တစ်ပါတ်စာ…အမောပြေဟာသ

(၁) ကူညီပါ့မယ်
(၂) မတိုင်နဲ့လေ
(၃) နောက်ဆုံးပေါ်အိမ်သားသုံးစက္ကူ
(၄) လူစကား
(၅) မြန်မြန်ပြန်တော့
(၆) နောင်တ
(၇) ဘယ်အချိန်လာရမလဲ
(၈) ဘာမှမရှိဘူး
(၉) အကြံကောင်း
(၁၀)မင်းရဲ. အတွေး အခေါ်ကို ကြိုက်တယ်

*******************************************************************************
(၁) ကူညီပါ့မယ်

ဟင်းသီးဟင်းရွက်သည်ကို အဘွားကြီးကပြောသည်

“အားလူးငါးပိဿာဝယ်မလို့ သမီးရယ်။ ဒါပေမယ့် မသယ်နိုင်မှာ စိုးတယ်ကွယ်။”

“မပူပါနဲ့ အဘွား။ အဘွား သယ်နိုင်အောင် ကျွန်မချိန်ပေးလိုက်ပါ့မယ်”
*********************************************************************************

(၂) မတိုင်နဲ့လေ

အိမ်ထောင်ပရိဘောဂဆိုင်သို့ လူကြီးတစ်ယောက် ဝင်လာပြီး ဆိုင်ရှင်ကို
မကျေမနပ် ပြောသည်။
“မနေ့က ခင်ဗျားဆိုင်က ကျွန်တော် ကုလားထိုင်ဝယ်သွားတယ်။ ဒီနေ့ ကျိုးသွားပါပကော။”

“မဟုတ်မှလွဲရော၊ တစ်ယောက်ယောက် တက်ထိုင်လိုက်ပြီ ထင်တယ်။”
*********************************************************************************
(၃) နောက်ဆုံးပေါ်အိမ်သားသုံးစက္ကူ

ကမ္ဘာ့အကောင်းဆုံး အိမ်သားသုံးစက္ကူ ပြိုင်ပွဲကျင်းပသည်။ အမေရိကန်
ကိုယ်စားလှယ်က ခလုတ်ကို နှိပ်လိုက်သည်။ စက္ကူလိပ် အလိုအလျောက် လည်လာပြီး
လိုသလောက် ဖြတ်ပေးသည်။ ပရိသတ်အားလုံး အံ့ဩတကြီး လက်ခုပ်တီး
ဩဘာပေးကြသည်။

ပြင်သစ်ကိုယ်စားလှယ် မိမိနိုင်ငံထုတ်စက္ကူကို ပြသည်။ စက္ကူသည် Channel No.5
ရေမွှေးကဲ့သို့ သင်းပျံ့ထုံကြိုင်နေသည်။ ပရိသတ်များ အလုအယက် နမူနာ
တောင်းကြသည်။

ဂျပန်နိုင်ငံမှ ကိုယ်စားလှယ် စင်မြင့်ပေါ်မှ ဆင်းလာပြီး အကဲဖြတ်
ဒိုင်လူကြီးများကို ဆေးပြားတစ်ပြားစီ ပေးသည်။ ဒိုင်လူကြီးများ နေရာမှ
ထသွားကြသည်။

“ဘယ်လိုလဲ၊ ဘယ်နှယ့်လဲဟင်”

“ထုပ်ပိုးပြီးသား အိတ်ကလေးနဲ့ ပြန်ထွက်လာတယ်။ အံ့ရော”
**********************************************************************************
(၄) လူစကား

လူစကားပြောတတ်သော ကြက်တူရွေးကို မိန်းမကြီး ဝယ်လာသည်။
အိမ်သို့ရောက်ရောက်ချင်း ကြက်တူရွေးကို ပြောသည်။

“ငါပြောတဲ့အတိုင်း လိုက်ပြောစမ်း၊ ကျွန်ုပ်သည် လူဖြစ်သည်။ လူစကားကို
ပြောတတ်သည်လို့”
ကြက်တူရွေးက အံ့ဩတကြီး ပြန်မေးသည်။

“ဘာ ဘာ. ခင်ဗျားလည်း လူစကား ပြောတတ်တယ် ဟုတ်လား”

****************************************************************************

(၅) မြန်မြန်ပြန်တော့

လူတစ်ယောက် ခရစ်ယာန် ဘုန်းတော်ကြီးဆီမှာ အပြစ်ဝန်ခံနေသည်။
လူ ။ ။ဖားသား တပည့်တောအပြစ်ဝန်ခံချင်လို့ပါ။

ဘုန်းတော်ကြီး။ ။ပြော … ငါ့သား

လူ ။ ။ကျွန်တော် တနေ့ကသူငယ်ချင်းတစ်ယောက်အိမ်သွားလည်တာ
သူငယ်ချင်းလည်းမရှိဘူး….မိန်းမပဲရှိတယ်။ ဒါကြောင့် မကောင်းပါဘူးဆိုပြီးပြန်မယ်လည်းလုပ်ရော
ရုတ်တရက်မိုးကရွာပါလေရော။ ခက်တာက ကျွန်တော့်မှာ ထီးကလည်းမပါဘူး။ဒီတော့ မိုးကလည်းရွာ
ထီးကလည်းမပါနဲ့ သူငယ်ချင်းမိန်းမနဲ့ မှားပါလေရော။

ဘုန်းတော်ကြီး။ ။အင်းလေ … ပြန်ချင်စိတ်ရှိပါလျက် မိုးကလည်းရွာ
ထီးကလည်းမပါဆိုတော့သိပ်ပြီး အပြစ်မရှိပါဘူး…….

လူ ။ ။တနေ့က ခယ်မအိမ် အလုပ်ရှိလို့သွားတာ ခယ်မခင်ပွန်းကလည်းမရှိဘူး၊
ဒါနဲ့ပြန်မယ်လည်းလုပ်ရောမိုးကရွာပါလေရော၊ ကျွန်တော်လည်း ထီးလည်းမပါဘူး၊ ဒီတော့
မိုးကလည်းရွာထီးကလည်းမပါနဲ့
ခယ်မနဲ့ မှားခဲ့ပါလေရော။

ဘုန်းတော်ကြီး။ ။အင်းလေ … ပြန်ချင်စိတ်ရှိပါလျက် မိုးကလည်းရွာ
ထီးကလည်းမပါဆိုတော့ သိပ်ပြီး အပြစ်မရှိပါဘူးလေ။

လူ ။ ။ဟိုနေ့ကလည်း ယောက္ခမအိမ်သွားတော့ မိန်းမရဲ့မောင်ကလွဲ့ပြီး ဘယ်သူမှမရှိဘူး။
အဲဒီကောင်ကလည်းအမတွေနဲ့နေပါများလို့ နည်းနည်းခြောက်နေတယ်။
ပြန်မလို့လည်းပြင်ရော ထုံစံအတိုင်း မိုးကရွာ ထီးကလည်း
မပါနဲ့ မိန်းမရဲ့မောင်နဲ့ မှားခဲ့မြိ ပန်ရော။

ဘုန်းတော်ကြီးက အနည်းငယ်ကြောက်ရွံ့သော အသံနှင့်ပြောသည်။

ဘုန်းတော်ကြီး။ ။ အခုကောထီးပါလား?

လူ ။ ။မပါဘူးလေ … ဘာဖြစ်လို့လဲ ?

ဘုန်းတော်ကြီး။ ။မိုးအုံ့နေပြီ မြန်မြန်ပြန်တော့ ။

*****************************************************************************
(၆) နောင်တ

“လက်မထပ်ခင်တုန်းက ငါ့မိန်းမကို ငါဘယ်လောက် ချစ်သလဲဆိုရင် တစ်ခါတလေ
သူ့ကို ကိုက်စားချင်စိတ် ပေါ်မိတယ်”
“အခုကော”

“မစားလိုက်မိတာ မှားလေခြင်းလို့ နောင်တရတယ်”

*****************************************************************************
(၇) ဘယ်အချိန်လာရမလဲ

ဈေးမဝယ်ဖူးသော အမျိုးသားတစ်ယောက် ဈေးဝယ်ထွက်လာသည်။

အမျိုးသား – အမကြီး ခရမ်းသီး တစ်လုံး ဘယ်လောက်လဲ

ဈေးသည် – မောင်လေး ခရမ်းသီးက အချိန်နဲ့ ရောင်းတာကွဲ့

အမျိုးသား – အဲ့ဒါဆို ကျွန်တော် ဘယ်အချိန် လာဝယ်ရမလဲ?

********************************************************************************
(၈) ဘာမှမရှိဘူး

လူတစ်ယောက် စားသောက်ဆိုင်သို့ ဝင်လာပြီး စားပွဲထိုးကို မေးသည်

“ခင်ဗျားတို့ဆီမှာ ငါးဟင်းရလား”
“မရပါဘူး”

“အမဲနှပ်ရော”
“မရှိပါဘူး”

“ဟင်းသီးဟင်းရွက်ကြော်ကော”
“အဲဒါလည်း မရှိပါဘူး”

ယောက်ျားကြီး စိတ်ပျက်ပြီး ဆိုင်ထဲမှထွက်လာသည်။ နောက်မှ စားပွဲထိုး
ပြေးလိုက်လာပြီး အော်ပြောသည်။

“ကျွန်တော်တစ်ခု ပြောဖို့ မေ့သွားပါတယ်။ ကျွန်တော်တို့ဆိုင်မှာ
ဝက်သားဟင်းလဲ မရပါဘူး”

*******************************************************************************
(၉) အကြံကောင်း

အရက်ဆိုင်ပိုင်ရှင်ကို ဧည့်သည်က ပြောသည်

“ခင်ဗျားတို့ဆိုင်က တစ်နေ့တစ်နေ့မှာ စည်ဘီယာ ဘယ်နှစ်လီတာ ရောင်းရသလဲ”

“လီတာ ၂၀ဝ လောက်ပါ”

“တစ်နေ့ကို လီတာ ၃၀ဝ လောက် မရောင်းရချင်ဘူးလား”

“ရောင်းချင်တာပေါ့ဗျာ. နည်းရှိရင် မစပါလား”

“ဖန်ခွက်ထဲကို ဘီယာ အပြည့်ထည့်”

************************************************************************************
(၁၀)မင်းရဲ. အတွေး အခေါ်ကို ကြိုက်တယ်

မင်းရဲ. အတွေး အခေါ်ကို ကြိုက်တယ်
ဆရာမ – ခြံစည်းပေါ်မှာ ငှက် ၅ ကောင် နားနေတယ်။ တကယ်လို. တယောက် က သေနတ်နဲ. တချက် ပစ်လိုက်ရင်။
ငှက်ဘယ်နှကောင် ကျန်မလဲ။ ကဲ ဂျော်နီ ဖြေစမ်း။

ဂျော်နီ – ဘယ်နှကောင်မှ မကျန်ပါဘူး။ သေနတ်ဖောက်လိုက်တာနဲ. အားလုံး ထပျံကုန်မှာပါ။
ဆရာမ – အဖြေ မှန် က ၄ ကောင်ပါ။ မင်းအဖြေက မှားပေမယ်. မင်းရဲ. အတွေး အခေါ်ကို ကြိုက်တယ်။

ဂျော်နီ – ဒါဆို ဆရာမ ကို ကျွန်တော် မေးခွန်းတခုမေးမယ်နော်။
ဆရာမ – အင်း မေး။

ဂျော်နီ – အမျိုးသမီး ၃ ယောက် ခုံတန်းရှည်ပေါ်မှာ ရေခဲမုန်.ထိုင်စားနေကျတယ်။ ပထမတစ်ယောက် က
ရေခဲမုန်. ကို ဘေးကနေ လျှာ နဲ. လျှက်နေတယ်။ ဒုတိယ တစ်ယောက် ရေခဲမုန်.ကို အပေါ်က နေ အားရပါးရ စုပ် နေတယ်။
တတိယ တစ်ယောက် က ရေခဲမုန်.ကို ကိုက်စားနေတယ်။ ဘယ်တယောက်က အိမ်ထောင်သည် လို.ထင်လဲ ဆရာမ။

ဆရာမ က ရှက်ရှက် နှင်.
ဆရာမ – အပေါ်က နေ အားရပါးရ စုပ် နေတဲ. သူက အိမ်ထောင်သည် ပေါ.ကွယ်။

ဂျော်နီ – မှားတယ်ဆရာမ ၊ သူတို.ထဲ က လက်ထပ် လက်စွပ်ရှိတဲ.သူ က အိမ်ထောင်သည် ပါ။
ဒါပေမယ်. ကျွန်တော် ဆရာမ အတွေးအခေါ်ကို သဘောကျတယ်။

******************************************************************************

6 comments

  • MOEPWINTPHYU

    July 23, 2011 at 3:08 pm

    ဝင်ရောက်ဖတ်သွားပါတယ် ကြိုက်တယ် နံပါတ်စဉ်တတ်ပြီးရေးတာကောင်းမယ်လို အကြံပြုပါရစေ
    မြန်မြန်ပြန်တောကိုကြိုက်တယ်

  • naynaykyaw

    July 23, 2011 at 5:52 pm

    ရယ်ရပါတယ် နောက်ဆိုဟာသကို ပုံလေးတွေနဲ့ပါ သရုပ်ဖော်ပေးရင်ကောင်းမယ်

  • windtalker

    July 23, 2011 at 8:22 pm

    စားသောက်ဆိုင် တစ်ဆိုင် အတွင်းတွင် ဖြစ်သည် ။
    မှာထားသော စားစရာများ ရောက်မလာသေးသဖြင့် စိတ်မရှည် တော့သော ကိုဘမောင် သည် မန်နေဂျာ ကို ခေါ ်လိုက်ပြီး ပိုက်ဆံ အချို ့ ထုတ်ပေးလိုက်သည် ။
    ` ရော့…ကျုပ် ဝိုင်း ကို စားပွဲထိုးတဲ့ မိန်းမ အတွက် ´
    ` ဘာလဲ ဗျ…..ခင်ဗျားကြည့်ရတာ သူ ့ကို ကျ သွားပြီ ထင်ပ ´
    ` မဟုတ်ဘူး ၊ သူ ့အတွက် လွမ်းသူ ပန်းခွေ ဝယ်ဖို ့ပေးတာ ´

  • မမလေး

    July 23, 2011 at 9:34 pm

    တိုတိုလေးနဲ့ ရယ်ရတဲ့ ဟာသကိုပိုကြိုက်တယ် … အရှည်ကြီးဖတ်ရတာ ပျင်းလို့ 🙂

  • moethidasoe

    July 24, 2011 at 3:22 pm

    အိမ်သာစက္ကူက မဖတ်ဖူးသေးဘူး .. ကျေးဇူး

  • pan pan

    July 25, 2011 at 10:16 am

    တချို့ဟာတွေက ဖတ်ပြီးသားတွေဖြစ်ပေမယ့် မဖတ်ရသေးတာတွေလည်းပါပါတယ်
    အဲဒါလေးတွေကလည်း တိုတိုလေးတွေနဲ့ ရပါတယ်
    အမောပြေ တောရည်လေးကို ဒီတပတ်လည်း လာသောက်သွားပါကြောင်း…..

Leave a Reply