ကျွန်တော့်ရဲ့ တစ်နေ့တာ ကံ(၅)ပါးအကြောင်း

ETJuly 25, 20111min14313

(၁)
“ဟဲလို….” ” အလင်္ကာ.. လား”

“အ. ဟုတ်တယ်ကွ …”

“အေး မင်းရုံးသွားဖို့အဆင့်သင့်ဖြစ်ပြီလား…ငါမင်းဆီရောက်တော့မယ်….အခုလမ်းပေါ်မှာ ကားမောင်းရင်းနဲ့ဖုန်းခေါ်လိုက်တာ”

” အော်..အေး လာခဲ့ ငါက Ready တောင်ဖြစ်နေပြီ။ မင်းမလာသေးလို့စောင့်နေတာ.”

အမှန်တော့ ကျနေ်ာ အဆင့်သင့်ဖြစ်မနေသေးပါဘူး။

အိပ်ရာနိုးစ မနက်(7.50) အချိန်ပါ. ရေချိုး၊မျက်နှာသစ်ဖို့လုပ်နေတုန်း ဖုန်းလာတာနဲ့ပြန်ပြောတဲ့စကားကိုဖော်ပြထားတာပါ။

လာခေါ်တဲ့သူကိုအားနာတာနဲ့…အဆင်ပြေပါစေသဘောမျိူးနဲ့..စသည့်ဖြင့်..စသည့်ြ့ဖင့်နဲ့ပဲ

ကံ(၁)ပါး ကျိုးသွားတယ်။

(၂)
ကားနဲ့ ရုံးသွားရင်း လမ်းပေါ်မှာ ၊ ကားဂိတ်မှာ၊ မီးပွိုင့်ရှိရပ်ထားတဲ့ဘတ်စ်ကားပေါ်မှာတွေ့သမျှ ယောကျာ်း မိန်းမ၊ကလေးလူအိုလူပျိုအပျိုမရွေး မျက်စိထဲမြင်တာမှန်သမျှ အကုန်ကြည့်သွားတာပေါ့.

ကြည့်ရင်းနဲ့ လှတဲ့ မိန်းကလေးကိုတွေ့ရင် ပါးစပ်က ပြောမိလိုက်တာရှိသလို.။ စိတ်နဲ့ကလည်း.. အင်း……ပြောမိသွားတာရှိတာပေါ့ဗျာ… ကိုယ်ပြောမိတဲ့သူက အပျိုလား အအိုလား ဆိုတာ ကိုယ်က မသိတော့…

ဘယ်လိုပဲပြောပြော….

ကံ(၅)ပါးထဲက တစ်ပါးပဲလေ.. ကျွန်တော့်အတွက် ကျိုးပြန်လေရော…

(၃)
အစိုးရရုံးရောက်တော့ ရုံးမှာ ဟိုလူနဲ့တွေ့ အဆင်ပြေအောင်ပြောလိုက် ..
မပြုံးချင်လည်း ပြုံးပြလိုက်နဲ့ Department အလိုက် တစ်ခန်းဝင်တစ်ခန်းထွက် ။
ကုမ္ပဏီအတွက် လိုအပ်တဲ့စာရွက်စာတမ်းများစားပွဲပေါ်မှာရှိနေလို့ကတော့ ဘယ်ရမလဲ………?

ရအောင်ဘယ်လိုယူရမလဲ ဆိုပြီးဟိုဘက်လှည့်လိုက်…ဒီဘက်လှည့်လိုက်…နဲ့ပဲ ယူလိုက်ရတာပဲ…

နောက်ပြီး ကိုယ်နဲ့ရင်းနှီးတဲ့ ဌာနထဲက ကွန်ပျူတာရှိရာကိုသွား… မသိမသာလေး USB Stick လေးကိုအသာတပ်လိုက်ပြီး….လိုချင်တဲ့ Data တွေကိုယူရတာပေါ့..(အဲ့လိုယူရဖို့အရေးအတွက်လည်း အတွင်းလူတော့ရှိရတာပေါ့ဗျာ…)

ဘယ်လိုပဲဖြစ်ဖြစ် လူမသိအောင်တစ်မျိုး၊ သိသိသာသာကြီးနဲ့ ယူတာတစ်ဖုံဆိုတော့ ဒါကလည်း

ကံ(၅)ပါးထဲက တစ်ပါးကျုးလွန်ခြင်းပါ။

 

(၄)

ညနေရုံးဆင်းချိန်ရောက်တော့…ကျနော်အထက်အရာရှိက ….

“အလင်္ကာ”

ဒီည ဟိုဘက်အစိုးရရုံးက လူကြီးကို ဧည့်ခံကျွေးမွေးဖို့ရှိတယ်။ ဒီည မင်းလိုက်ပြီး တာဝန်ယူကျွေးမွေးလိုက်ပါ.

“ဟုတ်…ဆရာ” (ဟုတ်ကဲ့ပါ …တောင်မဟုတ် နှုတ်က ကျိုးနေသဖြင့် ..ဟုတ်.ဆိုတဲ့စာလုံးတစ်လုံးနဲ့တင်)

ည Dinner တွင် အရက်ကလေးက Black  label အပြင် အမြည်းကလည်းအပြည့်အလျှံနဲ့ဆိုတော့ ..သွားရည်ကျစရာ ကျနေ်ာကလည်းမဖြစ်မနေသောက်ရမှာဆိုတော့ ဘီယာလောက်နဲ့ပဲတော်လောက်ပါပြီလေ ဆိုပြီး…… ကိုယ့်စိတ်ကို နှစ်သိမ့်ပြီး  သောက်လိုက်ရတာပေါ့…

ဒါကလည်း ကံ(၅)ပါးထဲက နောက်ထပ်တစ်ပါးကျိုးရခြင်းအကြောင်းပါပဲ….

(၅)

ဧည့်ခံကျွေးမွေးပြီးလို့  အိမ်ပြန်ရောက်ပြီဆိုရင် လူက မနားနိုင်သေးဘူး .။. ရီဝေဝေနဲ့ပဲ ရေချိုးလိုက်သေးတယ်။

အဲ့… ပြီးရင် ကွန်ပျူတာရှေ့ ထိုင် သီချင်းနားထောင်ပြီး အပန်းဖြေ(သို့) အခွေကြည့် (သို့) အင်တာနက်အသုံးပြု (သို့)

စာတွေရေးလိုက်သင်ခန်းစာတွေလေ့လာရင်းနဲ့ ဘေးနားမှာ ခြင်တွေရဲ့ အော်မြည်သံကိုကြားလာပြန်ရော.

အောက်ကလာလိုက် အပေါ်ကပေါ်လာလိုက်။ ဘေးက ကြားလိုက်နဲ့…

နာရီကြည့်တော့ (13.00)နာရီတိတိ… ဒါနဲ့ ကော်ဖီင်္လေးတစ်ခွက် ထဖျော်ရင်း၊ ဆေးလိပ်သောက်. တစ်ခါ ကွန်ပျုတာရှေ့ပြန်ထိုင်တော့ ဆေးလိပ်မီးခိုးငွေ့ကြောင့်ထင်တယ်.. အသံခဏပြန်တိတ်သွားပုံရတယ်။။။

သိပ်မကြာပါဘူး။။။  တဝီဝီ..တဝီဝီနဲ့ စိတ်ကမရှည်.။.. လျှပ်စစ်ခြင်ရိုက်တံနဲ့ တစ်ဖြန်းဖြန်းနဲ့စပြီးသတ်တော့တာပဲ။။

ဒါတောင်အားမရဘူး ချောင်ကြိုချောင်ကြားမကျန် ကျနော် တစ်ဖြန်းဖြန်းနဲ့လျာက်ရမ်းတော့တာပဲ….

အင်း အင်း အခုလည်း ဒီအကြောင်းအရာရေးရင်းနဲ့ခြင်တွေကိုသတ်မိပြန်ရော….

ခြင်ဆေးခွေဘာလို့မထွန်းတာလဲလို့ မမေးချင်ဘူးလား..ကျနေ်ာအနေနဲ့ ထွန်းချင်တာပေါ့.

ဒါပေမဲ့လည်း ခြင်ဆေးငွေ့ရှုမိရင် လူတွေရဲ့ ကျန်းမာရေးက မကောင်းဘူးဆိုတော့…………

 

အားလုံးကိုခင်မင်စွာဖြင့်

(ET) ညအလင်္ကာ

13 comments

  • nature

    July 25, 2011 at 10:31 pm

    ကံငါးပါးကို တနေ့တာ လုံအောင်ထိမ်းရတာ တော်တော်ခက်ပါတယ်။ ကျနော်လည်း ဒီလိုမျိုး စဉ်းစားခဲ့ဘူးတယ်။

  • MOEPWINTPHYU

    July 26, 2011 at 10:13 am

    ကံငါးပါးကိုထိန်းဖို ကြိုးစားပေမဲ လူတွေထဲမှာတော ကျူးလွန်မိတာပါပဲ လူတွေနဲဝေးကွာနေရင်တောမသိတောဘူး

  • manawphyulay

    July 26, 2011 at 1:58 pm

    ညအလင်္ကာက ဒါတွေလည်း ရတာပဲလားဟ သူငယ်ချင်းရ…

    • ET

      July 27, 2011 at 8:24 pm

      ဟဲ ဟဲ သူငယ်ချင်းကလည်း ဒါလည်းမရလို့မရဘူးလေ
      ထမင်းကျွေးနေတာကို ။။။။။။။
      ခင်မင်စွာဖြင့်

  • kai

    July 26, 2011 at 2:41 pm

    ဂျီးဇက်ခရိုက်စ် က..လူတွေအပြစ်တွေအကုန်…မေတ္တာကြီးစွာနဲ့ အစားဝင်ခံစားပေးသွားတယ်ဆိုတယ်…။
    လူသားတွေဟာ..အပြစ်လုပ်ထားတာတွေသိပ်များတယ်မဟုတ်လား..။
    အာဒံ ဧဝ ကမ္ဘာအစမှာကိုပဲ.. အာဒံက..ဘုရားပြောတာနားမထောင်ပဲအပြစ်လုပ်တယ်လေ..။

    မြန်မာထေရဝါဒမှာလည်း.. ဒီလိုပဲ.. လူတွေအပြစ်တွေရှိပါတယ်ဖြစ်နေအောင်…ရှေးပညာရှိတွေက…. လုပ်ထားတယ်ထင်တာပဲ..။
    ငါးပါးသီလကို ..(လူသားတယောက်အနေနဲ့) စောင့်စည်းလို့မရ… ကျိုးပေါက်ဖြစ်အောင်.. အဓိပ္ပါယ်ဖွင့်ထားလိုက်တယ်မြင်မိတယ်..။
    သီလကျိုးတော့ ..အပြစ်ဖြစ်တယ်ပေါ့….အကုသိုလ်ဖြစ်တယ်ဆိုပါစို့…
    အဲဒီအပြစ်ကြေအောင်…ကုသိုလ်တွေ ပြန်လုပ်ကြပေါ့..။
    အဲဒီလိုနဲ့.. လူ့ဘဝကို… သံသရာလှည့်ထားတာလို့… မြင်မိပါတယ်…။

    မတူသောအတွေးပေါ့နော..။ နိုင်ငံရေးသိပ္ပံနည်းနဲ့ ချည်းကပ်တွေးကြည့်တာ… 🙂

  • pan pan

    July 26, 2011 at 4:12 pm

    အရိယာဖြစ်သွားရင် ကံ၅ပါးလုံသွားတယ်တဲ့
    ံပုထုစဉ်ဘဝမှာတော့ ကံ၅ပါးအကုန်မဟုတ်တောင် တစ်ပါးပါးတော့ နေ့စဉ်ကျူးလွန်မိတာပါပဲ
    အပြစ်ကြီးတာသေးတာပဲ ကွာမယ်

  • နွယ်ပင်

    July 26, 2011 at 4:37 pm

    သေချာတွေးကြည့်ရင်တော့ ဘယ်တော့မှ ကံ (5) ပါးလုံး လုံအောင်မထိန်းနိုင်ဘူးပဲ
    တစ်ပါး နှစ်ပါးလောက်တော့ နေ့တိုင်းကျူးလွန်မိတာချည်းပါပဲ …………

  • AKKO

    July 26, 2011 at 4:54 pm

    အလွယ်ပြောတာကနေ .. လိမ်ပြောတာ ဖြစ်ဖြစ်နေလို့ … တစ်နေ့ တစ်ပါးတော့ အနည်းဆုံး ကျူးလွန်မိပါရဲ့ … ။

  • Khon Yenaung

    July 27, 2011 at 3:01 pm

    ဒါကြောင့်လည်း လက်သဲခွံပေါ် က မြေမှုန့်နဲ့ မြေကြီးပေါ်က မြေမှူန့် လို ကွာခြားနေကြတာပေါ့ ။

  • koyo

    July 28, 2011 at 5:31 pm

    လိမ်တာရဲ့အပြစ်ကို ဂဃနဏ မသိကြတာကြောင့် အခုလိုဖြစ်ရေတာပါ။ လိမ်တယ်ဆိုတာ သီလကျိုးပျက်တာ ပဲ။ သီလစောင့်တယ်ဆိုတာ လူကိုကောင်းကျိုးချမ်းသာတွေရရှိဖြစ်ပွားစေဖို့ပါ။ သီလစောင့်လို့ လူမှာ ဒုက္ခများ ရတယ်ဆိုတာ မဖြစ်ကောင်းပါဘူး။ လိမ်ခြင်းကြောင့် ရရှိဖြစ်ပွားမယ့် အကျိုးတရားကို ဂဃနဏ မသိသေးသ မျှ သိလစောင့်ရတာ လူကို ဒုက္ခရောက်စေပါတယ်ဆိုပြီး သီလစောင့်ထိန်းဖို့ စိတ်ရှိတော့တာပဲ သီလစောင့်လို့
    ဒုက္ခများ။ ဒုက္ခများလို့ သီလမစောင့်။ သီလမစောင့်လို့………ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ ဖြစ်နေတော့မှာပေါ့။ တစ်ဖက်လူကို ပျက်စီးလိုစိတ် နဲနဲလေးမှ မပါစေဖို့သာ ပဓာနထားရမှာပါ။

  • lionking

    July 28, 2011 at 6:29 pm

    တချို့လုပ်ရပ်တွေနှင့် ဖြစ်ရပ်တွေဟာ လူ့သဘာဝဖြစ်တဲ့အတွက် ထိုလုပ်ရပ် ဖြစ်ရပ်အတွက် ကံကျိုးတယ် မကျိုးဘူး ဆိုတဲ့စကားတွေဟာ စကားအဖြစ် လူ့လောကထဲမှာ နေရာမရှိသင့်ဘူး။

    • kai

      July 29, 2011 at 6:20 am

      အဲဒါကို ထောက်ခံတယ်..။
      မိန်းကလေး..ယောက်ျားလေး… ငယ်ရွယ်တုံး.. ဆန့်ကျင်ဖက်လိင်မြင်တော့.. စိတ်နဲ့ပြစ်မှားမှာပေါ့..။ ကြီးလာလဲ..လူ့သဘာဝ လုပ်ချင်လုပ်မှာပေါ့…။
      ချစ်သူချင်းဆိုလည်း.. ဝစီကံ၊ မနောကံ..တွေနဲ့အကြိမ်ကြိမ်..ဆက်ဆံမှာပေါ့..။ စိတ်ကုးယဉ်အိပ်မက် မက်ကြမှာပေါ့..။
      ဒါကို .. ကံမှားလို့အဓိပ္ပါယ်မဲ့.. ဖွင့်ပြီး..အပြစ်ရှိပါတယ်.. ပြုထားတော့.. လူမှာ..အလကားနေရင်း.. စိတ်ထဲညစ်နွမ်းကုန်တယ်..။
      အဲဒီအကုသိုလ်လို့ပြောတာတွေကို… ကံမှားလို့… လိုရာဆွဲဖွင့်တဲ့သူတွေကို ပြန်ပေးလိုက်ဖို့ကောင်းတယ်..။ 🙂

      အိပ်မက်ထဲမှာ.. လက်တွေ့မှာ.. မဖြစ်ဖူး..မလုပ်ဖူး..မပြောကြနဲ့ဟေ့..။
      မုသာဝါဒ ကံတခုပါ ထပ်တိုးပစ်ပလိုက်မယ်…။ 🙂

  • naywoonni

    July 28, 2011 at 10:35 pm

    အင်းးး ဆရာချစ်ဦးညိုလိုပြောရရင် ကံငါးပါးကို ခါးဝတ်ပုဆိုးလို့ ခဏခဏ ပြင်ဝတ်နေရတယ်ပေါ့ဗျာ……..
    သိတုန်းခဏ ဆင်ခြင်မိတာကိုက ကိုယ့်အတွက် အမြတ်ရတာပါပဲ…………

Leave a Reply