“ဘုရားဈေး…………အိ်မ်တော်ရာစေတီ”(အပိုင်းတစ်)

“လေပြေဆော်လာရင် ညောင်ရွက်သံတရှဲရှဲ ဆည်းလည်းသံညံစီစီ အော်တွေးမိပြီ တွေးပြီ လောကရံသီ အိမ်တော်ရာစေတီ ဘုရားဈေး ပြေးလို့မြင်နိုင်သည်…………”
ဆိုတဲ့ မန္တလေးမြို့မ အသင်းကအဆိုတော် မတင်တင်မာရဲ့သီချင်းလေးကတော့
“မဟာလောကရံသီ ဘွဲ့အမည်ရပေမယ့် ဘုရင့်ယာယီစံမြန်းခဲ့တဲ့အိမ်တော်နေရာမှာတည်ထားခဲ့တဲ့ဘုရားမို့
အိမ်တော်ရာဘုရားလို့အရပ်ကခေါ်တဲ့ ဘုရားအကြောင်းကု ိစပ်ဆိုထားတဲ့သီချင်းလေးဖြစ်ပါတယ်။


အိမ်တော်ရာကဘုရားကတော့
မန်းလေးဈေးချိုတော်ရဲ့အနောက်ဘက် (27လမ်းနဲ့29လမ်းကြား)(87လမ်းနဲ့89လမ်းကြား)မှာတည်ရှိတဲ့
ဘုရားဖြစ်ပါတယ်။
ဘုရားပုရဝုဏ်က တပြပါတ်လည်နီးပါး ကျယ်ဝန်းပါတယ်။

တောင်ဘက်မုဒ်အဝင်ကတော့ ဘုန်းကြီးကျောင်းများနဲ့မြောက်ဘက်ကလာရင် 26ဘီလမ်းကနေတည့်တည့်ဝင်လာရင်ဘုရားကို ဒုတ်ဒုတ်ထိရောက်ပါတယ်။
အရှေ့ဘက်ကလာမယ်ဆိုရင် 86လမ်းဈေးချိုရဲ့အနောက်ဘက် “ဆင်တံတား” ကနေဝင်လာရင်ရပါတယ်။
အိမ်တော်ရာဆင်တံတားလို့ အမည်ရတဲ့တံတားအစမှာဆင်ရုပ်ကြီးနှစ်ကောင်ကအခန့်သား၊
တံတားတစ်လျောက်မှာတော့ သင်္ကန်းပရိက္ခရာ အရောင်းဆိုင်များက ဘေးတစ်ဘက်တစ်ချက်။
တံတားအဆုံးမှာတော့ အိမ်တော်ရာဘုရားအရှေ့ပေါက်ကိုရောက်ပါတယ်။
ဘုရားမြောက်ပေါက်ကတော့ 27လမ်း၊
တောင်ဘက်မုဒ်အဝင်ကတော့ ဘုန်းကြီးကျောင်းများနဲ့မြောက်ဘက်ကလာရင် 26ဘီလမ်းကနေတည့်တည့်ဝင်လာရင်ဘုရားကို ဒုတ်ဒုတ်ထိရောက်ပါတယ်။

ဘုရားအနောက်ပေါက်ကထွက်ရင် 89လမ်းပေါ်ရောက်။
ဘုရားရဲ့အနောက်ဘက်လမ်းမှာတော့ ရှေးကတည်းကရှိခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းများက အစီအရီ။
တောင်ဘက်နည်းနည်းသွားရင် ဦးကျောက်လုံးလှူဒါန်းခဲ့တဲ့ နာမယ်ကျော် “အုဌ်စီ မိချောင်းတံတား”

(2)ဒိအိမ်တော်ရာဘုရားက မြန်မာလွတ်လပ်ရေးသမိုင်းမှာ ချန်ထားလို့မရတဲ့နေရာတစ်ခုဖြစ်ပါတယ်။
ဒီ အိမ်တော်ရာ14ခန်းဇရပ်မှာ လူထုအစည်းအဝေးပွဲကျင်းပလို့ နယ်ချဲ့ကိုတော်လှန်ဘို့ အစည်းအဝေးဆုံးဖြတ်ချက်တွေချခဲ့ကြတယ်။
အင်္ဂလိပ်ရဲ့အခွန်ဥပဒေကိုဆန့်ကျင်လို့ မြန်မာပြည်တွင်းဖြစ်အထည်အလိပ်တွေကိုဘဲရောင်းချဘို့အတွက်
ဘုရားဈေး ဆိုပြီး ဈေးဖွင့်ခဲ့တဲ့အတွက်
“ဟံဇားထည် ………….ဝါရွှေညိုနီစိမ်းညိုလဲကျော့ရှင်းမျက်စေ့တွင်းကမထွက်ပြီ”လို့စာတွေစီခဲ့ဘူးပါတယ်။

(3) ဘုရားပရဝုဏ်ရဲ့ အရှေ့အနောက်တောင်မြောက်ဒေါင့်လေးဒေါင့်မှာ ဘုရင်နဲ့အတူ ကုသို်လ်ယူလို့ဘုရာလေးဆူကို အတူတကွတည်ခဲ့ကြပါတယ်။
အရှေ့မြောက်ဒေါင့်မှာ……………..အလယ်နန်းတော်စလင်းမြိုစား မိဘုရား တည်ထားတဲ့စေတီ၊

အရှေ့တောင်ဒေါင့်မှာတော့ စလေမိဘုရားရဲ့ ဘုရား
အနောက်တောင်ဒေါင့်မှာတော့ အထိန်းတော်ကြီးတည်တဲ့ဘုရား
အနောက်မြောက်ဒေါင့်မှာတော့ ကျီဝန်မင်းတည်တဲ့ဘုရား ဘုရားလေးဆူက ဝန်းရံထားပါတယ်။
ဘုရားသမိုင်း …………..
(ဆက်လက်ဖော်ပြပါမည်)

8 comments

  • ရွှေဘိုသား

    July 25, 2011 at 5:26 pm

    ကျေးဇူးပဲ ဦးပေါက်
    အခုလို အများဖူးမျှော်ရအောင်လုပ်ပေးလို.

  • pooch

    July 25, 2011 at 6:32 pm

    လေးပေါက်က တော်တော်စိတ်ရှည်တာပဲ connection မကောင်းလည်း ပုံတွေကို စိတ်ရှည်လက်ရှည်တင်ပေးတယ် ကိုယ့်ဘာသာကိုယ်လည်း မရောက်ဖြစ်ပါဖူး လေးပေါက်ကြောင့်သာ ပြန်ဖူးရတယ် .. … ကျေးဇူးပါ…

  • 007James

    July 25, 2011 at 9:21 pm

    စလေမိဖုရား ဘုရားကထီးတော်ကစောင်းနေတာလား။ကင်မရာကြောင့်လား။

  • ဆူး

    July 25, 2011 at 11:21 pm

    ဆင်နှစ်ကောင်မှာ တကောင်က နားရွက်မရှိသလို နောက်တကောင်က နားရွက်ပြုတ်ချင်နေပြီ နဲ့ တူတယ်။

  • weiwei

    July 26, 2011 at 10:49 am

    အမျိုးသားနေ့ဂုဏ်ပြုသီချင်းတွေထဲမှာလဲ ဘုရားဈေးအိမ်တော်ရာစေတီ ဆိုတဲ့သီချင်းရှိတယ် …

    “…..ပြုံးမယောင် မျက်နှာကလေးနဲ့ မရဲတရဲ … ဘာဝယ်မလဲရှင်တဲ့ .. ဈေးသယ်ပီပီမေးတတ်ရှာသည် … စားဖွယ်သောက်ဖွယ် ငါးခြောက်ရယ်ငါးပိရယ် … ရှိတယ် … ဘာကိုမဆို အလိုပြည့်ရမည် … ယုတ်စွအဆုံးတိုင် မလိုင်ပေါက်စီ သုံးဆောင်နိုင်ပါသည် … အများအတွက် ဘုရားဈေး အိမ်တော်ရာစေတီ …”
    ငယ်ငယ်တုန်းက ကြားဖူးတဲ့သီချင်းလေး တစ်ပိုင်းတစ်စ ပြန်ဆိုပြလိုက်တာ … 😛

  • weiwei

    July 26, 2011 at 10:50 am

    လေဘေးထည်တွေ ရောင်းတုန်းက ဘုရားဈေးထဲကို တစ်ခါ ရောက်ဖူးတယ် …. ၁၉၈၉ လောက်က …

  • အဓိက အချက်ပါသေးတယ် မဝေရဲ့

    ဘုန်းဘုန်းကို လျှောက်လိုက်ရင် အခြောက်တိုက်ပင်အရို်က်ခံထိတော့မည်တဲ့………………………..

Leave a Reply