အပိုဆောင်းစကား..။။။။။။

လူတွေဟာသိပ်အံသြဖို့ကောင်းတယ် စိတ်နေစိတ်ထား အပြောအဆို  အမှုအကျင့် အမျိုးမျိုးရှိကြတယ်ဗျ
တစ်ဦးနဲတစ်ဦး အကျင့်စရိုက်ခြင်း အပြော အဆိုခြင်း ဘယ်လိုမှ မတူညီနိုင်ကြဘူးလေ
အဲလိုမတူညီကျတဲ့ အခြေအနေမှာ မလွဲပေမယ့်နည်းနည်းကွဲသွားတဲ့  အချက်တွေနဲ့ လူတော်တော် များများကို
ကြုံခဲ့ရဘူးတယ် …..
စကားကိုလူတိုင်းနေ့စဉ်နဲ့ အမျှ ပြောဆိုနေကြရတယ် အဲလိုပြောဆိုတဲ့စကားတွေမှာ လူတစ်ချို့ဟာ
မိမိကိုတိုင် အမှတ်မထားမိပဲ ထပ်ခါတစ်လဲလဲ ပြောဆိုမိတဲ့ ရေရွတ် ပြောဆိုတဲ့စကားတွေ  ရှိ တတ်ကြတယ် အပိုဆောင်းစကားတွေပေါ့
မိမိကိုယ်တိုင်တော့ သတိမထားမိပေမယ့် တဖက်ကနားထောင်းရသူဟာ  ပြောဆိုသူရဲ ထပ်ခါထပ်ခါ ရေရွတ် သုံးစွဲ
ပြောဆိုလာတဲ့စကားကို အကြိမ်ကြိမ် ကြားလာရရင် သတိထားမိလာတတ်တယ် …..
အဲဒီလိုထပ်ခါထပ်ခါပြောဆိုခြင်ဟာ အကျင့် ကြောင့်ဖြစ်ပြီး အဲလိုထပ်ခါထပ်ခါပြောဆိုမှသာ စကားပြောတဲ့နေရာမှာ
စိတ်ပါလက်ပါရှိတယ်လို့မိမိကိုကိုယ်  ထင်တဲ့အတွက် မိမိကိုတိုင် အကြိမ်ကြိမ် ရေရွတ်ပြောဆိုမိနေတဲ့ စကားကို
သတိမထားမိတတ်ကြပါဘူး။။။
အခုခေတ် ရုပ်သံ အင်တာဗျူးတွေ။။။။။
တွေ့ဆုံ ဆွေးနွေးခန်းတွေ ။။။။။
မှာဆိုရင် ခေတ်ပေါ် ပေါ်ပင် စကားတစ်လုံးလိုဖြစ်နေတဲ အပိုဆောင်း
စကားတစ်ခုတောင် ရှိပါတယ် အဲဒီစကားကတော့………………………..
“““ အဲ…. ဘယ်လိုပြောရမလဲ ဆိုရင်ပေါ့နော်”””တဲ့
မြန်မာ ရုပ်ရှင်မင်းသမီးတွေအပြင် မင်းသားတွေပါ မက  တစ်ချို့သောအင်တာဗျူများမှာပါ  အဲဒီ စကားကို ထပ်ခါထပ်ခါ
ပြောဆိုသုံးစွဲလေ့ရှိကြလွန်းလို့ ဒီစကားတစ်လုံးဟာ လူတော်တော်များများနောက်ပြောင် ပြောစရာစကားတစ်ခုအဖြစ်
ပြင်ပမှာပြောဆိုကြတာကို  ကြားနေရတာပါပဲဖြစ်ပါတယ်။။
ဒါဟာဘာလဲဆိုရင် စကားတစ်ခုကို မိမိကိုယ်တိုင်သတိမထားမိပဲ ထပ်ခါတစ်လဲလဲ သုံးစွဲပြောဆိုလိုက်တဲ့ အတွက်
တစ်ဖက်နားထောင်သူများ သတိထားမိပြီး နောက်ပြောင်စရာ ကဲ့ရဲစရာများဖြစ်လာတတ်တယ် ဆိုတာကိုဖေါ်ပြနေခြင်းပဲ
ဖြစ်ပါတယ်(သက်သက် ပေါ်လွင်ချင်လို့ပြောဆိုခြင်းမပါပါ)။။။
ကျွန်တော်ဟာ  သိပ်မရင်းနှီးတဲ့ သူများနဲ့ တွေဆုံတဲ့အခါမှာ စကားအပြောအဆို နည်းပေမယ့် ရင်နှီးသူမိတ်ဆွေများကြားမှာတော့
ကျွန်တော်ရောက်လာရင်းဟာသလေးတွေပြော ပုံတိုပါတ်စလေးတွေနဲ့ စကားကိုပြောတတ်လွန်းလို့ ခင်မင်ကြသူအတော်အတန်များပါတယ်
တစ်ခါတစ်ရံ စကားပြောရင်း ပျင်းလာရင် သူငယ်ချင်များက ““လုပ်ကွာ မှတ်မှတ်သားသားတစ်ခုလောက်ပြောစမ်းပါလို့””တောင်းဆို
တတ်ကြပါတယ်။။အဲလိုတောင်းဆိုတဲ့အခါတိုင်း  ကျွန်တော်ဟာ ရယ်စရာအကြောင်းအရာတစ်ခုပြောရင်  ခေါင်းစဉ်လေးတွေနဲ့ ပြောပြလွန်းလို့
အဲဒီခေါင်စဉ်လေးတွေကို ပြောလိုက်တာနဲ့ပဲ အကြောင်းအရာကိုမှတ်မိပြီး ရယ်တတ်ကြပါတယ်။။ အဲဒီအကြောင်းလေးတွေကို ။။
တစ်ပါတ်စာ… အမောပြေဟာသ  မှာထည့်ရေးလိုမရတဲ့ ခါးအောက်ပိုင်း ရီစရာလေးတွေများပါတယ်။။။မိတ်ဆွေများဆုံတဲ့အခါမှာ
သူစိမ်းကပဲဖြစ်ဖြစ် ကိုယ့်အချင်းချင်းပဲဖြစ်ဖြစ် ကိုယ့်ရှေ့မှာလတ်တလောကြုံလာတဲ့ အဖြစ်အပျက်အပေါ်မှာ
ဇ၀န ဥာဏ် နဲ့ ချက်ချင်းဟာသလုပ်တတ်ပါတယ်……
အဲဒီလိုဟာသလုပ်တတ်လွန်းလို့ ဘဲ ဒီအကြောင်းလေးရေးမိတာပါ…။။။။
ကျွန်တော့်မှာ ဦးလေးသုံးယောက်ရှိပါတယ် နှစ်ဦးကတော့ သုံးဝမ်းကွဲ လောက်ခြားတဲဦးလေးဖြစ်ပြီး
တစ်ဦးကတော့ ခုနှစ်ဝမ်းကွဲလောက် တော်တဲဦးလေးတွေပါ ဆွေမျိုးဝေးပေမယ့် အနေနီးလို့ ခင်မင်မှုက
ဆွေမျိုးအရင်းတွေထက်ပိုပါတယ်..သူတို့ဟာကရင်လူမျိုးတွေဖြစ်ပြီး သူတိုနာမည်တွေဟာ အတန်ငယ်ရီစရာကောင်းပါတယ်
။။တစ်ဦးနာမည်က ဦးစိန်အုပ်
။။တစ်ယောက်က  ဦးရွှေဘိုအေး
။။တစ်ယောက်က  ဦးအောင်ဝိဇ္ဖာ
ဦးစိန်အုပ်။။။။။။။။။။။။။။။။။။။။။။
သူကတော့ ကရင်သာပြောတာအသားကမဲတူးလို့  နှုတ်ခမ်းမွှေးနဲ့ ဆံပင်ကဘုတ်သိုက် အင်္ကျီ ကတော့ အရှင်းမ၀တ်တာ
အပေါ်ပိုင်ဗလာကျင်းပြီး ပုဆိုးကိုနံငယ်ပိုင်းသာသာထင်ရအောင်ဝတ်ထားတတ်တာဗျ စကားပြောရင်တော့ အကျအနပဲဗျို့
အာလုပ်သံကြီးနဲ့ အားရပါးရပြောတတ်တယ်လေ…တစ်ခုပဲဆိုးတာက သူပြောလိုက်တိုင်း ပြောလိုရာစကားမစမှီ ပြောမဲ့အကြောင်း
အရာကိုအရင်းမပြောဘဲ ..စကားရှေက နေ ““ဒီပုံဒီနည်း”” ဆိုတာကြီးကို အကြိမ်ကြိမ်ထည့်ပြောတတ်တာပါပဲ….
သူပြောတဲ့အကြောင်းအရာ ဘာမှန်းသာမသိရသေးတာ အဲဒီ ““ဒီပုံဒီနည်း ””ကြီးကခဏခဏ ကြားနေရတော့တာပဲ….
တစ်နေ့တော့ သူပြောတာကြီးနားထောင်ပြီးစိတ်နည်းနည်း ပေါက်လာတာနဲ့ဘေးကနေ သူ““ဒီပုံဒီနည်း””ဆိုပြီး ဆက်မပြောနိုင်ခင်
ကျွန်တော်က အရှေ့ကနေပိတ်ပြီး မေးလိုက်ပါတယ်..
“““ဘယ်ပုံဘယ်နည်းလဲ ဦးလေးရ သေချာရှင်ပြမှပေါ့”””
ကျွန်တော်ကမေးလိုက်တာပါ  ဒီအခါမှာတော့…….
ပထမတော့ သူကြောင်သွားတယ်ဗျ ပြီးတော့ကျွန်တော်ကိုတစ်ချက်လှည့်ကြည့်ပြီး မေးတာကိုဂရုမစိုက်ပဲသူစကား သူဆက်ပြောတယ်
နောက်တစ်ကြိမ် သူ့ရဲ့““ဒီပုံဒီနည်း””ကြီးထပ်ပြောလာပြန်တော့ ကျွန်တော်ကပဲ
“““ဦးလေး ဘယ်ပုံဘယ်နည်း လဲသေချာရှင်ပြပါဆိုနေမှ””
နည်းနည်းတော့ဒေါကန်သွားပုံပေါက်တယ် နည်းနည်းလည်းရှက်သွားတယ်ထင်တယ်
ဧည့်သယ် တွေကလဲ သုံးယောက်လောက်ရှိတာကိုးဗျ..။။
“““ကောင်းလေး အေးဆေးနေစမ်း”””
ကျွန်တော်အသာငြိမ်နေလိုက်တယ် နောက်တစ်ကြိမ် ထပ်ပြောရင်ထပ်မေးဘို့လည်းစိတ်ထဲမှာပြင်ဆင်ထားတယ် မရီမိအောင်လဲ
ထိမ်းထားရသေးတယ်ဗျ သူပြောတဲ့““ဒီပုံဒီနည်း””ကြီးက ရီချင်စရာကြီးကိုးဗျ။။။။
နောက်တစ်ကြိမ်..ဒီပုံဒီနည်းအပြောမှာတော့ ..ကျွန်တော်လည်း..
““ဦးလေးကလဲ ဘယ်ပုံဘယ်နည်းလဲ ပြောပါဆို မပြောဘူး”””လို့ထအပြောမှာတော့ ဦးလေးဟာ
“““ဝေး ဒီကောင်ရန်ကုန်သား”” ဆိုပြီးခေါင်ရင်းက ထောင်ထားတဲ့ တံပိုးကို ဆွဲကာ ထလိုက်ပါတော့တယ်။။။
ဘာပြောကောင်းမလဲ ကျွန်တော်လည်း အော်ရယ်ပြီး အိမ်ပေါ်က ခုန်ချဆင်းပြေးရတော့တာပဲဗျို….
နောက်နောင် စကားပြောရာနေရာတွေမှာ ကျွန်တော်ရှိနေရင် သူ့ရဲ့“““ ဒီပုံဒီနည်း””ကြီးကိုသိပ် မသုံးတော့တာပါပဲ။။။
ဦးရွှေဘိုအေး ။။။။။။။။။။။။။။။။။
သူကလည်းကရင်ပါပဲ ဒါပေမယ့်သူကတော့ လူရည်လယ် တယ်ပြောရမလားပဲ ရန်ကုန်မှာနေတယ်
ညာဘက်လက်က လက်ညိုးတစ်ချောင်းမရှိလို့ သူရွာကလူတွေက ကိုးချောင်းလို့ခေါ်ကြတယ်
ငယ်ငယ်က မီးရထားလမ်းဘေးဆော့နေရင်း မီရထားလာတာသံလမ်းပေါ်လက်ညိုးတင်ထားရင်ဘာဖြစ်မလဲမသိဘူးဆိုပြီး
တင်ထားလိုက်တာ ….အဲဒီထဲက ကိုးချောင်းပဲ ရှိတော့တာပါတဲ့….
သူလဲဒီလိုပဲဗျ စကားပြောရင်ကျောက်ဆင်းတု  ခေါင်းညိမ့်အောင်ပြောနိုင်တယ် သူစကားပြောရင်လူတွေညိမ်ပြီးနားထောင်နေတတ်တယ်လေ
ဒါပေမယ့်သူစကားမပြောခင် ပလ္လင်ခံပြီးပြောတတ်တာက
“““လက်ဦးနက ပြောသလို”””ဆိုတာကြီးပါပဲ။။။။။။။။။။။
တစ်နေ့ …..သူစကားပြောနေရာစကားဝိုင်းမှာ ကျွန်တော်လည်းဝင်နားထောင်တာပေါ့ လူကြီးတွေကဘာမှမပြောပေမယ့်
သူခဏခဏ ထည့်ထည့်ပြောတဲ့ ““လက်ဦးနက ပြောသလို””ဆိုတာကြီးကိုနားကြားမျင်းကပ်လာတာနဲ့…..
ကျွန်တော်ကပဲ….“““ဦးလေး  ဦးလေး ခုဏပြောတဲ့ “““လက်ဦးနက ပြောသလို””ဆိုတာက လက်ဦးန တုန်းက ဦးလေးကဘာပြောခဲ့လို့လဲ”””
လို့မေးလိုက်မိပါတယ်….
ပထမတော့နည်းနည်းကြောင်သွားပြီးမှ….““ဟာကွာဘာဖြစ်ဖြစ်””ဆိုပြီပြန်ပြောပြီး စကားဆက်ပြောနေပါတယ်….
ကျွန်တော်ကလည်း ဒီလောက်နဲ့ဘယ်ဇွဲလျှော့မလဲ..နောက်တကြိမ်သူထပ်အပြောကိုစောင့်ပြီး
“““ဟာ..ဦးလေးကလဲ လက်ဦးနက ပြောသလို တွေကများနေပြီး လက်ဦးနက ဘာပြောလိုက်တာလဲမေးတော့လဲမဖြေဘူး”””
စကားအဆုံးမှာပဲ  ဦးလေးဟာဘာမပြောညာမပြောကျွန်တော့ ထိပ်ကို ထခေါက်ပါတော့တယ်…
ဒီအခါကျမှ ကျွန်တော့်အဖေ ကမင်းကလည်းဟုတ်တာပဲကလေးမေးလဲမေးချင်စရာ“““လက်ဦးနက ပြောသလို””
ဆိုတာတွေကများနေတော့ ..ကလေးကမေးတော့တာပေါ့ကွ ။။။လို့ဝင်ပြောမှပဲ သက်သာရာရခဲ့ပါတော့တယ်။။။
ဦးအောင်ဝိဇ္ဇာ။။။။။။
သူကတော့ တစ်မျိုးဗျ သူလဲကရင်ပဲ စကားထစ်တာတော့ မဟုတ်ဘူး စကားပြောစရာရှိရင် ပြောစရာရှိတာကို
တိုက်ရိုက်မပြောပဲေ၇ှကနေ  ““ဟိုနင်းဟိုနင်း””နဲ့ သုံးလေးခွန်ထပ်ပြောပြီးမှလိုရာရောက်တော့တာပါပဲ
သူပြောချင်တဲ့စကားမကြားရခင် သူရဲ့““ဟိုနင်း””ကြီးကိုအရင်နားထောင်ပြီးမှသူပြောချင်တာကိုသိရတာပဲလေ
သူနဲ့ကအသက် မတိမ်းမယိမ်းမို့ ပေါ်တင်ကြီးပဲပြောတာပဲဗျ..
တစ်ခါတစ်လေများ အဆက်အစပ်မရှိ ထထလုပ်တတ်သေးတယ်
““ကောင်ရေ…မင်းမှာ ဟိုနင်း…ဟိုနင်း..ရှိလားတဲ့””
ကျွန်တော်လည်းဟိုနင်းတော့မရှိဘူး   ဟိုဟာတော့ရှိတယ်ယူမလားဆိုတော့မှ…ဟာကွာဆိုပြီးရှက်သွားတတ်တာ
စကားပြောတိုင်းဟိုနင်း ..ဟိုနင်းဆိုတာကြီးကိုထည့်ထည့်ပြောတတ်လို့  ဖုန်းဖိုးလဲကုန်ပေါင်းများပြီလေ
သူကျွန်တော်ဆီဖုန်းဆက် တိုင်း““ ဟဲလို..ဟိုနင်းဟိုနင်း ””အဲလိုဆိုကျွန်တော်က သိသိကြီးနဲ ကျွန်တော် ဟိုနင်းမဟုတ်ပါဘူးခင်ဗျာ..
ဖုန်းမှားနေပါတယ်ဆိုပြီး ဖုန်းချပစ်လိုက်ရင်  ….သူ ထပ်ခေါ်ပြီး..ဒေါကန်တော့တာပါပဲ
သူလဲခုချိန်ထိ စကားပြောတိုင်း “““ဟိုနင်း””ကြီးကတော့မပါမပြီးပါပဲ။။။။
ဒါကြောင့် လူအမျိုးမျိုးရှိကြတဲ့အထဲက စကားပြောဆိုကြတဲ့နေရာမှာ  လူအများ အကြားကောင်းအောင်
ပြောစရာစကားများအရှေ့က မလိုလားအပ်တဲ့  အပို ဆောင်းစကားများကြောင့် လူအများ၏ လှောင်ပြောင် စနောက်ခြင်းမှကင်းဝေးနိုင်စေရေး
မိမိတို့ရဲ စကားအကျင့်များ သတိထားဆင်ခြင်နိုင်ပါစေကြောင်း ဤ အကြောင်းအရာလေးဖြင့် သတိပြုစေနိုင်ခြင်းငှာ
တင်ပြအပ်ပါတယ်။။။။။

အပိုဆောင်းစကားများ ဆင်ခြင်ပြောကြားနိုင်ပါစေ။။။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

About “ဘီလူးကြီး”ogre

has written 202 post in this Website..

စားချင်တာစား..ဦးနှောက်တော့လာမစားနဲ့ www.ogre08.blogspot.com