ကျမအသက် ၁၃ နှစ်လောက်မှာပေါ့ ကျမတို့ ဒီဇင်ဘာကျောင်း ၁၀ရက်ပိတ်ချိန် တစ်ရက်မှာ ချာတိတ် လာခဲ့….လာခဲ့…လို့ ကျမမောင်လေးနှစ်ယောက်ရဲ့ ခေါ်သံကိုကြားရရင်ပဲ အမေနဲ့အတူ ကျမပါထွက်ကြည့်မိပါတယ်၊ ကျမမောင်လေးတို့ခေါ်နေတဲ့ ချာတိတ်ဆိုတာ ခွေးလေး တစ်ကောင်ဖြစ် နေတာကို တွေ့ရပါတယ် ခွေးလေးက ကျမ မောင်လေးတို့ခေါ်တဲ့နောက်ဆီ ပြေးလိုက်ပြီး ဆော့နေပါတယ်၊ အမေက ဘယ်သူ့ခွေလည်းလို့မေးတော့ အိမ်မှာမွေးမလို့ခေါ်လာတာတဲ့၊ ကျမမောင်လေး အလုပ်ရှင်က အဲ့ဒီခွေးလေးကို အိမ်မကပ်ပဲလျှောက်လည်နေလို့ သူတို့မမွေးချင်တော့ဘူးတဲ့ မင်းတို့မွေးချင်ခေါ်သွားဆိုပြီး မောင်လေးကိုပြောလို့ မောင်လေးက အိမ်မှာမွေးဖို့ခေါ်လာခဲ့တာတဲ့၊ ကျမတို့ အမေကတော့ ခွေးမမွေချင်းဘူးပြန်ခေါ်သွားလို့ပြောပါတယ် ဒါပေမယ့် ကျမတို့က သနားပါတယ် မွေးရအောင်ပါလို့ ကျမတို့မောင်နှမတွေ အားလုံးတောင်းဆိုတာနဲ့ ခွင့်ပြုလိုက်ပါတယ် အဲ့ဒီခွေးလေးကလည်း ကျမတို့အိမ်ကို ရောက်တဲ့နေကစပြီး ဘယ်မှ လျှောက်မလယ်တော့ပဲ အိမ်မှာပဲအမြဲနေတယ်၊ ကျမမောင်လေးတွေ အလုပ်သွားချိန်ဆို အမြှီးလေးနှံ့ပြီး အိမ်ရှေ့တံခါးထိ လိုက်ပို့တယ်၊ ကျမ အဖေ အလုပ်သွားလို့ ညဘက်နောက် ကျရင်လည်း အိမ်ရှေ့ကနေ အမြဲစောင့်နေတတ်တယ်၊ ကျမ အဖေပြန်လာရင် အဖေ့နောက်က အမြဲကပ်လိုက်ပြီး ကျမအဖေ ခြေထောက်ကို နမ်းပြီးနှုတ်ဆက်တတ်တယ်၊ ကျမတို့ ညီအစ်မတွေ အပြင်သွားရင် သူက ဘေးကနေအမြဲလိုက်တယ် ကျမတို့နဲ့အတူတူ ကစားကြတယ်၊ ကျမတို့အိမ်တံခါးက အမြဲစေ့ရုံစေ့ထားပါတယ်၊ ကျမတို့အိမ်ကို လာလည်တဲ့သူတွေကိုလည်း သူကမှတ်ထားတတ်တယ်၊ တစ်ခါတစ်လေ သူမမြင်ဘူးတဲ့ဧည့်သည်ဆိုရင်တော့ သူကအသံပေးပြီး ဟောင်ပြတယ်၊ အဲ့ဒီကျရင်တို့ ကျမတို့ အမေကို ဧည်သည်တွေက လှမ်းခေါ်ရတယ်လေ………  ချာတိတ်မဟောင်နဲ့လို့ပြောပြီး တံခါးဖွင့်ပေးရင် သူ့ဟာသူနောက်ဆုတ်သွားပြီး လှေခါးရင်းလေးမှာ သွားအိပ်နေတတ်တယ်………. ကျမတို့ပြန်လာလို့ ချာတိတ်ရေ………….မုန့်ပါတယ်……… လာလို့ပြောရင် ပြေးလာပါတော့တယ်………. တိရိစ္ဆှာန်ဆိုပေမယ့် ကျမတို့ရဲ့ အရိပ်အကဲကိုလည်း နားလည်တယ်၊ သူ့ကိုဆူတော့မယ်ဆိုရင် သူအိပ်နေကျ ဘီယိုဟောင်းအစုတ်ကလေးထဲမှာ ခွေခွေလေး အိပ်ပြတယ်လေ…………. ကျမတို့လည်း သူအဲ့လိုလုပ်ရင် သနားတာနဲ့ မဆူဖြစ်ကြတော့ဘူးပေါ့………………. သူရောက်စက ခွေးမမွေးချင်ပါဘူးလို့ပြောတဲ့ ကျမအမေလည်း ချာတိတ်ကို သံယောဇဉ်ရှိသွားတာပါပဲလေ…………………. အဲ့လိုနဲ့ ကျမတို့ ကျောင်းတွေပိတ်တဲ့ နွေရာသီရဲ့ ပူပြင်းတဲ့တစ်ရက်မှာပေါ့ ကျမရဲ့ အမေနဲ့အတူ သားအမိနှစ်ယောက် အ၀တ်လျှော်ဖို့ အိမ်ပေါ်မှာ လျှော်ရမယ့် အ၀တ်တွေရွေးနေတုန်း အောက်ကနေ အသံကြားလိုက်မိတယ်၊ မိန်းမတစ်ယောက်ရဲ့ အော်သံနဲ့အတူ တပြိုင်နက်ထဲမှာပဲ ကလေးငိုသံပါကြားလိုက်ရပါတယ်၊ ကျမနဲ့ အမေလည်း လန့်ပြီး အိမ်အောက်က ဘာဖြစ်တာပါလဲဆိုပြီး ဆင်းကြည့်တာပေါ့နော်၊ အဲ့ဒီအချိန်မှာ ဘေးအိမ်က ကလေးအမေက ကလေးကိုချီပြီး ခင်ဗျားတို့အိမ်ကခွေးကိုက်တာ ကျမသမီး လက်ပေါက်သွားတယ်တဲ့၊ အဲ့ဒါနဲ့ ကျမတို့လည်း ဟုတ်လား၊ ဘယ်လိုဖြစ်တာလဲ၊ ချာတိတ်က ခါတိုင်းတစ်ခါမှ အဲ့လိုမကိုက်ဘူးပါဘူးဆိုပြီးပြောတာပေါ့နော်၊ ကျမ ချာတိတ်ကိုရှာတော့ ဘီရိုဟောင်းလေးထဲမှာ မျက်နှာငယ်လေးနဲ့ သူ့ကို ဆူမယ်ထင်ပြီး ကျမကိုကြည့်နေတယ်၊ ကျမသူ့ကိုသနားသွားမိတယ်……….. အဲ့ဒါနဲ့ နေပါဦး ချာတိတ်က အစ်မတို့အိမ်မှာ ၀င်ပြီးကလေးကိုကိုက်တာလား၊ လမ်းမပေါ်မှာကိုက်တာလားလို့မေးလိုက်တော့၊ မဟုတ်ဘူးတဲ့ ကျမတို့အိမ် ၀န်းထရံမှာ သူတို့အကျီင်္တွေလှမ်းထားတာ ကျမတို့ဘက်မှာ အကျီကျသွားလို့ လာကောက်တာ ချာတိတ်က ကိုက်လိုက်တာလို့ပြောပါတယ်…………… တစ်ခါမှ အဲ့လိုမကိုက်ဘူးပါဘူး၊ အခုက အိမ်ထဲထိ အသံမပေးပဲ အ၀တ်လာကောက်တဲ့အတွက် အိမ်က ပစ္စည်းတစ်ခုခုယူတယ်ထင်ပြီး ခြောက်လှန့်ပြီး ဟပ်လိုက်တာ ထင်ပါတယ်၊ ကလေးလက်လေးမှာ သွားခြစ်ရာလေးနဲနဲထင်သွားတယ် ကျမတို့ တံခါးကလဲ စေ့ရုံပဲစေ့ထားတာလေ၊ သူတို့က အသံမပေးပဲနဲ့ဝင်လာတော့ နောက်အိမ်ထဲကို ၀င်မယ်ဆိုရင် အသံပေးပါလို့ပြောရတယ်၊ နောက်ပြီး အခုလိုဖြစ်သွားတဲ့အတွက်  ကျမတို့တောင်းပန်ပါတယ်လို့ အမေနဲ့ကျမကပြောပါတယ်၊ ဆေးထိုးမယ် ဆိုရင်လည်း ဆေးထိုးပေးပါ့မယ်လို့ ပြောလိုက်ပါတယ်၊ အဲ့လိုတောင်းပန်လိုက်တော့ အဲ့ဒီအမျိုးသမီးလည်း သူ့အိမ်ဘက်ပြန်သွားပါတယ်၊ ချာတိတ်ကိုလည်း နောက်အဲ့လိုမကိုက်ဖို့ ဆူပြီး တုတ်နဲ့ရိုက်လိုက်ပါတယ်၊ ညနေ ၅နာရ်ီလောက်မှာပေါ့ အမေက ဈေးခဏသွားဦးမယ်ဆိုပြီး ထွက်သွားပါတယ်၊ ကျမလည်း အခန်းထဲမှာပဲ စာဖတ်နေပါတယ်………… အဲ့ဒီအချိန်မှာပဲ ချာတိတ်ရဲ့ ငယ်သံပါအောင် အော်လိုက်တဲ့အသံကိုကြားလိုက်ရပါတယ်……….. ကျမလည်း အိမ်အောက်ကိုပြေးဆင်းပြီးကြည့်မိပါတယ် …………… ကလေးအဖေက အလုပ်ကပြန်လာပြီး သူ့သမီးကို ကိုက်ရပါ့မလားဆိုပြီး ကျမတို့အိမ်ထဲကို ၀င်ပြီး ချာတိတ်ကို ရိုက်တာပါ ….. ကျမလည်း အဲ့ဒီလူရဲ့ ဒေါသမျက်နှာကိုကြောက်တဲ့စိတ်နဲ့ ချာတိတ်ကိုမကာကွယ်ပေးနိုင်ပါဘူး၊ မလုပ်ပါနဲ့………. မလုပ်ပါနဲ့ လို့ပြောတာကလွဲလို့ ၀င်လည်းမဆွဲရဲခဲ့ပါဘူး ချာတိတ်ဟာ ကျမကိုအားကိုးတစ်ကြီးလှမ်းကြည့်ပါတယ် ကျမလည်း မလုပ်ပါနဲ့ တောင်းပန်ပါတယ် ချာတိတ်က ခါတိုင်းမကိုက်တတ်ပါဘူး၊ ဦးလေးဇနီးနဲ့သမီးက အိမ်ထဲကို ခွင့်မတောင်းပဲဝင်ပြီး အ၀တ်ကောက်လိုက်လို့ အိမ်ထဲကပစ္စည်းယူတယ်ထင်ပြီး ကိုက်လိုက်တာပါလို့ ပြောပြီးတောင်းပန်ပါတယ်၊ အဲ့ဒါလည်းမရပါဘူး ချာတိတ်ကို သစ်သားတုတ် အကြီးကြီးနဲ့ရိုက်ပါတယ် ဖယ်စမ်းကောင်မလေး အဲ့ဒီခွေးကို သတ်မယ်လို့ပြောပါတယ်၊ အဲ့ဒီမှာ    ချာတိတ်က အိမ်ပြင်ကို ရောက်အောင် ထွက်ပြေးပါတော့တယ်၊ ကျမသူ့ကို မကယ်နိုင်ဘူးဆိုတာ သိသွားလို့ထင်ပါတယ် အဲ့ဒီမှာ ချာတိတ်ကလည်း အသက်လုပြေး၊ သူကလည်း ချာတိတ်နောက်ကိုအမှီလိုက်ပြေးနဲ့ ကျမလည်း နောက်ကပြေးလိုက်ပြီး မလုပ်ပါနဲ့ …………… မလုပ်ပါနဲ့လို……….. အော်သံတွေ နဲ့ ရပ်ကွက်ထဲမှာ ဆူညံလို့သွားပါတယ်…………. အဲ့ဒီဆူညံသံတွေကြောင့် ရပ်ကွက်ထဲက လူတွေလည်း ထွက်လာကြည့်ကြပါတယ် ……………… အဲ့ဒီအချိန်မှာပဲ ချာတိတ်ကို မှီသွားပြီး တစ်ခါတည်း ရိုက်သတ်ပစ်ပါတော့တယ်၊ ကျမမျက်စေ့ရှေ့မှာ ချာတိတ်ကို မသေသေအောင်ရိုက်သတ်နေတဲ့ လူတစ်ယောက်ရဲ့ဒေါသမျက်နှာကို တွေ့လိုက်ရတဲ့ကျမဟာ သတ္တိတွေဘယ်လိုရှိလား လဲမသိတော့ပါဘူး၊ ယုတ်မာတဲ့လူကြီး၊ ဘာမှမသိတဲ့ တိရိစ္ဆာန်တစ်ကောင်ကို ရက်ရက်စက်စက် သတ်ပစ်လိုက်တယ် ၀ဋ်ဆိုတာလည်မှာပဲ ခင်ဗျားလည်း တစ်နေ့ အဲ့လိုပဲခံရလိမ့်မယ်ဆိုပြီး သူ့ရှေ့မှာ တစ်ရက်စပ်ပြောချပစ်လိုက်တယ် အဲ့ဒီမှာတင် ဒေါသတကြီးနဲ့ ကောင်မလေး နင့်ကိုပါ ငါရိုက်မိလိမ့်မယ် ပါစပ်ပိတ်ထားတဲ့ အဲ့ဒီမှာ ကျမလည်း မပိတ်ဘူး၊ ကျမတို့ ချာတိတ်လေးကို သေအောင်သတ်တဲ့လူကြီး ခင်ဗျားကျမကို ရိုက်ရဲရင် ရိုက်ကြည့်ပေါ့ဆိုပြီး ရှေ့ကိုတိုးသွားပါတယ် အဲ့ဒီလူကြီးကလည်း ကျမကို ရိုက်ဖို့ရှေ့ကိုတိုးလားပါတယ် ……… အဲ့ဒီမှာ ရပ်ကွက်ထဲက လူတွေက ဟေ့ မင်းကလေးကို မလုပ်ပါနဲ့ ဆိုပြီး ရပ်ကြည့်နေတဲ့ လူကြီးတွေက တားကြတဲ့အတွက် သူလည်း ရှေ့ဆက်မတိုးရဲပဲနဲ့ နောက်ပြန်ဆုတ်သွားပါတယ်၊ အဲ့ဒီမှာ ကျမအမေလည်း ပြန်ရောက်လာပါတယ်၊ အကြောင်းစုံကို သိလိုက်ရတဲ့ အမေက စိတ်မကောင်းဖြစ်ပြီး တော်တော်ရက်စက် တဲ့လူပဲ လို့ပြောပါတယ်………… အဲ့ဒီမှတ်ချက်အပြင် အမေတခြားမပြောခဲ့ပါဘူး၊ ကျမတို့ အဖေနဲ့မောင်လေးတွေပြန်လာတော့ ချာတိတ်ကို မတွေ့လို့ မေးတဲ့အခါ အမေက ချာတိတ်က လည်နေတာနေမှာ နေ့လည်ကတည်းက အပြင်ထွက်သွားတာလို့ ပြောပြပါတယ်၊ ကျမလည်း အံ့သြပြီး အမေ့မျက်နှာကို ကြည့်တဲ့အချိန် ဘာမှ မပြောဖို့ ကျမကို မျက်လုံးနဲ့ လှမ်းတားပါတယ်၊ မပြောဖြစ်တော့ပါဘူး၊ ကျမအဖေကလည် ချာတိတ် ခါတိုင်းမလည်ပါဘူး၊ အိမ်ရောက်ကတည်းက ဘယ်မှမလည်တော့ပဲနေတာ အခုမှ ဘာဖြစ်လို့ပါလိမ့် ဆိုပြီးပြောပါတယ် ကျမမောင်လေးတွေကလည်း အရင်အိမ်မှာတုန်းက ချာတိတ်အဲ့လိုပဲ လည်နေကျဆိုတာသိတော့ သူတို့ကလည်း အဲ့လိုပဲ လည်နေတယ်လို့ထင်တဲ့အတွက် ပြန်လာမှာပါ ချာတိတ်က အဲ့လိုပဲ ဆိုပြီး ပြောကြပါတယ်၊  အမေဘာလို့အဲ့လိုပြောလည်း ကျမနားမလည်ခဲ့ပါဘူး၊ နောက်ရက်တွေလည်း အဲ့လိုပဲ အဖေတို့မေးတဲ့အချိန်မှာ အခုလိုပဲ လည်နေတာလို့ပြောပါတယ်၊ သုံးရက်လောက်ကြာသွားတော့ ဆက်လိမ်လို့မရတော့ပါဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ အဖေက ချာတိတ် တစ်ခုခုဖြစ်နေသလား မှန်မှန်ပြောလို့မေးပါတယ်၊ ကျမမောင်လေးတွေကလည်း ရပ်ကွက်ထဲက သူတို့သူငယ်ချင်းတွေပြောပြလို့သိလာပါတယ် အဲ့ဒီမှာ အဖေနဲ့မောင်လေးတွေက ဒေါသဖြစ်ပြီး အဲ့ဒီလူကို သွားပြောမယ်ဆိုတော့ အမေကတားပါတယ်၊ ပြသနာဖြစ်တဲ့အချိန်မှာ ဘာလို့ချက်ချင်းမပြောခဲ့တာလဲဆိုပြီးပြောပါတယ်၊ အမေက ချာတိတ်က သေသွားပြီး၊ တိရိစ္ဆာန်ကို ချစ်တာတော့ချစ်တာပဲ၊ ဒါပေမယ့် အဲ့ဒီတိရိစ္ဆာန်လေးတစ်ကောင်ကြောင့် အိမ်နီးချင်းပြသနာဖြစ်တာကို မလိုလားပါဘူး၊ ပြီးတော့ ဒေါသတွေနဲ့ဖြေရှင်းကြရင် ယောက်ျားတွေဆိုတော့ လက်လွန်ခြေလွန်တွေ ဖြစ်သွားမှာကို မလိုလားပါဘူး၊ သေသွားတဲ့ ချာတိတ်ကလဲ ပြန်ရှင်လာမှာ မဟုတ်ပါဘူး၊ အဲ့ဒီလူက အကြင်နာတရားမရှိလို့၊ လုပ်သွားပေမယ့် ကိုယ်ဘက် မမိုက်ဖို့ အမေက အဖေ့ကိုဖျောင်းဖျပါတယ်၊ နောက်တစ်ခုက မိဘတိုင်းက သားသမီးကို ချစ်ကြတာပါ၊ အဲ့လို သူလည်း သူချစ်တဲ့သမီးကို ကိုက်လိုက်တဲ့ချာတိတ်ကို  မိဘမေတ္တာနဲ့ဒေါသဖြစ်ပြီး မထိန်းနိုင်ပဲ ငါ့သမီးကို ကိုက်တဲ့ခွေး သတ်မယ်ဆိုပြီး စဉ်းစားချင့်ချိန်မတွေးတတ်တော့တာ နေမှာပါလို့ပြောပြပါတယ်၊ တရားသဘောနဲ့ ကြည့်မယ်ဆိုရင် ပြုသူအသစ် ဖြစ်သူအဟောင်းပါတဲ့၊ ဟိုးအတိတ်ဘ၀တွေက ၀ဋ်ကျွေးပါလာလို့ ဒီဘ၀မှာ ၀ဋ်ကျွေးပြန်ဆပ်ရတယ်လို့ သဘောထားပါဆိုပြီးပြောပြပါတယ်၊ ကျမအဖေနဲ့ မောင်လေးတွေလည်း စိတ်မကောင်းဖြစ်ပေမယ့် ဒေါသစိတ်တွေကို ထိန်းချုပ်လိုက်ပါတယ်၊ ချာတိတ်အတွက် ကောင်းမှုကုသိုလ်လေးတွေလုပ်ပေးရင်း………….. သူဖြစ်လေရာဘ၀မှာ အဲ့လိုအဖြစ်မျိုးနဲ့ မကြုံပါစေနဲ့လို့ ဆုတောင်းပေးကြပါတယ် ……………… ကျမတို့ မိသားစုရဲ့ စိတ်ထဲမှာ ချာတိတ်က အမြဲတမ်းရှိနေပါတယ် ………….. အထူးသဖြင့် ကျမပေါ့ ………………….. ချာတိတ်ကို ကာကွယ်မှု့ မပေးနိုင်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်တဲ့စိတ်ဟာ ပျောက်ပျက်မသွားပါဘူး  ဘယ်တော့မှလည်း ပျောက်သွားမယ်လို့ မထင်တော့ပါဘူးရှင်…………………..

About yaungchikha

has written 16 post in this Website..