Blog ရေးသားခြင်း၏ အကျိုးကျေးဇူးများ

ကမ္ဘာပေါ်မှာရှိတဲ့ လူ သန်းနဲ့ချီပြီး အင်တာနက် စာမျက်နှာတွေပေါ်မှာ blog တွေ ရေးကြတယ်။ ကျွန်တော်တို့လည်း blog တွေ ရေးကြတယ်။ ဘာကြောင့် ရေးကြတာလဲ ? ဘာရည်ရွယ်ချက်နဲ့ ရေးကြတာလဲ ? တစ်ချို့က သူတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေကို ကြော်ငြာဖို့အတွက် ရေးကြတယ်။ တစ်ချို့ကြတော့ သူတို့ရဲ့ ဗဟုသုတ တွေကို မျှဝေဖို့အတွက် ရေးသားကြတယ်။

ကျွန်တော့်ရဲ့ http://anzartone.wordress.com/ ဆိုတဲ့ blog ကိုတော့ ဗဟုသုတ တွေ မျှဝေဖို့အတွက်ရော၊ ကျွန်တော့်အတွက် မှတ်စုစာအုပ် အနေနဲ့ပါ ရေးရခြင်း ဖြစ်ပါတယ်။ blog ဆိုတာက website နဲ့ မတူပါဘူး။ ဘာတွေ ခြားနားသလဲ ဆိုရင် website က update လုပ်ပေးဖို့ သိပ်ပြီး မလိုအပ်ပေမယ့် blog ကတော့ နေ့စဉ် update မလုပ်နိုင်ခဲ့ရင်တောင် နှစ်ရက်ခြား သုံးရက်ခြား update လုပ်ပေးဖို့ လိုအပ်ပါတယ်။ နာမည်ကျော် ဝက်ဘ်ဆိုက်ကြီးတွေဟာ သူတို့ရဲ့ သတင်းတွေကို၊ သူတို့ရဲ့ ထုတ်ကုန်တွေ အကြောင်းကို ဆွေးနွေး ဝေဖန်ဖို့ blog တစ်ခုကို ထားလေ့ ရှိကြပါတယ်။

အဲဒီလို blog တွေရေးတာ ဘာတွေများ အကျိုးထူးသလဲဆိုရင် –

၁။ စာအရေးအသား စွမ်းရည် မြင့်တက်လာစေတယ်။
blog ရေးတဲ့အခါမှာ အရေးကြီးဆုံး အချက်တွေထဲမှာ စာအရေးအသား ကောင်းဖို့ တစ်ချက် ပါဝင်ပါတယ်။ စာ အရေးအသား ကောင်းမှ အောင်မြင်တဲ့ blogger တစ်ယောက် ဖြစ်လာပါလိမ့်မယ်။ တကယ်လို့ စာ အရေးအသား မကောင်းဘူး ဆိုရင်လည်း ကိစ္စမရှိပါဘူး။ ကိုယ့်ရဲ့ blog မှာ အကြောင်းအရာတွေကို ရေးရင်း ရေးရင်းနဲ့ တဖြည်းဖြည်း အရေးအသား ကောင်းလာစေပါလိမ့်မယ်။

၂။ ဗဟုသုတ တွေလည်း တိုးလာစေတယ်။
blog မှာ ဘာပို့စ်တွေ တင်မလဲ ? ကိုယ့်ရဲ့ blog ဟာ နည်းပညာ ဦးစားပေး ရေးထားတယ်ဆိုရင် အခြား နည်းပညာ blog တွေဆီမှာ သွားပြီး ဖတ်ရမယ်။ အတုယူရမယ်။ ခိုးချတာတော့ မဟုတ်ဘူးပေါ့ 🙂 အဲဒီလို ဖတ်ရင်းနဲ့ပဲ knowledge တွေ တစ်နေ့တစ်ခြား တိုးပွားလာစေပါတယ်။

၃။ ကိုယ့်ရဲ့ နာမည်ကိုလည်း လူသိများစေတယ်။ နာမည်ကျော်စေတယ်ပေါ့ 🙂
ကိုယ့်ရဲ့ blog မှာ တင်တဲ့ post တွေက လာဖတ်တဲ့သူတွေအတွက် အကျိုးရှိစေမယ်၊ ဗဟုသုတ ရစေမယ်ဆိုရင် တဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့ blog ကို လာဖတ်တဲ့သူတွေ များလာပါလိမ့်မယ်။ ဒါကပဲ ကိုယ့်နာမည်ကို လူသိများစေတဲ့ အချက်ဖြစ်ပါတယ်။ ဒီနေရာမှာ ကြိုးစား အားထုတ်မှုကြောင့် လူသိများလာတဲ့ blogger တစ်ယောက်ကို ပြောချင်ပါတယ်။ သူက နိုင်ငံခြား blogger တစ်ယောက်ပါ။ မြန်မာတွေ အနေနဲ့ကတော့ သိကြမှာ မဟုတ်ပါဘူး။ သူ့ရဲ့ နာမည်က Onibalusi bemedele ဖြစ်ပါတယ်။ သူ့ရဲ့ blog ကတော့ poor fatherless kid (သနားစရာ အဖမဲ့ ကလေး) ဖြစ်ပါတယ်။ guest blogging king လို့ လူသိများပါတယ်။

၄။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစေတယ်။
ဒါကတော့ blog ရေးခြင်းကနေ ရရှိလာတဲ့ အကြီးမားဆုံး အကျိုးတရားပါပဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစေတယ်။ ဟုတ်ပါတယ်။ ကိုယ့်ရဲ့ blog ကို လာဖတ်တဲ့ သူတွေက ကိုယ်တင်ထားတဲ့ post တွေကို ဖတ်ပြီး comment တွေ ပေးသွားကြတယ်။ ကိုယ့်ရဲ့ အမြင်ကို အသိအမှတ်ပြုပြီး၊ သူတို့ရဲ့ အမြင်ကိုလည်း comment ပေးသွားကြတဲ့အခါ blogger တစ်ယောက်ဟာ အားတွေ ရှိလာစေသလို၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြည့်ဝလာစေပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ blog ရေးသားခြင်းရဲ့ အကျိုးကျေးဇူးတွေကို နိုင်ငံခြား blog တစ်ခုကနေ ကောက်နုတ် တင်ပြခြင်း ဖြစ်ပါတယ်။ သူရေးထားတဲ့ အကျိုးတရားတွေကတော့ ၈ ခုပါပဲ။ ဒါပေမယ့် တစ်ချို့ဟာတွေက ကျွန်တော်တို့ မြန်မာအနေနဲ့ သိပ်ပြီးတော့ မကိုက်ညီသေးပါဘူး။ ဆိုကြပါစို့။ blog ရေးသားခြင်းက money တွေကိုလည်း ရစေတယ် ဆိုတဲ့ အချက်ကို စဉ်းစားကြည့်မယ်ဆိုရင် ကျွန်တော်တို့ မြန်မာပြည် အနေနဲ့က အဲဒီလိုမျိုး ဖွံ့ဖြိုးမှု မရှိသေးဘူးလေ။ ဒါကြောင့် ချန်လှပ်ထားခဲ့ရတာပါ။
အပြည့်အစုံ ဖတ်ချင်တယ် ဆိုရင်တော့ ဒီနေရာကို သွားပါဗျာ။

post by Anzartone
(http://anzartone.wordress.com/)

14 comments

  • MOEPWINTPHYU

    July 23, 2011 at 3:12 pm

    ဟုတ်ပါတယ်တောက်ခံပါတယ် ပက်ပက်စက်စက်တောက်ခံပါတယ်

  • manawphyulay

    July 23, 2011 at 3:40 pm

    ဟုတ်ကဲ့ပါရှင်။ ကွန်နက်ရှင်မကောင်းလို့ မသွားတော့ပါဘူးနော်…. 😛

  • ရွှေဘိုသား

    July 23, 2011 at 6:42 pm

    ပို.စ်လည်းတင်ပြီးသားဖြစ် ကြော်ငြာပြီးသားလည်းဖြစ်
    နောက်ပိုင်း ရွာထဲမှာ ပညာရှိတွေများလာတယ်နော်

  • mandalarthu

    July 23, 2011 at 8:20 pm

    So interesting article this is!Thanks for sharing us.I’d like to know more about benefits of blogging.Please share us more.

  • windtalker

    July 23, 2011 at 9:52 pm

    ပိုက်ဆံ ရတဲ ့အနေအထား တစ်ခု ဆိုတာ ဖြစ်လာတော့မှာ မို ့
    မကြာမှီ မျှော် ……………. ။

  • @leprechaun

    July 24, 2011 at 1:49 am

    Blogging လုပ်တာက ၂၁ ရာစုရဲ့ အင်တာနက် အသုံးပြုသူတွေ စိတ်ဝင်စားလာတဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက Blogging ဆိုတာက အင်တာနက်ကို အရူးအမူး စွဲလန်းတဲ့ သူတွေလောက်သာ စိတ်ဝင်စားခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းက အင်တာနက် သုံးသူ တော်တော်များများက ချက်ဖို့လောက်သာ သုံးကြတာပါ။ ဒါပေမယ့် ခုလို ၂၁ ရာစုမှာတော့ ချက်နေတာက အဲဒီလောက် ရင်ခုန်စရာ မကောင်းတော့ဘူလေ။ ဒါပေမယ့် Google plus ထွက်လာတယ်။ ဒါကြောင့် Blogging နဲ့ Social Network တွေကြားမှာ အင်တာနက် အသုံးပြုသူတွေ လူးလားခေါက်ပြန် ဖြစ်တော့မှာတော့..အင်း..

  • moethidasoe

    July 24, 2011 at 9:51 am

    ခြောက်မျက်နှာကိုယ်တော်ကို ကျေးဇူးတင်ပါတယ် .. ဒီ့ နောက်ဆက်တွဲကလဲ windtalker (လေပါးစပ်လို့ ပြောရင် ရလားမသိ) က ရှင်းပြီးသား .. အကျိုး များများ ရှိပါတယ် လို့
    အကျိုးရှိအောင်တော့ သုံးဖို့ လိုမယ် .. ရန်များမယ့် အကြောင်းအရာတွေ ရှောင်ပေါ့

    • moethidasoe

      July 24, 2011 at 3:45 pm

      သားသားပဲ ရေးထားတယ်လေ .. ပိုက်ဆံရမယ့် အနေအထားတခု ဖြစ်လာတော့မယ် ဆိုတာ
      အဲဒီအချက်ကို ထောက်ခံလိုက်တာ ..
      လေပါးစပ်လို့ ရေးလိုက်တာက ရယ်စရာလေး ဖြစ်ချင်လို့ရယ် … သားသားက ဘယ်လို အဓိပ္ပါယ်နဲ့ ရေးတယ်ဆိုတာကို သိချင်လို့ အစဖော်ကြည့်တာ

  • windtalker

    July 24, 2011 at 12:51 pm

    အမ် သား က ဘယ်တုန်းက ရှင်းခဲ့တာလဲ ဟင် ဖွားသီတာစိုး
    ဖွားစိုး ကွန်မင့် ကို နားမလည်ဘူးကော
    windtalker ဆိုတာ နီကိုးလပ်ကေ့ရှ် ရဲ ့ စစ်ကား နာမည် ပါ ဗျာ
    အဲဒီ့ ဇါတ်ကား ၊ ဇါတ်လမ်း ကို ကြိုက်လို ့ နာမည်ယူထားတာပါ
    လေပါးစပ် တော့ မလုပ်ပါနဲ ့
    သားက ဗမာလို ပဲ တိုက်ရိုက်ပြန်ယူထားတာပါ
    wind = လေ ၊ talker = ပြောသူ ။

  • Thaw Zin Loikaw

    July 24, 2011 at 2:40 pm

    မြန်မာမှာမဟုတ်သေးတာတော့သေချာတယ် ဘာပဲဖြစ်ဖြစ် စာရေးနေရရင်ပျော်နေသူတွေအတွက်တော့ Blogဆိုတာလည်း ဆေးတစ်ပါးပဲမဟုတ်လား

  • shweaeimsi

    July 25, 2011 at 10:45 am

    စီပိုးထက်ဆိုးတာတော့သေချာတယ်….
    မရေးရရင်မနေနိုင်ဘူးလေ

  • moonpoem

    August 11, 2011 at 4:15 pm

    ဘာပဲဖြစ်ဖြစ် ဘလော့ဂ်တွေ ရေးရတာ အားတက်စရာပဲပေါ့။

  • manawphyulay

    February 22, 2012 at 11:58 am

    blog ရေးသားခြင်းက money တွေကိုလည်း ရစေတယ် ဆိုတဲ့ အချက်ကို စဉ်းစားကြည့်မယ်ဆိုရင် ပါလား..

    အင်း ရစေတဲ့အပြင် money လည်း သောက်သောက်လဲကုန်စေပြီး ဘလော့ဂ်ရူးရောဂါလည်း စွဲကပ်သွားစေပါတယ်ဆိုတာလေးလည်း ထည့်ပြောပေးပါဦး ဆရာရယ်…

    http://www.manawphyu.net
    http://www.hlayamin.com နှစ်ခုနဲ့တင် ရူးနေတဲ့သူတစ်ဦး

Leave a Reply