မြန်မာနိုင်ငံတွင် သင်္ကြန်ကာလ အတွင်း ဧပြီလ ၁၅ ရက်နေ့က ဖြစ်ပွား ခဲ့သော ဗုံးပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖော်ထုတ်ရရှိမှု အခြေ အနေများနှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို မေလ ၆ ရက်နေ့က နေပြည်တော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ရုံးတွင် ကျင်းပ ခဲ့ရာ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက သံတမန်များနှင့် သတင်းစာ ဆရာများကို ရှင်းလင်း ပြောဆိုရာ၌ ဗုံးဖေါက်မှုကို ကျူးလွန်သော တရားခံ လေးဦးအနက် တစ်ဦးကို ဖမ်းဆီး ရမိထားပြီး ဖြစ်ပြီး ကျူးလွန်သည့်အဖွဲ့မှာ စွမ်းအားမြင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့ (VBSW-Vigorous Burmese Students Worriors) မှ အဖွဲ့ဝင် များဖြစ်ကြောင်း၊ ခေါင်းဆောင်သူ ရဲသီဟ(ခ)သူရ (ခ)စန်းနိုင်မှာ မဲဆောက်မြို့တွင် နေထိုင်ကြောင်း၊ သီဟဇော် (ခ) သူရဇော်၊ အောင်ကြီး (ခ) အုန်းကျော်ဌေး၊ မျိုးအေး (ခ) စိုးမိုး၊ ဖြိုးဝေအောင် (ခ) မိုဟာမက်ယှာဗန် (ခ) သက်ခိုင်တို့ လေးဦးက ကျူးလွန်ခဲ့ခြင်းဖြစ်ကာ ဖြိုးဝေအောင်ကို ဖမ်းဆီးရမိပြီး ကျန်သူများမှာ ထွက်ပြေး လွတ်မြောက်နေ ဆဲဖြစ် ကြောင်း၊ ဖြိုးဝေအောင်သည် လုံခြုံရေးတပ်ဖွဲ့ဝင်များ လှုပ်ရှားမှုကို စောင့်ကြည့်ပေးရသူဖြစ်ပြီး အောင်ကြီးက ပထမ နှင့် တတိယဗုံးကိုနှင့် သီဟဇော်က ဒုတိယဗုံးကို ခွဲခဲ့ပြီး မျိုးအေး(ခ) စိုးမိုးက အဝေးထိန်းကို ခွဲရန် တာဝန်ယူထားသော် လည်း အောင်မြင်စွာ မဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ သတင်းစာ ရှင်းလင်းပွဲတွင် ဖြစ်စဉ် မှတ်တမ်း ဓါတ်ပုံများ၊ အသုံးပြုသော ဗုံးအမျိုးအစားနှင့် ပတ်သက်သော အချက်အလက်များ၊ ဓါတ်ပုံများ ၊ ကျူးလွန်ခဲ့သူများ၏ ကိုယ်ရေးရာဇ၀င်များနှင့် ဓါတ်ပုံမှတ်တမ်း များကို ပြသထားပါသည်။ ထွက်ပြေး တိမ်းရှောင် နေသူများကို ဖမ်းဆီးရမိနိုင်ရေး အတွက် နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်)နှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရဲချုပ်က ရှင်းလင်းပြောပြသွားသည်များကို မြန်မာ့ရုပ်မြင်သံကြားသတင်း အစီအစဉ်များမှ ထုတ်လွှင့်ပြသသွားပါတယ်။

About chitkay

myosithu minn has written 26 post in this Website..