နာမယ်ပေးကြဦးမလား ….

နွယ်ပင်July 23, 20111min25130

ငယ်သူငယ်ချင်း တစ်ယောက် စကာင်္ပူက ခဏပြန်လာတော့ သွားတွေ့ရင်း ရှေးဟောင်းနှောင်းဖြစ်တွေပြောမိကြတယ်
အဲ့ဒီမှာ အဓိကပြောဖြစ်ခဲ့တာက အထက်တန်းကျောင်းသူဘဝက အကြောင်းတွေပဲ အရွယ်လေးတွေကလဲ ရနေပြီဆိုတော့ ပြန်မရနိုင်တော့တဲ့ အထက်တန်းကျောင်းသူဘဝလေးကို တန်းတန်းတတ ပြောမိကြတယ် အဲဒိမှာ သူငယ်ချင်းတစ်ယောက်က စပြောတယ် ……… “ဟဲ့ နင်တို့များ ကလေးရရင် ငါတို့ တက်ခဲ့တဲ့ ကျောင်းမှာ ယောင်လို့များသွာမအပ်မိစေနဲ့တဲ့ ကျာင်းမဖွင့်ခင်က ငါ့သမီးလေးကို ဘယ်ကျောင်းမှာ အပ်ရမလဲဆိုပြီး ငါတို့တက်ခဲ့တဲ့ကျောင်းမှာ သွားစုံစမ်းတာ ဆရာမတွေက ငါတို့ကိုမှတ်မိနေတုန်းပဲ သမီးကရော အမေလိုပဲလားဆိုပြီး ငါယောကျာင်္းကို ငါတို့ အကြောင်းတွေ အကုန်ဖောက်သည်ချလိုက်တာလေ သိတယ်မဟုတ်လား ဟို ဆရာမ နန္ဒာလှိုင်လေတဲ့ …….” နွယ်ပင်တို့ကလဲ ဟုတ်လား တီချယ်ကလဲ အရင်ပုံစံလေးပဲလား ဘယ်လိုလဲ ဝလားဆိုပြီးမေးကြာတာပေါ့ အမှန်ကတော့ နန္ဒာလှိုင်ဆိုတာ တီချယ်နာမယ်အရင်းမဟုတ်ဘူး တီချယ်က အမှန်က ပိန်ပိန်သေးသေးလေး ကိုယ်လုံးကိုယ်ထည်လဲ မရှိတော့ နန္ဒာလှိုင် ဆိုပြီးတမင်ပေးထားတဲ့နာမည်လေ …
အဲမှာ သူငယ်ချင်းတစ်ယောက်က ဟဲ့ ငါဟို တစ်လောကတောင် တီချယ် calandaer နဲ့တွေ့တယ် အရင်တုန်းကလိုပဲ ဆံပင်နည်းနည်းဖြူနေတာကလွဲလိုပေါ့ဆိုပြီး ဝင်ပြောပြန်ရော ” တီချယ်calandaer ဆိုတာကလည်း calandaer စာရွက်တွေနောက်မှာ စာတွေရေးထားပြီး့ စာသင်ရှင်းခါနီးရင် အဲဒီ calandaer နဲ့ ရှင်းပြတက်လွန်းလို့ပေးထားတဲ့နာမည်ပေါ့ ….”
နွယ်ပင်တို့က ကျောင်းတက်တုန်းက ဆရာမတွေကို နာမည်ပေးကောင်းတာတင်မဟုတ်ဘူး ကျောင်းသူတွေကိုလဲ နာမည်ပေးထားကြတယ်
ဘယ်လောက်ထိ နာမယ်ပေးကောင်းလဲဆိုရင် ကိုယ့် အချင်းချင်းတောင် နာမည်လေးတွေကိုယ်စီနဲ့ပေါ့
အရမ်းပိန်လွန်းတဲ့ သူငယ်ချင်းမလေးကိုတော့ (skeleton) စကယ်လီတန် နောက်စကားပြောရင် အသံလေး အိပဲ့ အိပဲ့နဲ့ပြောတဲ့ သူငယ်ချင်းကိုတော့ အိညောင်မ
နည်းနည်းဝတဲ့ သူငယ်ချင်းကိုတော့ ဘုတ်ဘုတ် ၊ နောက် သူငယ်ချင်းတစ်ယောက်ကတော့ သူ့ကို ခင်ရင် ဘာလုပ်ပေးညာလုပ်ပေးလို့ပြောတက်လွန်းလို့ ခင်လွန်း ၊
နွယ်ပင်ကိုတော့ ရစ်တက် အထွန့်တက်လွန်းလို့ နွယ်ပင်တဲ့ ။
အခု နာမယ်ကြီးနေတဲ့ ချစ်သူ့ဝေက နွယ်ပင်တို့ကျောင်းကပဲလေ သူ့ရဲ့ ဆံပင်က အရင်က ရှည်ရှည်ဖွာဖွာကောက်ကောက်ကြီးဆိုတော့ သူ့ကိုတော့ ဖွားလား
စမိုင်းကလဲ နွယ်ပင်တို့ကျောင်းမှာ (8) တန်းထိတတ်ခဲ့တာဆိုတော့ သူ့ကိုအလွတ်မပေးခဲ့ဘူး သူနာမယ်ပြောင်က အရှည်ကြီး ကျောင်းတက်တုန်းက သူ့အရပ်က နွယ်ပင်တို့ထက်စာရင် တော်တော်ရှည်တယ် နာမယ်လဲ ရှည်တော့ အရှည်ကြီးပေါ့ သူနဲ့ တွဲခဲ့တဲ့ သူငယ်ချင်းကိုတော့ ကျောက်မျက်နှာ မျက်နှာက မာလွန်းလို့
အဲလို နာမယ်ပေးကောင်းခဲ့တာပေါ့ နာမယ်ပေးကောင်းလွန်းလို့ ကျောင်းရုံးခန်းတောင် ရောက်တဲ့ အထိပဲ ။အဲတုန်းကလဲ ဆရာမတစ်ယောက်ကို နာမယ်ပေးပြီးခေါ်တာ
တီချယ်က စိတ်ဆိုးပြီး မိဘခေါ်လို့ ကျောင်းရုံးခန်းကို သူငယ်ချင်းတစ်အုပ်စုလုံး တစ်ပျော်တစ်ပါး မိဘတွေနဲ့တွေ သွားဖြစ်ခဲ့တာလေ အခုတော့ ဒီအကြောင်းလေးတွေပြန်ပြောရင်းနဲ့ ကျောင်းတက်ခဲ့တဲ့ ဆယ်ကျော်သက်ဘဝလေးကို ပြန်လွမ်းနေမိတယ်
ကဲ ရွာသူ /ရွာသားတွေမှာရော ငယ်ငယ်က အမှတ်တရတွေနဲ့ နာမယ်ပြောင်လေးတွေ မရှိကြဘူးလား ။ ရှိရင်လဲ ဝေမျှပေးကြပါဦး ။

PS ။ ။ နာမယ်ပြောင်လေးတွေ မရှိသေးသောသူများအား ဆရာမကြီး နွယ်ပင်မှ နာမယ်လှလှလေးတွေ ပေးနေပါကြောင်း တစ်ခါတည်း အသိပေးအပ်လိုက်ပါတယ် 😛 🙂

30 comments

  • ကြောင်ကြီး

    July 23, 2011 at 12:36 pm

    ကြောင်ကြီးကို ပထမချစ်သူခေါ်တာ ‘မောင်’ ဒုတိယရည်းစားက ‘ကို’ တတိယမြောက်ကြတော့ ‘ဦး’
    သုံးယောက်ပဲထားရန် ဆုံးဖြတ်ထားပါသည်… 😳

    • etone

      July 26, 2011 at 9:13 am

      ဂျစ်ဂျစ်လို့ … ခေါ်ချင်တဲ့ တစ်ယောက်ရှိတယ် … နောက်ဆုံးပိတ် ၊ အိတ်နဲ့လွယ် ဖူးစာ ဆုံချင်လို့ပါတဲ့ .. ရမလား မသိဘူးနော် 😳

      (လမ်းထိပ်က လေးဘက်သွားတဲ့ အဖွားကြီးကပြောတာ ) 😛 😛

  • windtalker

    July 23, 2011 at 12:51 pm

    နာမည်ပေး ဆရာမကြီး နွယ်ပင် မှ မောင်ပေ့ အားနာမည် လှလှ ပေးမည် ဆိုလျှင် မည်သို ့မည်ပုံ ပေးမည်နည်း ဟု စိတ်ဝင်စားမိပါကြောင်း ။

    • နွယ်ပင်

      July 25, 2011 at 9:06 am

      ဟဟ မောင်ပေ ဆိုတော့ မေပေါင် ပေါ့ ခက်ပါဘူးလေ 😛

  • 007James

    July 23, 2011 at 2:16 pm

    မမနွယ်ပင် ကျွန်တော့မှာ နံမယ်ရှိတယ်။ စုံစမ်းပါ။

  • cobra

    July 23, 2011 at 3:43 pm

    နံမယ်..နံမယ်…နံမယ်…
    ဝေးဝေးသွားတေ့ာ….။

  • yaungchikha

    July 23, 2011 at 6:14 pm

    မနွယ်ပင်ရေ……….. ကျနော်လည်း အရင်က ကျောင်းသူဘဝလေးကို သွားသတိရမိတယ်……….

  • yaungchikha

    July 23, 2011 at 6:19 pm

    မနွယ်ပင်ရေ……….. ကျနော်လည်း အရင်က ကျောင်းသူဘဝလေးကို သွားသတိရမိတယ်

  • ရွှေဘိုသား

    July 23, 2011 at 6:21 pm

    ကျွန်တော်.ကို နာမည်ပြောင်ပေး ကြည်.ပါလား မမကြိုးပင် ကောင်းရင်
    ရွာထဲမှာ နံမည်ပေး ကင်ပွန်းတပ် မုန်.ကျွေးမယ်

    • နွယ်ပင်

      July 25, 2011 at 11:02 am

      အမလေး ရွှားဘွေတို ရယ် ဒီလောက်လှတဲ့ နာမယ် နွယ်ပင်ကို
      ကြိုးပင်လို့ ခေါ်ရသေးတယ် ..ရက်စက်ပ သူတို့ကို နာမယ်ပေးပါ့မယ်ဆိုမှ
      ကိုယ့်ကိုပဲ ပြန်ပေးနေကြပါလား …….. 🙁

  • nature

    July 23, 2011 at 6:31 pm

    ဒါက အရင်ကမို့လို့ နွယ်ပင်ဖြစ်တာ။ နာမည်ကသိပ်မသိသာဘူး။ နွယ်ပင်ကို အခု ဂျပန်မူလီ လို့ နာမည်ပြောင်းပေးမယ်။ 🙂 🙂 ကျနော့်ကိုတော့ ချမ်းသာပေးနော်။

    • နွယ်ပင်

      July 25, 2011 at 9:02 am

      ဒီလောက်လှတဲ့ နာမယ် နွယ်ပင်ကို သူမို့ပြောရက်တယ် ဂျပန်မူလီ တဲ့ 🙁

  • မမလေး

    July 23, 2011 at 9:40 pm

    ရှိတယ် ရှိတယ် … ပေါက်စီလို့ခေါ်တယ် … ပေါင်မုန့်လို့လည်းခေါ်ကျတယ် … ဘဲဥလို့လည်း ခေါ်ကြတယ် …

  • အာဂ=ဘာရမလဲငါကွ=ငါကွ
    နွယ်ပင်=ရစ်မမ
    အီးတုံ=တုံမမ
    ဆူး=ဆမူးမူး

    ချာတူးလန်=ချန်တာလူး
    အန်ကယ်ဂျီး=အီးကယ်ဂျန်(ကိုရီးယားမင်းသား)
    ဝင်းတော်ကာ=လောပေပေ
    ရွှေမင်းသား=လားမင်းသား
    သူရဿဝါ= ငါရအသားဝါ
    မောင်ကင်း=ကောင်မင်းမင်း
    ကိုရဲ=ကဲယို
    ရွှေဘိုသား=အဇေယောင်
    kai= ကိုကိုကိုင်
    မိုက်ကယ်ဂျော်နီအောင်ပု=ပုမမ
    ကြောင်ကြီး=တေးကလူ
    nature=သဘာဝ
    ကျန်နေသူများ စိတ်မဆိုးပါနဲ့ ဆက်ရန်ရှိသေးပါသည်။

    • pan pan

      July 25, 2011 at 8:54 am

      ကင်မရာတစ်လုံးနဲ့ ခရီးအတော်ရောက်တဲ့ လေးပေါက်…..

    • နွယ်ပင်

      July 25, 2011 at 9:05 am

      အင် လောက်လောက်ပေးပြောတော့ နွမယ်မယ် ဆို အခုတော့ ရစ်မမ
      ဘယ်လိုဖြစ်သွားတာတုန်း …

      • pan pan

        July 25, 2011 at 9:11 am

        မနွယ်ပင်ရေ…လေးပေါက်အစားဖြေပေးလိုက်မယ်နော်
        နွယ်ဆိုသည်မှာ ရစ်တတ် ပတ်တတ်သောသဘောရှိ၏။
        ထို့ကြောင့် နွယ်ပင်ဟု အမည်ခေါ်တွင်သော တွံ=သင်သည် ရစ်မမဖြစ်သည်ဟု အဟံ=ကျွန်ုပ်ဆိုလို၏။
        😀 😛 😀

    • R Ga

      July 25, 2011 at 2:48 pm

      ဒါမှာ ကျွန်တော်တို့ လောက်ပေးပေးကွ

  • 007James says:

    မမနွယ်ပင် ကျွန်တော့မှာ နံမယ်ရှိတယ်။ စုံစမ်းပါ

    ကျုပ်တို့ တောသားပီပီခေါ်လိုက်မယ်နော်
    မိုင်နိမ်းအစ်စ် ဘွမ်း ဂျိန်းစဘွမ်း…………………………………

  • manawphyulay

    July 24, 2011 at 4:16 pm

    ဒါဆိုရင် ညီမလေးနွယ်ပင်ရေ… မမကို နာမည်လှလှလေးတစ်ခုလောက် …..

    • နွယ်ပင်

      July 25, 2011 at 10:58 am

      မနောဖြူလေး ဆိုမှတော့ လှပြီးသားနာမယ်ပဲ
      ပေးစရာလိုပါဦးမလား အစ်မရယ် ..
      တော်ကြာ နွယ်ပင် ပေးလိုက်တော့မှ မလှမပကြီးဖြစ်နေပါဦးမယ် …

      • ကြောင်ကြီး

        July 25, 2011 at 11:18 am

        ဒီလောက်လိုချင်နေမှတော့ ပေးလိုက်ပြီ နာမည်…. မနေဖြူးလော 😛

        • manawphyulay

          July 25, 2011 at 11:32 am

          ဟီး…………. တော်သေးတာပေါ့ မနူဖြော… မနောဖြူဆိုပြီး မပြောလို့.. မနေဖြူးဆိုတော့ နေရင် ဖြူးလား… ဦးကြောင်….

  • Snowy

    July 25, 2011 at 10:55 am

    နာမည်ပြောင်တွေကိုတော့ State မှာကော Uni မှာပါသူများတွေကိုလဲပေးတယ် … ကိုယ့်ကိုလဲသူများတွေ ကပေးထားမှာပဲ ကိုယ့်ရှေ့မှာတော့ဘယ်ခေါ်မလဲနော် ဟီးဟီး 😛

  • virus

    July 25, 2011 at 6:45 pm

    virusအတွက်ပြောပေးပါ

    • နွယ်ပင်

      July 26, 2011 at 8:59 am

      virus ကို နွယ်ပင်အစား လောက်လောက်ပေးက နာမယ်လှလှလေးပေးထားပါကြောင်း……….

  • naywoonni

    July 25, 2011 at 9:12 pm

    နေဝန်းနီ ရုံးမှာလုပ်နေတုန်းက ရထားတဲ့ နာမယ်က တော်တော်ဆိုးတယ်..။ မြွေပွေးတဲ့…။ အဲ အတူတူသောက်ဖော်သောက်ဖက် ကိုငွေစိုးဆိုတဲ့သူ ကျတော့ မြွေဟောက်တဲ့….။ အဲ…..မြွေနှစ်ကောင်ပေါ့…။ နေဝန်းနီတို့ နှစ်ယောက်ပေါင်းမိရင် အကုန်လုံးက ကြောက်ကြတယ်…။ မြွေပွေးက အောက်ခြေကိုတာဝန်ယူသလို မြွေဟောက်က အပေါ်ကနေဆီးပေါက်တာလေ………..။

  • virus
    အတွက် နာမယ်လှလှပေးမယ်ဆိုရင်
    ဇူးရစ် လို့ပေးလိုက်ပါမယ်ကွယ်
    အဲလိုဘာလို့ပေးလိုက်လဲ မေးရင်တော့ …………………………

  • intro

    July 26, 2011 at 3:05 pm

    intro ကျတော့ရော… 🙂

    • နွယ်ပင်

      July 26, 2011 at 4:40 pm

      အိုထရင်ပေါ့ ဒါမှမဟုတ် မြန်မာလို လှလှလေးဆိုရင်တော့ နီဒါန်းပေါ့ .. 😛

Leave a Reply