“ကိုပေါက်လမ်းသလားနေသည် အပိုင်း(7)” (ရွာသားများနှင့်တွေ့ဆုံခြင်း)

“ကိုပေါက်လမ်းသလားနေသည် အပိုင်း(7)”
(ရွာသားများနှင့်တွေ့ဆုံခြင်း)

တရားရိပ်သာက ထွက်လာတဲ့အချိန် မိုးကတော့ တဖွဲဖွဲရွာနေဆဲ။
ဒါပေမယ့်လဲ ဒီအထိတောင်ရောက်လာပြီးမှ ကျောက်တန်းရေလည်ဘုရားကို ရောက်အောင်သွားမယ်ဆိုပြီး
ဆက်သွားကြပါတယ်။
ဟိုးငယ်ငယ်က တစ်ခေါက်ရောက်ဘူးပေမယ့် အခုချိန်မှာတော့ ဘယ်ကနေဘယ်လို့သွားမယ်ဆိုတာ မသိတော့ပါဘူး။
အခုတစ်ခေါက်ရောက်မှသိလို်က်တာကတော့ သံလျင်က သတ်သတ်တစ်မြို့ ၊
ကျောက်တန်းက သတ်သတ်တစ်မြို့ဆိုတာကိုပါ။
ရိပ်သာကနေထွက်လာတော့ဖြောင့်ဖြူးတဲ့လမ်းလေး အတိုင်းလာ ၊
ရှုပ်ထွေးစည်ကားတဲ့ဈေးတန်းလေးကို ဖြတ်အပြီးမှာတော့
ရေပြင်ကြီးရဲ့အလည်မှာရှိနေတဲ့ ဘုရားကို ဘွားကနဲတွေ့လိုက်ရပါတော့တယ်။
ငယ်ငယ်က ရောက်ခဲ့စဉ်တုံးက ဈေးတန်းလေးရှိတယ်ဆိုတာရယ်
ရေစပ်က နွံပြင်ကြီးပေါ်မှာငါးပြန်လေးတွေ ဖလန်းဖလန်းထနေတယ်ဆိုတာကလွဲလို့ မမှတ်မိ၊
အခုအချိန်မှာတော့ ရေပြင်ကို သံပန်းတွေနဲ့ခြားထားတော့ အန္တရာယ်ကင်း၊
လမ်းနံဘေးနားက ဆိုင်တွေကလဲ သူ့နေရာနဲ့သူ သပ်သပ်ရပ်ရပ်။
အရှေ့ဘက်ဘေးမှာတော့ ရွှေရောင်တွေဝင်းလက်နေတဲ့မြတ်စောညီနောင်ဘုရား။

မိုးလေးက တိတ်လိုက်ရပ်လိုက်၊
ဘုရားဖူးလာကြတဲ့သူများ အရမ်းမစည်ကားပေမယ့် အဆက်မပြတ်
ကျနော်တို့အဖွဲ့လဲ လှေဆိပ်မှာလက်မှတ်ဖြတ်လို့ ဘုရားဘက်ကူးဘို့ပြင်ကြပါတယ်။
လှေအဆင်းမြင်းအတက် ခက်ခဲတယ်ဆိုတာ ရှေးကကြားခဲ့ဘူးပေမယ့် အခုအချိန်မှာတော့လက်တွေ့။
လှိုင်းပုတ်လို့ လှုပ်ပဲ့လှုပ်ပဲ့ နဲ့ ရှိနေတဲ့လှေပေါ်ကို ခပ်ဝဝ ကျနော် ပြုတ်များကျရင် ဒုက္ခဘဲဆိုတဲ့ အတွေးနဲ့ မရဲတရဲနဲ့တက်ရပါတယ်။
နောက်တော့လှေပေါ်လဲရောက်ရော မြင်ရတဲ့မြင်ကွင်းတွေကြောင့် အစောက စိုးရိမ်စိတ်တွေပျောက်လို့
ကင်မရာနဲ့လက်ဆော့ဘို့ကြံပါတော့တယ်။
နောင်ဘယ်အချိန်မှာမှပြန်ရောက်မယ်ဆိုတာ မသိတဲ့အတွက်ရသလောက်မှတ်တမ်းတင်မိပါတယ်။
ရေလည်က ဘုရားကို ကမ်းဘေးတုံးကလဲ ရိုက် လှေပေါ်ရောက်တော့လဲရိုက်။
ဘုရားရင်ပြင်တော်ပေါ်ရောက်တော့လဲရိုက်။
ရိုက်လို့မဝနိုင်အောင်ပါဘဲ။
ရင်ပြင်တော်ပေါ်ရောက်တော့ ဘုရားကို လက်ယာရစ်ပါတ်ကြ၊
အတူသွားတဲ့ခရီးဖော်တစ်စု အပျော်တွေစုနေတဲ့ ပြုံးမျက်နှာတွေနဲ့နေရာအနှံ့မှာ
အမှတ်တရဓါတ်ပုံတွေရိုက်ကြ။
နောက်တော့ ရေပြင်အစပ်မှာဆင်းလို့ ငါးစာကြွေးကြပါတယ်။
(ကျနော်ကတော့ ပါပါရာဇီလုပ်လို့ ကလေးများလို ပျော်ရွှင်စွာငါးစာကြွေးနေကြတဲ့ပုံတစ်ပုံကို ဘယ်သူမှမသိအောင်ခလုပ်နှိပ်ထားလိုက်ပါသေးတယ်။)
ရေလည်ကျောက်တန်းဘုရားကအပြန်မှာတော့ တစ်ခါက ဝတ္တုတစ်ပုဒ်ထဲမှာ နံမည်ကြီးဘူးတဲ့
နတ်စင်တစ်ရာကျောင်းကို ဝင်ခဲ့ကြပါတယ်။
တကယ်ရောက်သွားတဲ့အခါ စိတ်ထဲမှာထင်ထားတာနဲ့တစ်ခြားစီ ။
ကျယ်ပြန့်တဲ့ကျောင်းဝန်းကြီးထဲမှာ နတ်စင်လေးတွေဟိုတစ်စု ဒီတစ်စုရှိမယ်လို့ထင်ထားပေမယ့်
ကျောင်းအဝင်ဝမှာ တန်းစီပြီးဆောက်ထားတဲ့အုဌ်နတ်စင်လေးများဘဲ တွေ့ခဲ့ရပါတယ်။
အဝင်ဝ အရှေ့ဘက်မှာတော့ ထူးထူးခြားခြား ဘိုးဘိုးအောင် မြင်းဖြူစီးနေတဲ့ပုံအကြီးကြီးထုလုပ်ထားတာကို မြင်ခဲ့ရပါတယ်။

ဒါနဲ့အပြန်လမ်းရောက်တော့ အအေးသောက်မယ်ဆိုပြီး သာကေတ ရွှေပုဇွန်ကိုဝင်၊
ဆိုင်အနောက်ဘက်မှာရှိတဲ့ ပန်းခြံလေးထဲမှာ အလှမွေးရွှေငါးလေးတွေ ကြည့်
သစ်ပင်ပေါ်က သစ်ခွပန်းလှလှတွေ ပန်းပင်တွေကိုငေး ပန်းခြံထဲက ရေကန်လေးတွေနားမှာ
အမှတ်တရအနေနဲ့ အုပ်စုလိုက် ဓါတ်ပုံရိုက်။
ဟိုး……….မလှမ်းမကမ်းက ထန်းပင်အပုလေးမှာ ထန်းရည်အိုးလေးတွေတန်းလန်းဆွဲထားတာမြင်တော့
ထန်းရေကြိုက်တဲ့ မိုက်ကယ်ဂျော်နီအောင်ပုကို မဆီမဆိုင် သတိရမိလိုက်ကြ။
စားသောက်ပြီးတော့ ကျနော်တို့ ကို တည်းအိမ်အထိဂရုတစိုက်ပြန်ပို့ပေး၊
ကျနော်အတွက်လက်ဆောင်တွေပေးနဲ့ ပျော်ရွှင်နွေးထွေးသောခရီးတစ်ခုဖြစ်ခဲ့ရပါတယ်။

တည်းအိမ်ကိုပြန်ရောက်တော့ အချိန်ရသေးတာနဲ့ ကျနော့်စာတွေကိုဖတ်ရာကနေ ခင်မိနေတဲ့
မိတ်ဆွေဆီဖုန်းဆက်တော့ သူက ဒဂုန်စင်တာမှာဈေးဝယ်နေပါသတဲ့။
ဒါနဲ့ဘဲ အဝတ်အစားလဲပြီး အပြင်ပြန်ထွက်။
နာရီဝက်လောက်နေတော့ သူနဲ့ ချိန်းထားတဲ့နေရာကိုရောက်ပါတယ်။
တစ်ခါမှ မရောက်ဘူးသေးတဲ့နေရာမှာ တစ်ခါမှ မတွေ့ဘူးတဲ့သူကိုလာတွေ့သပေါ့။
သူကတော့ ကျနော်ကို ဓါတ်ပုံထဲမှာမြင်ဘူး ပေမယ့်၊
ကျနော်ကတော့ သူ့ကို ဂျီတော့က ပုံသေးသေးသာမြင်ဘူးပါတယ်။
အဲဒီစင်တာနားရောက်တော့ အဝင်ဝကနေ ဟိုဟိုဒီဒီကြည့်လို့ရှာ။
ခဏနေမှ ပြုံးကြည့်နေတဲ့သူတစ်ယောက်ကိုတွေ့တော့ နာမယ်မေးလို့ နုတ်ဆက်မှ
မိတ်ဆွေခြင်းမျက်ဝါးထင်ထင်တွေ့ဖြစ်ပါတော့တယ်။
အဲဒါနဲ့ဘဲ အနီးအနားမှရှိတဲ့နာမယ်ကြီး ကြေးအိုးဆိုင်က အတူသွား၊
သူကတော့ အအေးတစ်ခွက်သောက်၊
ကျနော်က ကြေးအိုးစား ရင်း စာအေကြာင်းပေအကြောင်းတွေ
နေ့စဉ် ကြုံရဆုံရတာလေးတွေပေါ့ပေါးပါးပါးပြောဖြစ်ခဲ့ကြပါတယ်။
ဒါနဲ့ဘဲ 8နာရီထိုးတော့နုတ်ဆက်လို့လမ်းခွဲကြပါတယ်။
နောက်တစ်ကြီမ်ပြန်တွေ့ဘို့ဆိုတဲ့ကာလ အကွာအဝေးကိုတော့
စိတ်ထဲမှာဘဲမေးခွန်းတွေထုတ်ရင်းသိမ်းထားလိုက်ပါတော့တယ်။
ကျနော်က ခရီးထွက်ဘို့အခွင့်အရေး ရခဲသူမို့ပါ။

ဒါနဲ့ဘဲအိမ်ရောက်တော့ ကိုးနာရီ။
တူမတွေက ထမင်းမစားဘဲစောင့်နေတော့ သူတို့နဲ့ထမင်းစား၊ပြီးကြတဲ့အခါ
ရှေးဖြစ်ဟောင်းအောင်းမေ့ဘွယ်သူုတို့ငယ်ငယ်ကအကြောင်းတွေ
စားမြုံ့ ပြန်ကြ၊ပြောရင်း ရီကြမောကြ
ကွယ်လွန်သွားခဲ့တဲ့ သူများအကြောင်းရောက်တွေ သတိရလွမ်းဆွတ်စိတ်နဲ့
အသံတွေတိတ်သွားလိုက်ကြ နဲ့
ပျော်စရာတွေ လွမ်းစရာတွေနဲ့ ပြည့်နှက်နေတဲ့အတိတ်တွေဆီကို
အတူတကွ အလည်သွားဖြစ်ခဲ့ကြပါတယ်။

ညအိမ်ယာဝင်ခါနီးတော့ တနင်္ဂနွေမှာအလုပ်ပိတ်တဲ့တူမက နက်ဖြန်အတွက်အစီအစဉ်တွေဆွဲပါတော့တယ်။
(3-7-2011)မှာတော့ တိုက်တိုက်ဆိုင်ဆိုင် ကျနော်နဲ့မွေးနေ့တူတဲ့တူမအကြီးရယ်က
နှစ်ယောက်ပေါင်းပြီး မွေးနေ့အတွက်ညနေစာထမင်းကျွေးမယ်လို့စီစဉ်ကြပါတယ်။
ကျနော်အမျိုးသမီးရဲ့ညီမအကြီးဆုံးကမွေးတဲ့သမီးကြီးကကျနော်နဲ့မွေးနေ့တူပါတယ်။
သူကလဲကျနော်လို့ စိတ်မထင်ရင် ရွတ်တီးရွတ်ဖဲ့။
အဲတော့ ကျနော်တို့ တူအရီးနှစ်ယောက် ကိုအမျိုးတွေက “ကန့်လန့်ကောင်(ဂလန့်ကောင်)တွေလို့ခေါ်ပါတယ်ကျနော်တို့အိမ်ထောင်ကျတော့ သူအသက်က
၈နှစ်သမီး ။
ကျနော်တို့မင်္ဂလာဆောင်တုန်းက ဓါတ်ပုံမှန်သမျှ သူပုံပါ ပါတယ်။
အခုအချိန်မတော့ သူက သားတစ်ယောက်မိခင်၊
အဲတော့ကြုံတောင့်ကြုံခဲမွေးနေ့မှာ တူဝရီးနှစ်ယောက်တွဲပြီးကျင်းပဘို့အားလုံးကတောင်းဆိုပါတယ်။
ချိန်းထားတဲ့နေရာကတော့ 8မိုင်က ရွှေဘဲပါတဲ့။
အဲဒီနေ့အစီအစဉ်ကတော့
မနက်စောစောထ ကမ္ဘာအေးသွား ပြီးရင် ဂမုန်းပွင့်ဝင် ဈေးအတူဝယ်ပြီးရင်
ကျနော်က ရွာသားများနဲ့ချိ်န်းတဲ့ဆီကိုသွား သူတို့အဒေါ်နဲ့သူတို့ကလဲ သူတို့အစီအစဉ်နဲ့သူတို့သွား။
အဲတော့ ဒီနေ့မှာကျနော်ကလဲ ကျနော်ကိစ္စနဲ့ကျနော်သွားမယ် ထမင်းအိမ်ပြန်မစားဘူး။
လမ်းကြုံတဲ့နေရာမှာစားမယ် ညနေသွားမယ့်အချိန်ကိုဖုန်းဆက်ပြီးပြန်ချိန်းကြမယ်။
အစီအစဉ်တွေကတော့ အကွက်ကိုစေ့လို့ပါဘဲ။

အဲဒီနေ့မနက်ကတော့ ထုံးစံအတိုင်းစောစောထ စွယ်တော်ဘက်လမ်းလျှောက်
အပြန်လက်ဖက်ရည်သောက်ပြီးရင် အင်တာနက်ဆိုင်ကိုခဏဝင်ပါတယ်။
ကော်နက်ရှင်မကောင်းတော့ စာလဲမရေးဖြစ် မေးလ်ဖွင့်ဖတ်၊
ဂျီတော့မှာရှိတဲ့မိတ်ဆွေ တွေနဲ့စကားပြောဖြစ်ပါတယ်။
မှတ်မှတ်ရရ မနေ့ကတော့ နေပြည်တော်သွားနေတယ်ဆိုသူကပြန်ရောက်
တွေ့မယ်ပြောတော့ (3-7-2011)နေ့မနက်ဆယ်နာရီမှာ မြေနီကုန်းစီးတီးမတ် ကကော်ဖီဆိုင်မှာဘဲချိန်းလို်က်ပါတယ်။

8နာရီမတ်တင်းလောက်အရောက်ဖုန်းမြည်လို့ကိုင်လို်က်တော့ မဒမ်ပေါက်၊
ကျနော်ပြန်မရောက်သေးလို့လှမ်းခေါ်ပါတယ်။
ဒါနဲ့ဘဲအိမ်ပြန်ရေချိုး…….အားလုံးအဆင်သင့်ဖြစ်လို့ထွက်ကြတော့ 9နာရီ။
လက်ဖက်ရည်ဆိုင်ဝင် မုန့်စား လမ်းဝမှတ်တိုင်ကနေကားငှားပြီး ကမ္ဘာအေးစေတီဘက်ထွက်ခဲ့ကြပါတယ်။
နောက်ဆုံးအခေါက်ရန်ကုန်ကို ရောက်တုန်းက လှိုဏ်ဂူတော်ဘက်မှာ ဓါတ်ပုံတွေရိုက်ခဲ့ကြတာကို မှတ်မိနေပါသေးတယ်။
အဲဒီတစ်ခေါက်လာတုန်း1983 လက်ထပ်ပြီးလို့ တစ်ပါတ်အကြာ မဒမ်ပေါက်ရန်ကုန်တက္ကသိုလ်မှာ
ဘွဲ့လာယူရင်း ထန်းလျက်ရည်ရော သကြားရည်ရော ပျားရည်ပါဆမ်းခဲ့ကြတာဘဝမှာအမှတ်တရ။
အဲဒီအချိန်တုန်းက တော့မျှော်လင့်ချက်တွေအပြည့်နဲ့ သွက်လက်တက်ကြွတဲ့လူငယ်။
အခုတော့ အစစ သတိနဲ့နေရင်း ဆင်ခြင်မူ့နဲ့ဘဝကိုမောင်းနှင်ပေမယ့် အဆင်းလမ်းကိုရောက်နေတဲ့
အနယ်ထိုင်အောင်ကြိုးစားနေရတဲ့အရွယ်။
ဒါကတော့ ဘုရားက အထွက် ဂမုန်းပွင့် ကုန်တိုက်ဘဲအသွား၊လမ်းလျှောက်နေရင်းက ရင်ထဲကိုရောက်နေတဲ့အတွေးပေါ့။
ခဏတော့ ဂမုန်းပွင့်ကုန်တိုက်ထဲကိုရောက် အဝတ်အစားကြည့်မယ်ဆိုတော့ အပေါ်ထပ်ကိုတက်ခဲ့ကြပါတယ်။
မဒမ်ပေါက်နဲ့သူတူမတွေက ဟိုရွေးဒီရွေး ကျနော်ကတော့ ဟိုငေးဒီငေး။
နောက်တော့တူမလေးတွေက မွေးနေ့လက်ဆောင်ဝယ်ပေးမယ်ဆို အကျီိရွေးနေတုံး၊
မြေနီကုန်းမှာ မနက်ဆယ်နာရီတွေ့မယ်လို့ချိန်းထားသူနှစ်ယောက်က ရောက်နေပြီဆိုတာဖုန်းဆက်၊
ဒါနဲ့ဘဲ မဒမ်ပေါက်တို့နဲ့လမ်းခွဲပြီး မြေနီကုန်းဘက်ထွက်ခဲ့ပါတယ်။
တက္ကစီငှားလို့လာခဲ့လိုက်တာ မြေနီကုန်းရောက်တော့ ဆယ်နာရီခွဲ၊
ရောက်နေနှင့်သူက ကျနော့်အတွက်မုန့်နဲ့ကော်ဖီဝယ်တိုက်၊
ရောက်တတ်ရာရာစကားတွေပြော၊
အမှတ်တရဓါတ်ပုံရိုက်မယ်လုပ်တော့ ဆိုင်က ဝန်ထမ်းက နံရံမှာကပ်ထားတဲ့၊
ဓါတ်ပုံမရိုက်ရဆိုတဲ့စာတန်းကိုပြလို့ကန့်ကွက်။
ဒါပေမယ့်လဲ တစ်ဖက်စားပွဲဝိုင်းက ကောင်လေးတွေကို အကူအညီတောင်းလို့ မှတ်တမ်းတင်လိုက်ပါသေးတယ်။
ဆယ်နှစ်နာရိထိုးခါနီးတော့လမ်းခွဲခဲ့ပါတယ်။
ဘာလိုလဲဆိုတော့ နေ့လည်တစ်နာရီမှာရွာထဲလူတွေနဲ့ချိန်းထားပါတယ်။
ကျနော်တို့မနက်တွေ့တဲ့သုံးယောက်မှာ ကျနော်နဲ့နောက်ယောက်ျားလေးတစ်ယောက်ကတော့ နေ့လည်မှာချိန်းထားတာ သိပေမယ့် မိန်းကလေးတစ်ယောက်ကတော့ နောက်တစ်ပွဲရှိတာ မသိသလို ဘယ်သူကမှလဲမပြောပါဘူး။
ပြောစရာမလို လို့လဲမပြောတာပါ။
သူတို့နဲ့လမ်းခွဲပြီးတော့ ကျနော်ထမင်းစားဘို့ ဆိုင်ရှာပါတယ်။
မြေနီကုန်းစင်တာရဲ့နောက်ကျောဘက်ကလမ်းကြားထဲကို ဝင်အသွား လမ်းကြားတစ်ခုထဲကိုရောက်တော့
“ထမင်းပေါင်းတစ်ပွဲ800ကျပ်”လို့ ချိတ်ထားတဲ့ ဗွီနိုင်းက ကျနော်ကိုလပ်ယပ်လို့ခေါ်နေပါတယ်။
စောစောကမှ သူများဝယ်တိုက်တဲ့ကော်ဖီနဲ့မုန့်စားထားတော့ ဘိုက်လဲသိပ်မဆာ၊
800တန်ထမင်းတစ်ပွဲလောက်ဆို အနေတော်ဘဲဆိုပြီး လဲစဉ်းစားမိလို့ပါ။
ဆိုင်ထဲရောက်တော့ စားပွဲထိုးလေးက ဝက်လား ကြက်လားမေးတော့
ဝက်သားနဲ့လို့ပြောလိုက်ပါတယ်။
အဲဒီအခါစားပွဲထိုးလေးက
“ဝက်သားနဲ့ဆို 1500၊800လို့ရေးထားတာက ကြက်ကင်နဲ့”
လို့ စိတ်တိုစရာကောင်းအောင်လာပြောပါတယ်။
စိတ်ထဲမှာထောင်းကနဲ့ဖြစ်သွားပေမယ့်သူများ မြို့ရွာဆိုတဲ့အသိနဲ့ဆက်မပြောလိုက်ပါဘူး။
ကြောက်လို့ မပြောရဲလို့တော့လဲမဟုတ်ပါဘူး။
ခဏလာတဲ့ဧည့်သည်ဖြစ်နေလို့ သည်းခံလိုက်တဲ့သဘောပါ။

ကျနော်တို့မြန်မာနိုင်ငံ စိတ်ညစ်စရာကောင်းတာ ဒီလိုကိစ္စမျိုးတွေပါဘဲ။
ဈေးဝယ်ကို မလိမ့်တပါတ်နဲ့လုပ်ပြီး ဈေးဝယ် ဝင်အောင်ဆွယ်ပြီး ရောင်းကြတာပါ။
အကျီတစ်ထည် တစ်ထောင် တကြော်ကြော်အော် နေပါလေရော။
ချိတ်ထားတဲ့အင်္ကျီကတော့ လိုချင်စရာ။
တကယ်ဝယ်မယ်ဆိုလဲ ကိုင်လိုက်ရင်
“အဲဒါက သုံးထောင် တစ်ထောင်တန်က ဒီမှာ”
ဆိုပြီး ကလေးဝတ်သာသာ လောက်ရှိတဲ့ အဖြစ်ချုပ်ထားတာကို ထိုးပေးပါတယ်။
“ပန်းသီးတစ်လုံး 100 ကြိုက်တာရွေးယူ” ဆိုအော်၊
အလုံးလှလှချောချော သွားရည်ကျချင်စရာအသီးကို သွားမထိလိုက်နဲ့၊
“ဒါတွေက တစ်လုံး300 တစ်ရာတန်က ဗန်းထဲမှာ ကြိုက်တာသွားရွေး”
ဆိုပြီး အပုတ်တစ်ဝက်ပါတဲ့ အသီးတွေထည့်ထားတဲ့ဗန်းကိုလက်ညှိုးထိုးပြပါတယ်။
ဒီလိုဖောက်သည်ကို နားလှည့်ပါးလှည့်လုပ်ပြီးလိမ်ရောင်းတာကို တော့အောက်တန်းကျ
တယ်လို့ ယူဆပါတယ်။
ဈေးဝယ်သူကိုလောဘကြီးတယ်လို့တော့ပြောလို့မရပါဘူး။
တန်တယ်ထင်ရင်ဝယ်မှာ သူသူကိုယ်ကိုယ်ပါဘဲ။
တနည်းပြောရင်တော့ လူတစ်ယောက်ကို အရှက်ကွဲအောင်လုပ်တယ်လို့ ခံစားရပါတယ်။
(တစ်ချို့လဲရောက်လက်စနဲ့ ပြန်မထွက်ချင်တာရယ် ရှက်တာရယ်ကြောင့်ဝယ်သွားကြပါတယ်။)

ထမင်းပွဲရောက်လာလို့ကြည့်လိုက်တော့ ထမင်းနည်းနည်းထဲကို ကြက်သားကင်ထားတာ
နည်းနည်းထည့်လာပါတယ်။
ဟင်းအနှစ်လိုဟာမျိုးနည်းနည်းဆမ်းထားပါတယ်။
ကျနော်ကလဲ ဗိုက်သိပ်မဆာ သိပ်လဲစကားမပြောချင်တာနဲ့
အလုပ်တစ်ခုပြီးတယ်လို့သဘောထားပြီးစားလိုက်ပါတယ်။

ထမင်းစားပြီးတော့ 12း15 အားနေတာနဲ့နေ့လည်တစ်နာရီမှာ
ချိန်းထားတဲ့ကလေးတစ်ယောက်ကို ကျနော်ရောက်နေပြီဆိုတဲ့အကြောင်းလှမ်းပြောတော့
သူမှာအလုပ်ကိစ္စတစ်ခုပေါ်လာတာနဲ့ မလာနိုင်ကြောင်းတောင်းပန်ပါတယ်။
ကျနော်က လည်းအားနာဘို့မလိုကြောင်း နိုးပလုံ ပလုံ ပြန်ပြောပေးရပါတယ်။
အမှန်တကယ်တော့ လေထဲက မိတ်ဆွေများ တွေ့ဆုံကြတယ်ဆိုတာက မိတ်ဆွေအချင်းချင်းရဲ့ခင်မင်မူ့သက်သက်ပါ။
MGလို့ခေါ်တဲ့ရွာထဲမှာ စာတွေရေးရင်းဖတ်ရင်း သိလာကြတဲ့မိတ်ဆွေတွေရောက်တုံးရောက်ခိုက်ဆုံကြတဲ့သဘောပါဘဲ။
ဘယ်သူနဲ့တွေ့မယ် ဘယ်သူနဲ့မတွေ့ဘူးဆိုတာကိုတော့ ဘယ်သူဆီကမှ အမိန့်ခံစရာမလိုပါဘူး။
အများနဲ့တွေ့ဘို့ စီစဉ်တဲ့အခါမှာ အဆင်မပြေလို့ ချန်ထားတာကိုလဲ အုပ်စုခွဲတယ်လို့ပြောမယ်ဆိုရင်လဲ
အဲလိုပြောတဲ့သူ အတွေးတွေမှားနေပြီလို ပြောလို့ရပြန်ပါတယ်။
ကိုယ်ကတွေ့ချင်လို့ခေါ်ပေမယ့်လဲ သူက လက်မခံဘူး မလာချင်ဘူးဆိုလဲစိတ်ဆိုးစရာမရှိပြန်ပါဘူး။
ခင်လဲခင်တယ် ချက်တင်မှာအပြန်အလှန်ပြောနေတယ် ဒါပေမယ့်ဖုန်းအဆက်အသွယ်လဲမရှိ၊
ချက်တင်မှာလဲ မဆုံဖြစ်လို့ တွေ့ဘို့ချိန်းကြတဲ့အခါ ကျန်နေတာလဲ ရှိတတ်ပါသေးတယ်။
နောက်အင်တာနက်က ဆိုရှယ်ဝက်ဆိုက်တွေမှာရေးကြတယ်ဆိုတာ ဘယ်သူဘယ်ဝါဆိုတာ
အတိအကျမသိစေချင်လို့မျက်နှာဖုံးစွပ်ပြီး အလုပ်လုပ်ကြတာပါ။
တစ်ယောက်နဲ့တစ်ယောက်မသိအောင်နေကြတာများပါတယ်။
ချက်တင်မှာလူချင်းသိသွားလို့တွေ့ဆုံတယ်ဆိုတာ တကယ်ခင်လို့သာတွေ့တယ်လို့မှတ်ယူနို်င်ပြန်ပါတယ်။
အဲတော့တွေ့ဆုံကြတယ်ဆိုတာ သီးသန့်တွေ့ဆုံပွဲဖြစ်တဲ့အတွက်ကာယကံရှင်က
ခွင့်မပြုရင်တော့လူသိအောင်ဖော်မပြသင့်ဘူးလို့ထင်ပါတယ်။
တစ်ခုတော့ရှိပါတယ် အရင်ကတည်းကအပြင်မှာသိကြတဲ့သူငယ်ချင်းတွေစကြနောက်ကြတာသီးသန့်ကိစ္စပါ။
ဒါကတော့ တွေ့တယ်မတွေ့ဘူး ဘယ်သူပါတယ်မပါဘူးဆိုတာကို တွေးမိတဲ့အတွေးပါ။

12း45ရောက်တော့ ကျနော်မြေနီကုန်းစီးတီးမတ်ကိုရောက်နေပါပြီ။
ဖုန်းချင်းအဆက်အသွယ်ရှိသူကိုလှမ်းပြောတော့ လာနေပြီလမ်းမှာလို့ဖြေတော့စိတ်တွေအေးရပါတယ်။
အဲဒါနဲ့စက်လှေခါးနားကိုထိုင်ခုံမှာထိုင်စောင့်နေလိုက်ပါတယ်။
သေချာတာကတော့သူတို့ကျနော့်ကို မြင်ရင်မှတ်မိနိုင်အောင်သူတို့ကိုမေးလ်ကနေ ကျနော်ဓါတ်ပုံပို့ပေးထားပါတယ်။
သူတို့ဓါတ်ပုံကိုတော့ ကျနော်မမြင်ဘူးသလို တောင်းလဲတောင်းမထားမိပါဘူး။
ခဏနေတော့ အတွဲလေးတစ်တွဲ ဝင်လာပါတယ်။
သူတို့က ကော်ဖီဆိုင်ထဲဝင်ကြည့် နေရာလွတ်မရှိလို့ပြန်ထွက်လာ။
ခုံမှာထိုင်နေတဲ့ကျနော်ကို မြင်တော့ မှတ်မိပြီးလေပေါက်လို့လှမ်းခေါ်ပြီး ခုံနားမှာလာထိုင်။
ခဏနေတော့နောက်တစ်ယောက် ဝင်လာပါတယ်။
မြင်တာနဲ့လေးပေါက်ဆိုပြီးစာအုပ်လေးနှစ်အုပ်လက်ဆောင်ပေးပါတယ်။
သုမောင်နဲ့နေဝင်းမြင့် ဂွတ်ရှယ် ကျနော်ကြိုက်တဲ့ဆရာနှစ်ယောက်စာအုပ်ဖြစ်နေလို့ပေါ့။
ဟောခဏနေပြန်တော့ လူငယ်အတွဲလေးတစ်တွဲ ခေတ်နဲ့အညီပြားချပ်ချပ် ဒါပေမယ့်သပ်သပ်ရပ်ရပ်။
သူတို့လဲလာရော ကော်ဖီဆိုင်မှာနေရာလဲမရှိ တော့ ဒီပြင့်နေရာကို ရွေ့မယ်လို့တိုင်ပင်ရင်းရွှေ့ကြပါတယ်။
နေရာရွေးရင်းရွေးရင်းကနေ နောက်ထပ်ရောက်လာတဲ့သူလဲအလွယ်တကူလိုက်လို့ရအောင်
မနီးမဝေး နောက်ဘေးလမ်းကြားက အအေးဆိုင်လေးမှာထိုင်ဖြစ်ကြပါတယ်။
တနင်္ဂနွေဆိုတော့ လာရောက်စားသောက်တဲ့သူများပါတယ်။
ဒါနဲ့ဘဲအပေါ်အဆင့် ကျဉ်းကျဉ်းကျပ်ကျပ် ချထားတဲ့ဆက်တီလေးမှာ
နေရာယူလို့ မောင်ရင်းနှမတွေလို့ပူးကပ်လို့ထိုင်ကြ၊
မမြင်မသိဘူးတဲ့သူ တစ်ယောက်နဲ့တစ်ယောက် နာမယ်ကိုတန်းမပြောဘဲ အနက်တွေဝှက်လို့မိတ်ဆက်ကြ၊
ပဲမပါ အကြွယ်ဇယားမပါ အနင်းဇယားမပါ တကယ့်ပျော်စရာပါဘဲ။
ကျနော်တို့ စားစရာတွေမှာနေတုန်း ဖုန်းဝင်လာပါတယ်။
ဘယ်မှာထိုင်နေကြသလဲဆိုပြီး မေး ခဏလေးနေတော့ ဆိုင်ထဲကို
ဟဲလေးနဲ့တူတဲ့တစ်ယောက်ဝင်လာ ဘယ်နားမှာလဲလို့ မေးဘို့ ဖုန်းသံအကြား အားလုံးက ဒီမှာလို့ဝိုင်းအော်။
ခဏနေပြန်တော့ တစ်နေရာကိုသွားစရာရှိတဲ့အတွက် မရောက်လာနို်င်သူက လူစုံပြီလားလှမ်းမေး၊
ပြန်ဖြေတဲ့အသံတွေကလဲ အပျော်တွေစွက်လို့။
ခဏနေပြန်တော့မန်းလေးက ရွာသားတစ်ယောက်ကလှမ်းမေး၊
ဘယ်သူတွေပါတယ်ဆိုတာပြန်ဖြေ၊
မိတ်ဆက်ရင်းနဲ့ရီစရာတွေပြောကြ။
ကြုံသလိုထိုင်ကြရင်းနဲ့စုံတွဲနှစ်ယောက်ကြားကို မသိဘဲရောက်နေတဲ့တစ်ယောက်ကိုဝိုင်းစကြ၊
ရှက်ကိုးရှက်ကန်းနဲ့ဖယ်ပေးမယ်ဆိုတော့ ဝိုင်းကျပ်ကြ၊
တဝါးဝါး တဟားဟားနဲ့ပါ။

သိပ်မကြာခင်နောက်တစ်ယောက်ကဖုန်းနဲ့မေးပြီးလိုက်လာပါတယ။်
သူလဲလာရော ပွဲက ပိုစည်သွားပါတယ်။
မန်းလေးမှာ သွားရလာရခက်ခဲတာပြောပြပါတယ်။
ဟုတ်တော့လဲဟုတ်ပါတယ်။
မန်းလေးသူ မန်းလေးသားတိုင်းအိမ်မှာစီးစရာ စက်ဘီးဆိုင်ကယ်ကအဆင့်သင့်။
အဲတော့ ဘယ်သွားသွား ကိုယ်စိတ်ကိုယ်ပိုင်။
ဒါပေမယ့် မန်းလေးမှာက တက္ကစီမရှိ။
လေးဘီးသုံးဘီးရှိပေမယ့်ဈေးများတဲ့အပြင် ကားဂိတ်ရထားဂိတ်နားမှာဘဲရှိ။
အငှားကများရန်ကုန်လို လမ်းပေါ်မှာ တဝီဝီမသွား၊
ဘတ်စ်ကားစီးမယ်ဆိုရင်လဲ တစ်စီးနဲ့တစ်စီးကြား တမေ့တမော
ရပ်ချင်တဲ့နေရာ ကျောက်ချလို့ရပ် သွားချင်မှသွားဆိုတော့
နယ်ကလာသူများမှာ သွားမယ်လာမယ်ဆိုအခက်တွေ့ကြပါတယ်။
ဒါအရင်ကတော့ကျနော်ကိုယ်တိုင် မစဉ်းစားမိတဲ့ကိစ္စတရပ်။

နောက်ရန်ကုန်က ကားငှားခနဲ့မန်းလေးခကားငှားခ အရမ်းကွာပါတယ်။
ရန်ကုန်က အများကြီးသက်သာသလို ကားငှားရတာလဲလွယ်ပါတယ်။
မန်းလေးအတွေ့အကြုံကို ရောက်ဘူးသူက အဆင်မပြေခဲ့တာတွေကိုပြောပြ
အဲဒီတုန်းကအခက်အခဲ အခုတော့ရီစရာမောစရာတွေဖြစ်။
ကုန်လွန်သွားတဲ့အဖြစ်တွေပေါ့။

နောက်တော့လဲ မရိုးနိုင်သော အဖြစ်အပျက်များ၊
လူငယ်တွေကြုံတွေ့နေရတဲ့အလုပ်အကိုင်အခက်အခဲ၊
ပေးလို်က်ရတာနဲ့ပြန်ရတာချိန်စက်ကြည့်ရင် တန်မတန်၊
ကိုယ်သင်ကြားထားတဲ့ပညာနဲ့မကိုက်ပေမယ့်
နေ့စဉ်မှန်မှန်ဖြည့်တင်းပေးနေရတဲ့အစာအိမ်အတွက်
ယုံကြည်ချက်တွေခံယူချက်တွေမေ့ထား။
တန်တာ မတန်တာအပထား
ရရာအလုပ်ကို မျက်စေ့မှိတ်ပြီးလုပ်ကိုင်စားသောက်နေရတဲ့
လူငယ်အများစုရဲ့ ဘဝတွေအကြောင်းရောက်တော့
အားလုံးမှာတူညီသောခံစားချက်တွေနဲ့ဆွေးနွေးကြ။

မန်းလေးဂေဇက်မှာ ကျနော်မန်းလိုက်တာကို နာမည်တပ်လို့ပြန်ဆွေးနွေးသူရဲ့
မြို့ပြနေပညာတတ်လူငယ်များရဲ့ နင့်သီးစွာမကျေလည်တဲ့ခံစားချက်ကို ဆက်လို့
ကိုယ့်အမြင်သူ့အမြင်ဖလှယ်ရင်း ငြိမ်းငြိမ်းအေးအေးဆွေးနွေးဖြစ်ကြပါတယ်။
တကယ်တော့ အဖြေရှိပေမယ့် မဖြေရှင်းဘဲချန်ထားတဲ့ပုစ္ဆာတဲ့တပုဒ်လို့
အားလုံးရင်ထဲမှာခံစားရမိတော့ စကားသံတွေခဏတိတ်၊
နောက်တော့လဲသူအကြောင်းကိုယ့်အကြောင်းပြောကြရီကြပေါ့။
ပြောရင်းပြောရင်း အကြောင်းအရာများစွာလဲစုံ၊
ဒါပေမယ့် တကယ်ပြောမယ်ဆိုရင် ပြောစရာမကုန်သေးပေမယ့်၊
အချိန်တွေကိုငွေနဲ့ ရောင်းစားထားကြတဲ့ကျနော်တို့အဖွဲ့လဲ
ပုံမှန်လည်ပါတ်နေရတဲ့ဘဝထဲကိုပြန်လည်စီးမျောဘို့အတွက်
သုံးနာရီမထိုးခင်လေးမှာ ပျော်ရွှင်စွာနဲ့လမ်းခွဲခဲ့ကြပါတယ်။
တစ်ယောက်နဲ့တစ်ယောက် ပြန်အုံးမယ် လာအုံးနော်လို့ အပြန်အလှန်နုတ်ဆက်၊
အရွယ်မတူ ဘဝမတူ အလုပ်မတူကြပေမယ့် စာပေးရေးသားခြင်းအပေါ်မှာခုံမင်တာတူညီကြတဲ့
ဝါသနာတူမောင်နှမတစ်စု အခုလိုဘယ်အချိန်များမှ နောင်တစ်ချိန် ပြန်ဆုံနိုင်မယ်ဆိုတဲ့မေးခွန်းကို
အလိုက်သိစွာနဲ့မမေးဘဲချန်ထား လက်ပြလို့ ခွဲခွာခဲ့ကြပါတယ်။
သူတို့နဲ့လမ်းခွဲအပြီး ကားငှားစီးဘို့ လက်ပြအတားမှာ
ဖုန်းအသံမြည်လို့ ကိုင်လိုက်ချိန်၊
ကျနော်နဲ့မနေ့ ကဆုံခဲ့တဲ့မိတ်ဆွေက မျက်နှာခြင်းဆိုင်လမ်းတစ်ဖက်မှာရှိနေကြောင်းအချက်ပေးတော့
လက်ကလေးလှမ်းပြလို့………………………………………………………

(ဆက်လက်ဖော်ပြပါမည်)

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး။

18 comments

  • ရွှေဘိုသား

    July 25, 2011 at 9:17 am

    လေးပေါက်ကလည်း ကိုးရီးယားကျနေတာပဲ ကောင်းခန်းရောက်ရင် ဆက်ရန်ရှိသေးသည်တဲ.

    စကားမစပ် ထန်းရည်အိုး ကျွန်တော်.ကို သတိမရဘူးလားဗျ

  • shweaeimsi

    July 25, 2011 at 9:46 am

    မန်းလေးမှာနေတဲ ့သူတောင်…
    ရန်ကုန်ခရီးစဉ်ရေးနိုင်တယ်…
    ရန်ကုန်မှာနေတဲ ့ကျနော်တို ့အပြင်ထွက်ရင်….လုနေရတယ်အချိန်နဲ ့နေပူတာကို..
    အခုတော့မိုးရွာလွန်းလို ့….
    စာဖတ်တာတကယ်ကောင်းပါတယ်….လွင်မိုးထက်တော့…
    .လေးလေးပေါက်ကပိုသာတယ်ပေါ့…တူလားဟင်…လွင်မိုးနဲ ့..(မျက်နှာ)

    • pan pan

      July 25, 2011 at 10:38 am

      အို….မေးမှမေးတတ်ပလေ
      တို့လေးပေါက်ကြီးက ပိုချောမှာပေ့ါနော
      စာရေးတာလည်း လွင်မိုးထက်သာပါတယ်
      (လေးပေါက်ကို အမြင့်ကြီးထိ မြှောက်လိုက်ပါကြောင်း…..) 😛 😀

  • ကြောင်ကြီး

    July 25, 2011 at 9:57 am

    ဦးပေါက်ပို့စ်ကလည်း ဘယ်သူဘယ်ဝှာဆိုတာမပါတော့ ဖတ်ရတာ ဘယ်မင်းသမီး ဘယ်မင်းသားနဲ့ ဟိုနေရာမှာ ဟိုဟာဖြစ်တယ်ဆိုတာ ဖတ်ရသလို ဖြစ်နေပြီ။ လူတကာကို အချိန်လုပေးတွေ့နေရတဲ့ ဦးပေါက်အဖြစ်ကို တူလေး ဖတ်ရင်းနဲ့ ရင်မောတယ်။ နောက်တခါဆို အားလုံးကို နှစ်ဖွဲ့သုံးဖွဲ့လာက် စုချိန်းလိုက်ရင် ပြတ်သွားရောပေါ့။ သူတို့ဖက်က နောက်မှ သီးသန့်တွေ့ချင်ရင် ထပ်ချိန်းလိုက်။ တူလေးကတော့ ဦးပေါက်ထက် ဦးပေါက်တူမအငယ်ကိုပဲ စိတ်ဝင်စားတယ်။ ဦးပေါက်ကို ဘီယာဆိုင်ပို့ပြီး ညဉ့်နက်မှ ပြန်လာခေါ်မယ်။ 😳

    • hmee

      July 25, 2011 at 1:19 pm

      ကိုကြောင်ကြီးကတော့ ပြောပြန်ပြီ လေးပေါက်တူမအငယ်တော့ မျက်ခုံးလှုပ်ရော့မယ်။ တလောကလည်း မှီ့ ညီမတွေနဲ့ အသိဖြစ်ရင် ဖြစ်နိုင်တယ် ပြောသေးတယ်။ 🙂 လေးပေါက်ရေ ဖတ်ရင်းကနေ ကိုယ်ပါတွေ့ရသလို ခံစားလာရပါတယ်။

  • နွယ်ပင်

    July 25, 2011 at 11:08 am

    လောက်လောက်ပေးပြောမှပဲ ခေတ်နဲ့ အညီ ပြားချပ်ချပ်ဆိုတာ သဘောပေါက်တော့တယ်
    အဲတာဆို လုံးဝန်းဝန်းတွေကြတော့ ခေတ်နဲ့ ညီတော့ဘူးပေါ့နော် ……… 🙂

  • king

    July 25, 2011 at 11:31 am

    ဇာတ်ကောင်တွေကို ပုံဖော်ကြည့်တော့ မြင်ရတယ်
    ဒါပေမယ့် ဘယ်ဇာတ်ရုပ်က ဘယ်သူမှန်းမသိဘူးးးး ….
    အဓိကဇာတ်ဆောင်ကို ရုပ်ကိုပဲ တွဲပြီးမြင်မိနေတယ်ဗျ ….. 😛

  • windtalker

    July 25, 2011 at 11:49 am

    ဂျီတော့ က မိတ်ဆွေ ဆိုတော့ အမျိုးသမီး ပဲ ဖြစ်ရမယ်
    ဟီဟီ
    ချောလားဟင် ဦးပေါက်
    အားကျတယ်ဗျာ ၊ ရန်ကုန် ကို အေးအေးလူလူ ခရီးသွားနိုင်တာ ကို
    နောက်ပြီး ကျွန်တော် ထင်တယ်
    ဦးပေါက် က ဘော့စ် ပဲ ဖြစ်ရမယ်

  • (လေးပေါက်ကို အမြင့်ကြီးထိ မြှောက်လိုက်ပါကြောင်း…..) 😛 😀
    နောက်မှ အမှတ်တမဲ့ လွှတ်ချမိပါကြောင်း………………………………..

  • ဦးပေါက် က ဘော့စ် ပဲ ဖြစ်ရမယ်
    ဦးပေါက်က သူများရဲ့ လခစား ဝန်ထမ်းပါကွယ်။
    စာရေးတာကတော့ အပန်းဖြေတဲ့အနေနဲ့ရယ် ဝါသနာပါလို့ရယ် အကြောင်းပြပြီး
    လျှာတွေ ဝင်ဝင်ရှည်တာပါ။

  • R Ga

    July 25, 2011 at 2:44 pm

    လေးပေါက်အဲဒီနေ့က ကျွန်တော်ဘာမှ စားလိုက်ရဘူနော်..။

    • etone

      July 26, 2011 at 8:54 am

      ကိုယ့်ဘာသာကိုယ် ပြားချပ်ချပ်ဘော်ဒီထိန်း းးးးးးးးး .. အဲ မွှား .. မှားလို့ … ဆေးလိပ်သောက်နေပြီးတော ့… ။ ဘာမှ မစားလိုက်ရဘူးတဲ့ … 😛

  • အဲတာဆို လုံးဝန်းဝန်းတွေကြတော့ ခေတ်နဲ့ ညီတော့ဘူးပေါ့နော် ………
    ရစ်မမရေ
    အခုခေတ်က ချမ်းချမ်း တို့ခေတ်လေကွယ် အသိသားနဲ့

  • chindwinsayargyi

    July 25, 2011 at 9:08 pm

    ရွာထဲမှာလမ်းသလားနေတဲကိုပေါက်ရေ.မုံရွာရောက်ရင်လည်းဝင်ခဲ့ပါ.ခရီးစဉ်တော့ကြိုပြောပေါ့။မန်းတော့ခဏခဏရောက်တယ်.ဖိတ်ရင်တော့လာခဲ့မယ်.sniperက passwordရောemailပါပျောက်သွားလို့ခုမှcommentပေးဖြစ်တော့တယ်.ကျွန်တော်ကတော့ရွာထဲကိုနေ့ တိုင်းရောက်ပါတယ်

  • မုံရွာကတော့ ရောက်သဗျ။
    ဒါပေမယ့် လမ်းတွေက သိပ်ကောင်းနေတော့ အလုပ်ပြီးတာနဲချက်ခြင်းပြန်။
    ဒီတစ်ခါလာဖြစ်မယ်ဆိုရင် ကြိုတင်လို့ သံချောင်းခေါက်လိုက်ပါတယ်။

  • weiwei

    July 26, 2011 at 10:06 am

    အခန်းဆက် ဖတ်ကြည့်လိုက်တော့မှ ကိုပေါက် တော်တော်လမ်းသလားခဲ့တာကို သိလိုက်ရတယ် … 😛

Leave a Reply