“ဘုရားဈေး…………. အိမ်တော်ရာစေတီ” အပိုင်း(နှစ်)

(5)ဘုရားရဲ့တောင်ဘက်ခြမ်းမှာတော့ သီတာခုနှစ်တန်ဘုရားနဲ့ ကျိုက်ထီးရိုးပုံစံတူဘုရားတွေရှိပြီး
ဒီနေရာတွေကတော့ အရင်ကတရားကျင့်သူများနဲ့ စည်ကားတဲ့နေရာတွေဖြစ်ပါတယ်။
ကျိုက်ထီးရိုးဘုရားအောက်က ဂူထဲမှာတရားကျင့်ကြပါတယ်။
ဂူထဲက ဘုရားကလဲ သပ္ပါယ်လှပါတယ်။


ဒါကတော့ကျိုက်ထီးရိုးတရားကျင့်တဲ့ဂူနဲ့ ဂူထဲက ဘုရား
သီချင်းထဲကလိုညောင်ရွက်သံတရှဲရှဲပေးတဲ့အပင်ကြီးတွေပေါ့။
ကြီးမား ကျယ်ပြန့်တဲ့ဘုရား ပုရဝုဏ်အတွင်းမှာ
အင်္ဂလိပ်လက်ထက်ကအမျိုးသားအရေးအရ သမိုင်းဝင်ဘုရားဈေးကိုဖွင့်လှစ်ခဲ့ပေမယ့်
1978ခုနှစ်ပါတ်ဝန်းကျင်မှာတော့ နိုင်ငံတကာ ကလာတဲ့ “လေဘေးထည် “တွေကို
အကြီးအကျယ်ရောင်းချတဲ့ဈေးကြီးအဖြစ် ရောက်ခဲ့ဘူးပါတယ်။
နောက်တော့မသင့်တော်ဘူးဆိုတဲ့အမြင်တွေနဲ့ ဒီဈေးကြီးကိုဖျက်သိမ်းခဲ့ပါတယ်။


ဒါကတော အရှေ့တောင်ဒေါင့်ကညောင်ပင်
သူကတော့ အနောက်တောင်ဒေါင့် အခုတ်ခံထားရတဲ့ညောင်ပင်
ဒါကတော့အလည်မှာရှိတဲ့ညောင်ပင်
ဒါကတော့ မသုံးတော့တဲ့ရှေးကဇရပ်ဟောင်း
ပုရဝုဏ်အတွင်းကရှေးဇရပ်ကြီးများနဲ့နံရံထက်မှာချိတ်ဆွဲထားတဲ့ပန်းချီကားများ
ဘုရားရှေ့က သပိတ်တော်

ဘုရားရှေ့က သပိတ်တော်
စောင့်ရှောက်သူမဲ့နေတဲ့အရုပ်တွေ
မြောက်ဘက်မုဒ်က နဂါးရုံဘုရားနဲ့ နံရံထက်က ပန်းပုရုပ်လုံးများ


အရှေ့ဘက်ခြမ်းမှာရှိတဲ့တံခွန်တိုင်
သွားဘို့လဲလွယ်ကူ ရောက်ဘို့လဲမခက် နားမယ်ဆိုရင်လဲ အေးအေးလူလူ နားနေစရာ ဇရပ်ကြီးတွေရှိတာကြောင့်။မန်းလေးရောက်ရင်တော့ ဝင်ဖူးစေချင်ပါတယ်နော်။

5 comments

  • ပို့စ်တစ်ခုထဲ့အပြီးတင်ချင်ပေမယ့်ကော်နက်ရှင်မကောင်းတာရယ်
    ပုံတွေစုံအောင်တင်ချင်တာရယ်ကြောင့်နှစ်ပိုင်းခွဲလို်က်ရပါတယ်.။

  • pan pan

    July 26, 2011 at 11:42 am

    ပုံထဲမှာမြင်ရတဲ့ အဖြူရောင်လိုလို အပြာရောင်လိုလို၊ ဘုရားမှာပါတာ ဘာလဲမသိဘူး
    ကျောက်ဂူက ကျောက်သားတွေလား၊ ဆေးသုတ်ထားတာလား
    သေချာကြည့်ပေမယ့် ဘာမှန်းမသိဘူး
    ပြောပါဦး… လေးပေါက်

  • ဆူး

    July 26, 2011 at 11:14 pm

    ပုံတွေက အဆင်ပြေပါတယ်။ ကာလာလည်း ကောင်းတယ်။

Leave a Reply