ရှေးလူကြီးတွေ လက်ခံထားတဲ့ အယူသည်းစွဲလန်းမှူ နှင့် လက်ခံနိုင်စွမ်းအခြေနေ

etoneJuly 23, 20111min32048

ကျွန်မ တို့ လူမျိုးတွေ အရမ်းကို အယူသည်းကြတယ်နော် …။ ရှေးလူကြီးသူမတွေ ခေတ်ကဆို ပ ိုဆိုးပါသေးတယ် ။ ကျွန်မ နားလည်တဲ့ အရွယ်မှာ အဖွားရဲ့ အမေ၊ ကျွန်မ အဘွားထိမှီလိုက်သေးတာမို့ … တစ်ချို့ ရှေးအယူတွေ သိနေခဲ့ပါတယ် … ။ ကလေးမို့လို့ လူကြီးအလိုကို မလွန်ဆန်နိုင်သေးတဲ့အချိန် … အယူသည်းမှူဆိုတာ သိသော်လည်း … လိုက်လုပ်ခဲ့ရတာမျိုးတွေ ရှိတယ်လေ…. ။ တစ်ရက် … ကျွန်မနဲ့ အဘွားဖြစ်သူ ဘုရားသွားတော့မဲ့အချိန် ကျွန်မရဲ့ ပေါ့ဆမှူနဲ့ … ဖန်ခွက်တစ်လုံး ကွဲပါတော့တယ် … ။ အဘွားဖြစ်သူ မျက်နှာရုတ်ချည်းပျက်သွားတာ သတိထားလိုက်မိပြီး … အပြင်မသွားတော့ပါဘူးဆိုပြီး … က ျွန်မတို့ အစီစဉ်ကို ဖျက်လိုက်ပါတယ် … ။ ငယ်ငယ်ကတော့ ပြန်မမေးရဲလို့ …. အမေ့ကိုမေးကြည့်တော့ …. အပြင်သွားခါနီး အဲ့ဒီလိုဖြစ်လျှင် နမိတ်မကောင်းဘူးလို့ ယူဆတာပါတဲ့လေ … ။

နောက်တစ်ခါကျတော့ …ညလူခြေတိတ်ချိန် … အိမ်မြှောင်တကောင်ထအော်ပါတယ် …။ စုပ်ထိုးတယ် ခေါ်မလားပဲ … တောက် တောက် တောက်တောက် နဲ့ပေါ့ … ။ အလွန် ရှေး အယူဆွဲတဲ့ အဘွားက အိမ်မြောင်ရဲ့ အော်သံအဆုံး …  မင်္ဂလာပါ … မင်္ဂလာပါ… မင်္ဂလာပါလို့ ထပြောတော့… ကျွန်မလည်း အဘွားအသက်ကြီးလို့ ဂေါက်များသွားပြီလားဆိုပြီး လန့်ဖျန့်သွားပါတယ် … ။ အမေ့ကို မေးကြည့်တော့မှ ….. ဘယ်အရ ပ်က ဘယ်လို အိမ်မြောင်အော်လျှင် ဘာဖြစ်တယ်ဆိုတာ သိရတာပါ … သိပ်တော့မမှတ်မိတော့ဘူး ..အဲ့ဒီတုန်းက တော့ အိမ်မြှောင်က အရှေ့တောင် အရပ်ကမို့လို ့ …လာဘ်ဝင်မယ်ဆိုတဲ့ အယူပါတဲ့လေ…။ ဒါကြောင့်လည်း အဘွားက ထပြီး အိမ်မြှောင်အော်သံအဆုံး သူက မင်္ဂလာပါ ထအော်တော့တာ … နောက်တီးနောက်တောက်နဲ့ .. အိမ်မြှောင်က အိမ်မြှောင်ပါပဲ … လျှောက်သွားပြီးအော်ချင်တဲ့အရပ်က အော်မှာပေါ့ … ။ ဒါကိုလူတွေ အဖြစ်သည်းနေကြတယ်… ။

ကျွန်မတို့ လူမျိုးက ကြမ်းပြင်ဆိုတာကိုလည်း ….ညစ်ပတ်တဲ့နေရာ .. အနိမ့်ပိုင်းနေရာလို့ အယူရှိပါတယ်… ။ ထီးတို့ အိတ်တို့ ဆို … ဘယ်တော့မှ ကြမ်းပေါ်မချပါဘူး…. တခြား နိုင်ငံသားတွေ ဆက်ဆံရတဲ့ အခါ … ထမင်းအတူစားတာမျိုး … ကော်ဖီဆိုင်ထိုင်တာမျိုး …ထိုင်လျှင်တောင်  ဝိုင်းပြည့်ခုံပြည့်ဖြစ်နေလျှင် လွယ်ထားတဲ့အိတ်တွေ ဘုတ်ခနဲ ကြမ်းပြင်မှာ ခဏ သိပ်ထားလိုက်တာပါပဲ … သူတို့ နိုင်ငံမှာတော့ သန့်သန့် ပြန့် ပြန့် ရှိမှာပေါ့ … ဒီမှာက ခြေနင်းဖက်လို့တောင် ခေါ်ပါသေးတယ် … ။ တချို့ကလည်း ခေါင်းရင်း ၊ ခြေရင်း စသည်ဖြင့် ခွဲခြားထားပြီး … မင်္ဂလာဆောင်တွေမှာတောင် သတို့သားက ညာဘက်ကနေ ၊ သတို့သမီးက ဘယ်ဘက်ကနေ စသည်ဖြင့် သတ်မှတ်ထားပါတယ်… ။ စိတ်ဝင်စားလို့ မေးကြည့်ချင်ပါတယ်…. ရွာထဲက ဗဟုသုတရှိသူများ သိလျှင်လည်း ကူညီဖြေပေးကြပါဦး…. ဘာလို့ သတို့သားက ညာဘက်မှာနေပြီး သတို့သမီးက ဘယ်ဘက်ကနေရတာလဲဆိုတာပါ … ။ နေချင်တဲ့ ဘက်မှာနေလို့ရော … မရဘူးလား … ။ ဒါဟာ ဥပဒေတစ်ရပ်အနေနဲ့လည်း ရှိဟန်မတူပါဘူး … ရှေးရိုးစွဲ အယူလို့ပဲ ထင်ပါရဲ့ … ။

ရှေးအယူတွေကတော့ စုံစိလို့ပါပဲ … ခေါင်းလျှော်လျှင်တောင် ဘယ်နေ ့လျှော်လျှင် ဘယ်လို လာဘ်ပိတ်တယ်ဆိုတာမျိုးပေ့ ါ… ။ ကလေးဘဝက ဂျစ်တီးဂျစ်ကန် မလုပ်တတ်ပေမဲ့ … အယူဆွဲတာကို လက်မခံနိုင်တဲ့ ကျွန်မက … ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီဖြစ်တဲ့ အချိန်မှာ …. လူကြီးတွေ ပြောသလို လိုက်မလုပ်တော့ပါဘူး… အဲ့ဒီအခါ … မိသားစုထဲမှာ ကျွန်မတစ်ယောက်ထဲ ဘုကလန့် ဖြစ်လာခဲ့တာပေါ့… ။

တစ်နေ့ ကျွန်မရဲ့ အလုပ်ပါတနာ ဂျာမန်လင်မယား နှစ်ယောက် မီတင်တစ်ခုအတွက် ရန်ကုန်ကို လာပါတယ် … ။ တစ်လခွဲတစ်ခါလောက် … နှစ်လတစ်ခါလောက် လာနေကြမို့ …ရန်ကုန်မြို့ရဲ့ အထာကိုလည်း သိသင့်သလောက်သိနေတာပေါ့လေ… ။ စလစ်ပါဖိနပ်ကို ကောင်းကောင်းစီးတတ်ပြီး …. ပုဆိုး ၊ ထမိန်တွေလည်း ကောင်းကောင်း ဝတ်တတ်သေးတယ်…  ။

သူတို့နဲ့ အတူ နေ့လည်စာ စားရင် း… .ပေါ့တီးပေါ့ ပျက် အမြဲဖြစ်နေတဲ့ ကျွန်မက ဖန်ခွက်တလုံး ခွဲလိုက်ပါသေးတယ် … ။ အဘွားနဲ့တုန်းက ဖန်ခွက်ကွဲခဲ့တာ သတိရပြီး … အခုလည်း ..သူတို့ အတွက် နိမိန်မကောင်းဘူးများ ဖြစ်သွားမလား စိုးရိမ်မိပါတယ် …။ ဂျာမန်ယောကျာ်းဖြစ်သူက ကျေးဇူးတင်ပါတယ်လို့ ပြောတော့ …  အံ့ဩစရာကောင်းလောက်အောင်ဖြစ်သွားခဲ့ပါတယ်… ငါ့ကိုများ ရွဲ့ နေသလားရယ်ပေါ့ … ။ သေချာမေးကြည့်တော့မှ … သူတို့ အယူအရ ဖန်ခွက်ကွဲတာ .. တစ်ခုခု ကျကွဲတာဟာ မကောင်းတဲ့ အယူမဟုတ်ပါဘူးတဲ့ … ကိုယ့်ပေါ် ကျရောက်မဲ့ ဘေး ဆိုးဒဏ်တွေကို ကိုယ့်ကို ကူညီနေတဲ့ ဝိဉာဏ်တွေက တိုက်ဖျက်ပေးလိုက်တာပါတဲ့လေ…. ။ ဖန်ခွက်ကွဲသွားတဲ့ အတွက် သူတို့ ကိစ္စတွေ အရာရာ အဆင်ပြေပါလို့ ယုံကြည်ကြောင်း ပြောခဲ့ပါသေးတယ် … ။ အယူသည်းမှုဟာ နယ်မြေ ဒေသ ပတ်ဝန်းကျင်ကို လိုက်ပြီ းပြောင်းလဲမှူ ရှိပါလားလို့ … ကျွန်မ နားလည်လိုက်တော့တယ် …. ။

ငယ်ငယ်က ကြားဖူးတဲ့ အယူသည်းမှူတွေဟာ တကယ်တမ်းတော့ ယုတိ္တမရှိဘူးလို့ က ျွန်မလက်ခံထားပါတယ် … ။ ခေါင်းမလျှော်ရတဲ့နေ့လည်း လျှော်တယ် …ဘာဖြစ်လဲနော် … လာဘ်ပွင့်ပွင့် မပွင့်ပွင့် ကျွန်မတို့လို့ လခစားတွေ တစ်လမှ တခါပဲ ရတာပါ … အဲ့ဒီနေ့ ခေါင်းလျှော်လို့ … ဒီလစာမရဘူး ဘယ်ရှိပါ့မလဲနော် … ။ ဖန်ခွက်ကွဲလျှင်လည်း ကွဲတယ်မှတ်ပေါ့ … နောက်တခါ မပေါ့ ဆမိအောင် သတိထားကိုင်သင့်တယ်ဆိုတဲ့ အတွေးကလွဲလို့ …. တခြား အယူ မတွေးမိပါဘူး …. ။ ထမင်းစားရင်း စကားများလျှင် ဆင်းရဲတာရှည်တယ်ဆိုတဲ့ အယူသီးမှူကလည်း အူကြောင်ကြောင်နိုင်လွန်းပါရဲ့ … ။ တခြား နိုင်ငံတွေမှာ ထမင်းဝိုင်းရောက်မှ မိသားစု ဆုံဆုံညီညီတွေ့ရတာမို့လို့ … ထမင်းစားရင်း … ဖြတ်သန်းခဲ့ရတဲ့ တနေ့တာ အကြောင်းပြောကြတာမျိုးပါ .. ။ နောက် ရှိပါသေးတယ်… ဆံပင် အရှည်ချပြီး ညဘက် လမ်းမထွက်နဲ့ တို့ ဘာတို့ … ယခု ပြနေတဲ့ ကိုရီးယားကားတွေထဲမှာ …မိန်းမတွေ ဖလန်းဖလန်းထပြီး ညဘက် အရက်ဆိုင်က ပြန်တာတောင် ဆံပင်ဖို့ယို့ ဖားယားနဲ့ … အဲ့ဒါက တခြား ပြည်မို့ … ဝေးသေးတယ် မထင်နဲ့ … ဒီနိုင်ငံမှာလည်း …ကလပ်တွေ ဖွင့်တုန်းက …ဆံရှည်မမတွေ ဆံပင် ဖားလျားချပြီး လမ်းသလားနေခဲ့တာ … ရှေးအယူတွေ အရလို…ဘာသရဲမှ မကပ်ခဲ့ပါဘူး .. ။

ရှေးထုံးလည်း မပယ်နဲ့ … ဈေးသုံးလည်း မလွယ်နဲ့လို့ ပြောခဲ့ကြပေမဲ့ … ဈေးသုံးမလွယ်နဲ့ ဆိုတာကိုပဲ လက်ခံလို့ရပါတယ် … ။ ရှေးထုံး အများစုကတော့ အယူသီးမှူတွေ ရောယှက်နေပြီး ယုတိ္တမရှိဘူးထင်တာကြောင့် … ပယ်ထားလိုက်ပါတော့တယ် … ။ ။

 

48 comments

  • yaungchikha

    July 23, 2011 at 10:12 am

    မတူညီတဲ့ အယူအဆတွေကတော့ နေရာတိုင်းမှာရှိမယ်ထင်တယ်နော်၊

  • ogre

    July 23, 2011 at 10:32 am

    ထေရဝါဒကို..
    လောကီရုပ်ဝါဒ..အယူအဆတွေ
    လွမ်မိုးခဲ့တဲ့အတွက်ကြောင့်လို့ထင်ပါတယ်
    လူငယ်တွေပူးပေါင်းတိုက်ဖျက်မှရမယ်
    နေရာတိုင်းမှာတော့ မရဘူလို့ထင်တယ်
    လောကီအယူတွေ အရမ်းလွမ်းမိုးနေတဲ့နေရာမှာဆိုရင်
    အဲလိုအဖြစ်တွေဟာတစ်ကယ်ဖြစ်လာနိုင်တယ်လို့ယူဆမိတယ်
    ဥပမာ..သင် လုပ်တတ်သလို သစ်သားတုံးတစ်တုံးကို
    ကြိုက်ရာပုံစံ အရုပ်ထုပါ..အဲဒီပုံမကျပန်းမကျ အရုပ်ကိုပဲ
    အမြင်တစ်နေရာမှာထားပြီးယုံယုံကြည်ကြည် ဆီမီ ပန်းအမွေးတိုင်တွေနဲ့ပူဇော်
    ကြည့်ပါ..ကြာလာရင်……….
    လူ့ရဲစိတ်တန်းခိုးကြောင့် အဲဒီအရုပ်ဟာ ..အသက်ဝင် အစွမ်းရှိလာတယ်လို့ခံစားရတတ်တယ်
    ဒါဟာ ဘာလဲဆိုရင် လောကီအယူအဆလူ့စိတ်ယုံကြည်မှု လွမ်းမိုးသွားလို့ပါပဲ..
    အဓိကကတော…စိတ်ပါပဲ ….
    စိတ်ကြောင့်ဖြစ်ရတဲ့ ..အယူအဆွဲတွေပါ။။။။
    ကျွန်တော့အမြင်လေးပါ။။။။။။

  • koyinmaung

    July 23, 2011 at 10:42 am

    ကျွန်တော်တို့မြန်မာလူမျိုးတွေ အိမ်ဆောက်လျှင် ဘုရားစင်ကို အိမ်အဝင်ဘယ်ဖက် အိမ်မှထွက်လျှင်ညာဘက်လို့ သတ်မှတ်ထားသည်လို့ သိထားပါသည်။ နောက် ရှေ့လူကြီးများ သပ်မှတ်ခဲ့တဲ့ ယောကျင်္ာကအပြင်လူမိန်းမကအတွင်းလူဆိုတဲ့ စကားလည်းရှိခဲ့ပါတယ်။ ဒီအချက်တွေကိုလက်ခံမယ်ဆိုယင် ပေါ့ သတို့သားနဲ့သတို့သမီးဘုရားစင်ကိုခေါင်းထားအိပ်ကြည့်ပါ ဘယ်သူကညာ ဘယ်သူကဘယ် နေသင့်တယ်ဆိုတာသိနိုင်ပါတယ်။။…….

  • moethidasoe

    July 23, 2011 at 10:42 am

    အယူ သည်းတယ် ဆိုတာထက် ရှေးလူကြီးတွေမှာ အတွေ့အကြုံ တချို့ ရှိပေမယ့် တဆင့်စီ စကားလက်ဆင့်ကမ်းရာက တဖြည်းဖြည်း ဖြည့်စွက်လာတာတွေ များလို့ ဖြစ်မှာပါ ..
    တချို့က အကြောင်းအရာတခုကို တိုက်ရိုက် မပြောချင်လို့ တခြားနည်းနဲ့ သွယ်ဝိုက်တားမြစ်တာ ဖြစ်မယ်
    စလောင်းနှစ်ချပ်တီးရင် ကျား ကိုက်မယ် ဆိုတာ မြေနဲ့လုပ်ရတဲ့ စလောင်းဖုံးတွေကို ဂရုစိုက် ကိုင်တွယ်စေချင်လို့
    မွေးနေ့ သောကြာ တနင်္လာ ကေသာဆံဖြတ် မပြုအပ် ဆိုတာက ဘုရားလောင်း သောကြာသားက တောထွက်တဲ့ တနင်္လာနေ့မှာ ကေသာဖြတ်ခဲ့တာကို အစွဲပြုလို့ လိုက်တုပြီး ဖြတ်ရင် .. ဘာဖြစ်မယ် ညာဖြစ်မယ် ဆိုတာ ကြောက်လို့ တားတာ ဖြစ်မယ် .. တကယ်က သုံး ရက် မဟုတ်ပဲ သောကြာသားအတွက်သာ ဖြစ်ဖို့ များပါတယ်
    ဥဿစိန်ပန်းဒန်းလှ အစရှိတဲ့ ကိစ္စတွေက အစွဲအလမ်းတွေပါ .. ဘယ်လူနဲ့ တွဲဖက်တွဲဖက် နှစ်ဖက် စိတ်ချင်း ညီညွတ်ရင် ကောင်းတာချည်းပဲ
    အခုခေတ်မှာ ဆံပင် ဖြန့်သွားရင် ကြောက်ရမှာ တခုက ဆံပင် ဖြတ်ရောင်းတဲ့လူတွေ ခိုးဖြတ်မှာကိုပဲ ..

    ဟိုတုန်းကတည်းက အယူတော်မင်္ဂလာ ဆိုတဲ့လူတောင် ကောင်းစားခဲ့တဲ့ အစဉ်အလာ ရှိခဲ့တော့လဲ နောက်ပိုင်း ဒါတွေ ခေတ်စားလာတာပါ။ ဗမာတင် မကပါဘူး .. လူမျိုးအားလုံးနီးပါး အစွဲအလမ်းတွေ အယူသည်းတာတွေ ရှိကြပါတယ်

  • usnczn

    July 23, 2011 at 11:40 am

    ဗမာ ရှေးလူကြီးတွေက မင်္ဂလာရှိအောင်နေကြတယ်
    မင်္ဂလာရှိ မှကျက်သရေရှိတယ်လို့ယူဆကြတယ်။
    ကျက်သရေဆိုတာ တင့်တယ်ခြင်းတမျိုးပါ။
    ဘယ်လိုနေရင် တင့်တယ်မယ်..တင့်တယ်မှ ကျက်သရေရှိမယ်..
    ကျက်သရေရှိမှ မင်္ဂလာရှိမယ်..ဒီလိုအမြဲတွေးပြီး ဘာလုပ်လုပ် ဂရုစိုက်ပြီး
    အယူသည်းလေ့ရှိတယ်။ဒါ့ကြောင့် ယောကျင်္ားတို့ဘုန်း လက်ရုံး..ဆိုတော့
    ညာလက်ရုံးကို မိန်းမဖြစ်သူ မကိုင်တွဲ စေလိုတာကြောင့် မင်္ဂလာ ပွဲထွက်တော့
    မိန်းမဖြစ်သူကို ဘယ်ဖက်မှာထားပြီး ပွဲထွက်ကြတာပါ။
    တခါတလေ ကိုယ့်အတွက် အနှောက်အယှက်မဖြစ်ဘူးဆိုရင်တော့
    အယူသည်းသူတွေကိုနားလည်ခွင့်လွှတ်ပေးနိုင်ကြပါစေ….။

  • ကြောင်ကြီး

    July 23, 2011 at 12:27 pm

    သူငယ်ချင်းတရုတ်တယောက်ပြောဖူးတယ်။ သူတို့အယူမှာ မင်္ဂလာဦးည မောင်နှံစုံတွဲ အိပ်ယာဝင်တဲ့အခါ ကိုယ့်ခြေထောက်ကို တဖက်လူခြေထောက်အပေါ် ဦးအောင်တင်နိုင်သူက ဩဇာလွှမ်းတယ်တဲ့။ မင်္ဂလာရှိအောင် မင်္ဂလာဆောင်အုံးမယ့် အီးတုံးသိအောင် ကြိုပြောထားတာ… 🙂

  • windtalker

    July 23, 2011 at 1:03 pm

    ဟားဟား ..။ ကိုကြောင်ကြီး ပြောသလို သာ ဆိုရင်
    တော်ကြာ ဩဇာ မလွှမ်းပဲ မင်္ဂလာဦးည က နေ ရန်ရှာဦးည ဖြစ်သွားလောက်တယ် ဗျ ။ 🙂

  • xman

    July 23, 2011 at 1:15 pm

    အယူတွေ အစွဲအလမ်းတွေက အမျိုးမျိုးပဲ
    တချို့က ကြောင်းကျိုးရှိတယ် ၊ အများစုကတော့ အကြောင်းရင်းရှာမရဘူး
    ဘာပဲဖြစ်ဖြစ် အဲဒါတွေအကုန်ယူရင် ဘာမှအလုပ်ဖြစ်တော့မှာမဟုတ်တာ ကျိန်းသေတယ်။
    ဒါကြောင့် ကျွန်တော် ဆယ့်ခွန်နှစ်နှစ် တက္ကသိုလ်ကျောင်းသားဘဝကစလို့ –
    ထုံးတမ်းစဉ်လာ၊ အယူအစွဲတွေနဲ့ပါတ်သက်ရင် ဒီလိုမူ၄ချက် ချထားတယ်။
    အစဉ်အလာအယူတခုကို လိုက်နာလို့ အကျိုးရှိရင် လိုက်နာမယ်။
    အစဉ်အလာအယူတခုကို လိုက်နာလို့ အကျိုးတော့မရှိဘူး၊သိပ်တော့အပန်းမကြီးဘူးဆိုရင်လဲ လိုက်နာလိုက်တယ်။
    အစဉ်အလာအယူတခုကို လိုက်နာလို့ အကျိုးထိခိုက်မှု့ရှိရင်ဖြစ်ဖြစ်၊ သိပ်မထိခိုက်ရင်တောင် လိုက်နာဘို့ ဝန်လေးစရာ ပင်ပန်းစရာဖြစ်ရင်ဖြစ်ဖြစ် မလိုက်နာ မကျင့်သုံးဘူး။
    ပြီးတော့ ကိုယ့်သားသမီး နောင်လာနောက်သား တပြည့်တပန်းများကို ဘယ်လို အယူသီးမှု့မျိုး ၊ အစွဲအလမ်းမျိုးမှ အမွေမပေးဘူး။

    စကားကြုံလို့ပြောရရင် တချို့ အယူတွေမှာ ကွယ်ဝှက်နေတဲ့ အဓိပ္ပါယ်ရှိမှု့တွေ ပါနေကြောင်း ဆရာသမားတွေထံမှ ဆည်းပူးခွင့်ရခဲ့ပါတယ်။ ဥပမာ လှေခါးလုပ်ရင် လှေခါးထစ်အရေအတွက်ဟာ မ ဂဏန်းပဲဖြစ်ရမယ်ဆိုတာမျိုး ပေါ့။

    “မင်္ဂလာဆောင်တွေမှာတောင် သတို့သားက ညာဘက်ကနေ ၊ သတို့သမီးက ဘယ်ဘက်ကနေ စသည်ဖြင့် သတ်မှတ်ထားပါတယ်…”
    etone ရဲ့ပိုစ့်ပါ အကြောင်းအရာလေးကိုပြောရရင် မင်္ဂလာဆောင်မှမဟုတ်ပါဘူး ..၊ နေရာတိုင်းလိုလိုမှာ အမျိုးသားကညာဘက် အမျိုးသမီးက ဘယ်ဘက် နေရာယူရတာကို အရှေ့တိုင်းမှာရော အနောက်တိုင်းမှာပါ တွေ့ရပါတယ်။ အဲဒါအတွက် အကြောင်းပြချက်အမျိုးမျိုးလဲ ကြားဘူးပါတယ်။ အဲဒီအကြောင်းပြချက်တွေကိုထားလို့ ကျွန်တော့ ကိုယ်ပိုင်အမြင်ကိုပြောရရင် ညာသန်က လူဦးရေရဲ့ ၉၀%ကျော်ရှိတယ် မဟုတ်လား။ အဲဒါကြောင့်လဲဖြစ်နိုင်ပါတယ်။

  • char too lan

    July 23, 2011 at 2:17 pm

    အင်း…… ဒီပိုစ့်ကောင်းတယ်
    အယူအဆကို အယူအဆနဲ့ပဲရှင်း
    ဘာသာမပါလာရင် ပြောလို့ကောင်းတယ် ကျနော်လဲ ခေါင်းလျှော်တာတွေ လက်သည်းညှပ်တာနေ့ ဒီနေ့အလုပ်မလုပ်ရဘူး ဟိုနေ့ရှောင်ရမယ် အဲ့ဒါမျိုးတွေ မလိုက်နာေတော့ဘူးဗျ

  • kai

    July 23, 2011 at 3:39 pm

    အိနိ္ဒယဖက်က..တိတိကျကျဆိုရင်..ဟိန္ဒုဘာသာကလာတာတွေများတယ်လို့ထင်တာပါပဲ..။
    လောကနီတိ..။ မဃဒေဝ စတဲ့ကျမ်းတွေမှာ အတွေ့များတယ်..။
    မြန်မာပြည်က… တရုတ်နဲ့ အိနိ္ဒယကြားညပ်နေတော့ကာ.. ၂ဖက်လုံးကယဉ်ကျေးမှုတွေ..ဓလေ့တွေ..လိုရာဆွဲသုံးရင်း.. မူးဝေသွားအောင်များသွားတယ်လို့..ထင်မိပါတယ်…။

    တတ်နိုင်ရင်တော့.. ရှေးထုံးတွေကို..ရဟန်းရှင်လူ.. ပညာရှင်တွေနဲ့ ဆန်းစစ်ပြီး.. ပယ်သင့်တာပယ်ဖို့.. လုပ်သင့်နေပြီ..။ နိုင်ငံတော်အဆင့်နဲ့လုပ်ပြီး.. အစိုးရအမိန့်နဲ့.. ဖျက်သင့်တာတွေဖျက်.. တိုးသင့်တာတွေတိုး.. စသဖြင့်..လုပ်သင့်နေပြီ..။

  • MOEPWINTPHYU

    July 23, 2011 at 4:05 pm

    ရှေးထုံးတွေနဲ သိပ်ရှုပ်တာပဲ အိမ်မှာတော ကိုယ်အဆင်ပြေအလို လုပ်လိုက်တာပဲ အမေကလဲ ဒီလိုပဲ
    သိပ်ပြီးရှေးထုံးကို မသိဘူး

  • nayminn

    July 23, 2011 at 4:26 pm

    etone ရေ…ရက်ရာဇာ၊ပြသဒါး ကိုရော ….?

  • pooch

    July 23, 2011 at 5:20 pm

    အနော့်တို့အိမ်မှာ အနက်ဝတ်ရင် အဒေါ်က မကြိုက်ဘူး နားပူလွန်းလို့ သူ့ရှေ့ဆိုမဝတ်ရဲဘူး ဒါပေမဲ့ ကွယ်ရာမှာတော့ ခိုးဝယ်ခိုးဝတ် လုပ်တယ် မိလို့ကတော့ သေပြီဆရာပဲ …ကံမကောင်းဘူး လာဘ်တိတ်တယ် .. စသဖြင့် ပြောလို့မပြီးဘူး …

  • True Answer

    July 23, 2011 at 7:59 pm

    သမုတိသစ္စာ-သတ်မှတ်ချက်ဟူသမျှ တို့ဟူသည် အတည်ယူ ဆုပ်ကိုင်ရမှာမဟုတ်။
    အဟုတ်ထင် ငြိတွယ်ရမှာမဟုတ်။
    အသုံးချရုံသက်သက်၊ တွေ့ကြုံရုံသက်သက် ဖြစ်စေဖို့ပါ။

  • unclegyi1974

    July 23, 2011 at 10:15 pm

    ယောကျာ်းကညာမိန်းမကဘယ်ဆိုတာရှင်းပါတယ်
    လူအများစုကညာသန်လေ မိန်းကလေးကဘယ်လက်ကိုကိုင်ထားရင်
    ညာလက်ကလွတ်နေတယ်လေ စဉ်းစားကာနေရအုန်းမယ်

    နောက်ခေါင်းလျှော်တာဘယ်ရက်ဘာဆိုတာမိန်းကလေးတွေ
    အတွက်အဓိကပြောခဲ့တာနေမှာပါ
    ဟိုးတုန်းကမြန်မာမိန်းကလေးတွေဆိုတာအခုခေတ်လိုဂုတ်ဝဲလေးတွေမဟုတ်ပါဖူး
    အကုန်ဆံပင်အရှည်ထားကြပါတယ်
    ဂေါင်းလျှော်ရင်ဆံပင်ခြေက်ဖို့ကိုကကိစ္စတခုပါ
    ဒါကြောင့်တားမြစ်ခဲ့တာနေမှာပါ
    ဘာဖြစ်လိုဆိုသိချင် မြန်မာဆေးဆရာတွေမေးကြည့်
    ဟိုးတုန်းကဆေးဆရာကြီးတွေပြောတာနော်

    မိန်းကလေးတွေဆံပင်ဖားလျားချတာကျ
    ဟိုးရှေးတုန်းကလှေခေတ်လှည်းခေတ်လေ မိဘလုပ်ငန်းတွေကလည်းတောအလုပ်များပါတယ်
    မိဘအလုပ်ကိုလည်းမိန်းကလေးတိုင်းကူရပါတယ် ဆံပင်ဖားလျားကြီးနဲ့ဘယ်လိုမှအဆင်မပြေပါဖူးနော်
    နွားလှည်းမြင်းလှည်းစီးရင်လည်းဖုံတထောင်းထောင်းနဲ့ဆံပင်ဖားလျားကြီးနဲ့စဉ်းစားကြည့်တာပါ
    အခုခေတ်ကျမြို့ပေါ်မှာကတ္တရာလမ်းမနဲ့ဖုန်ကနဲနဲ လှဖို့ကအရေးကြီးလာပြိီ
    ဆံပင်ဖားလျားချတာချလို့ရပြီလို့ထင်ပါတယ်
    ဒါပေသိ အိတုန်ပြောသလိုနိုက်ကလပ်ကကောင်မလေးတွေဆံပင်ဖားလျားနဲ့
    လမ်းသလားနေကြတာ ဆိုတော့ကာ….

  • minthakhin

    July 23, 2011 at 11:28 pm

    အယူသည်းပါတယ်ဆိုပါတော့မှ ဘယ်တော့မှ အမှန်တရားဖြစ်မလာတော့ပါဘူး။ ကျွန်တော်တို ့မြန်မာအများစုက အကြောင်းအရာတစ်ခုခုကိုဘယ်တော့မှ ပိုင်းခြားဝေဖန်သုံးသပ်ဖို ့မစဉ်းစားကြဘူး။
    သူများပြောလိုက်ရင် ဟုတ်သည်ရှိမဟုတ်သည်ရှိ နောက်တစ်ယောက်ကို အဲဒါထက်ပိုပြောလိုက်ရမှ
    ထမင်းစားဝင်တတ်ကြတယ်။ တခြားနိုင်ငံတွေလည်းအယူသည်းတာရှိပေမယ်လို ့ ကျွန်တော်တို ့ဗမာလူမျိုးကပိုဆိုးပါတယ်။စာဖတ်အားကလည်းနည်းတော့ ဗဟုသုတလည်း နည်းပြီး အမှားအမှန်ကိုခွဲခြားနိုင်စွမ်းမရှိဘဲ ဆင်ခြင်တုံတရားပါပျောက်ဆုံးလာခဲ့ကြရော။
    နဂါးခေါင်းတောင်လှည့်တာရော၊မြောက်လှည့်တာရောစုံနေတာဘဲ။ အမယ် အိမ်တောင်ဘယ်လတွေရွှေ ့ရင်
    မကောင်းဘူးဆိုလားဘဲ။ ကျွန်တော်တို ့ယောက်ကျားလေးတွေရှင်ပြုရင် နတ်တောင်ပြရသေးတယ်တဲ့။
    အဲဒီနတ်ကဘယ်လိုပုံစံနဲ ့နတ်လဲ အားလုံးလည်းမြင်ဖူးမှာပါ။ ကြည့်ချင်ရင်သူ ့ဘာသာလာကြည့်ပေါ့။
    ဟုတ်တယ်မလား။ မိုးခေါင်ရေရှားလို ့လွန်ဆွဲနေမယ့်အစား မိုးတိမ်အတု ဖန်တီးနိုင်တဲ ့နည်းပညာနောက်ကိုလိုက်နေရင် ဒီအချိန် ဒူးနန် ့နေလို ့တောင်ရဦးမယ်။ပြောရရင်ပြောမကုန်နိုင်လောက်ဘူး။ အဓိက ကတော့ ဘယ်အရာမဆိုဆင်ခြင်သုံးသပ်နိုင်ဖို ့ပါဘဲ။

  • Nan Naw Kham

    July 24, 2011 at 12:40 am

    အင်းပေါ့.. မိုးကုတ်ဆရာတော်တွေရဲ့တရားသာသွားနာကြည့်မယ်ဆိုရင်…
    အဲလိုအယူတွေကို…ဒိဌိအယူလို့ပြောမှာမုချပဲ..
    တစ်ချို့လည်းရှိတယ်လေ.. အလှူလုပ်မှာကို.. ဘယ်နေ့က နေ့ကောင်းဘယ်နေ့က နေ့မြတ်ဆိုပြီးတော့.. အဲဒါတွေက တကယ်တော့.. ဟိန္ဒူဝါဒတွေပါတဲံ..ကောင်းမှုကုသိုလ်လုပ်တာဖြစ်တဲ့အတွက်.. မည်သည့်နေ့ မည်သည့်အချိန်မဆို .. လုပ်နိုင်ပါတယ်တဲ့ (အရှင်ဇဝန မေတ္တာရှင်ရွှေပြည်သာ)
    ဘုရားဟောထားကလည်း.. အကြောင်းအကျိုးကိုသာဆင်ခြင်ခိုင်းတာပါ.. အဲလိုအယူမသည်းခိုင်းပါဘူး.
    ဒါပေမယ့်..တစ်ချို့က ပြောချင်ကြပါလိမ့်မယ်. (ရှေးထုံးလည်းမပယ်နဲ့.. ဈေးသုံးလည်းမကြွယ်နဲ့) ဟုတ်လားတော့မသိ.. အင်းအင်း… အဲလိုပေါ့.
    တကယ်တော့.ပြန်စဉ်းစားပါဦး.. သူတို့အယူအဆတိုင်းက မှန်ကန်နိုင်ပါ့မလား..
    မှန်မယ်မထင်ပါဘူးနော်.. ဘုရားကတော့ ..အကျိုးတရားမှန်သမျှ.. အကြောင်းတရားကြောင့်ဖြစ်တာပဲတဲ့..
    ပြီးတော့… ဟိုနေ့က ဂျာနယ်ထဲမှာဖတ်လိုက်ရတယ်.. အင်းးစိန်မှာ.. နင်္ဂါးလာလို့ဆိုလား..ဘာလား
    လူတွေက .. အဲမှာပဲလက်ကိုင်ပုဝါတွေကော.. ပိုက်ဆံတွေနဲ့ကော..အဲခြေရာကိုတို့ထိပီးတော့..အဆောင်အဖြစ် ဆောင်ထားကြတယ်ဆိုပဲ..
    ဖြစ်သင့်ရဲ့လားအဲဒါတွေက .. ဒိဌိအယူတွေ..

  • moethidasoe

    July 24, 2011 at 11:21 am

    သိပ် အယူသည်းရင်လဲ ကိုယ်ရသင့်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားတတ်တဲ့ ပုံ သာဓကတွေ ရှိတယ်
    ဘာလုပ်လုပ် ကောင်းတာပဲ လုပ် (အဲဒီလို ရေးရင် ကိုအောင်ဗုက ကောင်းတာချည်း ရွေးလုပ်ပါတယ် လို့ အစွန်း မလွတ်တဲ့ စာတွေ ပြန်ရေးဦးမှာ မြင်ယောင်မိတယ်)
    ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ် .. မကောင်းတာလုပ်ရင် မကောင်းကျိုးရမယ် .. အနှေးနဲ့ အမြန်ပဲ
    မကောင်းတာလုပ်တဲ့ လူတောင်မှ အယူသည်းတာတွေ ရှိသေးတယ်လို့ သိရတယ် ..
    အခါတော်ပေး ဆိုတာ သာမန်လူမှာတောင်မဟုတ်ဘူး .. ဦးနေဝင်းမြေးတွေကို ကြည့် ဘိုးတော် ရှိတယ် ..
    အခုလူကြီးတွေလဲ ရှိတာပဲ .. သူတို့လဲ အယူသည်းကြတာပဲ
    သူတို့တတွေကျတော့ ယတြာ ကောင်းရင် မင်းလောင်း ပျောက်တယ် ဆိုတဲ့ စကားကို စွဲကိုင်ထားတဲ လူတွေ လေ .. သူတို့ နောက် လိုက်ချင်တဲ့လူတွေ လိုက်ကြပေါ့ ..

  • nature

    July 24, 2011 at 3:26 pm

    လမ်းဦးတိုက် အယူအဆတွေကျတော့ ဘယ်လိုလုပ်မလဲ။ တချို့လည်း စီးပွားဖြစ်တယ်။ တချို့လည်း စီးပွားပျက်တယ်။

    • mr.lone

      July 25, 2011 at 8:49 am

      Wednesday(မြန်မာလို ရိုက်လို့မရလို့)နေ့ ခေါင်းမလျှော်ရဘူးလို့လဲ ရှိသေးတယ်လေ
      အဲဒါကျတော့ ဘာလို့လဲဟင် …
      ယောက်ျားညာ မိန်းမဘယ်ကတော့ ယောက်ျားလေးတို့ဘုန်းဟာ လက်ယာ ဘက်မှ ရှိတယ်လို့တော့
      ကြားဖူးတာပဲ . ရှင်မွေးလွန်း နဲ့ မင်းနန်ဒါ(ပပ်ဆင့်ရိုက်မရလို့) မှာတောင် ရှင်မွေးလွန်းက မင်းနန်ဒါရဲ့
      ညာလက်မှာ အိပ်မိလို့ အပြန်ခရီးမှာ ဘုန်းနိမ့်ပြီး ငမိုးရိပ်ပါးစပ် ထဲ ရောက်သွားတယ် လို့ တကယ့်
      အဖြစ်အပျက်ရှိခဲ့သေးတယ် လေ … ရှေးထုံးကို မလိုက်နာရင်နေ မပယ်တော့မပယ်သင့်ပါဘူး လို့ ထင်ပါတယ် ။ ကိုယ်မသိတာတွေက အများကြီး ရှိသေးတယ်မဟုတ်လား …

      • moethidasoe

        July 25, 2011 at 10:00 am

        မောင်လုံး လား ဦးလုံးလားတော့ မသိပါ
        ဟိုတုန်းက အားလုံး ဆံပင် အရှည်ထားကြတယ်လေ .. ကျား မ အကုန်လုံးပေါ့ .. ဒါကြောင့် အားလုံးအတွက် ခြုံပြီးတော့ ပြောတဲ့အနေနဲ့ ပြောထားတာပါ ..
        ခဏခဏ ခေါင်းမလျှော်စေချင်လို့ .. အအေးမိပြီး ကျန်းမာရေးထိခိုက်မှာစိုးလို့
        ညာလက်ရုံး ကိစ္စက ညာသန်တွေအတွက် အဆင်ပြေပေမယ့် ဘယ်သန်တွေအတွက် ဘယ်လို ပြောမလဲ ..
        ညာသန်ကို ညာလက် သွားကိုင်ထားတော့ .. တကယ် အရေးအကြောင်းဆိုရင် .. သူ လှုပ်ရှားရ ခက်မယ်လေ .. ဒါကြောင့် ညာလက်ကို မဖိထားတဲ့ .. မကိုင်ထားနဲ့ .. ဒါဆို အရေးအကြောင်း ဖြစ်ရင် ယောက်ျားက ကာကွယ်မှု ပေးနိုင်ဖို့ အဆင်သင့်ဖြစ်တာပေါ့ ..
        ဘယ်သန်ဆိုရင်လဲ ဘယ်လက်ကို ကိုင်မထားနဲ့ ဖိမထားနဲ့ ပေါ့ ..
        ရှင်မွေးလွန်းကိစ္စကတော့ အခုထိ ပါးစပ်ရာဇဝင်လို့ပဲ ထင်တယ် .. (အတိအကျ မသိပါ)
        ထမီအောက် ဝင်လို့ ဘုန်းနိမ့်တယ် ဆိုတာလဲ .. လင်မယားတွေ ည ကိစ္စ .. ဘယ်လို စဉ်းစားကြမလဲ .. အပေါ်ထပ် အောက်ထပ်ကိစ္စ ဘယ်လို ပြောကြမလဲ .. ဟိုတုန်းက အဆောင်မြင့်တွေ ဆောက်ခဲ့ဘူးတာပဲ .. ဘယ်လို ပြောကြမလဲ .. ဒါကြောင့် ဒါတွေက ဇာတ်မြင့်ဝါဒီတွေဖြစ်တဲ့ ဟိန္ဒူဘာသာ ဖက်က ဆင်းသက်လာတဲ့ အယူအဆတွေလို့ ထင်ပါတယ်

  • khin chaw su

    July 25, 2011 at 12:04 pm

    ဟုတ် တယ်…ကျ မ လည်း အယူသည်း တာ မ ကြိုက် ပါ၊ အောက် မျက် ခမ်း လှုပ် ရင် ငို ရ တတ် တယ်….မ ကောင်း တာ တွေ ဖြစ် တတ် တယ်၊ လာဘ် တိတ် တယ် ဆို ပြီး လူ ကြီး တွေ ပြော ရင် ငယ် ငယ် က အ ရမ်း ကြောက် ခဲ ့ ရ တာ…အ သက် အောင် ့ ပြီး ထ မိန် စ နဲ ့ မျက် လုံး ကို (ရ ) ချက် တို ့ ရ မယ် တဲ ့၊ ကိုယ် လူ ကြီး ဖြစ် မှ စဉ်း စား မိ တယ်….အဲ လို လုပ် မှ ပို ပြီး တော ့ ယုတ် ညံ့ သွား သေး တယ် လို ့၊ အ ခု ဆို အ နက် လည်း ဝတ် တာ ဘဲ၊ ခြေ လေး ချောင်း လဲ ကြိုက် တာ တွေ ့ ရင် စား တာ ဘဲ…ည ဘက် မှ လက် သည်း ခြေ သည်း အ လှ ပြင် ရ တာ ဘဲ….( ခ လေး တွေ အိပ် ချိန် မှ အေးအေး ဆေး ဆေး အ လှ အ ပ လုပ် ရ တာ လေ) ၊ နေ ့ ရက် အ ချိန် ခါ မ ရွေး ကိုယ် ့ ကိုယ် ခေါင်း လျှှော်တာ ဘဲ၊ ကိုယ် သန် ့ ရှင်း သွား မှ ကျက် သ ရေ မင်္ဂလာ ပို ရှိ သွာ း တာ ပေါ ့၊ အ ခု တော ့ လက် တွေ ့ ကျ ကျ ဘဲ လုပ် တော ့ တယ်

  • မောင်ဘလိူင်

    July 25, 2011 at 12:37 pm

    မယုံကြည်ရင်လည်း လုံးဝအစွဲမထားတာ အကောင်းဆုံးပါပဲ။မသိစိတ်က
    ယုံနေရင် အဲဒီလို နိမိတ်ဆိုးလို့(ကိုယ်ထင်တာ) တွေ ့တဲ့အခါ အပျက်သဘော
    ဆောင်တဲ့ စိတ်တွေးမိတတ်တယ်။ထားပါတော့။ ကျွန်တော်လည်း
    ယုံတာရှိသလို မယုံတာလည်းရှိသပေါ့လေ။ကျွန်တော့် အစ်ကိုဆုံးတော့
    အနီးအနားက လူကြီးသူမတွေက အသုဘနဲ့ ပတ်သက်တဲ့ အယူအဆတွေ
    လုပ်ထုံးလုပ်နည်းတွေ ကိုသိသမျှ အကြံပေးကြပါတယ်။ကျွန်တော်ကတော့
    မယုံပေမဲ့ သူတို့စေတနာနဲ့ပြောတာသိလို့ တစ်စုံတစ်ရာ ပြန်မပြောပါ။သင့်သလို
    သာလုပ်ကြပါ ခင်ဗျာပဲပေါ့။
    ဒီ ပို ့စ်လေး ဖတ်မိတာနဲ့ အရင် ဖတ်ဖူးတဲ့ ဒီယွန်ဖော်ကျွန်း
    ရဲ ့နေ့စဉ်ဘဝမှာ လက်တွေ ့အသုံးချ ဂမ္ဘီရ ဆိုတဲ့ ဆောင်းပါးလေး သွားသတိရမိတယ်။
    အဲဒါလေး ဘာသာပြန်ပြီး တင်ပေးပါဦးမယ်။ Just knowledge ပါ။

  • နွယ်ပင်

    July 25, 2011 at 2:11 pm

    အယူအဆ အစွဲအလန်းတွေကို မယုံကြည်ဘူး
    ဘယ်နေ့မှာ ဆံပင်မညှပ်ရဘူးတို့ ခေါင်းမလျှော်ရဘူးတို့ဆိုတာကို ဘာတစ်ခုကို မယုံကြည်သလို
    ဘယ်တုန်းကမှလဲ မလိုက်နာခဲ့ဘူး ရက်ရာဇာ ပြသာဒါးဆို ပိုတောင်ဆိုးသေး
    တစ်ခါမှကို မကြည့်မိတာ ……….

  • minthakhin

    July 25, 2011 at 2:59 pm

    ရှင်မွေးလွန်းက ပုံပြင်သက်သက်ပါ။ ဘယ်သမိုင်းမှာမှမရှိသလို ဘာအထောက်အထားမှလည်းမရှိပါဘူး။
    (mr.lone) ကိုတိုက်ခိုက်တာမဟုတ်ပါဘူး။ အဲဒါလေးကိုရှင်းရှင်းလင်းလင်းသိသွားစေချင်လို ့ပါ။
    စကားကိုချဲ ့ကားပြောရင်းက ထင်ယောင်ထင်မှားတွေဖြစ်လာကြတာပါ။ အဲဒါတွေထက်ပိုဆိုးတာက
    မြန်မာ့မော်ကွန်း ဆိုပြီး ဗွီဒီယို ဇာတ်ကားထွက်လာခဲ့ပါတယ်။ ၂ နှစ်လောက်ရှိပြီနဲ ့တူတယ်။ကြည့်ပြီးတော့
    ကျွန်တော် တော်တော်တင်းသွားတယ်ဗျာ။ မြန်မာ့သမိုင်းကသူရဲကောင်းတွေနဲ ့ပုံပြင်ထဲကသူရဲကောင်း
    တွေကိုရောနှောရိုက်ချသွားပြီး အဲဒီခေါင်းစဉ်ကြီးပေးထားတယ်ဗျာ။ စာဖတ်အားနည်းတဲ့သူတွေ (အထူးသဖြင့်) ကလေးတွေ ဘယ်လိုထင်သွားမလဲ။ ဇာတ်ညွှန်းဆရာကပဲအသုံးမကျတာလား။ ဒါရိုက်တာကပဲ အသုံးမကျတာလား။ နှစ်ယောက်လုံးပဲလို ့တော့ ကျွန်တော်ဆိုချင်တယ်။

  • ဆူး

    July 25, 2011 at 11:05 pm

    အယူသီးမှု ဆိုလို့.. သူငယ်ချင်းတယောက် ခံလိုက်ရတာ ရှိသေးတယ်။
    သူက နိုင်ငံခြားသားခရီးသည်တွေကို တိုးဂိုက်နဲ့ ပေါင်းပြီးတော့ ထမိန်အဆင်လေးတွေ ပန်းချီရေးပြီး ရောင်းခိုင်တဲ့ အလုပ်လုပ်နေတာ..
    ဒီဇိုင်းမျိုးစုံ ဆွဲပြီး တသုတ် တခါ လှည့်ရောင်းလိုက် နဲ့ အမြတ်အစွန်းလေးတွေနဲ့ လုပ်ငန်းလေး လည်နေတာ တခေါက် ဒီဇိုင်းထဲမှာ ဇီးကွက်ပုံ ပါသွားတယ်။ မြန်မာနိုင်ငံမှာ ဇီးကွက်ဆိုတာ လာဘ်ကောင်.. သူ ရောင်းတဲ့ နိုင်ငံခြားသား က ဇီးကွက်ဆိုတာကို လဒလို သတ်မှတ်တော့.. သူရဲ့ ဒီဇိုင်းဆွဲ အဆင်တွေ ဝယ်မဲ့သူ မရှိလို့ တော်တော် စိတ်ပျက်သွားရှာတယ်။
    ပြောချင်တာတော့.. လူမျိုးတိုင်းမှာ အယူသီးမှု ဆိုတာ ရှိတယ်။ ဒီနိုင်ငံမှာမှ ဖြစ်နေတာ မဟုတ်ဘူး။ အားလုံး ကို ကိုယ်ပိုင် အတွေးအခေါ်နဲ့ ကြိုက်ရင်ယူ မကြိုက်ရင်ပါယ်။ ကိုယ်ကြိုက်တာ ကိုယ်လုပ် မကြိုက်တာကို လာပြီး ဇွတ်မခိုင်းနဲ့ နိးပဲ.. ထပ်မပြောဘူး။

    • etone

      July 26, 2011 at 8:26 am

      ဘွားတော်ဆူး စိတ်ထိန်းစိတ်ထိန်း … ။ လူတိုင်း ကိုယ်ကြိုက်တာ ကို်ယ်လုပ်နေကြတဲ့ ခေတ်ထဲ ဘယ်သူမှ ဇွတ်အတင်းမခိုင်းဘူး ။ အတင်းကြီး ငြင်းနေတော့တာပဲ 😀 😀 😀

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 26, 2011 at 8:45 am

    မင်းနန္ဒာ…………မင်းနန္ဒာ
    လှေလည်းရှိတယ်
    သမ္ဗာန်လည်းရှိတယ်
    လှေလည်းမစီးဘူး
    သမ္ဗာန်လည်းမစီးဘူး
    မိချောင်းစီးတဲ့ကောင်
    သေပစေ
    သေမှအေးတယ်

  • စုံ စုံ

    July 26, 2011 at 4:11 pm

    အယူသည်းနေတဲ့အထဲမှာယောကျာ်းလေးအဝတ်အစား
    မိန်းကလေးအဝတ်အစားကိုတူတူရောလျှော်တာကောပါသေးလား
    အိမ်မှာလူသက်သာအောင်အဝတ်လျှော်စက်ဝယ်ထားပါတယ်ဆိုမှ
    အမေကလုံချည်တွေထည့်မလျှော်နဲ့
    နင့်အဖေဘုန်းနိမ့်လိမ့်မယ်တဲ့
    ကျမကတော့မသိဘူးလျှော်မှာဘဲလို့
    အဲ့လိုသာဘုန်းနိမ့်ကြေးဆိုဘယ်လိုလုပ်မလဲ

    • ဆူး

      July 26, 2011 at 10:12 pm

      စက် နောက်ထပ် တလုံး ဝယ်ပေးလို့ ပြောလိုက်ပေါ့.. အဖေ အကျီက တလုံး အမေ အကျီက တလုံး သမီး ထမီက တလုံး.. ဟိဟိ..

    • bigbird

      July 26, 2011 at 10:49 pm

      ဒီလောက်တောင်ပျင်းရလားကွယ်….

      အယူသည်းတာတွေကို တစ်ချို့ကိုလက်ခံပြီး တစ်ချို့ကို လုံးဝ ခေါင်းထဲမထည့်ထားပါဘူး။

      ဖခင်အကျင်္ ီလျှော်တဲ့စက်ထဲကို ညီမလေးထမီတွေ ထည့်လျှော်တာတော့ မလုပ်သင့်ပါဘူး။

      အတွင်းခံတွေ ထည့်မလျှော်တာပဲ ကျေးဇူးတင်ရမလို ဖြစ်နေပြီး။

      အိမ်မှာ မိန်းခလေးထမီလျှော်ဖို့ စက်အသေးတစ်လုံး သက်သက်ဝယ်ထားပါတယ်။

      အပေါ်ပိုင်းအဝတ်တွေကိုတော့ စက်ကြီးထဲမှာ ရောလျှော်ပါတယ်။

  • king

    July 26, 2011 at 6:21 pm

    အယူသည်း ………..
    ကျွန်တော်ကိုယ် ကျွန်တော် ပြန်သုံးသပ်ကြည့်တယ်
    အယူသီးလားလို့ …………
    ကိုယ်လုပ်ချင်တဲ့ ကိစ္စဆိုရင် မသည်းဘူး … မလုပ်ချင်တာဆိုရင် အကြောင်းပြတယ် ….
    ကိုယ့်အတ္တအတွက်ပဲ လုပ်မိနေတုန်းပဲ ……………………..
    မိန်းကလေး ညာဘက်မှာရှိရင် အမေ၊ အဒေါ်၊ အမ၊ နှမ … အစရှိသဖြင့်
    ဘယ်ဘက်မှာဆိုရင်တော့ အမျိုးသမီး၊ ချစ်သူ … အဲဒီလိုတော့ အရင်တုန်းက ခွဲခြားသိတယ်တဲ့ …
    အခုတော့ ……………….

  • tiger zawgyi

    April 22, 2012 at 6:51 pm

    တစ်ချို ့ တစ် ချို ့သော အယူ သီး မူ ့တွေ ဆိုတာ က ရှေ းလူ တွေ က အန္တရယ်တွေ ကို ရှောင် လွဲ စေဖို ့ တိုက် ရိုက် မပြော ပဲ သွယ်ဝိုက်ပြောခဲ့ ကြ တာတွေ ပါ တဲ့ …. ( mirror kiss history )

  • aye.kk

    April 22, 2012 at 7:39 pm

    လူမှာအမျိုး..
    ကြက်မှာအရိုး..တဲ့။
    ချောင်းရိုးမြောင်းရိုးသာတိမ်ကောရင်တိမ်ကောမယ်..
    လူမျိုးရိုးကမတိမ်ကောဘူး..ဒါဟာအမှန်တရားတွေလို ့မိဘကဆုံးမခဲ့တယ်။
    ငယ်ငယ်လေးကတည်းကစလို ့ရိုးရာပုံပြင်ဓလေ့တွေနဲ ့ကျမကြီးပြင်းလာခဲ့တယ်။
    ဒါပေမဲ့လည်းဒါတွေကိုကျမကအားလုံးဆန် ့ကျင်ခဲ့မိတယ်..။
    အသက်ရလာတဲ့အချိန်မှာမိဘတွေပြောတာဟာတကယ်လက်တွေ ့ကျပြီးမှန်ကန်မှုရှိတာကို
    သိမြင်လာခဲ့ရတယ်။(မှားတယ်လို ့လည်းမဆိုနိုင်ပြန်ပါဘူး)
    အဖေလက်ထက်မှာပေါ့နော်သူတို ့ရဲ ့မိဘတွေလက်ထက်ကတည်းရှေးကျတဲ့အယူဝါဒတွေ
    ထဲကကောင်းတဲ့အယူဝါဒတွေကိုလက်ခံခဲ့ပြီး၊မကောင်းတဲ့အယူဝါဒတွေကိုဖယ်ရှားပစ်ခဲ့ပါတယ်။
    ဥပမာတခုအနေနဲ ့ပြောရရင် ယဇ်ပူဇော်တဲ့ခါအရက်န ဲ့ပသရတာမျိုးကို
    အဖေကရေနွေးကြမ်းပြောင်းလည်းပြီးသုံးတာမျိုးပါ။
    လူမျိုးတိုင်းမှာယုံကြည်တဲ့အယူဝါဒတွေနဲ ့ချစ်စရာကောင်းလှတဲ့ရိုးရာ
    ဓလေ့ထုံးတမ်းစဉ်လာတွေရှိကြပါတယ်။
    လူသားမျိုးနွယ်တို ့ရဲ ့ရိုးရာဓလေ့ထုံးတမ်းစဉ်လာကို
    လက်ဆင့်ကမ်းအမွေတွေကိုသယ်ဆောင်ပြီးနေထိုင်လာကြတာကျမတို ့အထိတိုင်လာခဲ့ပါပြီ။
    ရိုးရာအမွေအနှစ်တွေ၊ချစ်စရာကောင်းလှတဲ့ဓလေ့ထုံးတမ်းစဉ်လာတွေကိုတော့ထိန်းသိမ်းကြရမှာပါဘဲ။
    နိုင်ငံတိုးတက်ဖို ့ဆိုရင်တော့ကျမတို ့အားလုံးဟာ
    လွန်ခဲ့တဲ့နှစ်(၅၀)ကတည်းကခေါက်ရိုးကျိုးပြီးအသားကျနေတဲ့ပုံစံခွက်ထဲက
    နေထွက်သင့်တယ်လို ့ထင်မြင်မိပါတယ်။။

    • etone

      April 23, 2012 at 10:50 am

      အန်တီအေးရေ … မနေ့က ရှင်ပြုတစ်ခုကို ရောက်ခဲ့ပါတယ် သိမ်ဆင်းသွားလောင်းတာပါ … ပြီးတော့ … တရားနာပါတယ် .. တရားနာတဲ့အခါ သိမ်ထဲမှာ… ။
      အရင်ကသိထားတာကတော့ .. သိမ်ဆိုတာ မိန်းမဝင်လို့ မရဘူးဆိုတာပါ ..ပန္နက်တိုင်ကိုတောင် ကျော်လို့မရဘူးတဲ့ … ။
      အခုတော့ ဝင်လို့ ရနေတာနဲ့ တအံ့တဩဖြစ်ခဲ့မိသေးတယ် … ။

  • aye.kk

    April 22, 2012 at 9:00 pm

    ခြေသံပြင်းရင်ဆင်းရဲတာရှည်တယ်ပေါ့နော်..
    လူတို ့ရဲ ့ပင်ကိုယ်စရိုက်အပြုအမူကြမ်းတမ်းတာခြေနင်းသံကအစကြည့်ပြီး..
    လူကြီးတွေကဝေဖန်သုံးသပ်တတ်ကြပါတယ်။
    လူကြီးတွေပြောတာကိုဟုတ်မဟုတ်ပေါ့နော်။
    ကျမကိုယ်တိုင်လေ့လာမိရသလောက်က..
    ထိုသူရဲ ့ဘဝရှေ ့ရေးလျှောက်ရမဲ့ဘဝခရီးလမ်းကြမ်းတမ်းတာ..
    မှန်ကန်နေတာတွေ ့ရှိရပါတယ်။
    ခေါင်းလျှော်တဲ့နေ ့ရွေးတာ၊အိမ်မြောင်စုတ်ထိုးတာတွေဟာ..
    ဗေဒင်သဘော၊ဆန်းသဘောတွေသက်ဝင်နေပါတယ်။
    ဆန်းကတော့ဆန်းလှပါတယ်..
    လိုက်လို ့လည်းမမှီ၊ကိုယ်ကလည်းနားမလည်တော့..
    ကျမအနေနဲ ့ကကိုယ့်ခေါင်းမသန် ့ဘူးထင်ရင်အချိန်မရွေးခေါင်းလျှော်ပစ်ပါတယ်..။
    အိမ်မှာအိမ်မြောင်စုတ်တအားထိုးလာတဲ့နေ ့ဆိုရင်..
    အဲဒီနေ ့ကလာဘ်လာဘတွေအလိုလိုဝင်လာတတ်လို ့..
    ရှေးလူကြီးတွေပြောတာ၊မှန်တယ်ဆိုပြီးတော့စိတ်ကလက်ခံယူဆမိပါတယ်..
    ယူဆနေတာကလည်းအမှန်တကယ်တော့အစွဲဖြစ်မှန်းမသိဖြစ်နေတာပါ..
    ကိုယ်ကမှန်တာဘဲလို ယူဆပြီး…
    ့သားသ္မီးတွေကိုထပ်ပြောပြပြန်ရင်ရင်နောင်မျိုးဆက်လည်းဒါကိုအယူအဆတခုအနေနဲ ့
    ထပ်မံပြီးစွဲသွားနိုင်တာပေါ့နော်။
    အဲဒီအယူအဆတွေ၊အစွဲအလမ်းတွေကြားကြီးပြင်းလာကြတာဖျောက်ပစ်ဖို ့တော့လိုပြီထင်မိပါတယ်။။

    • etone

      April 23, 2012 at 8:51 am

      အန်တီအေးရေ … ခေါင်းလျှော်တာ …. အဲ့ဒါနဲ့ ပတ်သတ်လို့ … ရှေ့းအယူစွဲတော့မဟုတ်ပါဘူး .. သို့သော် လူကြီးအတော်များများ နဲ့ ခေတ်လူငယ်(အမျိုးသမီး) အတော်များများပါ လက်ခံကျင့်သုံးနေတဲ့ အစွဲတစ်ခုရှိတယ် …. အဲ့ဒါကတော့ .. ရာသီလာနေစဉ်အတွင်း ခေါင်းမလျှော်ရဆိုပဲ … ။ လျှော်လျှင် ရူးတတ်သတဲ့ အဟီး 😆 သေတတ်သတဲ့ အဟီး :mrgreen:

      အဲ့ဒီအချက်လုံးဝ မှန်ကန်မှုမရှိပါဘူး …. ဒါပေမယ့် … တော်တော်များများက … မစမ်းသပ်ကြည့်ပဲ စွတ်ယုံတတ်ကြတယ် … ။ မှားလျှင်တော်သေး .. မှန်လျှင် ရူးချင်ရူး ၊ သေချင်သေမှာကိုး … ။ 😛
      သမီးကတော့ … သိပ်စပ်စုချင်စိတ်နဲ့ သေချင်သေ ၊ ရူးချင်ရူးပါစေဆိုပြီး .. ခေါင်းလျှော်ကြည့်လိုက်တယ် …. အဟဲ … ဟုတ်လည်း ဟုတ်ပဲနဲ့ လူကြီးတွေ ခြောက်ခဲ့တာဆိုတာ သိတော့တယ် … ။ နောက်ပိုင်း ခေါင်းလျှော်ချင်တဲ့ရက် လျှော်တာပဲ … ဘယ်ရက်မှ ရှောင်စရာမလိုတော့ … အရမ်းအဆင်ပြေတယ် … ။ 😛

  • Mandalayer

    April 23, 2012 at 9:00 am

    ယောကျာင်္းလေးညာဘက် မိန်းကလေးဘယ်ဘက်ဆိုတဲ့ အယူကတော့ ယောကျာင်္းတွေအတွက် အလေးမြတ်ထားပေးတဲ့သဘောမို့ လိုက်နာပေးတာကောင်းပါတယ်။
    နောက် မိန်းမထမီ နဲ့ ယောကျာ်းအကျီ င်္ တွေရောလျှော်ဖွတ်တာတော့ မကောင်းဘူးလေ သူများနိုင်ငံမှာ အယူမရှိတာမှန်ပေမဲ့ မြန်မာပြည်မှာတော့ တွဲလျှော်လဲ ဘာမှမဖြစ်ပေမဲ့ ကိုယ်တိုင်က ကိုယ့် အဖေ ကိုယ့်ယောကျာင်္း အကိုတွေမောင်တွေကို လေးစားတန်ဖိုးထားတဲ့အနေနဲ့ မလျှော်တာ ပိုသင့်တော်မယ်ထင်တယ် ဒါက Mandalayer ရဲ့အမြင်ပေါ့လေ။
    ကျန်တဲ့အယူသည်းမှုတွေကတွေကတော့ ဘာမှမဟုတ်ပါဘူး။ အယူသည်းရင်သည်းသလို ဖြစ်တတ်တာပဲ မသည်းရင်ဘာမှမဖြစ်ဘူး။

  • Gipsy

    April 23, 2012 at 9:05 am

    ရှေးထုံးလဲ မပယ်နဲ့ ဈေးသုံးလဲ မကြွယ်နဲ့ တဲ့..
    အဲ့ဒီ ၂ ခုကတွဲထားတော့ ..
    တခါတလေ ရှေးထုံးနဲ့ ဆန့်ကျင်ဖက်ဖြစ်သွားတဲ့အခါတိုင်း..စိတ်ထဲ ထင့်ကနဲ ဖြစ်မိတယ်..
    အစဉ်အလာ ဆိုတာကြီးကို ဖေါက်ထွက်ပေမဲ့ ဖေါက်ထွက်မိတဲ့အခါတိုင်း..
    ဘာများဖြစ်လေမလဲ စိတ်တထင့်ထင့်နဲ့ပေါ့…
    ဈေးသုံးလဲ မကြွယ်နဲ့ ဆိုပေမဲ့ လူတွေ မလိုက်နာကြဘူး မို့လား….
    ကိုခိုင်ပြောသလို ပြောင်းလဲ ဖျက်သင့်တာဖျက်ပြီး ပြောင်းလဲသတ်မှတ်သင့်ပါပြီ….။

  • kyeemite

    April 23, 2012 at 1:03 pm

    မင်္ဂလာရှိအောင်စည်းကမ်းရှိအောင်နေသင့်တာကိုတော့လက်ခံပါတယ်..
    ဥပမာ..ငယ်ငယ်ကအဖွားနဲ့နေခဲ့ရတော့ အလွန်စည်းကမ်းကြပ်တာ..
    ထမင်းစားရင် ပလောက် ပလောက် မမြည်ရဘူး
    ပန်းကန်ဘောင်ပေါ် ထမင်းလုံးတွေ ပေရေနေအောင်မစားရဘူး
    ထမင်းစေ့ မဖိတ်မစဉ်ရဘူး…စားနိုင်သလောက်ဘဲထည့်
    ထည့်သလောက်ကိုလည်း တစ်စေ့မကျန်ကုန်အောင်စား…စတဲ့ စတဲ့
    အကျိုးရှိမဲ့စည်းကမ်းတွေတော့လိုက်နာထိန်းသိမ်းသင့်ပါတယ်…
    တစ်ခြားမလိုက်နာသင့်တဲ့ အဓိပ်ပါယ်မရှိတာတွေတော့ ပယ်ကြပေါ့..
    ကြားဘူးကြသလားမသိ..ကလေးမွေးစငယ်ငယ်လေးရှိတဲ့ အိမ်ဆို
    အိမ်နီးပါးချင်းတွေ ဆွေမျိုးတွေ ကလေးလာကြည့်ကြပြီး..ဟယ် ဝတုတ်နေတာဘဲ
    ဟယ်ချစ်စရာကြီး စသဖြင့် အံ့ဩတကြီးပြောလေ့ ရှိကြတယ်လေ..
    အဲဒီလိုပြောကြ အံ့ကြ ရင် ကလေးနေမကောင်းဖြစ်တတ်သတဲ့..
    ဒါကိုကာကွယ်ဘို့ ဆိုပီး ကလေးမျက်နှာမှာ အိုးမဲနဲ့ဖြစ်စေ ကာချယ်အနက်နဲ့ဖြစ်စေ
    အမဲစက်လေးတစ်စက် တို့ထားတတ်ကြတယ်..ခုတော့တွေ့ရနဲသွားပေမဲ့
    အချို့လုပ်နေကြတုံးဘဲ..ပြောရရင်တော့အများကြီးပါ..အထူးသဖြင့်ကတော့
    မအီးတုံးပြောသလို အိမ်မှာ အဖွားတို့ အဘွားတို့နဲ့အတူနေရရင်ပိုဆိုး..

  • kyeemite

    April 23, 2012 at 2:23 pm

    အယူသီးမှု့နဲ့ပါတ်သက်ပီးကိုကျော်သူတင်ခဲ့တဲ့
    ကိုကျော်သူရဲ့ရှင်းတမ်းလေးသွားသတိရတယ်ဗျို့..

    • etone

      April 23, 2012 at 3:27 pm

      ကိုကြီးမိုက်ရေ … နှစ်ခါလာပြန်ရေးတဲ့အတွက်ကျေးဇူးပါနော် … ။ အိမ်က ဘွားတော် အယူသီးတာများ … ဘုရားမီးပူစော်တဲ့ ပလပ်ပေါက်ကို … အပေါ်ဆုံးမှာ မထိုးလို့ …. ခဏခဏ ကွိုင်တက်ရဖူးတယ် … ။ ပလပ်ပေါက်ပဲ .. အဆင်ပြေတာထိုးမှာပေါ့ လို့ ပြန်ရစ်လျှင် အဆဲခံရသေးတယ် …. ။ နောက်ပြီး …. တီဗွီကြည့်လို့ … ပေါ့ပေါ့ပါးပါးထိုင်/မှီနေတာတောင် ဘုန်းကြီးပုံတီဗွီထဲပေါ်လာလျှင် ကောင်းကောင်းထိုင် ၊ မရိုမသေ မလုပ်နဲ့ ဆိုလို့ .. ရန်ဖြစ်ရပေါင်းများပြီ အဲ့လို

  • နေဝန်းနီ

    April 23, 2012 at 10:17 pm

    အပိုအရှုပ်
    မလိုဖြုတ်စို့
    ခင်ဗျားတို့ကျုပ်တို့
    အားလုံးသတိ!
    * ကိုလေး(အင်းဝဂုဏ်ရည်)

  • TTNU

    April 24, 2012 at 7:07 am

    အိတုန်ရေ…
    နောက်ကျပြီးမှရောက်လာရတယ်။
    အယူသည်းခြင်းဆိုတာ စိတ်ခွန်အားပျော့သူတွေမှာ
    ပိုရှိမယ်ထင်ပါတယ်။

    Superstition အယူသည်းခြင်း ဆိုတဲ့စကားကို Oxford မှာ အဓိပ္ပါယ်ဖွင့်ထားတာက
    “Belief which is not based on human reason or scientific knowledge,
    but is connected with old ideas about magic, etc. ”

    ဆိုတော့ လက်တွေ့သမားတွေ၊ သိပ္ပံပညာဗဟုသုတကြွယ်ဝသူတွေအနေနဲ့ကတော့
    မိရိုးဖလာ ပေမဲ့ လက်ခံနိုင်စရာအကြောင်းမရှိဘူးပေါ့နော။

  • kai

    October 11, 2014 at 2:23 pm

    အင်တာနက်ထဲ စာလုံးတလုံးလိုက်ရှာတာ.. တုံမမရဲ့ဒါထွက်လာလို့..
    သတိတရပြန်တင်လိုက်တာ…
    ဆွေးနွေးထားတာလေးတွေ.. တော်တော်ကောင်း..။ :k:

  • မြစပဲရိုး

    October 11, 2014 at 3:07 pm

    မြန်မာပြည် ထဲ ဝါတွင်း အိမ်မပြောင်းရ မို့ ဒီမှာ သူငယ်ချင်း တစ်ယောက် အိမ်ပြောင်းတော့ သူ့အမေ က လှမ်းတားပြီး ဝါထွက်မှ ပြောင်းဖို့ ပြောတယ်။
    ဘယ်လို လုပ်လို့ ရမလဲ။
    ဒီမှာက ရှေ့နေ ရှေ့ရပ် ရုံးအလုပ် အားလုံး စုံညီ တိုက်ပြီး လုပ်ရတာကို။
    ဒါပေမဲ့ သေချာတာ က ဒီမှာ ၁၃ ရက်နေ့ ကို ရှောင်ကြတာတော့ သတိထားမိတယ်။
    အထပ် ၁၃ ဆိုတာ ရှောင်တဲ့ အဆောက်အဦ တွေ ရှိတယ်။

    ရာသီလာချင် ခေါင်းလျှော်တာကတော့ လူပေါ် မူတည်မလားဘဲ။
    တစ်ချို့ အဲဒီ အချိန် မရှောင်ဘဲ လျှော်ရင် ရပ်သွား တယ်။
    ဒီတော့ သွေးမသန့် တော့ဘူး ထင်ရတာဘဲ။
    အဲလို ဖြစ်တတ်ရင်တော့ အယူ ထက် ကျန်းမာရေးမို့ ရှောင်သင့်တယ်။

    ကျန်တာကတော့ အယူဆိုတာ ဥပါတ်ဒါဏ် ကြောင့် ဥပါဒ် ရောက်တတ်သေးတာ မို့ ပယ်နိုင် ပြတ်နိုင်ရင် ကောင်းပါတယ်။
    မပယ်နိုင်လဲ အစွန်းမရောက် အောင်ဂရုစိုက်ပြီး နေပေါ့။

    တီချယ်ကြီး ပြောသလို တစ်ယောက် နဲ့ တစ်ယောက် စိတ်အခံချင်း၊ ခြင်း မတူတော့ အားလုံး ကတော့ တူနေမှာမဟုတ်လို့ ထင်ရဲ့။

    တုံကလေး ရယ်
    စာတွေ ပြန်ရေးပါဦး။ :))

  • ဦးကြောင်ကြီး

    October 12, 2014 at 2:25 am

    မတူဓဲ့ အတွီးနဲ့ ပေါပမဲ…။ အချို့ အရာဒွေက ဆေးလိုပဲ.. သောက်ပါများ လူသုံးပါများ မစွမ်းဒေါ့ဝူး..။ ခေတ်အပြောင်း အလဲနဲ့လဲ ဆိုင်ဒရယ်။ ဂါထာလဲ ဂလိုပဲ… စွမ်းတယ်စွမ်းတယ် ဆိုပြီး လူတိုင်းရွတ်တော့ ဂါထာပေး တေးဖြစ် စကားပဲ ကျန်ခဲ့ဒရယ် အဟုတ်လား။ ရေများရေနိုင် မီးများ မီနိုင်ဆိုဒဲ့ စကား အလဂါး မဟုတ်။ အကျင့်တခု ထုံးစံတခုသည် လူအများ လက်ခံမှသာ အသက်ဝင်ဒရယ်။ ကိုးကွယ်ယုံကြည်မှုမှာလဲ ထိုနည်းတူဇွာဗဲ။ ခေတ်စနစ်တွေ ပြောင်းလဲသွား၊ ကိုးကွယ်ရာ နတ်ဘုရား၊ ယုံကြည်ရာ ဘာသာတရားတွေ ပျောက်ဆုံးသွား အသစ်ပေါ်လာတာလဲ ထိုနည်း၎င်းမှတ်…။
    ပုံ
    ဖံစင်းယှဉ်
    ကကြောင်ကြီး (မန်းဂဇက်ရွာသူများအိဘဲ)

Leave a Reply