(၃)စင်းမြောက် Bell 212 ထိုင်းရဟတ်ယာဉ် မြန်မာနယ်စပ်၌ ပျက်ကျ

ဂ်စ္စူJuly 24, 20112min1124

 

ဒီနေ ့အပါအဝင် တစ်ပတ်အတွင်း ထိုင်းတပ်မတော်ပိုင် ရဟတ်ယာဉ် (၃) စင်း ပျတ်ကျခဲ့ပါတယ်။သူကြီးပို ့စ် အောက်က Comment တွေမှာတော့ အရင် က ပျက်ကျခဲ့တဲ့ သတင်းတွေ ရှိပါတယ်။သို ့သော် အရင်က ပျက်ခဲ့တဲ့ လေယာဉ်အကြောင်း ပါ ထပ်တင်ပေးလိုက်ပါတယ်။။အောက်တွင်ဖတ်ရှုပါလေ။


..


..

..

 

၃ စင်းမြောက် ထိုင်းရဟတ်ယာဉ် မြန်မာနယ်စပ်မှာ ပျက်ကျပြန်

ထိုင်းတော်ဝင် လေတပ်မှ Bell 212 (ဓာတ်ပုံ – Flickr)

တပတ်အတွင်းမှာ ၃ စင်းမြောက်အဖြစ် Bell 212 ရဟတ်ယာဉ် တစင်း ထိုင်း-မြန်မာ နယ်စပ်မှာ ထပ်ပြီး ပျက်ကျပြန်ပြီလို့ ထိုင်းစစ်တပ်က ပြောလိုက်ပါတယ်။ ဇူလိုင်လ ၁၆ ရက်နေ့မှာ တစင်းဇူလိုင်လ ၁၉ ရက်နေ့မှာ ဘလက်ဟော့ခ် ရဟတ်ယာဉ် တစင်း ပျက်ကျခဲ့ပြီး ပါသွားသူအားလုံး သေဆုံးခဲ့ပါတယ်။

စစ်တပ်က ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး ဆန်စန်း ကဲအိုကမ်နာ့ဒ်က ဒီနေ့ပျက်ကျတဲ့ ရဟတ်ယာဉ်ဟာ ဘလက်ဟော့ခ်ပျက်ကျလို့ သေဆုံးသွားသူတွေရဲ့ အလောင်းကို သွားသယ်ရင်း ပျက်ကျတာပါလို့ ပြောပါတယ်။

သစ်ခိုးခုတ်တာတွေကို သွားဖမ်းတဲ့ လေယာဉ်ဟာ ဇူလိုင်လ ၁၆ ရက်မှာ မြန်မာနယ်စပ်အနီး ပျက်ကျတယ်။ အဲဒီပျက်ကျရာမှ သေဆုံးသူ ၅ ဦးကို သယ်ယူဖို့ သွားတဲ့ ဘလက်ဟော့ခ်ဟာ ပျက်ကျပြီး ၉ ဦးသေဆုံးတယ်။ ပျက်ကျတဲ့ ဘလက်ဟော့ခ်ကို မြန်မာစစ်တပ်အကူအညီနဲ့ ထိုင်းစစ်တပ်က ရှာဖွေခဲ့ရပါတယ်။ အခုတခါ အဲဒီသေဆုံးသူ ၉ ဦးကို အလောက်သွားကောက်တဲ့ ရဟတ်ယာဉ် ထပ်ပျက်ကျပြန်တာ ဖြစ်ပါတယ်။

ဒီနေ့ပျက်ကျတဲ့ ရဟတ်ယာဉ်ဟာ ရာသီဥတု ဆိုးဝါးမှုကြောင့် အရင်ပျက်ကျတဲ့ ရဟတ်ယာဉ်တွေ အနီး ထိုင်း-မြန်မာနယ်စပ်က တောထဲကိုပဲ ပျက်ကျတာဖြစ်ပြီး ၃ ဦးသေကာ စစ်သားတဦး အသက်ရှင်တယ်လို့ သိရပါတယ်။ ဒီနေ့ပျက်ကျတဲ့ ရဟတ်ယာဉ်က ဘာကြောင့်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ထိုင်းရုပ်သံများမှာက ထုတ်လွှင့်ချက်မှာ မြင်ရတာကတော့ ဒီနေ့ အဲဒီဝန်းကျင်မှာ ရာသီဥတုကောင်းနေပြီး ပျက်ကျတဲ့ နေရာကို တောထဲက ပြေးသွားနေတဲ့ အရပ်ဝတ်နဲ့လူတွေကိုလည်း မြင်နေရပါတယ်။ ရဟတ်ယာဉ်ဟာ မီးလောင်နေပြီး အသက်ရှင်ကျန်တဦးကို အဲဒီနေရာက သယ်ထုတ်ဖို့ ကြိုးစားနေတာ မြင်နေရပါတယ်။

Source: AP & BangkokPost

Credit to Irrawaddy

http://www.irrawaddyblog.com/2011/07/blog-post_358.html

 

Black Hawk ဟယ်လီကော်ပတာ ရှာဖွေရေးလုပ်ငန်း ပြီးဆုံး

http://www.quigonjinn02.appspot.com/www.naytthit.net/wp-content/uploads/2011/07/UH-60-Black-Hawk-helicopter-504.preview.jpg

ဟယ်လီကော်ပတာအပျက်နဲ့လူ ၉ ယောက်အလောင်း တွေ့သွားပြီမို့ တနေ့ကသစ်တောထဲမှာ ပျက်ကျသွားတဲ့ စစ်တပ် Black Hawk ဟယ်လီကော်ပတာ ရှာဖွေရေးလုပ်ငန်း ပြီးဆုံးသွားပါပြီ

ဟယ်လီကော်ပတာ ပျက်လို့သေဆုံးသူတွေထဲမှာ တပ်မ ၉ က တပ်မမှူး ဗိုလ်ချုပ်ထဝမ်၊ ပထမလေယာဉ်မှူး ဗိုလ်မှူး ဖရားဖန်းကျီရာဆွန်နားမ်၊ ဒုတိယလေယာဉ်မှူး ဗိုလ်မှူး ချူးဖန်းဖိုးလဝမ်၊ စက်ပြင် တပ်ကြပ်ကြီး ဆုမ်ခစ်ဝုမ်ထာဆဲန်နဲ့ တပ်ကြပ်ကြီး အရမ်ဖုန်းဆင်း၊ ဗိုလ်ကြီး ယဲ့စ်ဆုတ်ကျိုင်း၊ ဗိုလ်ကြီး ချခရာဖန်း ဘမ်ရုန်းဖွဲ့၊ ဒုတပ်ကြပ် အီသီဆတ် ဟီနာ ဆုတ်နဲ့ ရုပ်သံလိုင်း ၅ က ကင်မရာသမား ဆောန်ဝိချိုင်းခုန်ထန်နိခူးလ် တို့ ပါဝင်ပါတယ်။ ရာသီဥတု မကောင်းသေးလို့ အလောင်းတွေကို ဟယ်လီကော်ပတာနဲ့ မသယ်နိုင်လို့ ရှာဖွေရေးအဖွဲ့က တောင်အောက်ကို ခြေလျင် သယ်လာရပါ တယ်။

Black Hawk ဟယ်လီကော်ပတာ ဟာ စနေနေ့က ပျက်ကျသွားတဲ့ တခြား ဟယ်လီ ကော်ပတာ တစင်းထဲက သေဆုံး သွားတဲ့ စစ်သားအလောင်း ၅ လောင်းကို သယ်ဖို့ သွားရမှာ အင်္ဂါနေ့က ထပ်မံပျက် ကျခဲ့တာပါ။ Black Hawk ဟယ်လီ ကော်ပတာ ဟာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပါတယ်။ ဒါပေမဲ့ ပေါက်ကွဲတော့ မသွားဘူး။ အိမ်စောင့်အစိုးရဝန်ကြီးချုပ် အဖိဆစ်ကလည်း သေဆုံးသွားတဲ့ မိသားစုတွေအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ လာမယ့် ဝန်ကြီး ချုပ် ဖြစ်မယ့် ခွန်ယင်လပ်ရှိနာဝပ်ထ် ကလည်း သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဝမ်းနည်းကြောင်း သတင်းစကား ရေး သား တင်ခဲ့ပါတယ်။ “သေဆုံးသွားသူတွေရဲ့ မိသားစုတွေဟာ လျော်ကြေးအနေနဲ့ ဘတ်၂ သန်း ကျော် ရရှိမှာ ဖြစ်ပါ တယ်” လို့ ဘုရင့်လေတပ်ကပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဆန်ဆားန် က ပြောပါတယ်။

ဇူလိုင် ၂၃၊ ၂၀၁၁ (The Nation)

Source:နေ ့သစ်

 

ထိုင်းတပ်မတော်ပိုင် Black Hawk စစ် ရဟတ်ယဉ် ထိုင်း – မြန်မာ နယ်စပ်တွင် ပျက်ကျ

ဘန်ကောက် – ဇူလိုင် ၁၉. ၂၀၁၁

အမှတ် (၉) ချေလျင်တပ်ရင်း၏ တပ်မှုး အပါအဝင် ၉ ဦးလိုက်ပါလာသော ထိုင်းတပ်မတော်ပိုင် Black Hawk အမျိုးအစား ရဟတ်ယဉ် သည် အင်္ဂါနေ့ မွန်းလွဲပိုင်းက ထိုင် – မြန်မာ နယ်စပ်ရှိ Phetchburi ဒေသတွင် ပျက်ကျသွားကြောင်း ထိုင်းနှင့် နိုင်ငံတကာ သတင်းဌာနများက ဖေါ်ပြခဲ့သည်။

ထိုင်း စစ်ဒေသ အမှတ် ၁ ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး Thamanoon Withi အဆိုအရ ထိုစစ်ရဟတ်ယဉ်သည် စတင်ထွက်ခွာပြီး မိနစ်၂ဝအကြာ ဒေသစံတော်ချိန် ၁၁ နာရီ ၃၅ မိနစ်တွင် လေကြောင်း ထိန်းချုပ်ရေး မျှော်စင်နှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။

အမှတ် (၉) ချေလျင်တပ်ရင်းမှ တပ်မှုးနှင့် တပ်မတော် အရာရှိများသည် ထိုင်း – မြန်မာနယ်စပ် Ratchaburi ဒေသရှိ Kaeng Krachan အမျိုးသားဥယျာဉ်တွင် ပြီးခဲ့သော စနေ့နေ့က ပျက်ကျခဲ့သည့် Huey ရဟတ်ယဉ်မှ သေဆုံးသွားခဲ့သော စစ်သား ၅ ဦး၏ ရုပ်အလောင်းများအား ကြည့်ရှုစစ်ဆေးရန် တွက်ခွာခဲ့စဉ် ယခုကဲ့သို့ ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း၊ ထို စစ်ရဟတ်ယဉ်တွင် ဒေသတွင်း ရုပ်သံဌာနမှ ရိုက်ကူးရေး ဝန်ထမ်းများလည်း လိုက်ပါသွားခဲ့ပြီး ၎င်းတို့၏ အခြေအနေကို ယခုထိ မသိရှိရသေးကြောင်း ထိုင်းတပ်မတော်မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

http://patheincity.com/news//HLIC/833474b5abd49780dbb3e262be5b58ea.jpg

ထိုင်းထပ်မတော်တွင် တာဝန် ထိမ်းဆောင်နေသော Black Hawk ရဟတ်ယဉ် စုစုပေါင်း ၆ စင်းရှိကာ ယခုပျက်ကျမှုသည် ပထမဆုံး အကြိမ်ဖြစ်သည်ဟု သိရသည်။

Source:PatheinCity News | Source:Xinhua

 

4 comments

  • ကြောင်ကြီး

    July 24, 2011 at 12:28 pm

    ငါလုပ်လိုက်တာ၊ အိပ်နေတုန်း တဝီဝီနဲ့ ဆူလွန်းလို့ ပထမအကြိမ်မှာ ပါးစပ်ကနေအော်လိုက်တယ်၊ ဒုတိယအကြိမ်က အမြီးနဲ့ခတ်လိုက်တယ်၊ တတိယအကြိမ်ကြတော့ လက်နဲ့ပုတ်ထုတ်လိုက်တယ်။ ရှင်းပြီလား၊ မကျေနပ်ရင် ဘာဖြစ်ချင်လဲပြော… 😡

  • windtalker

    July 24, 2011 at 12:44 pm

    ကွန်ပျူတာဂိမ်း General ကစားခဲ့တုန်း က
    အမြဲလို သုံးခဲ့တဲ့ Black Hawk တွေ ကို ပြန်သတိရတယ် ဗျာ
    အခု ပျက်ကြ တဲ့ ဟာတွေ က သွေးရိုးသားရိုး မဟုတ်ဘူးပေါ့နော်

  • forever

    July 24, 2011 at 1:11 pm

    ဘာတွေပါသွားလို.ဒီလောက်ရာသီဥတု
    မကောင်းတဲ.ကြားကအလောတကြီး
    လိုက်ရှာတာလဲမသိ

  • shwe ni

    July 24, 2011 at 1:29 pm

    ခုတစီးကတော့ ထိုင်းဘက်ခြမ်းတင် ပျက်မကျ ခင်မီးလောင်တဲ့ ပုံပဲ ။
    ပထမ(၂)စီး ကလည်း တောင်တွေများဝင်တိုက်မိလားမသိဘူး။ တပါတ်ထဲ လူ (၂၀)နီးပါးနဲ့ ရဟတ်ယာဉ်(၃) စီး။

    ” The Bell 212 helicopter from the Hua Hin Wing was flying on a mission to support operations to retrieve the bodies of an earlier Black Hawk crash when it lost balance, caught fire and fell onto a paddy field in Kaengkrachan district on Sunday morning, according to witnesses.” at http://www.thaivisa.com/forum/topic/485342-three-killed-one-injured-in-bell-212-helicopter-crash/

Leave a Reply