***သားမက်ကောင်းလေး ရထားတယ်***

တစ်ခါတုန်းက ရေးမြို ့ မွန်ရွာငယ်လေးတစ်ရွာမှာ သူကြီးတစ်ယောက်ရှိပါတယ်။သူကြီးမှာ အရွယ်ရောက်သမီးပျိုတစ်ယောက်လဲရှိပါတယ်။
သမီးက ရုပ်ကလေးကလှ ရွာကွမ်းတောင်ကိုင် လဲဖြစ်တော့ ရွာထဲက ကာလသားတွေက လည်း သူကြီးသမီးကို ရဖို ့သူကြီးကို ဖားတဲ့သူကဖား။
ရာသီထွက်သီးနှံတွေကို ပိုးကြေးပန်းကြေးလာပေးနဲ ့ဆိုတော့ သူကြီးမှာ သမီးချောအတွက် ဂုဏ်ယူနေတာပေါ့။  သားမက်ကောင်း လေး ရဖို ့
သမီးကို ဘယ် လို လူမျိုးနဲ ့ပေးစားရင်ကောင်းမလဲလို ့ သူကြီးမှာ သေချာစဉ်းစားခန်းဝင်နေပါတယ်။ သူကြီးက နဂိုကတည်းက ချမ်းသာပြီးသားဆိုတော့
လူပေါ့ကြော့လက်ကြောမတင်းတဲ ့သူဌေးသား နဲ ့ပေးစားရင် မလုပ်တတ် မကိုင်တတ်နဲ ့ငါ့ ရှိတဲ့ စည်းစိမ်ပါ ပြောင်လိမ့်မယ်။ ရိုးရိုးသားသား နဲ ့ကြိုးစားတဲ့
ပညာမတတ် ငတုံး နဲ ့ပေးစားရင်လည်း ဦးနှောက်မရှိ တော့ သူများလိမ်တာ ခံရပြီး မွဲဦးမယ်။ဒါ့ကြောင့် အတွေးအခေါ် ကောင်းတဲ့ ဗဟုသုတ ရှိတဲ့ စာတတ်ပေတတ် တဲ့သူနဲ ့ပေးစားရင်တော့ ငါ့စည်းစိမ်တွေ တိုးတက်ကြီးပွါး အောင် ဦးနှောက်သုံးပြီး လုပ်တော့ ကြီးပွါး နိုင်တယ် လို ့စဉ်းစားမိပြီး
ရွာထဲက စာတတ် ပေတတ် ပြီး အတွေးအခေါ်ကောင်းတဲ့ မြို ့ကျောင်းတတ်ဖူးတဲ့ လူငယ်တစ်ယောက် နဲ ့သမီးဖြစ်တဲ့သူနဲ ့ပေးစားလိုက်ပါတယ်။

သမီးဖြစ်တဲ့သူနဲ ့ပေးစား ပြီးတဲ့ နောက် သားမက် ကို သူကြီးအိမ်မှာပဲ ပေးနေပါတယ်။စီးပွါးရေးကို စာတတ်ပေတတ်တဲ့ သားမက်နဲ ့ပေါင်းပြီး ကြီးပါွးအောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ ့ပေါ့။ဒါပေမယ့် သားမက်က သူကြီးအိမ်ရောက်တာ တစ်ပတ်လောက်ကြာပေမယ့် စီးပွါးရေးလုပ်ဖို ့တစ်ခွန်းမှ မမေးပါဘူး။
အိမ်အလုပ်လဲ ဘာမှ ဝိုင်းကူပြီးမလုပ်ဘူး။ထမင်းစားသောက်ပြီးရင် အိမ်ရှေ ့ခန်းမှာ သေချာတင်ပလ္လင်ခွေ ထိုင် သူ ့လက်နဲ ့မေးစေ့ အောက်က မုတ်ဆိတ်မွေး ရေးရေး ကိုလက်နဲ ပွတ်ပြီး တစ်ခုခုကိုခေါင်းတညိတ်ညိတ် နဲ ့တွေးနေတာ ကို သူကြီးကတော် က မိန်းမပီပီ လက်ကြောမတင်းတဲ့ သားမက်ကို တော်တော်လေးအမြင်ကတ်လာတာနဲ ့…
.“ရှင်ပြောတော့ ရှင်သားမက်ကောင်းလေး ရထားတယ်ဆို စာတတ်ပေတတ် အတွေးအခေါ် ကောင်းတဲ့ သားမက်ဆို အခုတော့ ဘာအလုပ်မှ လုပ်တာလဲမတွေ ့ပါလားတော့”

သူကြီးက..“ဟ..ရှင်မရ..အဲ့ဒါ ခေါင်းသုံးနေတာကွ ဦးနှောက်ရှိတဲ့သူတွေဟာ သူများလို ပင်ပင်ပန်းပန်းလုပ်စရာမလိုဘူး။ မင်းမကြားဖူးဘူးလား အကြံကောင်းတစ်ချက် ကံကောင်းရင် တစ်သက်တဲ့ ငါ့သားမက် အလကားထိုင်နေတာမဟုတ်ဘူး စီးပွါးရေးလုပ်ဖို ့တစ်ခုခုကို လေးလေးနက်နက် စဉ်းစားနေတာကွ”

သူကြီးကတော်လဲ…ဘုမသိ ဘမသိ နဲ ့“ဪ..အဲ့ဒီလိုလား…”

“အေး မင်းတို ့မိန်းမတွေများ ပစိပစပ်နဲ ့ပွစိပွစိ ပြဿနာရှာဖို ့ဆို တော်တော် တတ်တယ်”

သူကြီးမှာ သူရွေးထားတဲ့ စာတတ်ပေတတ် သားမက်ကောင်းလေး ကြားသွားရင် စိတ်မကောင်းဖြစ်မှာစိုးလို ့ သားမက်ဘက်က ရှေ ့နေအပြည့် လိုက်ပေးနေတာပေါ့။

အဲ့ဒီလို နဲ ့လနဲ ့ချီကြာလာတော့ သားမက်က အခုထိ စီးပါွးရေးလုပ်ဖို ့သူကြီးကို ဘာမှမတိုင်ပင်သေးတော့ သူကြီးမှာနေမထိထိုင်မထိ ဖြစ်လာပါတယ်။
သားမက်ကို စပြောရင်လည်း ကိုယ်က မြို ့ကျောင်းတောင်တတ်ဖူးတာမဟုတ်ဘူး။စာတတ်ပေတတ်တဲ့ သားမက်ကို ဆရာ လုပ်တယ်လို ့ထင်သွားမှာလည်း ကြောက်ရသေး။
သူကြီးကတော်က လည်း မိန်းမပီပီ အခုထိ ရေခပ် ထင်းခွဲ ဖို ့တောင် အားမကိုးရတဲ့ သားမက်ကို စားသောက်ပြီးတိုင်း တင်ပလ္လင်ချိတ်ပြီး မေးလေးပွတ် နေတဲ့ပုံစံမြင်တိုင်း မျက်စောင်းတထိုးထိုးဖြစ်လာပါပြီ။
အဲ့ဒါနဲ ့သူကြီးကလည်း မတတ်သာတဲ့ အဆုံး တင်ပလ္လင်ခွေ ထိုင်နေတဲ့ သားမက်နားကို သွားပြီး..

“သားရေ….မင်းကို အဖေ  ကြည့်နေတာ ကြာပြီ မင်းစားသောက်ပြီးတိုင်း တစ်ခုခုကို ခေါင်းတညိတ်ညိတ်နဲ ့စဉ်းစားနေတာ တွေ  ့တယ်ကွ.ဘာတွေစဉ်းစားနေတာလဲ။
စီးပွါးရေးလုပ်ဖို ့စဉ်းစားမရဖြစ်နေတာလား။အဖေက မင်းလို မြို ့ကျောင်းမတတ်ဖူးပေမယ့် အတွေ ့အကြုံတော့ နည်းနည်းပါးပါးရှိပါတယ်။
ဘယ်လိုအခက်အခဲ ရှိနေလဲဆိုတာ အဖေ့ ကို ပြောလေ။အဖေလဲ တတ်သလောက် မှတ်သလောက်လေး အ ကြံညဏ်ပေးပါ့မယ်ကွ၊”

အဲဒါနဲ ့သားမက်က သူ ့လက်နဲ ့မေးစေ့ကိုပွတ်ပြီး သူကြီးကို ပြန်ပြောလိုက်တာက…

“ဪ…ဒီလို အဖေရ..ကျွန်တော်စဉ်းစားနေတာက..ဟော့ဒီ မုတ်ဆိတ်မွေးနဲ ့နှုတ်ခမ်းမွေး ဟာ ဆံပင်ရဲ ့ ရေသောက်မြစ် ဟုတ်မဟုတ် ဆိုတာကို သေချာအောင် အဖြေထုတ်နေတာပါ”

“ ဟေ….မင်း လနဲ ့ချီပြီး ထိုင်စဉ်းစားနေတာ စီးပွါးရေးအကြောင်းမဟုတ်ဘူးလား..”

“မဟုတ်ဘူး အဖေ….မုတ်ဆိတ်မွေးနဲ ့နှုတ်ခမ်းမွေးဟာ ဆံပင်ရဲ ့ရေသောက်မြစ် ဖြစ်နိုင်မဖြစ်နိုင်ဆိုတာကို အဖြေထုတ်နေတာပါ”

သူကြီးမှာလည်း အတွေးအခေါ်ကောင်းတဲ့ စာတတ်ပေတတ် သားမက်ကောင်းလေးရဲ ့မေးခွန်း ကိုကြားပြီး ဘာပြန်ဖြေရမှန်းတောင် မသိတော့ပါဘူးတဲ့..

ကဲ သူငယ်ချင်းတို ့တွေထဲမှာလည်း  ဘယ်သူများ သူကြီးရဲ ့သားမက်လို စာတတ် ပေတတ်ပြီး ဗဟုသုတ နဲ ့ပြည့်စုံပါသလဲ..သိရင် သူကြီးကို  ရေသောက်မြစ် ဟုတ်မဟုတ် ဝိုင်းဖြေပေးလိုက်ကြပါဦး။

ချမ်းချမ်းကတော့..ရွာသူ တုံးတုံးအအ လေးမို ့သိလဲသိဘူး ဖြေလဲဖြေတတ်ဘူးတော့…..

ငယ်ငယ်တုန်းက ကြားခဲ့ဖူးတဲ့ ရေး မြို ့ က ဦးပဇင်းတစ်ပါးပြောပြတဲ့ဟာသလေးပါ။ချမ်းချမ်းတို ့မွန်ပြည်နယ် ၁ဝ မြို ့နယ်က လူတွေအားလုံး ဟာ ဆယ်တန်းအောင်ပြီးရင် မော်လမြိုင်တက္ကကိုလ်  မှာကျောင်းလာတတ်ရပါတယ်။အရင်တုန်းကဆို မော်လမြိုင်နဲ ့အရမ်းဝေးပြီး အရမ်းတော ကျတဲ့ မွန်ရွာငယ်လေးတွေမှာ မြို ့ကျောင်းတတ်နိုင်တဲ့ သူတွေ တော်တော်ရှားတော့ တက္ကသိုလ်ကျောင်းသားမြို ့ကျောင်း တက် ဆိုရင် တော်တော်အထင်ကြီးကြတယ်။အခုတော့..မြို ့ကျောင်းတတ်သားမက် ကိုရွေးမိလို ့
သူကြီးလဲ..ဦးခေါင်း ကိုပျားတုတ် တာထက်တောင် တော်တော် ခေါင်းရှုတ်သွားပါလိမ့်မယ်။
တော်တော်လေးကို ပေါက်ကရတွေးတဲ့ သားမက်ကောင်းလေးပဲနော့…

Written…By…. ချမ်းချမ်း(ရွာသူလေး) http://www.haymonchan.blogspot.com

9 comments

  • KoNyeinChan

    July 25, 2011 at 7:29 pm

    ဖတ်လို ့ကောင်းပါတယ်..
    အရင်ကြားဖူးတဲ့ ပုံပြင်လေးတခုလိုဘဲ
    ဘာအလုပ်မှမလုပ်ချင်ဘဲ အရမ်းပျင်းတဲ့သားမက်တစ်ယောက် မိုးရာသီအချိန်မှာ ယောက်ခမတွေကိုအမြဲတမ်း သတိပေးထားတာက ညဘက်မိုးရွာရင် သူ ့ကိုနှိုးပါတဲ့.. ယောက်ခမတွေအထင်တော့ ညဘက် ငါးဖားထွက်ရှာလေမလားရယ်ပေါ့
    တစ်ည သားမက်ပျင်းကို မိုးရွာတဲ့အချိန်နှိုးလိုက်တော့ သကောင့်သားက ဆေးပေါ့လိပ်နဲ ့မီးခြစ်ရှာပြီး ပုဆိုးခြုံလေးနဲ ့ မိုးရွာနေတာကိုကြည့်ရင်း ယောက်ခမတွေကိုပြောလိုက်တာက “ကျေးဇူးအရမ်းတင်ပါတယ် အဖေနဲ ့အမေ.. ဒီလိုညဘက်မိုးရွာနေချိန် ဆေးလိပ်သောက်ရတာ အရမ်းဇိမ်ရှိတာဘဲ” တဲ့ 😀 😀 😀

  • 007James

    July 25, 2011 at 8:54 pm

    ချမ်းချမ်းရေ ရေးမြိူ့နယ်ကတိုးတက်နေပါပြီ။ချမ်းချမ်းဆိုတဲ့နံမယ်ကိုတော့ မြန်မာလိုမပြန်ပေးတော့ပါဘူး။နယ်က ခေါဇာ၊ လမိုင်း တို့ဟာမြို့နယ်တွေဖြစ်နေကြပါပြီ။အရင်ကထက်စာရင် အဆပေါင်းများစွာငြိမ်းချမ်း တိုးတက်နေပါပြီ။အားလုံးလဲ ပညာသင်ကြားနိုင်ပြီး ဖွံဖြိုးနေကြပါပြီ။

  • bigbird

    July 25, 2011 at 10:09 pm

    ချမ်းချမ်းရေ… မွန်လို “ အိုးတစ်ခြမ်းပဲ့ ” ဆိုတာ ဘာလဲဟင်?

  • ဆူး

    July 25, 2011 at 11:27 pm

    သင်္ဘေင်္ာသား သမက် ဆိုတဲ့ ပုံပြင်သိလား..
    သင်္ဘောသား ဆိုတာ ရေထဲ ဆင်းတဲ့ အမျိုးမဟုတ်ပဲ သင်္ဘောသီး သီးတဲ့ သင်္ဘောသား.. ထင်းစိုက်လို့မရ.. အားပြုလို့ မရ.. အခေါင်းပွ နဲ့ အစိုဓါတ်များနေလို့.. အသုံးမကျတာကို ပြောချင်တာ။

  • MOEPWINTPHYU

    July 26, 2011 at 10:41 am

    အင်း စဉ်စားတာကလဲ အရမ်းကိုအကျိုးရှိမဲ့ဟာ ဆိုတော့သူကြီးသနားပါတယ်

  • ရွှေဘိုသား

    July 26, 2011 at 10:59 am

    အိုးတစ်ခြမ်းပဲ.ဆိုတော. အပြည်.မဟုတ်လို.ပေါ.ဗျာ ဟဲဟဲ
    သားသားလည်းသိဘူး

  • ကြောင်ကြီး

    July 26, 2011 at 10:59 am

    သဂျီးက သူ့သမီးလိုချင်ရင် သိပ္ပံနည်းကျ ရုပ်ဝါဒီစစ်စစ်ဖြစ်ရမတဲ့… ကြောင်ကြီးကလည်း အသက်အသေခံမယ် ဒီလိုလူမျိုးကို ယောက္ခထီးခေါ်ဘူး….. 😡

  • pan pan

    July 26, 2011 at 11:18 am

    သူကြီးခမျာ သမီးလည်းပေးရ
    အိမ်ပေါ်တင်ထားပြီး ထမင်းလည်းကျွေးထားရ
    ဘာအလုပ်မှလည်း အားမကိုးရ
    ကံမကောင်းလေခြင်း….သူကြီးမင်း
    ဒီသူကြီးက အရူးမကိုလူလည်လုပ်သွားတဲ့ ဟိုသူကြီးနဲ့များ ကွာပ

  • 007James

    July 26, 2011 at 7:22 pm

    အိုးတခြမ်းပဲ့=နင့်ကိုငါချစ်တယ်။

Leave a Reply