ငယ်သူငယ်ချင်း တစ်ယောက် စကာင်္ပူက ခဏပြန်လာတော့ သွားတွေ့ရင်း ရှေးဟောင်းနှောင်းဖြစ်တွေပြောမိကြတယ်
အဲ့ဒီမှာ အဓိကပြောဖြစ်ခဲ့တာက အထက်တန်းကျောင်းသူဘဝက အကြောင်းတွေပဲ အရွယ်လေးတွေကလဲ ရနေပြီဆိုတော့ ပြန်မရနိုင်တော့တဲ့ အထက်တန်းကျောင်းသူဘဝလေးကို တန်းတန်းတတ ပြောမိကြတယ် အဲဒိမှာ သူငယ်ချင်းတစ်ယောက်က စပြောတယ် ……… “ဟဲ့ နင်တို့များ ကလေးရရင် ငါတို့ တက်ခဲ့တဲ့ ကျောင်းမှာ ယောင်လို့များသွာမအပ်မိစေနဲ့တဲ့ ကျာင်းမဖွင့်ခင်က ငါ့သမီးလေးကို ဘယ်ကျောင်းမှာ အပ်ရမလဲဆိုပြီး ငါတို့တက်ခဲ့တဲ့ကျောင်းမှာ သွားစုံစမ်းတာ ဆရာမတွေက ငါတို့ကိုမှတ်မိနေတုန်းပဲ သမီးကရော အမေလိုပဲလားဆိုပြီး ငါယောကျာင်္းကို ငါတို့ အကြောင်းတွေ အကုန်ဖောက်သည်ချလိုက်တာလေ သိတယ်မဟုတ်လား ဟို ဆရာမ နန္ဒာလှိုင်လေတဲ့ …….” နွယ်ပင်တို့ကလဲ ဟုတ်လား တီချယ်ကလဲ အရင်ပုံစံလေးပဲလား ဘယ်လိုလဲ ဝလားဆိုပြီးမေးကြာတာပေါ့ အမှန်ကတော့ နန္ဒာလှိုင်ဆိုတာ တီချယ်နာမယ်အရင်းမဟုတ်ဘူး တီချယ်က အမှန်က ပိန်ပိန်သေးသေးလေး ကိုယ်လုံးကိုယ်ထည်လဲ မရှိတော့ နန္ဒာလှိုင် ဆိုပြီးတမင်ပေးထားတဲ့နာမည်လေ …
အဲမှာ သူငယ်ချင်းတစ်ယောက်က ဟဲ့ ငါဟို တစ်လောကတောင် တီချယ် calandaer နဲ့တွေ့တယ် အရင်တုန်းကလိုပဲ ဆံပင်နည်းနည်းဖြူနေတာကလွဲလိုပေါ့ဆိုပြီး ဝင်ပြောပြန်ရော ” တီချယ်calandaer ဆိုတာကလည်း calandaer စာရွက်တွေနောက်မှာ စာတွေရေးထားပြီး့ စာသင်ရှင်းခါနီးရင် အဲဒီ calandaer နဲ့ ရှင်းပြတက်လွန်းလို့ပေးထားတဲ့နာမည်ပေါ့ ….”
နွယ်ပင်တို့က ကျောင်းတက်တုန်းက ဆရာမတွေကို နာမည်ပေးကောင်းတာတင်မဟုတ်ဘူး ကျောင်းသူတွေကိုလဲ နာမည်ပေးထားကြတယ်
ဘယ်လောက်ထိ နာမယ်ပေးကောင်းလဲဆိုရင် ကိုယ့် အချင်းချင်းတောင် နာမည်လေးတွေကိုယ်စီနဲ့ပေါ့
အရမ်းပိန်လွန်းတဲ့ သူငယ်ချင်းမလေးကိုတော့ (skeleton) စကယ်လီတန် နောက်စကားပြောရင် အသံလေး အိပဲ့ အိပဲ့နဲ့ပြောတဲ့ သူငယ်ချင်းကိုတော့ အိညောင်မ
နည်းနည်းဝတဲ့ သူငယ်ချင်းကိုတော့ ဘုတ်ဘုတ် ၊ နောက် သူငယ်ချင်းတစ်ယောက်ကတော့ သူ့ကို ခင်ရင် ဘာလုပ်ပေးညာလုပ်ပေးလို့ပြောတက်လွန်းလို့ ခင်လွန်း ၊
နွယ်ပင်ကိုတော့ ရစ်တက် အထွန့်တက်လွန်းလို့ နွယ်ပင်တဲ့ ။
အခု နာမယ်ကြီးနေတဲ့ ချစ်သူ့ဝေက နွယ်ပင်တို့ကျောင်းကပဲလေ သူ့ရဲ့ ဆံပင်က အရင်က ရှည်ရှည်ဖွာဖွာကောက်ကောက်ကြီးဆိုတော့ သူ့ကိုတော့ ဖွားလား
စမိုင်းကလဲ နွယ်ပင်တို့ကျောင်းမှာ (8) တန်းထိတတ်ခဲ့တာဆိုတော့ သူ့ကိုအလွတ်မပေးခဲ့ဘူး သူနာမယ်ပြောင်က အရှည်ကြီး ကျောင်းတက်တုန်းက သူ့အရပ်က နွယ်ပင်တို့ထက်စာရင် တော်တော်ရှည်တယ် နာမယ်လဲ ရှည်တော့ အရှည်ကြီးပေါ့ သူနဲ့ တွဲခဲ့တဲ့ သူငယ်ချင်းကိုတော့ ကျောက်မျက်နှာ မျက်နှာက မာလွန်းလို့
အဲလို နာမယ်ပေးကောင်းခဲ့တာပေါ့ နာမယ်ပေးကောင်းလွန်းလို့ ကျောင်းရုံးခန်းတောင် ရောက်တဲ့ အထိပဲ ။အဲတုန်းကလဲ ဆရာမတစ်ယောက်ကို နာမယ်ပေးပြီးခေါ်တာ
တီချယ်က စိတ်ဆိုးပြီး မိဘခေါ်လို့ ကျောင်းရုံးခန်းကို သူငယ်ချင်းတစ်အုပ်စုလုံး တစ်ပျော်တစ်ပါး မိဘတွေနဲ့တွေ သွားဖြစ်ခဲ့တာလေ အခုတော့ ဒီအကြောင်းလေးတွေပြန်ပြောရင်းနဲ့ ကျောင်းတက်ခဲ့တဲ့ ဆယ်ကျော်သက်ဘဝလေးကို ပြန်လွမ်းနေမိတယ်
ကဲ ရွာသူ /ရွာသားတွေမှာရော ငယ်ငယ်က အမှတ်တရတွေနဲ့ နာမယ်ပြောင်လေးတွေ မရှိကြဘူးလား ။ ရှိရင်လဲ ဝေမျှပေးကြပါဦး ။

PS ။ ။ နာမယ်ပြောင်လေးတွေ မရှိသေးသောသူများအား ဆရာမကြီး နွယ်ပင်မှ နာမယ်လှလှလေးတွေ ပေးနေပါကြောင်း တစ်ခါတည်း အသိပေးအပ်လိုက်ပါတယ် :P :)

About နွယ်ပင်

နွယ် ပင် has written 243 post in this Website..