ကြားညပ်နေတဲ့ မြန်မာပြည်

kaiJuly 25, 20111min2198

မြန်မာနိုင်ငံဟာ အာရှအင်အားကြီးနိုင်ငံကြီးတွေ ဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံအကြားမှာ တည်ရှိနေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား စစ်အင်အားအသုံးပြု (The use of force) ရတဲ့ ပဋ္ဋိပက္ခတွေ ဖြစ်လာခဲ့ရင် အိန္ဒိယသမုဒ္ဒရာ စစ်မျက်နှာမှာ မဟာဗျူဟာတန်ဖိုး (strategic value) အမြင့်ဆုံးနိုင်ငံတနိုင်ငံအနေနဲ့ သတ်မှတ်ထားခြင်းခံရတဲ့ နိုင်ငံတ နိုင်ငံလဲ ဖြစ်ပါတယ်။ မြန်မာ့အရေးကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ လူ့အခွင့်အရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ တိုင်း ရင်းသား စည်းလုံးညီညွတ်ရေး စတဲ့ အချက်တွေပေါ်မှာပဲ မူတည်ပြီး တွက်ချက်စဉ်းစားမှု လုပ်လို့ မရနိုင်ပါ။ ပထဝီဝင် နိုင်ငံရေး (Geopolitical factors) နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုလဲ ဆက်စပ်စဉ်းစားမှု လုပ်ဖို့ လိုအပ်ပါတယ်။ သို့မှသာ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အကျိုးရှိမယ့် ချဉ်းကပ်မှုသဏ္ဍာန်သစ်တွေ၊ မဟာဗျူဟာအခင်းအကျင်းတွေ ကို ထိထိရောက်ရောက် ချမှတ်နိုင်မှာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်၊ ကမ္ဘာ့နိုင်ငံရေးချိန်ခွင်လျှာ

ဝါရှင်တန်က ထုတ်ပြန်လိုက်တဲ့ National Military Strategy မှာ အာရှ-ပစိဖိတ်ဒေသရဲ့ မဟာဗျူဟာအကျိုးစီးပွား (strategic interests) တိုးမြှင့်ရေး ပါရှိပြီး၊ တောင်အာရှနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို အာရုံစိုက်ရေး အချက်တွေ ပါဝင်ပါတယ်။ တရုတ်နိုင်ငံရဲ့ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော တပ်မတော်တည်ဆောက်ရး (military modernization) နဲ့ ပတ်သက်ပြီး စိုးရိမ်ဖွယ်ရာ အချက်တွေကိုလဲ ထည့်သွင်းထားပါတယ်။

တချိန်တည်းမှာပဲ အာရှနိုင်ငံတွေအကြားက ကာကွယ်ရေးညွှန်ကြားချက် (defence guidelines) တွေကလဲ ပြုပြင်တိုး ချဲ့မှုတွေ ဖြစ်လာပါတယ်။ ဂျပန်နိုင်ငံက ရေငုပ်သင်္ဘော၊ ဖျက်သင်္ဘော၊ ကင်းထောက်လေယာဉ်နဲ့ ရဟတ်ယာဉ်အ မြောက်အမြား ဝယ်ယူဖို့ စီမံထားပါတယ်။ တောင်ကိုးရီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေကလဲ ရေငုပ်သင်္ဘောဝယ်ယူဖို့ စီမံ ချက်တွေရှိပြီး၊ မလေးရှားနိုင်ငံရဲ့ လက်နက်တင်သွင်းမှုက ရာခိုင်နှုန်းတက်လာပါတယ်။ စင်ကာပူနိုင်ငံကလဲ ရေငုပ် သင်္ဘောနှစ်စီး ထပ်ပြီးဝယ်ယူ အင်အားဖြည့်လာပါတယ်။ ဩစတြေးလျနိုင်ငံကလဲ ရေငုပ်သင်္ဘော၊ ဖျက်သင်္ဘောနဲ့ တိုက် လေယာဉ်တွေ တိုးချဲ့ဖို့ စီမံလာခဲ့ပါတယ်။

၂၀၁ဝ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ စစ်အသုံးစရိတ်ဟာ အမေရိကန်ဒေါ်လာ ၇၈ ဘီလီယံရှိပြီး၊ လက်နက်တင်သွင်းမှု ကိန်းဂ ဏန်းတွေကို ထပ်ဖြည့်လိုက်ရင် အမေရိကန်ဒေါ်လာ ၁၅ဝ ဘီလီယံအထက်မှာရှိနိုင်ကြောင်း စစ်ရေးလေ့လာသူတွေက ဆိုထားခဲ့ပါတယ်။ high seas operations အတွက် နယူးကလီးယား ပါဝါသုံး လေယာဉ်တင်သင်္ဘော သုံးစီးကို ၂၀၁ရ ခုနှစ်မှာ အပြီးတည်ဆောက်ဖို့ ပြုလုပ်ထားတဲ့ စီမံချက်အရ ပထမဦးဆုံး လေယာဉ်တင်သင်္ဘောကို ၂၀၁၁ ခုနှစ်မှာ အပြီး တည်ဆောက်နိုင်မယ်လို့ ခန့်မှန်းချက်တွေ ရှိပါတယ်။ အမေရိကန်ရဲ့ F-22 ဂျက်တိုက်လေယာဉ်ဒီဇိုင်းကို ပုံစံတူယူထား တဲ့ J-20 stealth jet fighter ကို ဇန်နဝါရီလမှာ စမ်းသပ်ခဲ့ပါတယ်။

အင်အားကြီးနိုင်ငံဖြစ်တဲ့ အိနိ္ဒယနိုင်ငံရဲ့ စစ်အသုံးစရိတ်ဟာလဲ အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံအထိရှိပြီး၊ ၃၃ ရာခိုင် နှုန်း ထပ်မံတိုးမြှင့်ဖို့ စီမံချက်ရှိပါတယ်။ scorpene submarines တည်ဆောက်မှုများ ရှိပြီး၊ anti-aircraft submarine နဲ့ စစ်လက်နက်ပစ္စည်းအများအပြား ဝယ်ယူမှုတွေ ရှိပါတယ်။ ဘိုအင်းလေကြောင်းကုမ္ပဏီအပါအဝင် လေကြောင်းကုမ္ပဏီ တွေမှာ ဂျက်တိုက်လေယာဉ် ၁၂၆ စင်း မှာယူထားဆဲပါ။

အာရှအင်အားကြီးနိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံ အကြားက စစ်အင်အားအပြိုင်အဆိုင် တိုးချဲ့မှု (arms race) ဟာ အာရှ-ပစိဖိတ်ဒေသမှာ ရှိတဲ့ နိုင်ငံတွေရဲ့ စစ်ရေးတာဝန်ရှိသူတွေ၊ နိုင်ငံတော်အကြီးအကဲတွေနဲ့ နိုင်ငံရေး သမားတွေအတွက် မလွဲမသွေ ထည့်သွင်းစဉ်းစားရမယ့် အချက်အလက်တွေဖြစ်ပါတယ်။

တရုတ်- အိနိ္ဒယ ဆက်ဆံရေး (Sino- Indian Relations)

၁၉၅ဝ ကာလတွေမှာ တရုတ်နဲ့ အိနိ္ဒယ နှစ်နိုင်ငံအကြားမှာ တတိယကမ္ဘာရဲ့ လွတ်လပ်ရေးလှုပ်ရှားမှုတွေကို ထောက်ခံ အားပေးရင်းနဲ့ ကောင်းမွန်ခဲ့ကြပါတယ်။ ဒါပေမယ့် တိဘက်ခေါင်းဆောင် ဒလိုင်လားမားကို အိန္ဒိယသမ္မတ နေရူးက ခို လှုံခွင့်ပေးမှုနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံအကြားက သံတမန်ဆက်ဆံရေး ပျက်ယွင်းလာခဲ့ပါတယ်။ ၁၉၆၁ ခုနှစ်မှာ အိနိ္ဒယ အုပ်ချုပ်ခံ နယ်တွေကို တရုတ်တပ်တွေ ဝင်ရောက်တပ်စွဲလာတဲ့အခါမှာ အိနိ္ဒယက Forward Policy ကို ကျင့်သုံးပြီး၊ တ ရုတ်တပ်တွေကို ပြန်ဆုတ်ခိုင်းခဲ့ပါတယ်။ တရုတ်နိုင်ငံကလဲ armed co-existence policy ကို ကျင့်သုံးပြီး၊ စစ်ရေးအရ ထိပ်တိုက်ဖြေရှင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ စစ်ပွဲပြီးဆုံးသွားခဲ့ပေမယ့် အိန္ဒိယဘက်က humiliating defeat အနေနဲ့ သတ်မှတ်ထားဆဲပါ။

၁၉၆၄ ခုနှစ်မှာ တရုတ်နိုင်ငံက နယူးကလီးယားလက်နက်နိုင်ငံ (nuclear weapon state) ဖြစ်လာချိန်မှာ အိနိ္ဒယက စစ်ရေးအရ ခြိမ်းချောက်မှုအနေနဲ့ သတ်မှတ်ခဲ့ပါတယ်။ ဆယ်နှစ်အကြာမှာ အိန္ဒိယနိုင်ငံကလဲ နယူးကလီးယား လက် နက်ပိုင်ဆို်ငတဲ့ နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ၁၉၇၀၊ ၁၉၈ဝ ကာလတလျှောက်မှာ နှစ်နိုင်ငံအကြား nuclear arms race တွေ ဖြစ်ပွားခဲ့ပြီး၊ ၁၉၈ဝ နှောင်းပိုင်းမှာမှ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ fair and reasonable settlement ပြုလုပ်ဖို့အတွက် ပူးတွဲအလုပ်အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ပြီး၊ ဒီအလုပ်အဖွဲ့ရဲ့ ထောက်ခံချက်တွေဖြစ်တဲ့ ၁၉၉၃ ခုနှစ် Maintenance of Peace and Tranquillity နဲ့ ၁၉၉၆ ခုနှစ် Confidence Building Measures ဆိုင်ရာ စာချုပ် တွေကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။

ဒီလိုအပြုသဘောဆက်ဆံရေးတွေ ရှိနေပေမယ့် နှစ်နိုင်ငံဆက်ဆံရေးဟာ ပါကစ္စတန်အရေး၊ တိဘက်အရေးနဲ့ ဟိမဝန္တာ တောင်တန်း တောင်ပိုင်းနဲ့ Aksai Chin Plateau တို့မှာရှိနေတဲ့ နယ်နိမိတ်အငြင်းပွား ဒေသ နှစ်ခုနဲ့ ပတ်သက်ပြီး ပြေ လည်မုတွေ မရှိခဲ့ပါဘူး။ အိနိ္ဒယဘက်က မဟာဗျူဟာအမြင်မှာ တရုတ်နိုင်ငံဟာ အိန္ဒိယကို ခြိမ်းချောက်နိုင်တယ်ဆိုတဲ့ အချက်ကို ထည့်သွင်းစဉ်းစားမှုတွေ ရှိခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်က အိန္ဒိယနိုင်ငံ နယူးကလီးယား စမ်းသပ်မှုတွေ ဖြစ်ပွား နေချိန်မှာ၊ ကာကွယ်ရေးဝန်ကြီးက တရုတ်ဟာ အိနိံ္ဒယရဲ့ ရန်သူနံပါတ် (၁) လို့ သတ်မှတ်ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံက မဟာဗျူဟာလေ့လာသူတွေကလဲ ဂျပန်၊ ဩစတြေးလျနဲ့ အိနိ္ဒယနိုင်ငံတွေဟာ တရုတ်နိုင်ငံရဲ့ အရှေ့ မြောက်ပိုင်း၊ အရှေ့တောင်ပိုင်းနဲ့ အနောက်တောင်ပိုင်းမှာရှိနေပြီး၊ ပစိဖိတ်မှာကလဲ အမေရိကန်ရဲ့ ပါဝါရှိနေတာကြောင့် မဟာမိတ်တန်ဖိုး (alliance values) ပြောင်းသွားခဲ့ရင် တရုတ်ရဲ့လုံခြုံရေးကို ထိခိုက်စေနိုင်တယ်လို့ တွက်ဆထားကြ ပါတယ်။ အာရှနိုင်ငံရေးအခင်းအကျင်းမှာ ပေါ်ထွက်လာတဲ့ အမေရိကန်၊ ဂျပန်နဲ့ ဩစတြေးလျ နိုင်ငံတို့အကြားက trilateral security dialogue အခင်းအကျင်းတွေ၊ အင်ဒို- ဂျပန် မဟာမိတ် အခင်းအကျင်းတွေ ပါဝင်နေတဲ့ Asian-Pacific trilateralism ဟာ တရုတ်နိုင်ငံကို စစ်ရေးအရ ဝိုင်းဝန်းပိတ်ဆို့မှု ပြုလာနိုင်တယ်လို့ ယူဆထားကြပါတယ်။

၂၁ ရာစုမှာ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံအကြားမှာ စစ်ရေးအပြိုင်အဆိုင်အင်အားတိုးချဲ့မှုတွေ ကြီးမားလာခြင်းရဲ့ အဓိက အရေးကတော့ အိန္ဒိယသမုဒ္ဒရာကို ထိန်းချုပ်နိုင်မှုပဲ ဖြစ်ပါတယ်။ အိနိ္ဒယ သမုဒ္ဒရာနဲ့ ပတ်သက်ရင် တရုတ်နဲ့ အိန္ဒိယကို two scorpions in a bottle လို့ စစ်မဟာဗျူဟာ အသိုင်းအဝိုင်းက သတ်မှတ်ထားပါတယ်။ အိနိ္ဒယ နိုင်ငံရဲ့ အမျိုးသား လုံခြုံရေးရဲ့ survival ဟာ အိန္ဒိယ သမုဒ္ဒရာရဲ့ အရှေ့မြောက်ပိုင်းဒေသပဲဖြစ်ပါတယ်။ လက်ရှိ အိနိ္ဒယနိုင်ငံရဲ့ စီးပွားရေး အင်အား (economic power) ဟာ ရေနံတင်သွင်းမှုပေါ်မှာ မူတည်နေပါတယ်။ လက်ရှိမှာ နိုင်ငံတွင်းလိုအပ်ချက်ရဲ့ ၆၅ ရာခိုင်နှုန်းက ပင်လယ်ကွေ့ဒေသကနေ အိန္ဒိယသမုဒ္ဒရာကို ဖြတ်ပြီးတင်သွင်းရတာပါ။ ၂၀၁၅ မှာဆိုရင် ၇၅ ရာခိုင်နှုန်း အထိ တင်သွင်းဖို့ လိုအပ်လာမယ်လို့ သတ်မှတ်ထားကြပါတယ်။

တပြိုင်နက်တည်းမှာပဲ တရုတ်နိုင်ငံရဲ့ ရေနံတင်သွင်းမှာ ရှစ်ဆယ်ရာခိုင်နှုန်းကျော်ကလဲ အိနိ္ဒိယသမုဒ္ဒရာကို တည်မှီနေ တာ ဖြစ်ပါတယ်။ အဲဒီမှာမှ တရုတ်နိုင်ငံက ဆိပ်ကမ်းတွေကို အဝင်အထွက်လုပ်နေတဲ့ သင်္ဘောတွေရဲ့ ငါးဆယ်ရာခိုင် နှုန်းကျော်ဟာ မလက်ကာ ရေလက်ကြားကနေ ဖြတ်သန်းရတာ ဖြစ်ပါတယ်။ ဒါကြောင့် Malacca Dilemma ဟာ တ ရုတ်မဟာဗျူဟာ ကျွမ်းကျင်သူတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေအတွက် ကြီးမားလှတဲ့ ကိစ္စတရပ်ဖြစ်ပါတယ်။ မလကာ ရေလက်ကြားနဲ့ အိန္ဒိယသမုဒ္ဒရာကို အိနိ္ဒယနဲ့ အနောက်နိုင်ငံတွေက ထိန်းချုပ်သွားနိုင်ခဲ့ရင် တရုတ်နိုင်ငံရဲ့ စီးပွားရေး အင်အားပြိုလဲသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖို့အတွက် အိန္ဒိယ သမုဒ္ဒရာကို ထိန်းချုပ်နိုင်ရေးကို စတင်စီမံလာခဲ့ကြပါတယ်။

အိန္ဒိယသမုဒ္ဒရာနှင့် အပြိုင်အဆိုင် စစ်အင်အားတိုးချဲ့မှုများ

တရုတ်နိုင်ငံ People’s Liberation Army Navy (PLAN) ရဲ့ ရေရှည်မဟာဗျူဟာဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာကို ဖြန့်ကျက် ထိန်းချုပ်ထားနိုင်ရေးမှာ ပုလဲသွယ်မဟာဗျူဟာက အဓိကကျပါတယ်။ ဒီဗျူဟာအရ တရုတ်ပြည်မကနေ ပါရှန်းပင်လယ် ကွေ့အထိ SLOC (Sea Lines of Communication) တလျှောက်မှာရှိတဲ့ နိုင်ငံတွေနဲ့ မဟာဗျူဟာအရ ပူးတွဲခြင်း၊ ဆိပ် ကမ်းတည်ဆောက်ခြင်း စတာတွေ ပြုလုပ်အကောင်အထည်ဖော်ခဲ့ပါတယ်။ ဟိုင်နန်ကျွန်းက military facilities တွေ တိုးမြှင့်မှု၊ ဗီယက်နမ်အရှေ့ပိုင်းက Woody ကျွန်းပေါ်မှာ airstrip တိုးချဲ့မှု၊ ဘင်္ဂလားဒေ့ရှ် စစ်တကောင်းမှာ container shipping facility တည်ဆောက်မှု၊ မြန်မာနိုင်ငံ၊ ရခိုင်ဒေသမှာ ရေနက်ဆိပ်ကမ်းတည်ဆောက်မှု၊ ပါကစ္စတန်နိုင်ငံ၊ ဂျီဝါ ဒါဆိပ်ကမ်း စတောတွေဟာ ဒီဗျူဟာရဲ့ အခင်းအကျင်းတွေ ဖြစ်ပါတယ်။

တရုတ်ရေတပ်ကို offshore waters (Green Water) Navy Status ကနေ High Seas (Blue Water) Navy Status အထိ မြှင့်တင်ရန် ကြိုးပမ်းမှုတွေ ပြုလုပ်ခဲ့ရာကနေ nuclear-powered aircraft carrier တည်ဆောက်ရေး စီမံကိန်း တွေ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ဟိုင်နန်ကျွန်းတောင်ပိုင်းက Sanya ရေတပ်စခန်းမှာ nuclear-powered ballistic missile submarines (SSBNs) တည်ဆောက်မှုတွေ ရှိနေပါတယ်။

အိန္ဒိယ နိုင်ငံကလဲ light aircraft carrier တည်ဆောက်မှု၊ missile-armed submarines တည်ဆောက်မှုတွေ ပြုလုပ် ပြီး three dimensional nuclear strategic capability ကို တိုးမြှင့်ဖို့ ကြိုးပမ်းလာခဲ့ပါတယ်။ နှစ်သုံးဆယ် ရေငုပ် သင်္ဘောတည်ဆောက်မှု စီမံကိန်းကို အကောင်အထည်ဖော်ပြီး၊ project-15 B လို့ခေါ်တဲ့ စစ်သင်္ဘော တည်ဆောက်မှု စီမံကိန်းတွေကိုလဲ ပြုလုပ်နေပါတယ်။ Land-based naval aviation ဗျူဟာကို ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့အ တွက် ကြိုးပမ်းပြင်ဆင်မှုတွေ ရှိနေပါတယ်။

စစ်အင်အား အပြိုင်အဆိုင် တိုးချဲ့ရုံမက အရေးကြီးတဲ့ မဟာဗျူဟာဒေသတွေ ထိန်းချုပ်ရေးတွေကိုလဲ ပြုလုပ်နေကြပါ တယ်။

မဟာဗျူဟာဒေသများ

အိနိ္ဒယနဲ့ တရုတ်နိုင်ငံအကြားမှာ စစ်ရေးပဋ္ဋိပက္ခတွေ ဖြစ်လာခဲ့ရင် အရေးကြီးတဲ့ မဟာဗျူဟာ ဒေသ သုံးခုရှိပါတယ်။ ပထမတခုက အမ်ဒမန်ကျွန်းစုပေါ်က Port Blair ဖြစ်ပါတယ်။ ဒီဒေသဟာ မလက္ကာရေလက်ကြားနဲ့ ရေမိုင် (၅၀၀) အ ကွာမှာ ရှိပြီး၊ India’s East Command အတွက် အချက်အချာအကျဆုံး နေရာ ဖြစ်ပါတယ်။

ဒုတိယတခုက တိဗက်ဒေသ ဖြစ်ပါတယ်။ ၂၀၁၀၊ ဩဂုတ်လမှာ Qinghai- Tibet ရထားလမ်းကတဆင့် တရုတ်လေ တပ်အတွက် အရေးကြီးတဲ့ combat readiness materials တွေကို နေရာရွှေ့ပြောင်း ချထားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ တိဘက်မှာ တရုတ်ရဲ့ လေတပ်အခြေစိုက်စခန်း လေးခုရှိရာက၊ အောက်တိုဘာလမှာ လေတပ်အခြေစိုက်စခန်းတခုကို ထပ်မံ တည်ဆောက်ထားခဲ့ပါတယ်။

တတိယတခုက မြန်မာနိုင်ငံဖြစ်ပါတယ်။ တရုတ်နဲ့ အိနိ္ဒယ- အနောက်အုပ်စုတွေရဲ့ အကြားမှာ အရေးကြီးဆုံး ဖြစ်တဲ့ Burma factor ဆိုတာကို စစ်မဟာဗျူဟာ ရှုထောင့်ကနေ မဖြစ်မနေ ထည့်သွင်းစဉ်းစားကြပါတယ်။ အန်ဒမန်ကျွန်းစု တွေနဲ့ ရေမိုင်သုံးဆယ်အကွာမှာရှိတဲ့ ကိုးကိုးကျွန်းနဲ့ မြန်မာ့ပင်လယ်ရေပိုင်နက်ထဲက ဟိုင်းကြီးကျွန်းတွေက အိနိ္ဒယ သမုဒ္ဒရာမှာ ဖြစ်ပွားလာနိုင်ချေရှိတဲ့ future conflicts တွေရဲ့ decisive victory ကို အဆုံးအဖြတ်ပေးနိုင်တဲ့ ဒေသတွေ ဖြစ်ပါတယ်။

ဒီကျွန်းတွေပေါ်မှာ တရုတ်ရေတပ်ရဲ့ naval facilities, radars နဲ့ signal-intelligence posts တွေသာ ရှိနေမယ်ဆိုရင် အိနိ္ဒယတပ်နဲ့ အနောက်အုပ်စုတပ်တွေရဲ့ လှုပ်ရှားမှုတွေအားလုံးကို တရုတ်က မျက်ချေမပြတ် စောင့်ကြည့်လေ့လာမှု တွေ ပြုလုပ်နေနိုင်မှာဖြစ်ပါတယ်။ တရုတ်ရေတပ်ကို carrier strike force, land-based naval aviation ဗျုဟာတွေနဲ့ ထိထိရောက်ရောက်တိုက်ခိုက်နိုင်ဖို့ ဆိုတာကလဲ မြန်မာနိုင်ငံ လေတပ်စခန်းတွေကို အခြေပြုတဲ့ air cover မရှိမှ ဖြစ်နိုင် မှာပါ။ ဒါကြောင့် Burma factor ဟာ ၂၁ရာစု strategic challenges ဗဟိုချက်မမှာ ရှိတဲ့ အိနိ္ဒယသမုဒ္ဒရာတွင်းက strategic rivalries တွေရဲ့ အရေးအကြီးဆုံး strategic decisive factor ဖြစ်နေပါတယ်။

နိဂုံး

အခုလို စစ်ရေးအရ၊ နိုင်ငံတကာ လုံခြုံရေးအရ စိုးရိမ်မှုတွေ မြင့်မားလာကြတဲ့ ၂၀၁၁ ခုနှစ်မှာ၊ တိုက်တိုက်ဆိုင်ဆိုင် မြန် မာ့နိုင်ငံရေး အပြောင်းအလဲတွေကလဲ ဖြစ်လာခဲ့ပါတယ်။ မကြာခင်မှာ အမေရိကန်၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ရဲ့ အစိုးရ သစ်ကို ကျယ်ကျယ်တမျိုး၊ တိုးတိုးတဖုံ ချဉ်းကပ်မှုမျိုးစုံတွေ အပြိုင်အဆိုင် ပေါ်ထွက်လာတော့မှာ ဖြစ်ပါတယ်။ ဒီလို ကမ္ဘာ့စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းတွေအကြားမှာ တိုင်းပြည်တိုးတက်ရေး၊ စစ်ရေးအရ ကြားမညပ်စေရေး၊ ပြည် သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကိုဦးတည်တဲ့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွေလဲ ပေါ်ထွက်လာသင့် ပြီ ဖြစ်ပါတယ်။

ကြားညပ်ပြီး စုပ်ပြတ်သပ်ချုံးချုံးကျနေတဲ့ မြန်မာပြည်ကို ကယ်တင်နိုင်သူတွေဟာ မြန်မာနိုင်ငံသားတွေပါပဲ။ အပြန်အ လှန် စွပ်စွဲမှုတွေ၊ စိန်ခေါ်မှုတွေ၊ တဘက်နဲ့ တဘက် အနိုင်ယူလိုမှုတွေ၊ ဗိုလ်ကျစိုးမိုးမှုတွေ၊ ရလဒ်ထွက်ပေါ်လာရေးကို မစဉ်းစားပဲ ရလဒ်ဖြစ်အောင် ဦးဆောင်သူအနေနဲ့ သတ်မှတ်ခံချင်မှုတွေ၊ နဖားကြိုးထိုးခံမှုတွေကနေ ဖောက်ထွက်ပြီး၊ မြန်မာနိုင်ငံသားတွေ အချင်းချင်းကြားမှာ အပြန်အလှန် နားလည်မှု၊ အသိအမှတ်ပြုမှု၊ ဘုံအကျိုးစီးပွား ရှာဖွေနိုင်မှုတွေ ပေါ်ထွက်လာတဲ့ တနေ့မှာ ကြားညပ်နေသော်လည်း ဘက်မလိုက်တဲ့ မူဝါဒကို အခြေခံသော ခေတ်မီနိုင်ငံတော်သစ်ကြီး ကို တည်ဆောက်လာနိုင်မှာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၆၊ ၄၊ ၂၀၁၁)

(စာရေးသူသည် ယူကေနိုင်ငံ အခြေစိုက်၊ စစ်ရေးလေ့လာသူတဦးဖြစ်ပြီး China and Indian Ocean: Strategic Interests in the 21st Century စာအုပ်ကို ရေးသားခဲ့သူ ဖြစ်ပါသည်)

8 comments

  • koyinmaung

    July 25, 2011 at 5:47 am

    ကိုယ့်အကျိုး ကိုယ့်အမျိုးကောင်းစားရေးလေါက်သာသိတဲ့ အသုံးမကျတဲ့ အမြင်ကျဉ်းတ ဲ့ခေါင်းဆောင်တွေရှိနေသေးသမျှ ကတော့ ကျွန်တော်တို့နိုင်ငံတိုးတက်စရာမမြင်သေးပါ……

  • MOEPWINTPHYU

    July 25, 2011 at 10:16 am

    မြန်မာနိုင်ငံသားတိုင်စည်းလုံးသင့်တာမှန်ပါတယ် ဒါပေမဲ တစ်ယောက်နဲတစ်ယောက် အဖွဲအစည်တစ်ခုနဲတစ်ခုက ဘယ်လိုမှအစေးမကပ်ဘူးဖြစ်နေတာကို တစ်ခြားမပြောပါဘူး နိုင်ငံရေးမပါဘဲ လူမူရေးလုပ်နေတဲ အဖွဲအစည်တွေကိုတောင်
    ထိန်းချုပ်နေတာ ဘယ်လိုဖြစ်နိုင်စရာရှိသေးလဲ

  • Ko Ko Aung

    July 25, 2011 at 12:42 pm

    ကျွန်တော်တို့မြန်မာနိုင်ငံက ပထဝီအနေအထားကြောင့်ပဲ အခြားနိုင်ငံတွေထက် ပိုလိုအပ်တာ နှစ်ခုရှိပါတယ်။
    ပထမတခုက အုပ်ချုပ်သူတွေ မိမိတိုင်းပြည်အကျိုးကို သူများနိုင်ငံက ခေါင်းဆောင်တွေထက် ပိုအာရုံစိုက်ဘို့၊ နဲ့
    ဒုတိယတခုက အုပ်ချုပ်သူနဲ့ နိုင်ငံရေး (politic) လုပ်သူတွေ သူများနိုင်ငံက… ထက် ပိုပါးရည်နပ်ရည်ရှိဘို့ပါ။

    ကံဆိုးတာက အဲဒီနှစ်ခုလုံးမရှိပါဘူး။ လုံးဝမရှိပါဘူး။

    ဒီလို ဆင်တွေကြားမှာလဲညပ် ၊ ပထဝီနိုင်ငံရေးအရလဲ ခေတ်အလျှောက် အရေးပါတဲ့နိုင်ငံမျိုး ဆိုတာ လုပ်ရည်ကိုင်ရည်အလျှောက် နိုင်ငံအုပ်ချုပ်သူနဲ့ နိုင်ငံသားတွေ တော်ရင်တော်သလို အားသာချက်တွေလဲရှိ အလားအလာကောင်းတွေလဲ ရှိပါတယ်။
    ဒါပေမယ့် နိုင်ငံအုပ်ချုပ်သူနဲ့ နိုင်ငံသားတွေ ညံ့ရင်ညံ့သလို အန္တရာယ်အလွန်များပါတယ်။ ထိခိုက်ဆုံးရှုံးနိုင်ခြေ (သူများနိုင်ငံထက်) ပိုများပါတယ်။

    လောလောဆယ်လုပ်နိုင်သမျှကတော့ အသိစိတ်ဓါတ်ရှိသူ မျိုးချစ်စိတ်ရှိသူတွေက ဒီအကြောင်းများများ ပြောပေးဘို့ပါပဲ။ ဒါပေမယ့်လဲ ကျွန်တော့အထင်တော့ မီနိုင်တော့မယ် မထင်ပါဘူး။ ကိုယ့်သက်တမ်းအတွင်းမှာပဲ လူညံ့တို့ရဲ့ သွားရာလမ်းကို မျက်ဝါးထင်ထင် မြင်သွားရမှာ စိုးရိမ်မိတယ်။
    လူညံ့တို့ရဲ့သွားရာလမ်းဆိုတာ – လူတော်တွေရဲ့ အမြတ်ထုတ်ခံ အလွှမ်းမိုးခံ အနိုင်ကျင့်ခံ အခိုင်းခံ အစေခံရတာကို ပြောတာပါ။
    ဒါကို တနည်းတလမ်း ကျွန်ပြုခံရရာရောက်တယ် လို့လဲ ပြောနိုင်ပါတယ်။ ဒီခေတ်မှာကျွန်ပြုတယ်ဆိုတာ အရင်ကလို ပိုက်ဆံအကုန်ခံ လူအပင်ပန်းခံ နာမည်ပျက်ခံပြီး တိုက်ခိုက်သိမ်းပိုက်အုပ်စိုးထားမှ မဟုတ်တော့ပါဘူး။

    ဒီဆိုက်မှာ ဘယ်လောက် အကျိုးရှိအောင် ဆွေးနွေးနိုင်မယ်ဆိုတာ ကျွန်တော်တကယ်မသိပါဘူး။ အကြာင်းတိုက်ဆိုင်တုန်း ရင်ထဲက အမျိုးချစ်တဲ့စိတ်ကြောင့် မနေနိုင်လို့ ဝင်ပြော မိပါကြောင်း …။

  • good

    July 25, 2011 at 12:58 pm

    လက် ရှိ ခေါင်းဆောင် တွေ ရဲ့ လုပ် ရပ် က မြန်မာပြည် ဟာ ကြားညှပ်နေတာ မဟုတ်၊ ကြား အညှပ်ခံ နေတာ။

  • naywoonni

    July 25, 2011 at 9:25 pm

    ပဲလှော်ကြားထဲ ညှပ်နေတဲ့ ဆားပေါ့ဗျာ…။ စားမဲ့သူအတွက်တော့ ကောင်းတာပေါ့….။ ဆားခင်မြာတော့…….. အင်း………..

  • (ကိုးကိုးကျွန်းနဲ့ မြန်မာ့ပင်လယ်ရေပိုင်နက်ထဲက ဟိုင်းကြီးကျွန်းတွေက အိနိ္ဒယ သမုဒ္ဒရာမှာ ဖြစ်ပွားလာနိုင်ချေရှိတဲ့ future conflicts တွေရဲ့ decisive victory ကို အဆုံးအဖြတ်ပေးနိုင်တဲ့ ဒေသတွေ ဖြစ်ပါတယ်။)
    “ရာဇဝင်များနဲ့ဟိုင်းကြီးကျွန်း” လို့ဆိုရမလားမသိ။ တတိယမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သူ အလောင်းမင်းတရား (အလောင်းဘုရား) လက်ထက်က ဟိုင်းကြီးကျွန်းသုတ်သင်ပွဲကို ဆွေးနွေးချင်ပါတယ်။ (အထက်က ကိုကိုအောင်က များများဆွေးနွေးဖို့ပြောလို့ပါ။) အဲဒီခေတ် ၁၇၅၅ ပတ်ဝန်းကျင်က အိနိ္ဒယသမုဒ္ဒရာတွင်းမှာ အင်္ဂလိပ်နဲ့ပြင်သစ် ဩဇာလု နယ်မြေလုနေတဲ့ အချိန်။ မြန်မာနိုင်ငံအတွင်းမှာကလည်း မွန်(ဗညားဒလ)နဲ့ ဗမာ(အလောင်းဘုရား) တို့ အကြီးအကျယ် စစ်မက်ဖက်ပြိုင်နေကြချိန်။ မွန်တွေကို အင်္ဂလိပ်နဲ့ ပြင်သစ်က လက်နက်ပံ့ပိုးပေးလို့ အလောင်းဘုရားက သံလျင်နဲ့ ပဲခူး(ဟံသာဝတီ)ကို ခက်ခက်ခဲခဲသိမ်းပိုက်ခဲ့ရတယ်။
    မသိမ်းပိုက်နိုင်ခင်မှာ အလောင်းဘုရားဟာ လက်နက်ဝယ်ယူလိုတဲ့အတွက် ဟိုင်းကြီးကျွန်းမှာ အခြေစိုက်နေပြီ ဖြစ်တဲ့ အင်္ဂလိပ် အရှေ့အိန္ဒိယကုမ်ပဏီထံ သံစေလွှတ်ပြီး ဆက်သွယ်ခဲ့တယ်။ ဆက်သွယ် ထားတဲ့အချိန်ထိ သံလျင်ကို မသိမ်းနိုင်ခဲ့သေးဘူး။ သံလျင်ဟာ အင်္ဂလိပ်နဲ့ပြင်သစ်ကုန်သည်တွေ ဝင်ထွက်နေတဲ့ မွန်တို့ခြေကုပ်ယူတဲ့မြို့ပါ။ ဒါပေမယ့် အင်မတန်ဉာဏ်ကောင်းတဲ့ အလောင်းဘုရားဟာ သံလျင်နဲ့မျက်နှာချင်းဆိုင် ၊ မြစ်တစ်ဖက်ကမ်းမှာ မြို့သစ်တည်ပြီး “ရန်ကုန်” လို့နာမည်ပေးခဲ့တာပါပဲ။ ဒီလုပ်ရပ်ဟာ တော်တော်တန်တန် ဉာဏ်ရည်ဉာဏ်သွေးမဟုတ်ဘူး။ အချုပ်အခြာအာဏာပိုင်စိုးသူရဲ့ လုပ်ပိုင်ခွင့်ကို လုပ်ပြထည့်လိုက်တာပါပဲ။
    နောက်ပြီးတော့ အင်္ဂလိပ်အရှေ့အိန္ဒိယကုမ်ပဏီကနေ လက်နက်ပြောပလောက်အောင် (ဆင့်ပါးစပ်နှမ်းပက် သလောက်ပဲရခဲ့သည်) မရဘဲ သံလျင်နဲ့ပဲခူးကို သိမ်းနိုင်ခဲ့ပါတယ်။ ပဲခူးကျတာနဲ့အတူ အောက်မြန်မာပြည်စစ်ပွဲ အဆုံးသတ်သွားပြီး အလောင်းဘုရားဟာ တတိယမြန်မာနိုင်ငံတော်ကို စုစည်းထူထောင်ပြီး ဖြစ်ခဲ့ပါတယ်။
    သံလျင်ကို သိမ်းနိုင်ခဲ့လို့ နယ်ချဲ့တွေ အောက်မြန်မာပြည်ကို ထိုးဖောက်ဖို့ ခြေရှုပ်နေတာကို ပိတ်ပင်လိုက်နိုင်ပါတယ်။ သံလျင်ကို သိမ်းပိုက်ချိန်မှာ အင်္ဂလိပ်စစ်သင်္ဘော သုံးစင်းကို လက်ရသိမ်းနိုင်ခဲ့ပါတယ်။ ဒါက ဘာကိုပြသလဲဆိုရင် အင်္ဂလိပ်တွေဟာ မွန်နဲ့ ဗမာကို လှေနံနှစ်ဖက်နင်းတာပါ။
    အိန္ဒိယမှာ ရာဂျာတွေ၊ ဘုရင်ခံတွေ အချင်းချင်းတိုက်ဖို့ အင်္ဂလိပ်နဲ့ပြင်သစ်ဟာ လူသူလက်နက် ပံ့ပိုးပေးပြီး အပေးအယူတွေလုပ်ခဲ့တယ်။ ဒီလိုနဲ့ သူတို့ရဲ့ကိုလိုနီစနစ်အောင်မြင်လာတယ်။ နယ်မြေချဲ့ထွင်ခြင်းအားဖြင့် ကုန်သွယ်အကျိုးအမြတ်ပိုကြီးလာကြတယ်။ သွေးစုပ်လာနိုင်ကြတယ်။ မြန်မာပြည်ကိုလည်း ဒီလိုပဲလုပ်ဖို့ ကြံရွယ်ခဲ့တာကို အလောင်းဘုရားသိပြီဆိုတော့ ၁၇၅၉ မှာ မင်းရဲကောင်းပုံကို ရဲမက် ၁၀ဝ ကျော်၊ တိုက်လှေ ၂စီးနဲ့ ဟိုင်းကြီးကျွန်းကိုလွှတ်ပြီး ကျွန်းပေါ်က အင်္ဂလိပ်ဟူသမျှ ယောက်ျားမိန်းမ မကျန် သုတ်သင်ချေမှုန်းခဲ့တယ်။ တစ်ခါတည်းကို နိဌိတံသွားရော။
    အလောင်းဘုရားရဲ့လုပ်ရပ်ကြောင့် မြန်မာပြည်ဟာ သူ့ကျွန်ဘဝ နှစ် ၁၀ဝလောက် လျော့နည်းသွားခဲ့တယ်လို့ သမိုင်းမှတ်တမ်းတင်ခဲ့ရပါတယ။် ဒါဟာ သက်ဦးဆံပိုင်ဘုရင်တစ်ပါးရဲ့ တိုင်းပြည်အပေါ် အကျိုးကျေးဇူးပြုခဲ့ပုံပါ။ သတ္တိပြောင်မြောက်တဲ့ အချုပ်အခြာအာဏာပိုင်စိုးသူရဲ့ တာဝန်ကျေတဲ့လုပ်ရပ်ပါ။
    ဟိုင်းကျွန်းရဲ့ မဟာဗျူဟာကျမှုဟာ ဒီကနေ့မှာ ပိုပြီးတန်ဖိုးကြီးနေပြီလား။

    အလောင်းဘုရားရဲ့သား ဆင်ဖြူရှင်လက်ထက်မှာ တရုတ်က စစ်ကြီးချီလာတာ စုစုပေါင်း ၄ကြိမ်။ (၁၇၆၅ မှာတစ်ကြိမ်၊ ၁၇၆၆ မှာတစ်ကြိမ်၊ ၁၇၆ရ မှာတစ်ကြိမ်၊ ၁၇၆၈ မှာတစ်ကြိမ်) ၄ ကြိမ်စလုံး တရုတ်တွေ ရှုံးချက်နာပြီး အရှက်တကွဲ အကျိုးနည်းစွာ တပ်ခေါက်ပြန်ခဲ့ရတယ်။ တရုတ်စစ်သူကြီးတွေ ရှက်လွန်လွန်းလို့ မိမိကိုယ်ကိုသတ်သေခဲ့ရတဲ့ထိပဲ။ အလောင်းဘုရားတို့သားအဖ ရဲရဲတောက်ပုံကိုပြောတာပါ။ အဲဒီခေတ်တုန်းက လူမျိုးရေးမျိုဝါးတဲ့နည်း၊ စီးပွားရေးမျိုဝါးတဲ့နည်း မရှိကြသေးဘူး။

    ယခုအခါ United States of Myanmar ဆိုပြီး စတုတ္တမြန်မာနိုင်ငံကြီး ပေါ်ပေါက်လာပါပြီ။

  • bigbird

    July 25, 2011 at 10:33 pm

    အမျော်အမြင်ရှိတဲ့ ခေါင်းဆောင်ကောင်း အမှန်တကယ်လိုအပ်နေပါပြီး…

    အားလုံးဝိုင်းဝန်းကူညီကြပါ။

  • Thanlwinoo

    July 26, 2011 at 11:18 am

    ကြားမညပ်ချင်ရင် နေတတ်ဖို့လိုပါတယ်။
    မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ အရေးပါတဲ့ နောက်ဖေးပေါက်တစ်ခုဖြစ်ပါတယ်။
    နောက်ပိုင်း လုံခြုံစိတ်ချရအောင် လက်ရှိအစိုးရကို ကုလဗီတိုအာဏာပိုင်ရှင်တရုတ်က
    နိုင်ငံတကာရဲ့ ဖိအားပေးမှုက ကာကွယ်စောင့်ရှောက်ထားပါတယ်။
    ခြံလုံအောင် ကိုက်တတ်တဲ့ခွေး မွေးထားတဲ့သဘောပါ။
    လက်ရှိအစိုးရကလည်း တရုတ်အပေါ်သစာစောင့်သိပါတယ်။
    တရုတ်နဲ့တွေ့တိုင်း တရုတ်တစ်နိုင်ငံထဲမူကို ထောက်ခံကြောင်း အမြဲပြောပါတယ်။
    မြန်မာနိုင်ငံရဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေမှာ ထိုင်ဝမ်နဲ့တိုက်ရိုက် ပို့ဆောင်တင်သွင်းခွင့် မပြုပါဘူး။ တိုက်ရိုက်ဆက်ဆံရင် ကိုယ့်နိုင်ငံအကျိုးစီးပွားရှိသော်လည်း တရုတ်ကြီးငြိုငြင်မှာ စိုးပါတယ်။
    အပြန်အလှန်အားဖြင့် လက်ရှိအစိုးရကလည်း မြန်မာ့စွမ်းအင်သယံဇာတတွေကို ဈေးပေါပေါနဲ့ စိတ်ကြိုက်တူးဖော်ထုတ်ယူခွင့် တွေပေးထားပါတယ်။
    လွန်ခဲ့တဲ့ ၁ဝ စုနှစ်ကျော်ကတည်းက ဟိုင်းကြီးကျွန်းမှာ တရုတ်က ရေဒါစခန်းဆောက်ပေးပါတယ်။
    ရေတပ်အတွက် စစ်သင်္ဘောတွေ ရောင်းပါတယ်။ India Ocean က ဝင်လာမဲ့ ရန်သူတွေကို တရုတ်နယ်စပ်မရောက်ခင် မိုင်ထောင်ချီထဲက ကြိုသိနေမှာပါ။ (မကြာသေးမီက ကပ်ပလီကျွန်းမှာ India ရေတပ်ဌာနချုပ်တစ်ခု ဖွင့်တယ်လိုသိရပါတယ်။)
    မြန်မာနိုင်ငံထဲမှာလည်း လေယာဉ်ကွင်းတွေ တော်တော်များများဆောက်ပါတယ်။
    အများပြည်သူသုံးမဟုတ်ဘဲ စစ်သုံးကွင်းတွေများပါတယ်။ အရေးအကြောင်းကြရင် တရုတ်က အကူအညီ ချက်ချင်းပေးနိုင်ဘို့လို့ ယူဆပါတယ်။ တရုတ်အနေနဲ့လည်း နောက်ပိုင်းကဝင်လာမဲ့ ရန်သူတွေကို ကိုယ့်နိုင်ငံထဲထိ အဝင်မခံဘဲ တိုက်ခိုက်နိုင်မှာပါ။ အဲဒီကြရင် ဘယ်နေရာတွေမှာ စစ်ပွဲတွေဖြစ်ပြီး ဘယ်သူတွေ မြေဇာပင်ဖြစ်မလဲ….?။
    စင်ကာပူဟာ နိုင်ငံငယ်သော်လည်း နိုင်ငံတကာမှာ လူရာဝင် ဩဇာရှိပါတယ်။
    ဘယ်သူမှာ လက်ဖျားနဲ့မတို့ရဲပါဘူး။ အနေမှန်လို့ပါ….။
    ကျွန်တော်တို့လည်း …………….။

Leave a Reply