ဦးအောင်ကြည်နဲ့ တွေ့ဆုံမှု

လင်းဝေJuly 25, 20111min1146

အရင် နဝတ(နအဖ) လက်ထက်မှာ ဆက်ဆံရေးဝန်ကြီးအဖြစ်ခန့်ထားခဲ့တဲ့ အခုလက်ရှိအစိုးရအဖွဲ့မှာလည်း အလုပ်သမားဝန်ကြီးအဖြစ်နဲ့ အစိုးရအဖွဲ့မှာ ဆက်လက်ပါဝင်နေသေးတဲ့ ဦးအောင်ကြည်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်မယ်လို့သိရပါတယ်။ ဒီနေ့ နေ့လည် တစ်နာရီမှာ ပြုလုပ်မယ်လို့လည်း သိရပါတယ်။ ဒီဆွေးနွေးပွဲဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်တည်ခွင့်နဲ့ပတ်သက်ပြီး အစိုးရဘက်က သတိပေးချက်ကို အန်အယ်ဒီ ဘက်မှ ပြည်ထဲရေး ဝန်ကြီးဆီ စာပြန်အကြောင်းကြားတာနဲ့ ဆက်စပ်မယ်လို့ ထင်ပါတယ်။ ရယ်စရာကောင်းနေပေမယ့် ဘယ်သူမှ ရယ်စရာလို့ မြင်မှာ မဟုတ်ပါဘူး။ ပြည်ထဲရေးဝန်ကြီးကို စာပို့လိုက်တာ အလုပ်သမားဝန်ကြီး နဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဖြစ်သူ ဦးအောင်ကြည်က လက်ခံတွေ့သလိုဖြစ်နေလို့ပါပဲ။ အန်အယ်ဒီ ကို ပြန်လည်နေရာချထားဖို့လားမသိပါဘူး။

ဘာပဲဖြစ်ဖြစ် ပြုလုပ်တဲ့ ဆွေးနွေးပွဲဟာ နေ့လည် သုံးနာရီမထိုးမီလေးမှာ ပြီးဆုံးသွားခဲ့ပါတယ်။ ဆွေးနွေးပွဲ အပြီးမှာ ပူးတွဲကြေငြာချက်ထုတ်ပြန်တယ်လို့ သိရပါတယ်။ ပူးတွဲကြေငြာချက်မှာ အဓိက အချက် သုံးချက်ပါဝင်တယ်လို့ လည်း သိရပါတယ်။

အဓိက အားဖြင့်
-ဆွေးနွေးပွဲကို နှစ်ဖက်စလုံးမှ အပြုသဘော ရှုမြင်သုံးသပ်ကြောင်း
-မြန်မာလူထုအတွက် စီးပွားရေးပြေလည် ကောင်းမွန်ရန် ပူးတွဲ လုပ်ဆောင်ဖို့ ရှိကြောင်း
-သင့်တော်တဲ့အချိန် သင့်တော်တဲ့နေရာမှာ ထပ်မံတွေ့ဆုံဖို့ ရှိကြောင်း

စသည်တို့ဖြစ်ပါတယ်။
အသေးစိတ်အချက်အလက်များ မကြာမီ သတင်းဆိုက်တွေမှာ ဖတ်ရှုနိုင်ပါလိမ့်မယ်။
ညနေ ဖက် သတင်းမှာလည်း အစိုးရက ထုတ်ပြန်မယ် လို့ ထင်ပါတယ်။
အန်အယ်ဒီက လည်း ထုတ်ပြန်မယ်လို့ ထင်ပါတယ်။

6 comments

  • maungmoenyo

    July 27, 2011 at 6:57 am

    ဒီနေ့ထုတ်သတင်းစာမှာ တွေ့ဆုံပွဲနဲ့ပါတ်သက်ပြီး သတင်းထောက်တွေ မေးတဲ့မေးခွန်းတွေကိုဖတ်ကြည့်ပါတယ်။ အဆီအနှစ်ပါတာရယ်လို့ တခုမှမတွေ့ပါ။ ယေဘူယျ ဆန်တဲ့ အဖြေတွေကို ဝန်ကြီးမင်းဗိုလ်ချုပ်အောင်ကြည့်က ဖြေကြားပေးသွားပါတယ်။ မပြီးခင်ဗမာမမြင်စေနဲ့ဆိုတဲ့ ဆိုရိုးစကားက မှန်ပေမဲ့ အဖက်ဖက်ကရစရာမရှိအောင် ခေတ်နောက်ကျ၊ အောက်ကျနေတဲ့ (အာဆီယံ ထဲမှာတောင်) နိုင်ငံကိုအဖတ်ပြန်ဆယ်ဘို့၊ တိုက်ပုံလုံခြည် နဲ့ ကိုယ်ရု့လေး ကြော့ကြေ့ာ့ဝတ်ပြီး သတင်းစာ တီဗွီ ထဲပါရုံသက်သက်လုပ်ရမဲ့အချိန်မဟုတ်တော့ပါဘူး။
    ဒေါ်စု နဲ့ အတိုက်အခံ ဘက်က နှစ်များစွာကတည်းက သဘေလာထားတိတိကျကျပေးပြီးသားပါ…နိုင်ငံအတွက်လက်တွေ့ အကျိုးရှိမဲ့ မည်သည့်ဆွေးနွေးပွဲကိုမဆို အပြုသဘောဆွေးနွေးမယ် လို့အတိအလင်း ကြေညာပြီးသားပါ။
    ဒီ ဆွေးနွေးပွဲ ကို ခြုံကြည့်ရင် လူထုအတွက် အကျိုးရှိမဲ့ ရလာဒ် တခုလောက် ရှာတွေ့ ဘို့ မနဲကြီးမီးထွန်းရှာရမဲ့….ဘုရားစူး တိုးတက်မှုမျိုးဖြစ်နေပါပေ့ါ။

  • koyinmaung

    July 27, 2011 at 11:08 am

    ဒီလူတွေဒီမူတွေနဲ့ကတော့…..တိုင်းပြည်တိုးတက်ဘို့မမြင်သေးပါ….

  • kai

    July 27, 2011 at 2:54 pm

    အရင်ကနဲ့စာရင်… အခုတွေ့ဆုံမှုဟာ.. တိုးတက်မှုရှိနိုင်တယ်လို့…ထင်တယ်..။
    ဒေါ်အောင်ဆန်းစုကြည်ဖက်က..ဘာတွေဆွေးနွေးထားတယ်..တိတိကျကျမထုတ်ပြန်တာကိုက… သဘောတူညီချက်တချို့ရလိုက်တဲ့အဓိပါယ်လို့ တွက်မိပါတယ်..။

    ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ… များများမြန်မြန်လွတ်လာမယ်.. ဒေါ်အောင်ဆန်းစုကြည် နိုင်ငံအနှံ ့မဲဆွယ်ဖို့လုပ်နိုင်တယ်ဆိုရင်… ဒီဆွေးနွေးပွဲရလဒ်ကြောင့်ပဲလို့ ပြောရမယ်..။
    နောက်ထပ်.. နှစ်ဝက်လောက်တော့ စောင့်ကြည့်ရမယ်ထင်တာပါပဲ..။

  • mzm

    July 27, 2011 at 3:50 pm

    ဒီလိုဆွေးနွေးနေရုံနဲ့တိုင်းပြည်ဖွံ့ဖြိုးရောလား ကြည့်လဲလုပ်ပါအုံး ဦးအောင်ကြည်ရယ်

  • pan pan

    July 27, 2011 at 4:26 pm

    ဒေါ်အောင်ဆန်းစုကြည်—–“အောင်”—“ကြည်”
    ဦး အောင် ကြည်
    ဘာအဓိပ္ပါယ်လဲတော့မသိဘူး
    ယတြာတွေ သိပ်လုပ်လွန်းလို့

  • maungmoenyo

    July 28, 2011 at 7:58 am

    ီdialogue ဆိုတဲ့စကားကို နိုင်ငံကြီးသားတွေက သိပ်သဘောကျ အလေးထားကြပါတယ်။ dialogue ရှိတိုင်း တိုးတက်မှုရှိရရင် မြန်ပြည်တလွှား လဘက်ရေ ဆိုင်များကြောင့် ကမ္ဘာမှာမြန်မာဟေ့လို့ အော် နိုင်ပြီပေါ့။ ခက်တာက အဆီအနှစ်မပါတဲ့ ဆွေးနွေးပွဲ၊ အဓိကလုပ်ရေးကိုင်ခွင့်ရှိသူတွေ စားပွဲမှာမတွေ့ သရွေ့ အဲ့ဒီဆွေးနွေးပွဲဟာ ဘာမှအရာထင်လာမယ်လို့မယုံကြည်ပါဘူး။ ဗိုလ်ချုပ်အောင်ကြည့် ဟာ ဆက်သားအဆင့်သာရှိတဲ့ ကိုယ်စားလှယ်သာဖြစ်တယ်ဆိုတာ သတိထားမိကြဘို့လိုပါတယ်။
    လက်ရှိအစိုးရရဲ့ အုပ်ချုပ်မှုအခန်းကဏ္ဍမှာ ဒေါ်စုကို တရားဝင် နေရာပေး တဲ့ အနေအထားမရှိသရွေ့ ရှေ့ခြေတလှမ်းတိုးတယ်လို့ မမြင်သေးပါဘူး။
    ဗိုလ်သန်းရွှေ လက်ထက်မှာ နယ်ဘက်က ဆည်မြောင်း တွေ ကို ဒေါ်စု လှည့်လည်ကြည့်ရှုတာကို သတင်းစာ၊ တီဗွီတွေ မှာ ကြုံကောင့်ကြုံခဲ တခါလောက်ရှိခဲ့ပါတယ်။ ဒါက အသားကုန်နေရာပေးတဲ့ သတင်းပါ။ ဒီ့ထက်ပိုပြီး ဘာတခုမှမတွေ့သေးပါဘူး။
    မြင်အောင်ကြည့်ကြပါခင်ဗျား….။

Leave a Reply