလို ့ အားလုံးကိုယ်စားတောင်းပန်ပါတယ်။ နောက်လဲ အမှားကင်းအောင် သတိထားပါ့မယ်လို ့ကတိပေးပါတယ်။

အခု အဲ့ဒီပိုစ့် ထဲက အချက် (၅၀) ကိုလည်း သူငယ်ချင်းတွေက တဆင့်ပြန်ရှယ်မိသွားမှာ စိုးလို ့သီးသန် ့မတင်ပဲနဲ ့ပြန်ဖျက်လိုက်ပါပြီ။
ဝေဖန် အကြံပေးချင်တဲ့သူများအတွက် ဒီ ပိုစ့် နဲ ့အတူ နောက်တစ်ခေါက်ထပ်တင်ထားပေးပါတယ်။

လွတ်လပ်စွာ ဝေဖန်ဆန်းစစ်နိုင်ပါသည်။
ချမ်းချမ်း(ရွာသူလေး)http://www.haymonchan.blogspot.com
။…………………………………………………………………………။

“ဗုဒ္ဓဘာသာ ဝင်တို ့ဆောင်ရန် ရှောင်ရန်”

ရတနာသုံးပါးကိုု ကိုးကွယ်ကြတဲ့ ဗုဒ္ဓဘာသာဝင် သူငယ်ချင်းများအားလုံးအတွက် ဘဝအတွက်ရုန်းကန်လှုပ်ရှားရင်းနဲ ့ဆောင်သင့် ရှောင်သင့်တဲ့ ကုသိုလ် အကုသိုလ် ကံအကျိုးပေးနည်းတွေကိုတင်ပြပေးပါ့မယ်။ချမ်းချမ်းကိုယ်တိုင် က ကိလေသာ နဲ ့အကုသိုလ်ကင်းနေတဲ့သူတော်စင်မဟုတ်ဘူးနော်။သန်းပေါင်းများစွာထဲက ဘဝအတွက် ဆင်းရဲပင်ပန်းစွာ ရုန်းကန်လှုပ်ရှားနေရတဲ့ လူထဲက လူသေးသေးလေးတစ်ယောက်ပါ။ဒါပေမယ့် ရုန်းကန်လှုပ်ရှားရင်းနဲ ့ ဘဝဆင်းရဲတဲ့ ကြားထဲက စိတ်ချမ်းသာအောင် အကုသိုလ်ကင်းအောင်တော့ ပတ်ဝန်းကျင်က အမှားတွေကိုသင်ခန်းစာယူတယ်။ဆရာတော်ဘုရားများရဲ ့ဩဝါဒနဲ ့
ကိုယ့်ဘဝကို ပြုပြင်တယ်။စာအုပ်စာပေထဲက ဘဝတွေကို လေ့လာရင်းနဲ ့ဆင်းရဲ တဲ့ကိုယ့်ဘဝထဲမှာ အမှန်တကယ် ကျေနပ်ပျော်ရွှင်စရာတွေ အများကြီး ရှိနေတာ ကိုတွေ ့ခဲ့ပါတယ်။ အဲ့ဒါက ဘာလဲဆိုတော့ ”ယောနိသော မနသိကာရ” ဆိုတဲ့ သင့်တင့်မျှတစွာနှလုံးသွင်းခြင်း ၊ လက်ရှိကိုယ့်ဘဝကို ရောင့်ရဲကျေနပ်ခြင်း နဲ ့ကိုယ့်စိတ်ကို ကိုယ်တိုင် ဆန်းစစ်လေ့လာခြင်းပါပဲ။ မေတ္တာရှင်(ရြွှေပည်သာ )က သူတစ်ပါးရဲ ့မြင့်မိုရ်တောင်လောက် အပြစ်ကိုမမြင်ပါနဲ ့ကိုယ့်ရဲ ့ဇီးစေ့လောက်အပြစ်ကို အရင်မြင်အောင်ကြည့်ပါတဲ့။သူတစ်ပါးကိုအပြစ်မြင်တာထက် ကိုယ့်အပြစ်ကို ကိုယ်ဆင်ခြင်ပါလို ့ဆုံးမထားပါတယ်။

အခုတင်ပြမယ့်အကြောင်းအရာက..
ထိုင်းဘာသာရေး တရားစာအုပ်ထဲက ဆရာတော်တစ်ပါးရဲ( คู่มืสวดมนฅ์ วิธืแกักรรม สะเดๅะห์ เครๅะห์) စာအုပ်ထဲက လေ့လာမှတ်သားထားတာလေးပါ။
စာအုပ် Websit က(www.namobook.com  )ပါ။

(၁) ကောင်းတဲ့ ကုသိုလ်အလုပ်နဲ ့ပက်သက်ပြီး ရမယ့် အကျိုးတရားများကတော့..

(၁) ဝိပဿနာ တရားကြိုးစားအားထုတ်ရင်…………………………………………………………………………ကုသိုလ်—-မရေမတွက်နိုင်
(၂) မိဘကို သေဆုံးအထိ ရိုရိုသေသေလုပ်ကျွေးပြုစုလျှင်……………………………………………………………ကုသိုလ်—-၁ သိန်း ဆ
(၃)တစ်ခုလပ် မုဆိုးမ ဟာ နောက်အိမ်ထောင်မပြုပဲ ထားခဲ့ဖူးတဲ့ သစ္စာကို စောင့်ထိန်းလျှင်………………………..ကုသိုလ်—-၁၀၀၀ဝ ဆ
(၄)ဇနီးမောင်နှံ တစ်ဦးကိုတစ်ဦး ရိုရိုသေသေနဲ ့ချစ်ချစ်ခင်ခင်နေထိုင်ကြလျှင်………………………………………ကုသိုလ်—- ၁၀၀ဝ ဆ
(၅) သက်သက်လွတ်စားရင် …………………………………………………………………………………………..ကုသိုလ်—-၁၀ဝ ဆ
(၆)ညီအစ်ကိုမောင်နှမအချင်းချင်း တစ်ဦးကိုတစ်ဦး ကူညီစောင့်ရှောက်လျှင်……………………………………….ကုသိုလ်—- ၁၀ဝ ဆ
(၇)ကိလေသာ ရာဂတဏှာစိတ် ၁ခါ ထိန်းနိုင်လျှင်……………………………………………………………………ကုသိုလ်—-၁ဝ ဆ
(၈)သတိသံဝေဂ တရားရမယ့် ဆင်ခြင်စရာ သင်ခန်းစာယူစရာ ဇာတ်လမ်း ရိုက်လျှင် စာရေးလျှင်…………………ကုသိုလ်—- ၁ဝ ဆ
(၉) လာဘ်မစားပဲ တာဝန်ကျေပွန်စွာအလုပ်လုပ်လျှင်…………………………………………………………………ကုသိုလ်—- ၈ ဆ
(၁၀)အကောက်ခွန ်ရေခ မီးခ အပြည့်ပေးလျှင်………………………………………………………………………….ကုသုလ်     ၅ ဆ
(၁၁) မိဘကိုအလုပ်ကို ၁ခါ ကူညီရင်………………………………………………………………………………………….ကုသိုလ်—-၄ ဆ
(၁၂) ငယ်ရွယ်သူက ကြီးသူကို ကူညီလျှင်………………………………………………………………………………..ကုသိုလ်—-၃ ဆ
(၁၃)အိမ်ရှင်မက အိမ်အလုပ်တာဝန်ကျေပြီးသန် ့ရှင်းအောင် ၁ ရက် လုပ်လျှင်…………………………………………ကုသိုလ်—–၃ဆ
(၁၄)တရားစာအုပ် ၁ အုပ် လျှုဒါန်းရင်…………………………………………………………………………………….ကုသိုလ်—-၃  ဆ
(၁၅)ကိုယ့်ကို အထင်သေးအပြစ်ပြောတာကိုစိတ်မဆိုးလျှင်………………………………………………………………..ကုသိုလ်—- ၁ ဆ
(၁၆)ကိုယ့်ထက် ဆင်းရဲနွမ်းပါးတဲ့ သူကို ငွေ ၅ဝ ကျပ်လျှု…………………………………………………………………ကုသိုလ်—- ဝ.ရ ဆ
(၁၇)ယဉ်ကျေးချိုသာပြီး ချစ်စရာစကား ၁ ခါ ပြောလျှင်…………………………………………………………………..ကုသိုလ်—-၀.၅ ဆ
(၁၈)သစ္စာရှိပြီး .ကတိ ၁ ခါ တည်လျှင်……………………………………………………………………………………..ကုသိုလ်—-၁ ဆ
(၁၉)ငှက်လေး ငါးလေးတွေ ကို ၁ ခါ လွှတ်ရင်………………………………………………………………………………ကုသိုလ်—-၁ ဆ
(၂၀)ဆရာစကားနားထောင်ပြီး ၁ ခါ ကြိုးစားလျှင်……………………………………………………………………………ကုသိုလ်—- ၁ ဆ
(၂၁)ဆရာကို ၁ခါ ရှိခိုးရိုသေလျှင်…………………………………………………………………………………………….ကုသိုလ်—-၁ဆ
(၂၂)ဈေးနှုန်းမှန်ပြီး အမြတ်မတင်ပဲ ပစ္စည်း ၁ ခါ ရောင်းလျှင်……………………………………………………………….ကုသိုလ်—– ဝ.၃ ဆ
(၂၃)ဆေးဝါး ၁ ခါ လျှုဒါန်းလျှင်………………………………………………………………………………………………..ကုသိုလ်—- ၁ ဆ
(၂၄)လူသွားလမ်း မှာ တံမျက်စည်း တစ်ခါလှည်းလျှင်……………………………………………………………………….ကုသိုလ်—–၀.၄ ဆ

မကောင်းတဲ့ အကုသိုလ်အလုပ်နဲ ့ပက်သက်ပြီး ရမယ့် အကျိုးတရားကတော့.

(၁)ကိလေသာ ရာဂ တရား ထကြွစေသော ညစ်ညမ်းရုပ်ရှင်နှင့် စာပေ ၁ခါ ရေးသားလျှင်………………………………..အကုသိုလ်—-၃၀၀ဝ ဆ
(၂) ကိုယ့်ကိုယ် ကိုယ် သတ်သေလျှင်…………………………………………………………………………………………အကုသိုလ်—-၁၀၀ဝ ဆ
(၃) ကိုယ်ဝန် ၁ ခါ ဖျက်ချ ခဲ့လျှင်………………………………………………………………………………………………အကုသိုလ်—-၁၀၀ဝ ဆ
(၄) သူတစ်ပါး ဇနီးမယားနှင့် ခင်ပွန်းအား မြှုဆွယ်ဖြားယောင်းပြီး ၁ ယောက် ပေါင်းသင်းလျှင်…………………………….အကုသိုလ်—–၁၀၀ဝ ဆ
(၅) ဘုရား ကျောင်းကန်ဇရပ်ပေါ်တွင် အညစ်အကြေးနဲ ့အမှိုက် ၁ခါ စွန် ့ပစ်လျှင်………………………………………….အကုသိုလ်—-၁၀ဝ ဆ
(၆) အစ္စလာမ်၊ခရစ်ယာန်နှင့် အခြားသောဘာသာ သာသနာအား ဆဲဆိုပုတ်ခတ်စော်ကား မှု ၁ ခါ ပြုလျှင်……………….အကုသိုလ်—–၁၀ဝ ဆ
(၇) ဘာသာသာသနာ ညှိုးနွမ်းစေသော အကြောင်းအရာအား ရုပ်ရှင်၊ပြဇာတ် ၁ ခါ ရိုက်လျှင်……………………………….အကုသိုလ်—-၁၀ဝ ဆ
(၈) ပြည့်တန်ဆာ မိန်းမနှင့် ၁ ခါ ပျော်ပါးလျှင်………………………………………………………………………………….အကုသိုလ်—-၁၀ဝ ဆ
(၉) မောင်နှမ အချင်ချင်း စောင်းမြောင်းပြောဆိုပြီး ရန် ၁ ခါဖြစ်လျှင်………………………………………………………….အကုသိုလ်—၁၀ဝ ဆ
(၉) ညစ်ပတ်၊ယုတ်ညံ့ သော စကားတစ်ခွန်းပြောဆိုလျှင်………………………………………………………………………အကုသိုလ်—-၁ဝ ဆ
(၁၀) မိဘ ဆုံးမစကားနားမထောင်ပဲ တစ်ခါ ဆန် ့ကျင်လျှင်……………………………………………………………………အကုသိုလ်—-၁ဝ ဆ
(၁၁) ဆွံ ့၊ အ၊ မျက်မမြင်၊ စကားထစ်၊ ရုပ်ဆိုးသောသူများအား လိုက်တုပြီး ၁ ခွန်း ကဲ့ရဲ ့လှောင်ပြောင်ပြောဆိုလျှင်…………အကုသုလ်—–၅ ဆ
(၁၂) ပစ္စည်းအတု၊ဆေးအတု၊ သက်တမ်းကုန်နေသော ဆေးနှင့်၊ပစ္စည်း ၁ ခါ ရောင်းချလျှင်………………………………….အကုသိုလ်—-၅ ဆ
(၁၃) ကြက်တိုက်ဖဲရိုက် မကောင်းမှု လောင်းကစား ၁ ခါ ပြုလျှင်………………………………………………………………အကုသိုလ်——၅ ဆ
(၁၄) လူဆိုး ၊လူမိုက် အား ကူညီအားပေးအားမြှောက် ၁ ခါ ပြုလျှင်………………………………………………………………အကုသိလ်ု—၄ ဆ
(၁၅) စိတ်ဆိုး၊ဒေါသ ထွက်ခြင်း ၁ ခါ မပြေပျောက်လျှင်………………………………………………………………………….အကုသိုလ်….၃ ဆ
(၁၆)လင် မယား ရန်ဖြစ်ဆဲဆို ရိုက်နှက်ခြင်း ၁ခါ ပြုလျှင်………………………………………………………………………..အကုသိုလ်—–၂ ဆ
(၁၆)သူတစ်ပါးအတင်းပြောဆိုခြင်း၊ ဆဲဆိုခြင်း၊  ၁ ခွန်း ပြောလျှင်………………………………………………………………အကုသိုလ်—၁ ဆ
(၁၇)ကောက်ရ ပစ္စည်းအား ပိုင်ရှင်ကိုသိပါရက်နှင့်မပေးပဲ ၅ဝ ဖိုးယူထားမိလျှင်……………………………………………….အကုသိုလ်—၁ ဆ
(၁၈) ဈေးပေါပေါနှင့်ရသော ခိုးရာပါပစ္စည်းအား ၅ဝ ဖိုးလက်ခံသိမ်းယူထားလျှင်………………………………………………အကုသိုလ်—-၁ ဆ
(၁၉)မီတာခ၊ရေခ နှင့်အိမ်အမြတ်ခွန်အား ၅ဝ ဖိုးမပေးလျှင်…………………………………………………………………….အကုသိုလ်—–၀.၆ ဆ
(၂၀)ဆရာသမားကို စကားတစ်ခွန်း ခံပြောမိလျှင်……………………………………………………………………………….အကုသိုလ်—-၁ ဆ
(၂၁)ငှက် ကလေးနှင့် တောတိရိစာ္ဆန်အား တစ်ကောင်ပစ်လျှင်………………………………………………………………..အကုသိုလ်—–၀.၅ ဆ
(၂၂)ငါး၊ ပုဇွန် တို ့အား စားသောက်ရန် ၁ဝ ကောင်သတ်လျှင်………………………………………………………………….အကုသိုလ်—–၁ ဆ
(၂၃)သစ္စာမဲ့၊ကတိမတည် ပဲလိမ်ညာပြောဆိုခြင်း ၁ ခါ ပြုလျှင်…………………………………………………………………..အကုသိုလ်—–၁ ဆ
(၂၄)မိဘအား စိတ်ဆိုး စိတ်ကောက် တစ်ခါပြုလျှင်………………………………………………………………………………အကုသိုလ်—–၁ ဆ
(၂၅)လမ်းပေါ်၊လူအများအပန်းဖြေရာနေရာ တို ့တွင် အမှိုက် ၊စားကြွင်းစားကျန် ၁ ခါ ပစ်ချလျှင်………………………………အကုသိုလ်—-၁ ဆ
(၂၆)ဆင်းရဲဒုက္ခရောက်နေတဲ့ မိဘကို တစ်ရက် မပြုစုလျှင်………………………………………………………………………အကုသိုလ်…၁ ဆ

မြန်မာဆရာတော်ရေးတဲ့တရားစာတွေထဲမှာတော့ အခုတင်ပြထားတဲ့အကြောင်းအရာနဲ ့ပက်သက်ပြီး အသေးစိတ်ရေးထားတာ ချမ်းချမ်းတခါမှမဖတ်ဖူးပါဘူး။
ဒါ့ကြောင့် အားလုံးဗဟုသုတ ရအောင် ဘာသာပြန်ပြီးတင်ပြပေးတာပါ။မဖြစ်နိုင်ဘူး..အယုံအကြည်မရှိဘူး ယုတ္တိမရှိဘူးလို ့ထင်ရင်တော့ သဘောပဲနော်။
မြတ်စွာဘုရားရှင်က “စေတနာသည် ကံ” တဲ့ ကိုယ့်ရဲ ့ကာယကံ ဝစီကံ မနောကံ စေတနာနဲ ့လုပ်တဲ့အလုပ်မှန်သမျှ ကိုယ့်ဘဝ အကောင်းအဆိုးအကြောင်းအကျိုးကံဖြစ်စေတာမို ့….ကံ ကံ ရဲ ့အကျိုးကို ယုံကြည်တဲ့သူများအတွက် ဘဝမှာ ရုန်းကန်လှုပ်ရှားနေရင်းနဲ ့ကောင်းတာဆောင်ပြီးမကောင်းတာ ရှောင်ကြရအောင်လေ..။

မေတ္တာရှင် (ရွှေပြည်သာ ) ရဲ ့ဘဝနဲ ့ရင်းရသော အတွေးအမြင်များစာအုပ်ထဲမှာ
မြောက်ဥက္ကလာပ က ဗုဒ္ဓဘာသာဝင်အမျိုးသမီး တစ်ယောက်က  ဆရာတော်တစ်ပါးကို မေးခွန်းတစ်ခုမေးပါတယ်.

“အရှင်ဘုရား ဗုဒ္ဓဘာသာမှာ အကုသိုလ်ကျုးလွန်ပြီး အပြစ်ကို သိလို ့ ဝန်ခံရင် ငရဲကျသေးလား ။တောင်းပန်ရင် မကျေဘူးလားဆိုတော့”

အဲ့ဒီဆရာတော်က တုံးတိကြီးပဲ..“ဟ နင်မဟုတ်တာလုပ်ထားတော့ တောင်းပန်တိုင်း ဘယ်ရမလဲ.နင်လုပ်ခဲ့တဲ့ အကုသိုလ်အတိုင်းငရဲပဲကျမှာပဲပေါ့”

ဆိုတော့ အမျိုးသမီးက “အရှင်ဘုရားရယ် ရန်သူတောင် တောင်းပန်ခွင့်လွှတ်လိုက်ရင် ကျေအေးကြသေးတာပဲ။အခုက အပြစ်ကိုသိလို ့တောင်းပန်တာတောင် မြန်မာဘုရားက ခွင့်မလွှတ်ဘူးဆိုတော့ ကိုးကွယ်နေလဲအပိုပဲ” ဆိုပြီး ဘာသာခြားကို ပြောင်းသွားပါတယ်။
ဘာလို ့လဲဆိုတော့ တခြားဘာသာဝင်တွေက ဘုရားကိုဝန်ချ တောင်းပန်လိုက်ရင် အပြစ်တွေက ပြေပျောက်သွားတယ်လို ့ဟောထားတာကိုး။
အရှင်ဇဝန က အကယ်၍ အဲ့ဒီဆရာတော် က အမျိုးသမီး စိတ်ကျေနပ်အောင်ဖြေတတ်ရင် ဘာသာပြောင်းသွားစရာအကြောင်းမရှိပါဘူးတဲ့.အဖြေမတတ်တော့
ကိုယ့်ဘုရားကို အထင်လွဲပြီး ဘာသာပါပြောင်းသွားပါတယ်။
အခုဘာသာပြောင်းသွားတဲ့ အမျိုးသမီးလည်း  အရင်က ပြုခဲ့တဲ့ အကုသိုလ်အကျိုးပေးခွင့်မရအောင် နောက်ထပ်ကုသိုလ်တွေ များများထပ်လုပ် ပေးရင် ခံရမည့်အပြစ်တွေနည်းသွားပါလိမ့်မယ်။ အကယ်၍
ဒီဘဝမှာ အနိမ့်ဆုံး သောတပန် အရိယာဖြစ်အောင် တရားကျင့်နိုင်ရင်တော့ လုံးဝ  အပါယ်ငရဲကျမှာမဟုတ်ပါဘူး။ အကုသိုလ်ဝဋ်ကြွေး နည်းနည်းလောက်ပဲ ခံရပါတော့မယ်။  သောတပန်အရိယာ ဖြစ်အောင်မကျင့်နိုင်ရင်လဲ ဒါန၊သီလ၊ဘာဝနာ ကုသိုလ်တွေ များများလုပ်ပေးရင်တော့ အပြစ်ပေါ့သွားပါလိမ့်မယ်။
ဘာနဲ ့တူလဲ ဆိုတော့ လူသတ်  လို ့ထောင်ကျသွားတယ်ဆိုပါစို ့..ထောင်ကျတဲ့နေ ့မှာပဲ မှားပါတယ် ခွင့်လွှတ်ပါလို ့နောင်တရပြီးတောင်းပန်တော့ရော..အသတ်ခံရတဲ့ တရားလိုက ခွင့်လွှတ်ပေးမှာလား။တရားဥပဒေဆိုတာကရော မျက်နှာလိုက်လို ့ရပါသလား။မရပါဘူး။ထောင်သေချာပေါက်ကျတာပဲ။ဒါပေမယ့် ထောင်ထဲမှာ လိမ်လိမ်မာမာနေတယ်။ ကောင်းအောင် နေတယ်ဆိုရင်တော့ လျှော့ရက်တွေ ပေ့ါရက်တွေနဲ ့..သူများလိုနှစ်အကြာကြီးမနေရဘူးပေါ့။
အခုတော့   အပြစ်တွေကို အချောင်သက်သာချင်လို ့ဘာသာခြားတောင် ပြောင်းသွားပါတယ်။အမှန်တကယ် တခြားဘာသာဝင်ဘုရားက ကယ်တင်ရင်တော့ ကောင်းပါရဲ  ့။ အမှန်တကယ် မကယ်နိုင်ဘူးဆိုရင်တော့ ရင်လေးစရာပါပဲ။

ဒယ်အိုးဆရာတော် ဥုးသုမင်္ဂလ က မြန်မာလူမျိုးဟာဗုဒ္ဓဘာသာ နဲ ့မတန်သေးဘူးတဲ့။  အချောင်သမားတွေသိပ်ပေါတယ်။အလုပ်တစ်ခုမှာ ကိုယ်ဘယ်လောက် လုပ်နိုင်တယ်ဆိုတာထက် ရာထူးတွေ၊ငွေတွေ၊ဂုဏ်တွေ နဲ ့သက်သာမှုကို အချောင်လိုချင်ကြတယ်တဲ့။ဗုဒ္ဓဘာသာမှာအလုပ်မလုပ်ပဲနဲ ့အလကားရတာဘာမှမရှိဘူးတဲ့။မြတ်စွာဘုရားဟာ လူသားဘုရားပါ။  လူသားဆိုပေမယ့်  သစ္စာလေးပါတရားကို ကိုယ်တိုင်သိပြီး လူ၊နတ်၊ဗြဟ္မာ၊သတ္တဝါ တို ့ဟောပြောပြနိုင်တဲ့ ပညာရှင် မဟာလူသားပါ။   ဖန်ဆင်းရှင် တန်ခိုးရှင် မဟုတ်ပါဘူး။ လူသားတွေကို  ဖန်ဆင်းခွင့် အပြစ်ပေးခွင့် မရှိပါဘူး။အပြစ်မဖြစ်အောင်တော့ လမ်းညွန်ပြသနိုင်တဲ့ ဆရာကောင်းတစ်ဆူပါ။
မိမိသည်သာ မိမိဘဝရဲ ့အလင်းရောင်….မိမိကိုယ်သာ ကိုးကွယ်ရာလို ့ပြောထားတဲ့အတွက် ကိုယ့်ဘဝကိုကိုယ့်ဘာသာ ကောင်းအောင်ထိန်းကျောင်းပြုပြင်ရမှာပါပဲ။

ကုသိုလ်နဲ ့အကုသိုလ် ကို ဘုရားရှင်က ဘယ်လိုဥပမာပြထားလဲဆိုတော့..
ရေထဲကို ခဲလုံးပြစ်ချလိုက်တယ် ဆိုပါစို ့ အဲ့ဒီခဲလုံးကို ကျန်တဲ့သူတွေက လက်အုပ်ချီဆုတောင်းပြီး ရေပေါ်ပြန်ပေါ်လာပါစေလို ့ဘယ်လောက်ပဲ ဆုတောင်း ဆုတောင်း ခဲလုံးက ပြန်ပေါ်လာမှာမဟုတ်ဘူးတဲ့။
ရေထဲကို ထောပတ်ဆီ ပစ်ချလိုက်တယ် ဆိုပါစို ့ ကျန်တဲ့ လူတွေက လက်အုပ်ချီဆုတောင်းပြီး ရေအောက်မြုပ် ပါစေ မပေါ်လာပါစေနဲ ့ လို ့ဘယ်လောက်ပဲဆုတောင်းဆုတောင်း
ထောပတ်ဆီရဲ ့ဂုဏ်သတ္တိက ရေပေါ်မှာ ပေါ်စေတဲ့သတိ္တရှိတာမို ့ရေအောက် မြုပ်သွားမှာမဟုတ်ဘူးတဲ့။ဒါဟာ ဘယ်သူမှ မဖန်ဆင်းထားတဲ့ သဘာဝကပေးတဲ့ ဂုဏ်သတ္တိပါ။
သဘာဝတရားပါ။
အဲ့ဒီလိုပဲ အကုသိုလ် ဆိုတဲ့ ခဲလုံးကို ပြုလုပ်ထားရင်တော့ တခြားသူတွေက ငရဲမကျအောင် ဆုတောင်းပေးလို ့မရဘူး၊ကယ်တင်လို ့မရဘူး။
ကုသိုလ်ဆိုတဲ့ ထောပတ်ဆီ လုပ်ထားရင်လဲ တခြားသူတွေက ကိုယ့် ကိုယ် ငရဲကျအောင် ဆုတောင်းပေးလို ့မရဘူး။ဒါဟာ လောက ဓမ္မတာတရားပါ။

မြတ်စွာဘုရားရှင်ဟာ သုမေဓာ ရှင်ရသေ့ဘဝမှာ ဘုရားဆုပန်ပြီး  သစ္စာလေးပါးတရားသိဖို ့လေးသချေင်္နဲ ့ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ရတဲ့ ဘဝတစ်လျှောက် ပါရမီညဏ်နု တဲ့ဘဝတွေမှာ ကုသိုလ် အကုသိုလ် အမျိုးအမျိုးကိုကျုးလွန်ခဲ့ဖူးပါတယ်။ငရဲလဲကျခဲ့ရသလို တိရိစ္ဆာန်လဲ ဖြစ်ခဲ့ဖူးပါတယ်။အခုဘုရားဖြစ်တဲ့ နောက်ဆုံးဘဝမှာတောင် အရင်တုန်းက ပြုခဲ့ဖူးတဲ့ အကုသိုလ်ဝဋ်ကြွေး အကြွင်းအကျန် ကို ဝိပါတ်တော် (၁၂) ပါး အဖြစ် ခံစားခဲ့ရပါတယ်။လောကဓမ္မတာ တရားဆိုတာ အမျိုး၊ ဘာသာသာသနာ၊ အဆင့်အတန်း ခွဲပြီး .ဘရားအလောင်းတော်မို ့လို ့ဘုန်းကြီးမို ့လို ့
ဘုရင်မို ့လို ့ဆိုပြီး မျက်နှာမလိုက်တတ်ဘူး။ဘယ်နိုင်ငံသား၊  ဘယ်လိုပုဂ္ဂိုလ်၊ ဘယ်ဘာသာဝင် ပဲဖြစ်ဖြစ် ကောင်းတဲ့စေတနာနဲ ့ကောင်းတာလုပ်ရင်တော့ ကောင်းကျိုးခံစား ရပြီး မကောင်းတာလုပ်ရင်တော့ မကောင်းတာ ခံစားရမှာပါပဲ။

ချမ်းချမ်းတို ့ လူသားတွေကျုးလွန်ကြတဲ့ အကုသိုလ်များစွာထဲက
သေရင်အဝီစိငရဲကို သေချာပေါက်ဆွဲချမယ့် အကုသိုလ် ကံဟာ ပဉ္စာနန္တိယ ကံပါ.အဲ့ဒီအကုသိုလ်ကံကလွဲရင် တခြားအကုသိုလ်တွေက အပြစ်ပေါ့အောင် ကုသိုလ် လုပ်ရင် ငရဲချက်ခြင်းမကျပါဘူး။ဥပမာ…

အဇာတသတ်မင်းဟာ ဒေဝဒတ် ရဲ ့ စကားကိုယုံပြီး ဘုရင်ဖြစ်ချင်ရင် ဘုရင်ကို သတ်ရတယ် အပြစ်မဖြစ်ဘူး ဆိုလို ့ဖခင်ဗိမ္မိသာရ ကိုသတ်ခဲ့ပါတယ်။ ဖခင်သေပြီးတဲ့နောက်မှာ သူဟာ  ရှင်ဘုရင် နေရာ ရောက်သွားပေမယ့် မအိပ်နိုင်မစားနိုင်ပဲ နောင်တတွေသောကတွေ ခံစားနေရတော့ အမတ်တွေက သူကိုးကွယ်တဲ ့ဒိဌိဆရာ ခြောက်ယောက်ကို သွားမေးဖို ့အကြံပြုပါတယ်။ အဲ့ဒါနဲ ့နောက်နေ ့မှာ တောထဲက ရုပ်ဝါဒဒိဌိ ဆရာတစ်ယောက်ကို အရင်သွားမေးတော့ ဒိဌိဆရာက..“အဖကိုသတ်တာ အပြစ်မရှိဘူးတဲ့..ဘာလို ့လဲဆိုတော့ လူဆိုတာရုပ် ဓါးဆိုတာလဲ ရုပ်ပဲ၊  ရုပ်တစ်ခုကို နောက်ထပ်ရုပ်တစ်ခုက လာထိုးတာမို ့လို ့အပြစ်မဖြစ်ပါဘူးတဲ့” ..အဲ့ဒီအဖြေ ကြားရပေမယ့် သူ ့ရင်ထဲက သောကတွေ  လျော့မသွားဘူး.၊နောက်ထပ်ကျန်တဲ့ဆရာတွေဆီသွားတော့လည်း ဘာမှမထူးခြားဘူး…
သူ ့မှာ သောကတွေနဲ ့ပူလောင်နေတာပေါ့.ကျေးဇူးရှင်ကို သတ်ခဲ့မိတာကိုး..တစ်နေ ့တော့ ရာဇဂြိုဟ်ပြည်ကို မြတ်စွာဘုရားကြွလာတော့..မြတ်စွာဘုရားရဲ ့တရားတော်ကို နာယူခွင့်ရပြီး.သူဟာ ပထမဦးဆုံး သရဏဂုံသုံးပါး  တည်တဲ့သူဖြစ်ခဲ့တယ်။
ငါးပါးသီလလည်း စောင့်ထိန်းနိုင်ခဲ့ပါတယ်။မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး သာသနာတော် မပျောက်ပျက်အောင်
ပထမဦးဆုံး သံဃာယနာ တင်တဲ့ ကုသိုလ်ပြုခဲ့လို ့ အဝီဝိငရဲမကျပဲ အနှစ်ရှစ်သောင်း ရှိတဲ့ လောဟကုမ္ဘီ အရံငရဲပဲကျခဲ့ပါတယ်။

ဘုရားရှင်လက်ထပ်ကတည်းက  အိန္ဒိယမှာ ဘာသာအယူဝါဒ တွေအမျိုးအမျိုးရှိခဲ့ပါတယ်။သူတို ့ရဲ ့အယူဝါဒ အားလုံးဟာ “အတ္တဝါဒ” ချည်းပဲ ..ဗုဒ္ဓတစ်ဆူသာ မတည်မြဲတဲ့ “ အနတ္တဝါဒ ”ကိုဟောပါတယ်။
ဗုဒ္ဓရဲ ့ ဒုက္ခ၊ သမုဒယ၊နိရောဓ၊ မဂ္ဂ  ဆိုတဲ့ သစ္စာလေးပါးနဲ ့မဂ္ဂင် ရှစ်ပါး တရားတော်ဟာ တခြားဘယ်ဘာသာဝင် ၊ဘယ်ဝါဒတွေနဲ ့မှမတူတဲ့ အချက်ကတော့..

(၁) သွာက္ခာတ…………………..စ-လယ်-ဆုံး သုံးပါးသော ကောင်းခြင်းဂုဏ်နှင့်ပြည့်စုံခြင်း။
(၂) သန္ဒိဌိက…………………….ကျင့်နေတဲ့ အချိန်မှာ ကိုယ်တိုင် ကိုယ်ကျ သိနိုင် ခံစားနိုင်ခြင်း၊
(၃) အကာလိကော……………..အချိန်မရွေး၊အခါမရွေး ကြီးငယ်မရွေး ချက်ချင်းအကျိုးပေးနိုင်ခြင်း၊
(၄)ဧဟိပဿိက…………………လာပါ.ရှုလှည့်ပါ.ကျင့်ကြံလှည့်ပါဟု အစမ်းသပ်ခံနိုင်ခြင်း၊
(၅)ဩပနေယျိက…………………အခါမလင့် မိမိ်ကိုယ်နှင့်အမြဲကပ်၍ ဆောင်ထိုင်ခြင်း၊
(၆)ပစ္စတံ္တဝေဒိတဗ္ဗောဝိညူဟိ…..အရိယာပညာရှိတို ့အသီးသီးသိအပ် ခံစားအပ်နိုင်ခြင်း၊
တို ့ပါပဲ…
သစ္စာလေးပါး..ဆိုတာက..
(၁) ဒုက္ခ…………ဆင်းရဲခြင်းအမှန်
(၂) သမုဒယ…….ဆင်းရဲမှုဖြစ်ကြောင်းအမှန်
(၃) နိရောဓ……..ဆင်းရဲမှုချုပ်ငြိမ်းရာအမှန်
(၄) မဂ္ဂ…………. နိဗ္ဗာန် သို ့သွားရာ လမ်းကြောင်းအမှန်

မဂ္ဂင်ရှစ်ပါး ဆိုတာက..
(၁) သမ္မာဒိဌိ………….မှန်သောအမြင်
(၂)သမ္မာသင်္ကပ္ပ……..မှန်သော အကြံ ………………..နှစ်ခုပေါင်း……ပညာ

(၃) သမ္မာဝါစာ………..မှန်သောအပြော
(၄) သမ္မာကမန္တ……….မှန်သောအလုပ်
(၅)သမ္မာအာဇီဝ……….မှန်သော အသက်မွေးမှု………သုံးခုပေါင်း….သီလ

(၆)သမ္မာဝါယမ…………မှန်သော လုံ ့လ
(၇)သမ္မာသတိ………….မှန်သောအောက်မေ့မှု
(၈) သမ္မာသမာဓိ……….မှန်သော တည်ကြည်မှု………..သုံးခုပေါင်း……..သမာဓိ
အဇာတသတ်မင်းဟာ…
မြတ်စွာဘုရားရဲ ့သစ္စာလေးပါး တရားတော်ကိုအကြိမ်ကြိမ်နာကြားခွင့်ရခဲ့ပေမယ့် သောတပန်တောင် မဖြစ်ခဲ့တာဟာ ပဉ္စနန္တိယ ကံ ကို ကျုးလွန်ခဲ့လို ့ပါပဲ..
အကယ်၍ အဖကိုသာ မသတ်ခဲ့ရင် သူဟာ အဲ့ဒီဘဝမှာ အနိမ့်ဆုံး အရိယာ သောတပန် ဖြစ်နိုင်ပေမယ့် ကိုးကွယ်ယုံကြည်မှုလွဲမှားခဲ့လို ့ လူမိုက်ကို ဆရာတင်မိလို ့  ငရဲကျခဲ့ရပါတယ်။ အဖေကိုသတ်ပြီး နန်းတက်ခဲ့လို ့ သူလဲ သူ ့ရဲ ့သားတော်  သတ်လို ့သေခဲ့ရပါတယ်။
.ရာဇဝင်မှာ အဇာတသတ်လက်ထပ်ကစပြီး အဖေကိုသတ်လို ့ မင်းလုပ်တဲ့ မင်းဆက် ရ ဆက် တောင် ရှိခဲ့ပါတယ်။
ဒါ့ကြောင့်.

“ကုန်ရှုံးရင်……တစ်ခေါက်
လင်ကုန်ရှုံးတော့…. တစ်သက်
ဆရာကုန်ရှုံးတော့…..တစ်သံသရာလုံးမှောက်”တဲ့

“နဖူးကွဲ ဒူးပြဲ အောင်
ကန်တော့နေပေမယ့်
ဘာသာအယူဝါဒ လွဲမှားခဲ့ရင်…..
.အပါယ် ငရဲပဲ ကျ ပါလိမ့်မယ်” လို ့
ဆရာတော်တစ်ပါး ဆိုဆုံးမခဲ့ဖူးပါတယ်။

အဇာတသတ်ရဲ ့ဆရာ…အရှင်ဒေဝဒတ်ဟာ မြတ်စွာဘုရားရဲ ့အဖေတူအမေကွဲ ညီတော်ပါ။ရဟန်းဝတ်ပြီးလို ့ ရ ရက်အတွင်းမှာသူဟာ  ကိလေသာကင်းတဲ့ အရိယာ မဖြစ်ပဲ လောကီအဘိညာဏ်ဆိုတဲ့ ဖန်ဆင်းနိုင်တဲ့တန်ခိုးအမျိုးမျိုးရခဲ့ပါတယ်။ သူဟာ ရလာတဲ့တန်ခိုးမှာ ဘဝင်မြင့်ပြီး တရားဆက်အားမထုတ်ပဲနဲ ့ဘုရားနေရာလုဖို ့။ဘုရားဖြစ်ဖို ့ဘုရားကိုအမျိုးမျိုး သတ်ဖို ့ကြံစည်ခဲ့ပါတယ်။နောက်ဆုံးတော့.မြတ်စွာဘုရားရှင်ကို သွေးစိမ်းတည်အောင်ပြုခဲ့ပြီး သံဃာတော်ကို သင်းခွဲဖို ့ကြံစည်ခဲ့လို ့အဝီစိငရဲကို အရှင်လတ်လတ် ကျသွာခဲ့ပါတယ်။
နောက်တစ်ယောက်..
အင်္ဂုလိမာလ ဟာ လက်ညှိုးပေါင်း တစ်ထောင်ပြည့်ဖို ့လူပေါင်း ၉၉၉ ယောက်ကိုသတ်ပြီး ကျန်တဲ့ တစ်ချောင်း ကို အမေကိုသတ်ပြီးလက်ညှိုးတစ်ထောင်ပြည့်အောင်ဖြတ်ယူဖို ့အမေ့နောက် လိုက်နေတုန်းမှာ ဘုရားရှင်နဲ ့တွေ ့ပြီး ရဟန်းပြုလိုက်လို ့တရားအားထုတ်တာ ရဟန္တာ တောင်ဖြစ်သွားခဲ့ပါတယ်။ အကယ်၍ သူဟာ ဘုရားရှင်နဲ ့မတွေ ့ဘဲ အမေ ့ကို သတ်ခဲ့မိရင်တော့ တရားမရဘဲ သေချာပေါက် အဝီစိငရဲ ကျသွားပါလိမ့်မယ်။ ဘုရားရှင်နဲ ့အရင်တွေ ့ခဲ့လို ့သာ တရားရပြီး ရဟန္တာ ဖြစ်ခဲ့တာပါ။လူသတ်ခဲ့တဲ့အကုသိုလ်ထက် ရဟန္တာ ဖြစ်အောင် ကျင့် ရတဲ့ တရားကုသိုလ်က အဆမတန်များလွန်းလို ့လုံးဝငရဲမကျတော့ပဲနိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်ခဲ့ပါတယ်။ မီးများမီးနိုင် ရေများရေနိုင်သဘောပေါ့။အကုသိုလ်မီးထက် တရားရေအေးက ပိုများသွားလို ့ အရိယာတောင်ဖြစ်သွားခဲ့ပါတယ်။ဒါပေမယ့် အကုသိုလ်ဝဋ်ကြွေးအဖြစ် ဆွမ်းခံကြွတာတောင် ဆွမ်းလောင်းလှုမည့်သူ မရှိဘဲအုတ်တွေ ၊ခဲတွေ နဲ ့ပစ်ပေါက်ခြင်းတော့ ခံ ခဲ့ရတာပေါ့။

မြတ်စွာဘုရားကိုမြတ်နိုး ကြည်ညိုမိတာတစ်ခုက ”ငါဘုရားကို ကိုးကွယ်ပူဇော်နေတာထက် ငါဘုရားရဲ ့တရားတော်ကို နှလုံးသွင်းပါ။ ငါဘုရားရဲ ့တရားကိုမြင်မှ ငါဘုရားကို မြင်မယ် ဘုရားကိုပူဇော်ရာရောက်မယ်”
ဆိုတဲ့ ဆုံးမစကားပါပဲ။ ဘုရားကိုပူဇော်နေတာထက် ဘုရားမကြိုက်တဲ့အကုသိုလ်အလုပ်တွေ မလုပ်ဖို ့ပိုအရေးကြီးပါတယ်။
ဘုရားသွား ကျောင်းတက်နေပြီး ဘုရားမကြိုက်တာလုပ်နေလျှင် ဘုရားကို တန်ဖိုးမထား ရာ အလေးအနက်မထား ရာရောက်ပါတယ်။
တစ်ချို ့ထိုင်းလူမျိုးတော်တော်များများက ဘုရားပုံ ဆရာတော်ပုံတွေကို လည်ပင်းမှာ ဟီးနေအောင် ဝတ်ထားပြီး မယားငယ်တွေတစ်ယောက်ပြီးတစ်ယောက်ယူပြီးမတရားလောဘနဲ ့စီးပွါးရှာပြီးမဟုတ်တာတွေလုပ်နေပါတယ်။
ချမ်းချမ်းတို ့ဆိုင်ရှင်သူဌေးမကို ဘာလို ့ထိုင်းအမျိုးသားတွေ၊အမျိုးသမီးတွေ လည်ပင်းမှာ ဘုရားပုံ၊ ဆရာတော်ပုံ တွေဆွဲထားလဲလို ့မေးတော့ ပူဇော်တာလေတဲ့။ ကျည်မထိဘူး၊ဘေးမဖြစ်ဘူး၊အန္တရာယ် ကင်းတယ်တဲ့။
ချမ်းချမ်းကိုလည်း သူက ပြန်မေးတယ်။ချမ်းချမ်း ညဘက် ပုတီးစိတ်၊ဘုရားရှိခိုးတာလဲ အန္တရာယ် ကင်းဖို ့မဟုတ်ဘူးလားတဲ့ အခုလဲသူတို ့တွေလည်ပင်းမှာဆွဲတာလည်းအန္တရာယ်ကင်းဖို ့အတွက် တူတူပဲပေါ့တဲ့။
ချမ်းချမ်းက ပြန်ပြောလိုက်ပါတယ်။ မတူဘူးလို ့၊ မြန်မာလူမျိုးတွေက ထိုင်းလူမျိုးတွေလို ဘုရားကိုတစ်ကယ်ကြည်တဲ့သူဟာ  လည်ပင်းမှာ မဆွဲဘူး။ရင်ထဲမှာ ထားပြီးပူဇော်တယ်။ဘုရားမကြိုက်တာ မလုပ်ရဘူး။ဘုရားစကားနားထောင်ရတယ်။ မတရားစီးပွါးမရှာရဘူး။
သူများမယားငယ် မလုပ်ရဘူး၊မယားငယ်တွေတစ်ယောက်ပြီးတစ်ယောက်လဲမယူရဘူးကိုယ့်ဇနီး၊ခင်ပွန်းအပေါ်သစ္စာရှိရတယ်လို ့ ပြောတော့..ဪ..ဟုတ်လားတဲ့။
သူတို ့ထိုင်းလူမျိုးရဲ ့အိမ်ထောင်ရေးအရှုတ်အထွေးတွေကြည့်ပြီး သူတို ့နဲ ့ယှဉ်လိုက်ရင်
ကိုယ့်ကိုယ်ကို ဂုဏ်ယူမိတာတစ်ခုက မြန်မာလူမျိုးဖြစ်ပြီး စစ်မှန်တဲ့ ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်ခွင့် ရတာ ကိုတော့ ကျေနပ်တယ်။
ဗုဒ္ဓဘာသာဝင်တွေအတွက် အခြေခံကျင့်ဝတ်(ငါးပါးသီလ )နဲ ့ လောကီလောကုတ္တရာ ကြီးပွါးချမ်းဖို ့ ဘယ်လိုနေထိုင်ကျင့်ကြံရမလဲဆိုတာ (၃၈) ဖြာ မင်္ဂလာ တရားတော်ထဲမှာ ဟောပြထားပါတယ်။

အခုချမ်းချမ်း တို ့တွေလဲ ပုထုဇဉ် လူတစ်ယောက်ပေမို ့  အကုသိုလ်တော့ အနည်းအများကျုးလွန်ဖူးကြတာချည်းပါပဲ။အရင်တုန်းက မသိလို ့ပဲဖြစ်ဖြစ် သိလို ့ပဲဖြစ်ဖြစ် ကျုးလွန်ထားသမျှ အကုသိုလ်ကိုနောက်ထပ်မကျုးလွန်မိအောင်ကြိုးစားပါ။  အကုသိုလ်အကျိုးပေးခွင့်မရအောင် ကုသိုလ် များများလုပ်ပေးပါ။မီးများမီးနိုင် ရေများရေနိုင်သဘောပေါ့။မှားနေတာကို မှားမှန်း သိတာ နောက်မကျသေးပါဘူးတဲ့။ဒီနေ ့ဒီအချိန်ကစပြီး ငါဟာ “ဘုရားချစ်တဲ့ နတ်ချစ်တဲ့” လူတွေချစ်တဲ့ လူကောင်းတစ်ယောက် အပြစ်ကင်းတဲ့ လူတစ်ယောက်ဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်လေးထားပါ။

ဘုရားချစ်တဲ့လူဆိုတာက. ….ရတနာသုံးပါးနဲ ့ကံ ကံ ရဲ ့အကျိုးကိုယုံပြီး ငါးပါးသီလလုံအောင် ထိန်းနိုင်တဲ့သူ၊ မိဘဆရာသမားကိုရိုသေတဲ့သူ။
နတ်ချစ်တဲ့သူဆိုတာ ………ကောင်းမှုကုသိုလ်လုပ်ပြီးတိုင်း နတ်ဗြဟ္မာ နဲ ့ဝေနေယျသတ္တဝါအပေါ်မေတ္တာထား အမျှပေးပြီး လူတွေကွယ်ရာမှာ                                     မဟုတ်တာမလုပ်တဲ့သူ။လူကွယ်ရာမှာလုပ်ရင် လူမတွေ ့ပေမယ့် နတ်တွေသရဲတွေက တွေ ့တယ်နော် ဒါလဲသတိထားရမယ်။
လူတွေချစ်တဲ့သူဆိုတာက…လူသားချင်းစာနာစိတ်.ကိုယ်ချင်းစာစိတ်နဲ ့ဖေးမကူညီစောင့်ရှောက်တာ ကိုယ့်ထက်နိမ့်ကျနွမ်းပါးတဲ့သူကို မနှိမ်ပဲ နဲ ့ပေးကမ်းလှုဒါန်းတတ်တဲ့သူ။
ဖြစ်အောင်ကြိုးစားပါ။ကိုယ့်စိတ်ကို ကိုယ်အမြဲပြန်စစ်ပါ။

၂၀၁၂ ကမ္ဘာပျက်တာနဲ ့ပက်သက်ပြီး ထိုင်းသီလရှင်တစ်ပါး ကို အမေးအဖြေလုပ်တာ ဘာပြန်ဖြေလဲဆိုတော့..
“အပြင်က ကမ္ဘာကြီး ပျက်တာ မပျက်တာ ကိုယ့်အတွက် အရေးမကြီးဘူး။ ကိုယ့် ရင်ထဲက စိတ်ဓါတ်ဆိုတဲ့ ကမ္ဘာကြီး သတိဆိုတဲ့ ကမ္ဘာကြီးမပျက်စီးဖို ့အရေးကြီးတယ်တဲ့။ကိုယ့်ရင်ထဲက စိတ်ဓါတ်ကမ္ဘာကြီး၊သတိကမ္ဘာကြီး၊ပျက်စီးနေရင်တော့ ကမ္ဘာကြီးမပျက်စီးပေမယ့် ကိုယ့်ဘဝ ပျက်စီးသေဆုံးပြီးသုံးမရတာနဲ ့အတူတူပါပဲတဲ့။”

ဒေါက်တာမင်းတင်မွန် က
“စိတ်မှာ..အနန္တ စွမ်းအားတွေရှိပါတယ်
ယုံကြည်မှုက စိတ်ရဲ ့စွမ်းအားကို မြင့်တက်စေပါတယ်
ရတနာသုံးပါး မှာ လေးလေးနက်နက် သက်ဝင်ယုံကြည်တာစိတ်ရဲ ့စွမ်းအားကိုမြင့်တက်စေတဲ့အပြင်
စိတ်ရဲ ့အရေအသွေးကိုပါမြင့်မြတ်စေပါတယ်။
ကြီးမားမြင့်မြတ်တဲ့ စိတ်စွမ်းအားဟာ အောင်မြင်မှု ၊ငြိမ်းချမ်းမှု၊ပျော်ရွှင်မှု၊တည်ငြိမ်အေးချမ်းမှုရဲ ့အဓိက သော့ချက်ပါပဲ။
မြတ်စွာဘုရားဟောထားသလို  သင်္ခါရ ဆိုတဲ့မမြဲခြင်းသဘောကိုဆင်ခြင်ပြီး အကုသိုလ် ကင်းအောင်၊ စိတ်ဓါတ်မပျက်စီးအောင် ကျင့်ကြံနေထိုင်နိုင်ရင်တော့ …လက်ရှိအချိန်မှာ တန်ဖိုးရှိတဲ့ ဘဝတစ်ခု အဓိပ္ပါယ်ရှိတဲ့ ဘဝတစ်ခုကို သင်ပိုင်ဆိုင်နိုင်ပါပြီ။

ဆိုဆုံးမခဲ့ဖူးသော ကျေးဇူးရှင် ဆရာတော် သံဃာတော်များအား ထာဝရ မြတ်နိုး ကြည်ညိုလျှက်…

Post….By….ချမ်းချမ်း(ရွာသူလေး)  5:15 PM …….http://www.haymonchan.blogspot.com

*** ရတနာသုံးပါးကို ယုံကြည်မှုနှင့် ကိုးကွယ် ၍ …
“သဒ္ဒါ”…ဆိုတဲ့ သူတော်ကောင်းဥစ္စာတွေ ရအောင် ရှာကြပါ။

*** ကောင်းတဲ့စိတ် တွေမွေး၍…
“သီလ” ဆိုတဲ့ သူတော်ကောင်းဥစ္စာရအောင် ရှာကြပါ။

*** တရားနာ တရားစာများဖတ်၍ …
“သုတ” ဆိုတဲ့သူတော်ဥစ္စာရအောင် ရှာကြပါ။

*** စွန် ့ကြဲပေးကမ်း လှူဒါန်း၍ …
“စာဂ”…ဆိုတဲ့ သူတော်ကောင်းဥစ္စာ ရအောင်ရှာကြပါ။

*** ဘာဝနာများ ပွားများ၍ ..
“ပညာ”…ဆိုတဲ့ သူတော်ကောင်းဥစ္စာ ရအောင်ရှာကြပါ။

*** မိမိကိုယ်ကို တန်ဖိုးထား၍ …
“ဟီရိ”..ဆိုတဲ့ သူတော်ကောင်း ..ဥစ္စာတွေ ရအောင်ရှာကြပါ။

*** အပါယ်လေးပါး ဒုက္ခ များဆင်ခြင်၍ …
“ဩတ္တပ္ပ” ဆိုတဲ့ သူတော်ကောင်းဥစ္စာ ရအောင်ရှာကြပါ။

(ချမ်းအေးဆရာတော်ဘုရားကြီး)
………………….

9 comments

  • Foreign Resident

    July 22, 2011 at 6:37 pm

    Arr Larr Larr, very very long article
    ဝန်ချတောင်းပန်ပါတယ်
    please don’t make, that much long, please.

  • nature

    July 22, 2011 at 6:55 pm

    ဒီမှာကတော့ ကိုယ့်အမြင်ကို အမှန်ဆိုပြီးရေးနေကြတဲ့သူတွေများပါတယ်။ ကိုယ်တင်ပြတဲ့ သဘောထားကို ကြိုက်ရင်ယူကြဖို့ မကြိုက်ရင်လည်း ကိုယ်ကြိုက်တာ ကိုယ်ယူကြတာပဲ။ ကိုယ်နဲ့ အမြင်မတူလို့ ချမ်းချမ်းလို တောင်းပန်တဲ့သူတော့မရှိဘူး။ အမြင်မတူရင်တော့ ပွဲကြီးပွဲကောင်း ဆော်ပလော်တီး ကြတာပဲ။

  • ရွှေဘိုသား

    July 22, 2011 at 7:36 pm

    အမှားသိလို. တောင်းပန်တာလည်း မင်္ဂလာတစ်ပါး ဖြစ်တာမို. ခွင်.လွှတ်ပါတယ်ဗျာ
    ကျွန်တော်လည်း အစ်မလို တစ်ခါက တောင်းပန်ဖူးပါတယ် ဒီရွာထဲမှာ

  • ဆူး

    July 22, 2011 at 11:17 pm

    ချမ်းချမ်းရေးတာ သိပ်ကောင်းပါတယ်။
    ပထမ ကွန်မန်းက ဘာတွေ ပေးလဲတော့ မဖတ်လိုက်ရဘူး။

  • ကြောင်ကြီး

    July 23, 2011 at 12:20 pm

    ဝင်ချပြီးမှတော့ တောင်းပန်မနေပါနဲ့တော့ ချမ်းချမ်းရယ်။ ချလက်စနဲ့ ဆက်သာချသွားပါတော့… 😥

  • PaukPhaw

    July 23, 2011 at 1:58 pm

    သဂျီးက တောင်းပန်ဖို ့အတွက် Category အသစ်ထပ်ခွဲပေးမယ်ကြောတယ်
    အဲကျရင် ဘူ ့ကို အရင်တောင်းပန် ရမလဲ စဉ်းစားနေတာ
    😉

  • pisikway

    July 27, 2011 at 2:54 pm

    ကောင်းပါတယ်။ အဆတွေမှန်တာမမှန်တာထက် အကုသိုလ်ကိုကြောက်တတ်ပြီး မကောင်းတာကိုရှောင် ကောင်းတာကိုဆောင်တတ်ဖို့ ပိုပြီးထိမ်းသိမ်းရမှာပေါ့နော။

  • pan pan

    July 27, 2011 at 3:06 pm

    အတိုင်းအဆကိုမသိလည်း အကုသိုလ်မဖြစ်အောင်၊ တတ်နိုင်သမျှနည်းအောင်နေနိုင်ဖို့ ပိုအရေးကြီးပါတယ်
    ———-
    ဒီပိုစ့်နဲ့တော့ မဆိုင်ဘူး
    ကြုံလို့ပြောလိုက်တာပါ
    ဒီမနက်က MRTV4မှာလွှင့်တဲ့ တရားကို နားထောင်မိလို့ပါ
    အဲဒါက သောတာပန်တွေဟာ ကံ၅ပါးလုံသွားပြီဆိုတော့ အိပ်မက်ထဲမှာရော ကံကျူးလွန်သေးလားဆိုတာပါပဲ
    သောတာပန်တွေရဲ့ ပင်ကိုယ်စိတ်ကိုက ဖြူစင်သွားတဲ့အတွက် အိပ်မက်ထဲမှာတောင် ကံ၅ပါးလုံသွားပြီ
    ကျူးလွန်စရာမရှိတော့ပါဘူးတဲ့

  • mzm

    July 27, 2011 at 3:43 pm

    ဟား…….ဟား….ဟား…..ကို်ကြောင်ကြီးရေးတဲ့စာသားကို သဘောကျသဗျာ
    ဘုန်းကြီးခေါင်းခေါက်ပြီးမှတော့တောင်းပန်မနေနဲ့ဒကာမချမ်းချမ်းရယ် ခွင့်မလွတ်နိုင်ဘူး

Leave a Reply